သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အုပ္ခ်ဳပ္ေရးေကာင္စီသတင္းရွင္းလင္းပဲြအေပၚ တုံ႔ျပန္ခ်က္မ်ား


ေနျပည္ေတာ္မွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း ေတြ႔ရတဲ့ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း။ (ဓာတ္ပံု - MRTV via AFPTV - မတ္ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ေနျပည္ေတာ္မွာ ဒီကေန႔ သတင္းစာရွင္းလင္းပြဲျပဳလုပ္ရာမွာ မီဒီယာကိစၥ၊ အၾကမ္းဖက္ ဆႏၵေဖာ္ထုတ္မႈကိစၥေတြအပါအ၀င္ နိုင္ငံေတာ္အဆင့္ လာဘ္ေပးလာဘ္ယူမႈ ကိစၥေတြကို ရွင္းလင္းေျပာဆိုခဲ့ပါတယ္။ စစ္ေကာင္စီရဲ႕ ရွင္းလင္းခ်က္အေပၚမီဒီယာေတြနဲ႔ နိုင္ငံေရးေလ့လာသုံးသပ္သူေတြက ဘယ္လိုအျမင္ရွိေနပါသလဲ။ ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္ကေန တင္ဆက္ေပးမွာပါ။

ျမန္မာ့တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာကို ထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္ေမွာက္ ဆႏၵျပပြဲေတြ ဆက္တိုက္ျဖစ္ပြါးေနတာပါ။ ဒီလိုျဖစ္ပြါးမႈမွာ တခ်ိဳ႕မီဒီယာမ်ားရဲ႕ သတင္းမွားေဖာ္ျပခ်က္နဲ႔ ေသြးထိုးလႈံေဆာ္မႈေတြ ပါတယ္လို႔လည္း နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာေျပာဆိုခဲ့တာပါ။

ျမန္မာဂ်ာနယ္လစ္ကြန္ယက္အဖြဲ႕အတြင္းေရးမွဴး ကိုျမင့္ေက်ာ္က နိုင္ငံေရးအေၾကာင္းအရင္းေၾကာင့္ ျဖစ္ပြါးလာတဲ့ျပႆနာကို မီဒီယာအေပၚလႊဲခ်တာလို႔ ဆိုုပါတယ္။

“အၾကမ္းဖက္မႈေတြ ျဖစ္လာတယ္ဆိုတာက တကယ္တမ္းက်ေတာ့ အာဏာသိမ္းတဲ့ဆီကစတယ္။ ဒီအာဏာသိမ္းတဲ့တဲ့ဟာက နိုင္ငံေရး မေက်နပ္မႈေတြျဖစ္ေစတယ္။ တျပည္လုံးကေန ဆႏၵျပမႈေတြျဖစ္လာတယ္။ ဒီဟာေတြကို အၾကမ္းဖက္ၿဖိဳခြဲတယ္။ အဲဒီဟာေတြကအဲဒီလိုျဖစ္လာတယ္။ ဒီေနရာမွာ သတင္းမီဒီယာေတြ တင္ျပမႈေၾကာင့္လို႔ ေျပာရင္ေတာ့ အဲဒါေတြကို က်ေနာ္တို႔ လက္မခံဘူး။ ဒီဟာေတြျဖစ္တဲ့အေၾကာင္းအရင္းက နိုင္ငံေရးအေၾကာင္းရင္းေတြ ရွိတယ္ေလ။ အဲဒါေတြကို မီဒီယာေၾကာင့္လို႔ ေျပာရင္ေတာ့ နိုင္ငံေရးအေၾကာင္းအရင္းကို ဖုံးကြယ္ဖို႕ဆိုတဲ့ ရည္ရြယ္ခ်က္မ်ိဳးျဖစ္ေနမွာပါ။”

တပ္မေတာ္ကေန အာဏာထိန္းသိမ္းခဲ့ၿပီးေနာက္ပိုင္း မီဒီယာသမားေတြကို ဖမ္းဆီးမႈေတြ သတင္းမီဒီယာေတြကို ပိတ္ပင္မႈေတြျပဳလုပ္လာခဲ့တာပါ။

ဒါ့အျပင္ အေ၀းေရာက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႕ ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မီတီ CRPH ကို ဆက္သြယ္တဲ့ မီဒီယာေတြအေနနဲ႔ မတရားအသင္း အက္ဥပေဒ ၁၇ (၁) နဲ႔ တရားစြဲခံရမယ္လို႔လည္း ဒီကေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုသြားပါတယ္။

စစ္အာဏာရွင္ဆန္႕က်င္ေရး သပိတ္ေမွာက္ ဆႏၵျပမႈအတြင္း လုံျခံဳေရးတပ္ဖြဲ႕ေတြကေန ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ၿဖိဳခြင္းမႈေတြလည္း ရွိလာေနတာပါ။

ဒီလိုလက္နက္နဲ႔ အၿဖိဳခြင္းခံေနရတဲ့ျဖစ္စဥ္ေတြေၾကာင့္ ျပည္သူေတြအတြင္း ျငိမ္းခ်မ္းစြာဆႏၵျပမႈအဆင့္ကေန လက္နက္ကိုင္ အၾကမ္းဖက္မႈ အသြင္ေျပာင္းလဲလာနို္္င္တယ္လို႔လည္း နိုင္ငံေရးေလ့လာသုံးသပ္သူ ဦးသန္းစိုးနိုင္ကဆိုပါတယ္။

“စစ္အာဏာရွင္စနစ္ကို မလိုခ်င္ဘူး။ အဲဒါကို လူထုကေနျငိမ္းခ်မ္းစြာ ဆႏၵျပတယ္။ လက္နက္နဲ႔ အၾကမ္းဖက္ဖိႏွိပ္တာကို က်ေနာ္တို႔ လက္ဗလာနဲ႔ ခုခံစရာမလိုဘူး။ အဲဒီကေနတဆင့္ က်ေနာ္တို႔ ကိုယ့္ကိုယ္ကို ခုခံကာကြယ္ပိုင္ခြင့္ရွိတယ္။ ခုခံတာ တရားတယ္ဆိုတဲ့အေပၚကေန ၿပီးေတာ့ ဒီေနာက္ပိုင္းမွာဆိုရင္ လူထုဘက္ကလည္း အခုစစ္အာဏာရွင္အုပ္စုနဲ႔ စစ္ေကာင္စီနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးညိွႏိႈင္းမႈဆိုတဲ့ သေဘာထားမရွိေတာ့ဘူး။ ၂၀၀၈ ဖြဲ႕စည္းပုံကိုလည္း ဖ်က္သိမ္းဖို႔ သေဘာထားရွိတယ္။ ေနာက္ဆုံးက်ေတာ့ အေထြေထြလက္နက္ကိုင္လႈပ္ရွားမႈဆီကို ဦးတည္သြားေတာ့မွာပဲလို႔ က်ေနာ္တို႔ကယူဆပါတယ္။"

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရသက္တမ္းကာလအတြင္း နိုင္ငံေတာ္အဆင့္ လာဘ္ေပးလာဘ္ယူမႈနဲ႔ မသမာမႈေတြရွိခဲ့တယ္လို႕လည္း သတင္းစာရွင္းလင္းပြဲမွာေျပာဆိုခဲ့ပါတယ္။

လာဘ္ေပးလာဘ္ယူမႈ စြဲခ်က္တင္မႈေတြနဲ႔ ပတ္သက္လို႔ သီေပါျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း နိုင္ငံေရး ေလ့လာ သုံးသပ္သူ ဦးရဲထြန္းက အခုလိုအျမင္ရွိပါတယ္။

“က်ေနာ္တို႔ကေတာ့ဗ်ာ.... ဒီမိုကေရစီအစိုးရ တရပ္တက္လာတဲ့အခါ အရင္အစိုးနဲ႔ မတူဘဲနဲ႕ သန္႕ရွင္းတဲ့အစိုးရ ေမွ်ာ္လင့္တာေပါ့။ အခုၾကားရတဲ့ဟာေတြကေတာ့ တိုင္းျပည္အတြက္ စိတ္မေကာင္းဘူးေပါ့ေနာ္။ ဒီလိုမသန္႕ရွင္းမႈေတြ ေဖာ္ထုတ္တဲ့ေနရာမွာ ေဖာ္ထုတ္တဲ့သူကလည္း သန္႔ရွင္းတဲ့သူျဖစ္တာေတာ့ ေကာင္းတာေပါ့။ အခုေတာ့ အဲဒီလိုအေျခအေနမဟုတ္ဘူးေပါ့။ အခ်ဳပ္အရ ေျပာမယ္ဆိုရင္ေတာ့ နိုင္တဲ့သူက ဦးေအာင္ေဆာ္ေနၾကတာပါပဲ။”

လာဘ္ေပးလာဘ္ယူမႈ စြပ္စြဲခ်က္နဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂိၢဳလ္အပါအ၀င္ အစိုးရပိုင္းအၾကီးအကဲေတြကိုလည္း စစ္ေကာင္စီကေန တရားစြဲဆိုမႈေတြ ရွိေနသလုိ စုံစမ္းစစ္ေဆးမႈေတြကုိ ဆက္လက္ေဆာင္ရြက္ေနတယ္လုိ႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အုပ်ချုပ်ရေးကောင်စီသတင်းရှင်းလင်းပွဲအပေါ် တုံ့ပြန်ချက်များ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နေပြည်တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ မီဒီယာကိစ္စ၊ အကြမ်းဖက် ဆန္ဒဖော်ထုတ်မှုကိစ္စတွေအပါအဝင် နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှု ကိစ္စတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရှင်းလင်းချက်အပေါ်မီဒီယာတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဘယ်လိုအမြင်ရှိနေပါသလဲ။ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ တင်ဆက်ပေးမှာပါ။

မြန်မာ့တပ်မတော်ကနေ နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတာပါ။ ဒီလိုဖြစ်ပွါးမှုမှာ တချို့မီဒီယာများရဲ့ သတင်းမှားဖော်ပြချက်နဲ့ သွေးထိုးလှုံဆော်မှုတွေ ပါတယ်လို့လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တာပါ။

မြန်မာဂျာနယ်လစ်ကွန်ယက်အဖွဲ့အတွင်းရေးမှူး ကိုမြင့်ကျော်က နိုင်ငံရေးအကြောင်းအရင်းကြောင့် ဖြစ်ပွါးလာတဲ့ပြဿနာကို မီဒီယာအပေါ်လွှဲချတာလို့ ဆိုပါတယ်။

“အကြမ်းဖက်မှုတွေ ဖြစ်လာတယ်ဆိုတာက တကယ်တမ်းကျတော့ အာဏာသိမ်းတဲ့ဆီကစတယ်။ ဒီအာဏာသိမ်းတဲ့တဲ့ဟာက နိုင်ငံရေး မကျေနပ်မှုတွေဖြစ်စေတယ်။ တပြည်လုံးကနေ ဆန္ဒပြမှုတွေဖြစ်လာတယ်။ ဒီဟာတွေကို အကြမ်းဖက်ဖြိုခွဲတယ်။ အဲဒီဟာတွေကအဲဒီလိုဖြစ်လာတယ်။ ဒီနေရာမှာ သတင်းမီဒီယာတွေ တင်ပြမှုကြောင့်လို့ ပြောရင်တော့ အဲဒါတွေကို ကျနော်တို့ လက်မခံဘူး။ ဒီဟာတွေဖြစ်တဲ့အကြောင်းအရင်းက နိုင်ငံရေးအကြောင်းရင်းတွေ ရှိတယ်လေ။ အဲဒါတွေကို မီဒီယာကြောင့်လို့ ပြောရင်တော့ နိုင်ငံရေးအကြောင်းအရင်းကို ဖုံးကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးဖြစ်နေမှာပါ။”

တပ်မတော်ကနေ အာဏာထိန်းသိမ်းခဲ့ပြီးနောက်ပိုင်း မီဒီယာသမားတွေကို ဖမ်းဆီးမှုတွေ သတင်းမီဒီယာတွေကို ပိတ်ပင်မှုတွေပြုလုပ်လာခဲ့တာပါ။

ဒါ့အပြင် အဝေးရောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH ကို ဆက်သွယ်တဲ့ မီဒီယာတွေအနေနဲ့ မတရားအသင်း အက်ဥပဒေ ၁၇ (၁) နဲ့ တရားစွဲခံရမယ်လို့လည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့တွေကနေ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း ရှိလာနေတာပါ။

ဒီလိုလက်နက်နဲ့ အဖြိုခွင်းခံနေရတဲ့ဖြစ်စဉ်တွေကြောင့် ပြည်သူတွေအတွင်း ငြိမ်းချမ်းစွာဆန္ဒပြမှုအဆင့်ကနေ လက်နက်ကိုင် အကြမ်းဖက်မှု အသွင်ပြောင်းလဲလာနို်င်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကဆိုပါတယ်။

“စစ်အာဏာရှင်စနစ်ကို မလိုချင်ဘူး။ အဲဒါကို လူထုကနေငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ လက်နက်နဲ့ အကြမ်းဖက်ဖိနှိပ်တာကို ကျနော်တို့ လက်ဗလာနဲ့ ခုခံစရာမလိုဘူး။ အဲဒီကနေတဆင့် ကျနော်တို့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်။ ခုခံတာ တရားတယ်ဆိုတဲ့အပေါ်ကနေ ပြီးတော့ ဒီနောက်ပိုင်းမှာဆိုရင် လူထုဘက်ကလည်း အခုစစ်အာဏာရှင်အုပ်စုနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ သဘောထားမရှိတော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ဖျက်သိမ်းဖို့ သဘောထားရှိတယ်။ နောက်ဆုံးကျတော့ အထွေထွေလက်နက်ကိုင်လှုပ်ရှားမှုဆီကို ဦးတည်သွားတော့မှာပဲလို့ ကျနော်တို့ကယူဆပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်းကာလအတွင်း နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှုနဲ့ မသမာမှုတွေရှိခဲ့တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။

လာဘ်ပေးလာဘ်ယူမှု စွဲချက်တင်မှုတွေနဲ့ ပတ်သက်လို့ သီပေါပြည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းက အခုလိုအမြင်ရှိပါတယ်။

“ကျနော်တို့ကတော့ဗျာ ..... ဒီမိုကရေစီအစိုးရ တရပ်တက်လာတဲ့အခါ အရင်အစိုးနဲ့ မတူဘဲနဲ့ သန့်ရှင်းတဲ့အစိုးရ မျှော်လင့်တာပေါ့။ အခုကြားရတဲ့ဟာတွေကတော့ တိုင်းပြည်အတွက် စိတ်မကောင်းဘူးပေါ့နော်။ ဒီလိုမသန့်ရှင်းမှုတွေ ဖော်ထုတ်တဲ့နေရာမှာ ဖော်ထုတ်တဲ့သူကလည်း သန့်ရှင်းတဲ့သူဖြစ်တာတော့ ကောင်းတာပေါ့။ အခုတော့ အဲဒီလိုအခြေအနေမဟုတ်ဘူးပေါ့။ အချုပ်အရ ပြောမယ်ဆိုရင်တော့ နိုင်တဲ့သူက ဦးအောင်ဆော်နေကြတာပါပဲ။”

လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရပိုင်းအကြီးအကဲတွေကိုလည်း စစ်ကောင်စီကနေ တရားစွဲဆိုမှုတွေ ရှိနေသလို စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG