သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူအမ်ားအျပားေသဆံုးရတဲ႔ ပစ္ခတ္မႈ သမၼတ Biden ျပင္းျပင္းထန္ထန္ ရႈတ္ခ်


သမၼတ ဂ်ဳိးဘိုင္ဒန္

ျမန္မာႏိုင္ငံမွာ စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြဲခဲ့တဲ့အတြက္ ေသဆံုးခဲ့သူေတြနဲ႔ ပတ္သက္လို႔ သမၼတ ဂ်ဳိးဘိုင္ဒန္က မေန႔က ျပင္းျပင္းထန္ထန္ရွဳတ္ခ်လိုက္ပါတယ္။

”အင္မတန္ဆိုးရြားပါတယ္၊ ရက္စက္ၾကမ္းၾကဳတ္မႈျဖစ္ပါတယ္၊ လူေတြဒီေလာက္အမ်ားႀကီးေသဆံုးရတာဟာ လံုး၀မလိုလားအပ္တဲ႔ကိစၥပါ။”

ပဲခူးက အသက္ ၂၀ အရြယ္ ေက်ာင္းသား ေမာင္သဲေမာင္ေမာင္ ရဲ့ စ်ာပနက်င္းပေနခ်ိန္မွာ စစ္တပ္က ပစ္ခတ္ၿဖိဳခြဲခဲ့တာျဖစ္ပါတယ္။

မတ္လ ၂၇ ရက္ ဖက္ဆစ္ေတာ္လွန္ေရးေန႔ စေနေန႔က ျမန္မာႏိုင္ငံတ၀ွမ္း ေသဆံုးခဲ့ရတဲ့ လူေပါင္း တရာေက်ာ္ထဲမွာ တခ်ိဳ႕ကို တနဂၤေႏြေန႔က သက္ဆိုင္ရာမိသားစုေတြက စ်ာပနအခမ္းအနားေတြ ျပဳလုပ္ခဲ့ၾကတာျဖစ္ပါတယ္။

ျမန္မာစစ္တပ္ကေတာ့ တပ္မေတာ္ေန႔ အခမ္းအနားက်င္းပခဲ့သလို ျမန္မာျပည္သူေတြကလည္း ေတာ္လွန္ေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္တပ္အာဏာသိမ္းထားတာကို ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြကို ျပည္နယ္နဲ႔တုိင္းေတြမွာ ျပုလုပ္ခဲ့ၾကတာပါ။ ဒါကို စစ္တပ္နဲ႔ ရဲေတြက ပစ္ခတ္ၿဖိဳခြဲမႈေၾကာင့္ လူေပါင္း ၁၁၄ ေယာက္ထက္မနည္း ေသဆံုးခဲ့ၿပီး၊ ဒါဟာ စစ္တပ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ လူအမ်ားဆံုး ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။

----------------------------

လူအများအပြားသေဆုံးရတဲ့ ပစ်ခတ်မှု သမ္မတ Biden ပြင်းပြင်းထန်ထန် ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တဲ့အတွက် သေဆုံးခဲ့သူတွေနဲ့ ပတ်သက်လို့ သမ္မတ ဂျိုးဘိုင်ဒန်က မနေ့က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။

”အင်မတန်ဆိုးရွားပါတယ်၊ ရက်စက်ကြမ်းကြုတ်မှုဖြစ်ပါတယ်၊ လူတွေဒီလောက်အများကြီးသေဆုံးရတာဟာ လုံးဝမလိုလားအပ်တဲ့ကိစ္စပါ။”

ပဲခူးက အသက် ၂၀ အရွယ် ကျောင်းသား မောင်သဲမောင်မောင် ရဲ့ ဈာပနကျင်းပနေချိန်မှာ စစ်တပ်က ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ စနေနေ့က မြန်မာနိုင်ငံတဝှမ်း သေဆုံးခဲ့ရတဲ့ လူပေါင်း တရာကျော်ထဲမှာ တချို့ကို တနင်္ဂနွေနေ့က သက်ဆိုင်ရာမိသားစုတွေက ဈာပနအခမ်းအနားတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာစစ်တပ်ကတော့ တပ်မတော်နေ့ အခမ်းအနားကျင်းပခဲ့သလို မြန်မာပြည်သူတွေကလည်း တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်တပ်အာဏာသိမ်းထားတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ပြည်နယ်နဲ့တိုင်းတွေမှာ ပြုလုပ်ခဲ့ကြတာပါ။ ဒါကို စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်ဖြိုခွဲမှုကြောင့် လူပေါင်း ၁၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး၊ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လူအများဆုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG