သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္-ဂ်ပန္ ပူးတဲြ စစ္ေလ႔က်င္႔မႈ မလုပ္ဖို႔ ေျမာက္ကိုရီးယား သတိေပး


(Zawgyi/Unicode)

ေဒသတြင္း တရုတ္ရဲ႕ ရန္လိုမႈကို ရႈတ္ခ်တဲ့ အေမရိကန္နဲ ့ဂ်ပန္တို ့ရဲ႕ ႏိုင္ငံျခားေရးနဲ ့ ကာကြယ္ေရး ထိပ္တန္းဦးစားေပးမူ၀ါဒေတြနဲ ့ ထိပ္တန္းအရာရွိေတြကို ေျမာက္ကိုရီးယားက သတိေပးခ်က္ အသစ္တရပ္ ထုတ္ျပန္လိုက္ပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong-un ရဲ႕ ၾသဇာရွိတဲ့ ညီမ Kim Yo-jong က ေတာင္ကိုရီးယားနိုင္ငံထဲ ေဆာင္ရြက္ဆဲ အေမရိကန္-ေတာင္ကိုရီးယား ပူးတြဲစစ္ေရးေလ့က်င့္မႈအေပၚေ၀ဖန္လိုက္ျပီး တရား၀င္ေၾကညာခ်က္ တရပ္ကိုလည္း ထုတ္ျပန္ခဲ့ပါတယ္။

ေျမာက္ကိုရီးယား ဗဟိုသတင္းဌာနကထုတ္ျပန္တဲ့ Kim ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ အေမရိကန္အစိုးရသစ္အေနနဲ ့ လာမယ့္ေလးနွစ္အတြင္း ေအးေအးခ်မ္းခ်မ္းေနလိုလွ်င္ စစ္ေရးေလ့က်င့္တာေတြ ဆက္ မလုပ္ဖို ့သတိေပးထား ပါတယ္။

ႏွစ္စဥ္ စစ္ေရးေလ့က်င့္မႈေတြကို ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးေၾကာင့္ ပမာဏေလ်ွာ့ခ်ထားၿပီး ကြန္ျပဴတာျဖင့္သာ ပံုစံတူျပဳလုပ္ ေလ့က်င့္တယ္လို ့ စစ္ဘက္အရာရွိေတြက ေျပာပါတယ္။

အေမရိကန္-ဂ်ပန္ နစ္နိုင္ငံ နိုင္ငံျခားေရး၀န္ၾကီး နဲ ့ ကာကြယ္ေရး ၀န္ၾကီးေတြရဲ့ လံုျခံဳေရးဆိုင္ရာ အစည္းအေ၀းအၿပီး Kim ရဲ့ ၿခိမ္းေျခာက္မႈ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရး၀န္ၾကီး Blinken ကေတာ့ ေျမာက္ကိုရီးယားနဲ ့ ဆက္သြယ္ဖို႔.့ၾကိဳးစားေနတဲ့အေၾကာင္း မၾကာေသးမီက ေျပာဆိုထားၿပီး တံု ့ျပန္မႈ မရရွိေသးဘူးလို ့ဆိုပါတယ္။ သူနဲ ့အတူ ကာကြယ္ေရး၀န္ႀကီး Austin တို ့ဟာ အဂၤါေန ့မွာ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ ၿမိဳ႕ေတာ္ကို ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ကန်-ဂျပန် ပူးတွဲ စစ်လေ့ကျင့်မှု မလုပ်ဖို့ မြောက်ကိုရီးယားသတိပေး

(Unicode)

ဒေသတွင်း တရုတ်ရဲ့ ရန်လိုမှုကို ရှုတ်ချတဲ့ အမေရိကန်နဲ့ဂျပန်တို့ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ထိပ်တန်းဦးစားပေးမူဝါဒတွေနဲ့ ထိပ်တန်းအရာရှိတွေကို မြောက်ကိုရီးယားက သတိပေးချက် အသစ်တရပ် ထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ သြဇာရှိတဲ့ ညီမ Kim Yo-jong က တောင်ကိုရီးယားနိုင်ငံထဲ ဆောင်ရွက်ဆဲ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ်ဝေဖန်လိုက်ပြီး တရားဝင်ကြေညာချက် တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယား ဗဟိုသတင်းဌာနကထုတ်ပြန်တဲ့ Kim ရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်အစိုးရသစ်အနေနဲ့ လာမယ့်လေးနှစ်အတွင်း အေးအေးချမ်းချမ်းနေလိုလျှင် စစ်ရေးလေ့ကျင့်တာတွေ ဆက် မလုပ်ဖို့သတိပေးထား ပါတယ်။

နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပမာဏလျှော့ချထားပြီး ကွန်ပြူတာဖြင့်သာ ပုံစံတူပြုလုပ် လေ့ကျင့်တယ်လို့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။

အမေရိကန်-ဂျပန် နစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နဲ့ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီး Kim ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကတော့ မြောက်ကိုရီးယားနဲ့ ဆက်သွယ်ဖို့.့ကြိုးစားနေတဲ့အကြောင်း မကြာသေးမီက ပြောဆိုထားပြီး တုံ့ပြန်မှု မရရှိသေးဘူးလို့ဆိုပါတယ်။ သူနဲ့အတူ ကာကွယ်ရေးဝန်ကြီး Austin တို့ဟာ အင်္ဂါနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော်ကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG