သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္သူေတြကို သစၥာမေဖာက္ဖို႔ အိႏိၵယ ဗဟိုအစိုးရကို မီဇိုရမ္ဝန္ႀကီးခ်ဳပ္သတိေပး


မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Zoramthanga။

[Zawgyi/Unicode]

အိႏၵိယအေနနဲ႔ ျမန္မာျပည္သူေတြအေပၚ သစၥာမေဖာက္သင့္ေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ Zoramthanga က တနလၤာေန႔က သတိေပးေျပာၾကားလုိက္ပါတယ္။

စစ္အာဏာသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ဖိႏွိပ္မႈေတြေၾကာင့္ ေဘးလြတ္ရာထြက္ေျပးခိုလႈံဖို႔ ျမန္မာျပည္သူေတြအတြက္ အိႏၵိယရဲ႕ အကူအညီအလြန္အေရးတႀကီးလိုအပ္ေနခ်ိန္မွာ အိႏၵိယအစိုးရအေနနဲ႔ ဆန္႔က်င္ ျငင္းပယ္တာမ်ဳိး မလုပ္သင့္ေၾကာင္း မီဇိုရမ္ျပည္နယ္၀န္ႀကီးခ်ဳပ္ Zoramthanga က ဗီြအိုေအနဲ႔ သီးသန္႔ေတြ႕ဆံုေမးျမန္းခန္းမွာ အခုလိုေျပာသြားပါတယ္။

”ဒါေၾကာင့္ သူတို႔ လိုအပ္ေနတဲ့အခ်ိန္မွာ အိႏၵိယႏိုင္ငံသာလွ်င္ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ျဖစ္ပါတယ္။ ျမန္မာျပည္သူေတြ လိုအပ္ေနတဲ့အခ်ိန္မွာက်ေနာ္တို႔ သူတို႔အေပၚ သစၥာမေဖာက္သင့္ပါဘူး။ တကယ္လို႔ က်ေနာ္တို႔ သူတို႔ကို သစၥာေဖာက္ခဲ့မယ္ဆိုရင္ ဒါမွမဟုတ္ သူတို႔လိုအပ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔က လက္မခံႏိုင္ဘူးဆိုရင္ ျမန္မာျပည္သူေတြရဲ႕ စိတ္ဓါတ္ကို အႀကီးအက်ယ္ ထိခိုက္ေစပါလိမ့္မယ္။ ဒီလို စိတ္နာၾကည္းထိခိုက္မယ့္အေျခအေနကို ေပ်ာက္ကြယ္ဖို႔ဆိုရင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာပါလိမ့္မယ္။ ဒါေၾကာင့္ အိႏၵိယထဲကို ၀င္လာဖို႔အတြက္ ျမန္မာျပည္သူေတြရဲ႕ ေမတၱာရပ္ခံေတာင္းဆိုခ်က္ေတြကို အိႏၵိယအစိုးရအေနနဲ႔ ဆန္႔က်င္ဖို႔ ဒါမွမဟုတ္ ျငင္းပယ္ဖို႔ မသင့္ပါဘူး။"

လက္ရွိမွာလည္း သူ႔ရဲ႕အထူးကိုယ္စားလွယ္အဖဲြ႔ကို ၿမိဳ႕ေတာ္ နယူးေဒလီကို ေစလႊတ္ထားၿပီး ျမန္မာဒုကၡသည္ေတြနဲ႔ပတ္သက္တဲ့ မူ၀ါဒကို ေျပာင္းလဲဖို႔ အိႏၵိယအစိုးရ ထိပ္တန္း တာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆံုေဆြးေႏြးေနတယ္လို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္ Zoramthanga ကေျပာပါတယ္။ ဒါအျပင္ တနဂၤေႏြေန႔ က CRPH ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီရဲ႕ ယာယီအစိုးရအဖဲြ႔၀င္ ႏိုင္ငံျခားေရး၀န္ႀကီး ေဒၚဇင္မာေအာင္နဲ႔ သူရဲ႕ ေတြ႕ဆံုမႈဟာ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ ႏိုင္ငံေရးပါတီနဲ႕ လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအေပၚ အထင္ႀကီးေလးစားစရာျဖစ္ေစသလို၊ ျမန္မာျပည္သူေတြနဲ႔ မီဇိုျပည္သူေတြၾကား ပိုမိုနားလည္မႈရရွိေစခဲ့တယ္လို႔ ျပည္နယ္၀န္ႀကီးခ်ဳပ္က ေျပာပါတယ္။

မီဇိုရမ္ျပည္နယ္မွာ လက္ခံထားတဲ့ ျမန္မာဒုကၡသည္ ၆၀၀ နီးပါးရွိေနၿပီး အိႏၵိယ-ျမန္မာ နယ္စပ္ကေန ေန႕စဥ္လို ဒုကၡသည္ေတြ ၀င္ေရာက္လာေနဆဲျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။ ဒုကၡသည္အမ်ားစုဟာ ျမန္မာရဲ၀န္ထမ္းေတြျဖစ္တယ္လို႔ မီဇိုရမ္လႊတ္ေတာ္အမတ္ K. Vanlalvena က ၿပီးခဲ့တဲ့ သတင္းပတ္အတြင္း အိႏၵိယလႊတ္ေတာ္မွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ အိႏၵိယနယ္စပ္ျဖတ္ေက်ာ္ထြက္ေျပးလာသူေတြကို လက္မခံဖို႔၊ ဒါမွမဟုတ္ ျပန္ႏွင္ထုတ္ဖို႔ အိႏၵိယ ဗဟိုအစိုးရက ျမန္မာနဲ႔ ထိစပ္ေနတဲ့ မီဇိုရမ္ အပါအ၀င္ ျပည္နယ္သံုးခုကို ညႊန္ၾကားခ်က္ ထုတ္ျပန္ထားတာပါ။

ျမန္မာဒုကၡသည္ေတြအေရး မတ္လ ၁၈ ရက္ေန႔က အိႏၵိယ၀န္ႀကီးခ်ဳပ္ နရိန္ဒရာမိုဒီကို ေပးပို႔ခဲ့တဲ့ မီဇိုရမ္ျပည္နယ္၀န္ႀကီးခ်ဳပ္ Zoramthanga ရဲ႕စာမွာေတာ့ ဒုကၡသည္ေတြျပန္ပို႔ေရးကိစၥကို မီဇိုရမ္အေနနဲ႔ လက္ခံမွာ မဟုတ္ဘူးလို႔ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာပြည်သူတွေကို သစ္စာမဖောက်ဖို့ အိန္ဒိယ ဗဟိုအစိုးရကို မီဇိုရမ်ဝန်ကြီးချုပ်သတိပေး

အိန္ဒိယအနေနဲ့ မြန်မာပြည်သူတွေအပေါ် သစ္စာမဖောက်သင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ဘေးလွတ်ရာထွက်ပြေးခိုလှုံဖို့ မြန်မာပြည်သူတွေအတွက် အိန္ဒိယရဲ့ အကူအညီအလွန်အရေးတကြီးလိုအပ်နေချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ ဆန့်ကျင် ငြင်းပယ်တာမျိုး မလုပ်သင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောသွားပါတယ်။

”ဒါကြောင့် သူတို့ လိုအပ်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံသာလျှင် သူတို့ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ လိုအပ်နေတဲ့အချိန်မှာကျနော်တို့ သူတို့အပေါ် သစ္စာမဖောက်သင့်ပါဘူး။ တကယ်လို့ ကျနော်တို့ သူတို့ကို သစ္စာဖောက်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် သူတို့လိုအပ်နေတဲ့အချိန်မှာ ကျနော်တို့က လက်မခံနိုင်ဘူးဆိုရင် မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ကို အကြီးအကျယ် ထိခိုက်စေပါလိမ့်မယ်။ ဒီလို စိတ်နာကြည်းထိခိုက်မယ့်အခြေအနေကို ပျောက်ကွယ်ဖို့ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာကြာပါလိမ့်မယ်။ ဒါကြောင့် အိန္ဒိယထဲကို ဝင်လာဖို့အတွက် မြန်မာပြည်သူတွေရဲ့ မေတ္တာရပ်ခံတောင်းဆိုချက်တွေကို အိန္ဒိယအစိုးရအနေနဲ့ ဆန့်ကျင်ဖို့ ဒါမှမဟုတ် ငြင်းပယ်ဖို့ မသင့်ပါဘူး။"

လက်ရှိမှာလည်း သူ့ရဲ့အထူးကိုယ်စားလှယ်အဖွဲ့ကို မြို့တော် နယူးဒေလီကို စေလွှတ်ထားပြီး မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲဖို့ အိန္ဒိယအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ကပြောပါတယ်။ ဒါအပြင် တနင်္ဂနွေနေ့ က CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ယာယီအစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သူရဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီအပေါ် အထင်ကြီးလေးစားစရာဖြစ်စေသလို၊ မြန်မာပြည်သူတွေနဲ့ မီဇိုပြည်သူတွေကြား ပိုမိုနားလည်မှုရရှိစေခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ လက်ခံထားတဲ့ မြန်မာဒုက္ခသည် ၆၀၀ နီးပါးရှိနေပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကနေ နေ့စဉ်လို ဒုက္ခသည်တွေ ဝင်ရောက်လာနေဆဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဒုက္ခသည်အများစုဟာ မြန်မာရဲဝန်ထမ်းတွေဖြစ်တယ်လို့ မီဇိုရမ်လွှတ်တော်အမတ် K. Vanlalvena က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အိန္ဒိယလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယနယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသူတွေကို လက်မခံဖို့၊ ဒါမှမဟုတ် ပြန်နှင်ထုတ်ဖို့ အိန္ဒိယ ဗဟိုအစိုးရက မြန်မာနဲ့ ထိစပ်နေတဲ့ မီဇိုရမ် အပါအဝင် ပြည်နယ်သုံးခုကို ညွှန်ကြားချက် ထုတ်ပြန်ထားတာပါ။

မြန်မာဒုက္ခသည်တွေအရေး မတ်လ ၁၈ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီကို ပေးပို့ခဲ့တဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ရဲ့စာမှာတော့ ဒုက္ခသည်တွေပြန်ပို့ရေးကိစ္စကို မီဇိုရမ်အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG