သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးေဆြးေႏြးပဲြ ျမန္မာ့အေရးပူပင္မႈ ထုတ္ျပန္


မတ္လ ၁၆ ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ ဆႏၵျပပဲြတခုတြင္ ရဲနဲ႔ စစ္တပ္က ျဖိဳခြင္းခဲ့တဲ့ ျမင္ကြင္း။ (မတ္ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းထားတဲ့အေပၚ ျပည္သူေတြက ပံုစံမ်ိဳးစံုနဲ႔ ဆက္ၿပီး ကန္႔ကြက္ေနတာကို တပ္က ပစ္ခတ္ႏွိမ္နင္းေနခ်ိန္မွာ ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြအေပၚ အင္မတန္ စိတ္ပူပန္စိုးရိမ္တယ္လို႔ တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ႏွစ္ ေယာက္ ေတြ႕ဆံုေဆြးေႏြးစဥ္မွာ ေျပာၾကားခဲ့ၾကပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi နဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov တို႔ တ႐ုတ္ႏိုင္ငံ Guilin ၿမိဳ႕မွာ မေန႔က ေတြ႕ဆံုမႈအတြင္း ခုလိုေျပာခဲ့ၾကတာပါ။ ေနာက္ထပ္ ပဋိပကၡေတြ၊ ေသြးထြက္သံယိုျဖစ္မႈေတြ ေရွာင္ရွားႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံက သက္ဆိုင္တဲ့ အဖြဲ႔ေတြအားလံုးအေနနဲ႔ ဖဲြ႕စည္းပံုနဲ႔ ဥပေဒမူေဘာင္ေတြထဲကေန ႏိုင္ငံေရးအေျဖရွာမႈတဲ့နည္းလမ္းကို တ႐ုတ္နဲ႔ ႐ုရွားက ေထာက္ခံတယ္လို႔ ေတ႔ြဆံုပြဲအၿပီး ႏိုင္ငံျခားေရးဝန္ႀကီး ႏွစ္ ေယာက္ ပူးတဲြထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။ ျပည္ပႏိုင္ငံေတြက ျမန္မာႏိုင္ငံျပႆနာကို ခုတံုးလုပ္ၿပီး သူတို႔အက်ဳိးအျမတ္အတြက္ အခြင့္အေရးမယူႏိုင္ေအာင္နဲ႔ ဒီမိုကေရစီအသြင္ ကူးေျပာင္းေရးကို ဆက္လုပ္သြားႏိုင္ဖို႔အတြက္ ျမန္မာႏိုင္ငံထဲက သက္ဆိုင္တဲ့အဖဲြ႕အားလံုး ေဆြးေႏြးညွိႏိႈင္းၿပီး ႏိုင္ငံေရးအေျဖရွာေရးဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi နဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov တို႔ ေဆြးေႏြးစဥ္မွာ သေဘာတူ ေျပာၾကားခဲ့ၾကတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ရဲနဲ႔ စစ္တပ္က ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းေနတာေၾကာင့္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႕ ရဲခ်ဳပ္တာဝန္နဲ႔ ဒုတိယျပည္ထဲေရးဝန္ႀကီး တာဝန္ယူထားသူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းလႈိင္၊ စစ္ဆင္ေရးအထူးအဖဲြ႕မွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးအျပင္၊ ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြကို ပစ္ခတ္ ႏွိမ္နင္းတဲ့ တပ္မ ၇၇၊ မႏၲေလးက ဆႏၵျပသူေတြကို ပစ္ခတ္ႏွိမ္နင္းတဲ့ တပ္မ ၃၃ တို႔ကို အေမရိကန္အစိုးရက မေန႔ကပဲ အေရးယူဒဏ္ခတ္ခဲ့ပါတယ္။ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ အေရးယူ ဒဏ္ခတ္ခ်က္အရ ဒဏ္ခတ္လိုက္သူေတြနဲ႔ သူတို႔နဲ႔ပတ္သက္ေနတဲ့ လုပ္ငန္းေတြ၊ ပိုင္ဆိုင္မႈအားလံုးကို အေမရိကန္ ဘ႑ာေရးဌာနက ထိန္းခ်ဳပ္ ပိတ္ပင္လိုက္ပါတယ္။ ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြအေပၚ လံုျခံဳေရးတပ္ေတြက ေသေစေလာက္ေအာင္ အၾကမ္းဖက္ေနမႈကို ရပ္ကို ရပ္ရမယ္လို႔ ႏိုင္ငံျခားပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရးဆိုင္ရာ ၫႊန္ၾကားေရးမွဴး Andrea M. Gacki က ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။ ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖဲြ႕ရဲ႕ လုပ္ရပ္အတြက္ အေရးယူႏိုင္ဖို႔ ဘ႑ာေရးဝန္ႀကီးဌာနက ဆက္လုပ္သြားမွာျဖစ္သလို၊ ျမန္မာျပည္သူေတြနဲ႔ ဆက္လက္ရပ္တည္သြားမယ္လို႔လည္း ဒဏ္ခတ္အေရးယူမႈအေၾကာင္း ထုတ္ျပန္စဥ္မွာ ေျပာၾကားထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ သတင္းလြတ္လပ္ခြင့္ ထိခိုက္ေအာင္လုပ္ေနတယ္လို႔ ကုလသမဂၢက ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ဘက္လိုက္မႈကင္းတဲ့ သတင္းဌာနေတြအေပၚ ဖိအားေတြ တိုးေပးေနၿပီး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ ထိခိုက္ေအာင္ ဆက္လုပ္ေနတဲ့အေပၚ ျမန္မာႏိုင္ငံထဲက ကုလသမဂၢအဖြဲ႔အစည္းေတြအားလံုးက စိုးရိမ္ေနတယ္လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က မေန႔က သတင္းစာရွင္းပြဲမွာ ေျပာၾကားခဲ့တာပါ။ ေလာေလာဆယ္အထိ ဖမ္းဆီးခံရတဲ့ သတင္းေထာက္ ၄၀ ထက္မနည္း ရွိတယ္လို႔လည္း သူကေျပာပါတယ္။

စစ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း လံုျခံဳေရးတပ္ဖဲြ႕ေတြရဲ႕ လက္ခ်က္နဲ႔ လူေတြေသဆုံးေနတာကို ျမန္မာႏိုင္ငံက ကုလသမဂၢအဖဲြ႕အစည္းေတြက အင္မတန္ စိုးရိမ္ေနေၾကာင္းနဲ႔ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသူေတြအေပၚ စစ္တပ္က အင္အားသံုး ႏွိမ္နင္းေနတာ ရပ္ဖို႔ ဆက္ၿပီး ေတာင္းဆိုေၾကာင္း New York ၿမိဳ႕ကုလသမဂၢဌာနခ်ဳပ္မွာ လုပ္တဲ့ သတင္းစာရွင္းပြဲမွာ ကုလအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က ေျပာၾကားခဲ့ပါတယ္။ ကုလသမဂၢလူ႔အခြင့္အေရးရံုးရဲ႕ စာရင္းအရ လံုျခံဳေရးေတြရဲ႕ လက္ခ်က္နဲ႔ ေသဆံုးခဲ့တဲ့ အရပ္သား ၂၂၄ ေယာက္ထက္ မနည္းရွိေနေပမဲ့ တကယ္ေသဆံုးတဲ့ အေရအတြက္ဟာ ၂၅၀ ထက္ေက်ာ္တယ္လို႔ ယံုၾကည္ထားေၾကာင္းလည္း ကုလသမဂၢက ေျပာၾကားခဲ့ပါတယ္။

EU ဥေရာပသမဂၢကေတာ့ စစ္တပ္ရဲ႕ လက္ခ်က္နဲ႔ ေသဆံုးသူ ၂၅၀ ေက်ာ္ၿပီလု႔ိ ေျပာပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေျခအေန ဆိုးလာေနတာ စိတ္မေကာင္းစရာပဲလို႔ ဥေရာပသမဂၢ ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell က ေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံက အေျခအေနအေနေတြကို EU ကေစာင့္ၾကည့္ မွတ္တမ္းတင္ေနပါတယ္။ စစ္အာဏာသိမ္းခဲ့ၿပီးေနာက္ပိုငး အေျခအေနေတြ ပိုၿပီး ယိုယြင္းလာေနတာ စိတ္မေကာင္းစရာျဖစ္ပါတယ္။ ဆႏၵျပသူေတြကို စစ္တပ္က စစ္ေျမျပင္မွာသံုးတဲ့ လက္နက္ေတြသံုး ပစ္ခတ္မႈေၾကာင့္ ေသဆံုးသူ ၂၅၀ ထက္မနည္း ရွိေနပါၿပီ။ ဆက္လက္ ဖိႏွိပ္ေနမႈေတြမွာ တာဝန္ရွိသူ ၁၁ ေယာက္ကို EU က ဒဏ္ခတ္အေရးအယူခဲ့တယ္လို႔ EU ႏိုင္ငံျခားမူဝါဒေရးရာ အႀကီးအကဲ Josep Borrell ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ မတ္လ ၂၂ ရက္ တနလၤာေန႔က ဒဏ္ခတ္ပိတ္ဆို႔ခဲ့သူ ၁၁ ေယာက္ထဲမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အျပင္ စစ္အာဏာသိ္မ္းမႈမွာ တာဝန္ရွိတဲ့ ဒုသမၼတ ဦးျမင့္ေဆြ၊ ေရြးေကာက္ပဲြေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုး၊ အာဏာသိမ္း န.စ.က ေကာင္စီထဲမွာပါတဲ့ စစ္တပ္အႀကီးအကဲေတြ ပါဝင္ပါတယ္။

ခုလိုႏိုင္ငံတကာက ဖိအားေပးေနခ်ိန္မွာပဲ စစ္တပ္က ျပည္သူေတြအေပၚ ပစ္ခတ္မႈေတြကို ဆက္ၿပီးလုပ္ေနပါတယ္။ ဒီေန႔ပဲ မႏၲေလးၿမိဳ႕မွာ တပ္ေတြ ပစ္ခတ္လို႔ ေသဆံုးသူ ၄ ေယာက္ရွိပါတယ္။ ထိခိုက္ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ ေသဆံုးသူတေယာက္ဆိုရင္ အသက္ ၇ ႏွစ္ အရြယ္ မိန္းကေလးငယ္ျဖစ္ပါတယ္။ ခုလို မႏၲေလးမွာ ဒီရက္ပိုင္းအတြင္း ပစ္ခတ္ခံရလို႔ ေသဆံုးသူေတြထဲမွာ အသက္ ၁၈ ႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါ၀င္ေနလို အသက္ ၂၀ ေက်ာ္လူငယ္ေတြလည္း ပါဝင္ပါတယ္။ မႏၲေလး ျမရည္နႏၵာအိမ္ယာက လူေနအိမ္ေတြကို တနလၤာေန႔က ပစ္ခတ္မႈအတြင္း ေသနတ္ထိမွန္ေသဆံုးခဲ့တဲ့ အသက္ ၁၄ ႏွစ္အရြယ္ ကိုထြန္းထြန္းေအာင္ရဲ႕ အသုဘအခမ္းအနားကိုေတာ့ ဒီေန႔ ျပဳလုပ္ပါတယ္။

ကိုထြန္းထြန္းေအာင္ရဲ႕ မိခင္နဲ႔ က်န္ရစ္သူ မိသားစုရဲ႕ ပူေဆြး ငိုေႂကြးေနၾကတဲ့ အသံေတြျဖစ္ပါတယ္။ သူ႔ရဲ႕ အကိုျဖစ္သူကလည္း ဝမ္းနည္းေနတဲ့ၾကားက ခုလို ေျပာၾကားခဲ့ပါတယ္။

"က်ေနာ္တို႔အေရးေတာ္ပံုေအာင္ေအာင္ ထပ္ၿပီးတိုက္ပဲြဝင္ၾကမယ္။ ဘယ္သူမွ ဝမ္းမနည္းပါနဲ႔။"

ျမရည္နႏၵာ တန္ဖိုးနည္း အိမ္ယာမွာ မေန႔တုန္းက ပစ္ခတ္မႈအတြင္း ေသဆံုးခဲ့တဲ့ အသက္ ၁၄ ႏွစ္အရြယ္ကို ထြန္းထြန္းေအာင္ရဲ႕ အကိုျဖစ္ပါတယ္။

ခုလို စစ္အာဏာသိမ္းထားသူေတြက ႏွိမ္ႏွင္းေနေပမဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြကိုလည္း ျပည္သူေတြ ဆက္လုပ္ေနၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာဆို မနက္အာရံုတက္ခ်ိန္မေရာက္ခင္ထဲက အရုဏ္ဦးသပိတ္ကို လုပ္ခဲ့ၾကပါတယ္။ မႏၲေလးၿမိဳ႕မွာဆိုလည္း ဒီေန႔ မနက္ပိုင္းကတည္းက သံဃာသမဂၢ သပိတ္၊ ျမေတာင္သပိတ္ အပါအဝင္ သပိတ္စစ္ေၾကာင္းေတြ လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္တပ္အင္အား အေျမာက္အမ်ားတပ္စြဲၿပီး ႏွိမ္နင္းေနတဲ့ မုံ႐ြာၿမိဳ႕မွာလည္း ဒီေန႔ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ စစ္ကိုင္း၊​ ေတာင္ႀကီး၊ ကြၽန္းလွ၊ မိတၳီလာ၊ ေရဦး၊ ေရစႀကိဳ နဲ႔ ပဲခူးၿမိဳ႕ေတြမွာလည္း အ႐ုဏ္ဦး သပိတ္အျပင္ ပုံစံမ်ိဳးစုံနဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ လုပ္ခဲ့ၾကပါတယ္။ ေန႔စဥ္မျပတ္ဆႏၵျပပြဲေတြရွိေနတဲ့ ထားဝယ္ၿမိဳ႕မွာဆိုလည္း ဒီေန႔ အေျမာက္အမ်ားလမ္းေပၚထြက္ ဆႏၵျပခဲ့ၾကတာပါ။

"မင္းတို႔အိမ္မွာ ေပ်ာ္ရႊင္ေနတာ၊ တခ်ိဳ႕အိမ္ေတြ လူမရွိေတာ့ဘူး။ အိမ္ေပၚအထိ တက္ဆဲြေနတာ၊ မင္းတို႔လူေတြ ပါသြားမွာပဲ။ သိသိၾကီးနဲ႔ ျငိမ္မခံနဲ႔၊ အိမ္ထဲေနလည္း လာဆဲြမွာပဲ။ မင္းတို႔အိမ္မွာ ေပ်ာ္ရႊင္ေနတာ၊ တခ်ိဳ႕အိမ္ေတြ လူမရွိေတာ့ဘူး။"

ခုလို ထားဝယ္ၿမိဳ႕မွာ ခ်ီတက္ဆႏၵျပသူေတြအျပင္၊ ေႂကြးေၾကာ္စာသားေတြပါတဲ့ ဆိုင္းဘုတ္ေတြပါတဲ့ ဆိုင္ကယ္ေတြ စီတန္းေမာင္းႏွင္ၿပီး ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။ ၿမိတ္နဲ႔ ပုသိမ္ ၿမိဳ႕ေတြမွာေတာ့ လူမဲ့သပိတ္ေတြ လုပ္ၾကခ့ဲၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်-ရုရှားနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲ မြန်မာ့အရေးပူပင်မှု ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့အပေါ် ပြည်သူတွေက ပုံစံမျိုးစုံနဲ့ ဆက်ပြီး ကန့်ကွက်နေတာကို တပ်က ပစ်ခတ်နှိမ်နင်းနေချိန်မှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် အင်မတန် စိတ်ပူပန်စိုးရိမ်တယ်လို့ တရုတ်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ တရုတ်နိုင်ငံ Guilin မြို့မှာ မနေ့က တွေ့ဆုံမှုအတွင်း ခုလိုပြောခဲ့ကြတာပါ။ နောက်ထပ် ပဋိပက္ခတွေ၊ သွေးထွက်သံယိုဖြစ်မှုတွေ ရှောင်ရှားနိုင်ဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးအနေနဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေမူဘောင်တွေထဲကနေ နိုင်ငံရေးအဖြေရှာမှုတဲ့နည်းလမ်းကို တရုတ်နဲ့ ရုရှားက ထောက်ခံတယ်လို့ တေ့ွဆုံပွဲအပြီး နိုင်ငံခြားရေးဝန်ကြီး နှစ် ယောက် ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံပြဿနာကို ခုတုံးလုပ်ပြီး သူတို့အကျိုးအမြတ်အတွက် အခွင့်အရေးမယူနိုင်အောင်နဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ဆက်လုပ်သွားနိုင်ဖို့အတွက် မြန်မာနိုင်ငံထဲက သက်ဆိုင်တဲ့အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းပြီး နိုင်ငံရေးအဖြေရှာရေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ ဆွေးနွေးစဉ်မှာ သဘောတူ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရဲနဲ့ စစ်တပ်က ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းနေတာကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်နဲ့ ဒုတိယပြည်ထဲရေးဝန်ကြီး တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးအပြင်၊ ရန်ကုန်မြို့က ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းတဲ့ တပ်မ ၇၇၊ မန္တလေးက ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတဲ့ တပ်မ ၃၃ တို့ကို အမေရိကန်အစိုးရက မနေ့ကပဲ အရေးယူဒဏ်ခတ်ခဲ့ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ အရေးယူ ဒဏ်ခတ်ချက်အရ ဒဏ်ခတ်လိုက်သူတွေနဲ့ သူတို့နဲ့ပတ်သက်နေတဲ့ လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုအားလုံးကို အမေရိကန် ဘဏ္ဍာရေးဌာနက ထိန်းချုပ် ပိတ်ပင်လိုက်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေအပေါ် လုံခြုံရေးတပ်တွေက သေစေလောက်အောင် အကြမ်းဖက်နေမှုကို ရပ်ကို ရပ်ရမယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Andrea M. Gacki က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အတွက် အရေးယူနိုင်ဖို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လုပ်သွားမှာဖြစ်သလို၊ မြန်မာပြည်သူတွေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဒဏ်ခတ်အရေးယူမှုအကြောင်း ထုတ်ပြန်စဉ်မှာ ပြောကြားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ထိခိုက်အောင်လုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘက်လိုက်မှုကင်းတဲ့ သတင်းဌာနတွေအပေါ် ဖိအားတွေ တိုးပေးနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ထိခိုက်အောင် ဆက်လုပ်နေတဲ့အပေါ် မြန်မာနိုင်ငံထဲက ကုလသမဂ္ဂအဖွဲ့အစည်းတွေအားလုံးက စိုးရိမ်နေတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က မနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။ လောလောဆယ်အထိ ဖမ်းဆီးခံရတဲ့ သတင်းထောက် ၄၀ ထက်မနည်း ရှိတယ်လို့လည်း သူကပြောပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူတွေသေဆုံးနေတာကို မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွေက အင်မတန် စိုးရိမ်နေကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် စစ်တပ်က အင်အားသုံး နှိမ်နင်းနေတာ ရပ်ဖို့ ဆက်ပြီး တောင်းဆိုကြောင်း New York မြို့ကုလသမဂ္ဂဌာနချုပ်မှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ စာရင်းအရ လုံခြုံရေးတွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့တဲ့ အရပ်သား ၂၂၄ ယောက်ထက် မနည်းရှိနေပေမဲ့ တကယ်သေဆုံးတဲ့ အရေအတွက်ဟာ ၂၅၀ ထက်ကျော်တယ်လို့ ယုံကြည်ထားကြောင်းလည်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

EU ဥရောပသမဂ္ဂကတော့ စစ်တပ်ရဲ့ လက်ချက်နဲ့ သေဆုံးသူ ၂၅၀ ကျော်ပြီလု့ိ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ ဆိုးလာနေတာ စိတ်မကောင်းစရာပဲလို့ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက အခြေအနေအနေတွေကို EU ကစောင့်ကြည့် မှတ်တမ်းတင်နေပါတယ်။ စစ်အာဏာသိမ်းခဲ့ပြီးနောက်ပိုငး အခြေအနေတွေ ပိုပြီး ယိုယွင်းလာနေတာ စိတ်မကောင်းစရာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို စစ်တပ်က စစ်မြေပြင်မှာသုံးတဲ့ လက်နက်တွေသုံး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၅၀ ထက်မနည်း ရှိနေပါပြီ။ ဆက်လက် ဖိနှိပ်နေမှုတွေမှာ တာဝန်ရှိသူ ၁၁ ယောက်ကို EU က ဒဏ်ခတ်အရေးအယူခဲ့တယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell ကပြောကြားခဲ့တာဖြစ်ပါတယ်။ မတ်လ ၂၂ ရက် တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့ခဲ့သူ ၁၁ ယောက်ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် စစ်အာဏာသိမ်းမှုမှာ တာဝန်ရှိတဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ အာဏာသိမ်း န.စ.က ကောင်စီထဲမှာပါတဲ့ စစ်တပ်အကြီးအကဲတွေ ပါဝင်ပါတယ်။

ခုလိုနိုင်ငံတကာက ဖိအားပေးနေချိန်မှာပဲ စစ်တပ်က ပြည်သူတွေအပေါ် ပစ်ခတ်မှုတွေကို ဆက်ပြီးလုပ်နေပါတယ်။ ဒီနေ့ပဲ မန္တလေးမြို့မှာ တပ်တွေ ပစ်ခတ်လို့ သေဆုံးသူ ၄ ယောက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ သေဆုံးသူတယောက်ဆိုရင် အသက် ၇ နှစ် အရွယ် မိန်းကလေးငယ်ဖြစ်ပါတယ်။ ခုလို မန္တလေးမှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေလို အသက် ၂၀ ကျော်လူငယ်တွေလည်း ပါဝင်ပါတယ်။ မန္တလေး မြရည်နန္ဒာအိမ်ယာက လူနေအိမ်တွေကို တနင်္လာနေ့က ပစ်ခတ်မှုအတွင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ကိုထွန်းထွန်းအောင်ရဲ့ အသုဘအခမ်းအနားကိုတော့ ဒီနေ့ ပြုလုပ်ပါတယ်။

ကိုထွန်းထွန်းအောင်ရဲ့ မိခင်နဲ့ ကျန်ရစ်သူ မိသားစုရဲ့ ပူဆွေး ငိုကြွေးနေကြတဲ့ အသံတွေဖြစ်ပါတယ်။ သူ့ရဲ့ အကိုဖြစ်သူကလည်း ဝမ်းနည်းနေတဲ့ကြားက ခုလို ပြောကြားခဲ့ပါတယ်။

"ကျနော်တို့အရေးတော်ပုံအောင်အောင် ထပ်ပြီးတိုက်ပွဲဝင်ကြမယ်။ ဘယ်သူမှ ဝမ်းမနည်းပါနဲ့။"

မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ယာမှာ မနေ့တုန်းက ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ကို ထွန်းထွန်းအောင်ရဲ့ အကိုဖြစ်ပါတယ်။

ခုလို စစ်အာဏာသိမ်းထားသူတွေက နှိမ်နှင်းနေပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကိုလည်း ပြည်သူတွေ ဆက်လုပ်နေကြပါတယ်။ ရန်ကုန်မြို့မှာဆို မနက်အာရုံတက်ချိန်မရောက်ခင်ထဲက အရုဏ်ဦးသပိတ်ကို လုပ်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာဆိုလည်း ဒီနေ့ မနက်ပိုင်းကတည်းက သံဃာသမဂ္ဂ သပိတ်၊ မြတောင်သပိတ် အပါအဝင် သပိတ်စစ်ကြောင်းတွေ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်တပ်အင်အား အမြောက်အများတပ်စွဲပြီး နှိမ်နင်းနေတဲ့ မုံရွာမြို့မှာလည်း ဒီနေ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကိုင်း၊ တောင်ကြီး၊ ကျွန်းလှ၊ မိတ္ထီလာ၊ ရေဦး၊ ရေစကြို နဲ့ ပဲခူးမြို့တွေမှာလည်း အရုဏ်ဦး သပိတ်အပြင် ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါတယ်။ နေ့စဉ်မပြတ်ဆန္ဒပြပွဲတွေရှိနေတဲ့ ထားဝယ်မြို့မှာဆိုလည်း ဒီနေ့ အမြောက်အများလမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

"မင်းတို့အိမ်မှာ ပျော်ရွှင်နေတာ၊ တချို့အိမ်တွေ လူမရှိတော့ဘူး။ အိမ်ပေါ်အထိ တက်ဆွဲနေတာ၊ မင်းတို့လူတွေ ပါသွားမှာပဲ။ သိသိကြီးနဲ့ ငြိမ်မခံနဲ့၊ အိမ်ထဲနေလည်း လာဆွဲမှာပဲ။ မင်းတို့အိမ်မှာ ပျော်ရွှင်နေတာ၊ တချို့အိမ်တွေ လူမရှိတော့ဘူး။"

ခုလို ထားဝယ်မြို့မှာ ချီတက်ဆန္ဒပြသူတွေအပြင်၊ ကြွေးကြော်စာသားတွေပါတဲ့ ဆိုင်းဘုတ်တွေပါတဲ့ ဆိုင်ကယ်တွေ စီတန်းမောင်းနှင်ပြီး ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။ မြိတ်နဲ့ ပုသိမ် မြို့တွေမှာတော့ လူမဲ့သပိတ်တွေ လုပ်ကြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG