သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒါက္တာဝင္းျမတ္ေအးကို လူကယ္ျပန္ျပည္ေထာင္စုဝန္ႀကီး CRPH ခန္႔အပ္


CRPH ခန္႔အပ္တဲ့ လူကယ္ျပန္ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး။

[Zawgyi/Unicode]

NLD အစိုးရလက္ထက္ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးကို ျမန္မာႏိ္ုင္ငံ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးအျဖစ္ မူလေနရာကို ျပန္လည္တာ၀န္ေပးလိုက္တယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH က ေၾကညာပါတယ္။

မတ္လ ၂၃ ရက္ေန႔စြဲနဲ႔ CRPH ရဲ ႔ ထုတ္ျပန္ေၾကျငာခ်က္မွာေတာ့ ေဒါက္တာ၀င္းျမတ္ေအးအေနနဲ႔ လူကယ္ျပန္၀န္ႀကီးဌာနရဲ ႔ မူလတာ၀န္ေတြ ထမ္းေဆာင္ႏုိင္တဲ့ အေျခအေနရွိတာေၾကာင့္ မူလတာ၀န္ေတြ ဆက္ၿပီး တာ၀န္ထမ္းေဆာင္ေနပါတယ္လို႔ ေဖာ္ျပထားပါတယ္။ သမၼတ ဦး၀င္းျမင့္နဲ႔ အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အပါအ၀င္ အရပ္သားအစိုးရ ထိပ္တန္းအရာရွိအေတာ္မ်ားမ်ားကို စစ္တပ္က ဖယ္ရွားၿပီးအုပ္ခ်ဳပ္ေနတာေၾကာင့္ CRPH ဘက္ ကလည္းသက္ဆုိင္ရာ၀န္ႀကီးေတြကိုယ္စား ယာယီျပည္ေထာင္စု၀န္ႀကီးေတြ ခန္႔အပ္တာ၀န္ေပးအပ္ေနတယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က CRPH ကို မတရားအသင္းအျဖစ္ ေၾကညာထားသလို၊ CRPH ဘက္ကလည္း ျမန္မာစစ္ေကာင္စီအဖဲြ႕ကို အၾကမ္းဖက္အဖဲြ႕အစည္းအျဖစ္ သတ္မွတ္ေၾကညာထားတာပါ။ CRPH နဲ႔ ဆက္စပ္ပတ္သက္သူေတြကို မတရားအသင္းပုဒ္မနဲ႔ အေရးယူမယ္လို႔လည္း ျမန္မာစစ္ေကာင္စီက သတိေပးတာေတြရွိပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္ပိုင္း ၂၀၂၀ ခုႏွစ္ေရြးေကာက္ပဲြအႏိုင္ရ ကိုယ္စားလွယ္ ၄၀၀ ၀န္းက်င္ရဲ႕ ေထာက္ခံမႈနဲ့ CRPH က ဖဲြ႕စည္းခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္းက ဥပေဒျပဌာန္းေရးနဲ႔ အစိုးရဖဲြ႕စည္းေရးကိစၥရပ္ အေတာ္မ်ားမ်ားကို CRPH က ေဆာင္ရြက္ေနသလို၊ ႏိုင္ငံတကာအစိုးရေတြ ႏိုင္ငံတကာလႊတ္ေတာ္အမတ္ေတြနဲ႔ ႏိုင္ငံတကာအဖဲြ႕အစည္းအသီးသီးကို ဆက္သြယ္ေဆာင္ရြက္မႈေတြလည္း လုပ္လာပါတယ္။

[Unicode Version]

ဒေါက်တာဝင်းမြတ်အေးကို လူကယ်ပြန်ပြည်ထောင်စုဝန်ကြီး CRPH ခန့်အပ်

NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မူလနေရာကို ပြန်လည်တာဝန်ပေးလိုက်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြေညာပါတယ်။

မတ်လ ၂၃ ရက်နေ့စွဲနဲ့ CRPH ရဲ့ ထုတ်ပြန်ကြေငြာချက်မှာတော့ ဒေါက်တာဝင်းမြတ်အေးအနေနဲ့ လူကယ်ပြန်ဝန်ကြီးဌာနရဲ့ မူလတာဝန်တွေ ထမ်းဆောင်နိုင်တဲ့ အခြေအနေရှိတာကြောင့် မူလတာဝန်တွေ ဆက်ပြီး တာဝန်ထမ်းဆောင်နေပါတယ်လို့ ဖော်ပြထားပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရ ထိပ်တန်းအရာရှိအတော်များများကို စစ်တပ်က ဖယ်ရှားပြီးအုပ်ချုပ်နေတာကြောင့် CRPH ဘက် ကလည်းသက်ဆိုင်ရာဝန်ကြီးတွေကိုယ်စား ယာယီပြည်ထောင်စုဝန်ကြီးတွေ ခန့်အပ်တာဝန်ပေးအပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်အုပ်ချုပ်ရေးကောင်စီဘက်က CRPH ကို မတရားအသင်းအဖြစ် ကြေညာထားသလို၊ CRPH ဘက်ကလည်း မြန်မာစစ်ကောင်စီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားတာပါ။ CRPH နဲ့ ဆက်စပ်ပတ်သက်သူတွေကို မတရားအသင်းပုဒ်မနဲ့ အရေးယူမယ်လို့လည်း မြန်မာစစ်ကောင်စီက သတိပေးတာတွေရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ် ၄၀၀ ဝန်းကျင်ရဲ့ ထောက်ခံမှုနဲ့ CRPH က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံတွင်းက ဥပဒေပြဌာန်းရေးနဲ့ အစိုးရဖွဲ့စည်းရေးကိစ္စရပ် အတော်များများကို CRPH က ဆောင်ရွက်နေသလို၊ နိုင်ငံတကာအစိုးရတွေ နိုင်ငံတကာလွှတ်တော်အမတ်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးကို ဆက်သွယ်ဆောင်ရွက်မှုတွေလည်း လုပ်လာပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG