(Zawgyi/Unicode)
တိုင်းပြည်ထဲမှာ COVID-19 ကပ်ဘေး ဒုတိယလှိုင်းပေါ်ထွက်လာတာကို ချက်ချင်း ရပ်တန့်စေဖို့ လျင်မြန်ပြီး အရေးပါတဲ့ ခြေလှမ်းတွေကို လုပ်ဆောင်ဖို့အိန္ဒိယဝန်ကြီးချုပ် Narendra Modi က တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ ဘရာဇီး ပြီးနောက် ကမ္ဘာ့ တတိယ ကူးစက်မှုအများဆုံး အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှု ပုံမှန် ကျဆင်းနေရာက ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ပြန်လည် အရှိန်မြင့်တက်လာတာဖြစ်ပါတယ်။
အင်္ဂါနေ့တရက်ထဲ ကူးစက်သူ အသစ် ၂၉၀၀၀ နီးပါးရှိခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ကူးစက်မှုအများဆုံးနေ့တနေ့ဖြစ်ခဲ့ပါတယ်။
ကျန်းမာရေး အရာရှိတွေကတော့ ဒီလို မြင့်တက်လာတာဟာ အချို့ ဥရောပနိုင်ငံတွေမှာလို မျိူးကွဲ ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘူးလို့ဆိုပါတယ်။ လူပြည့်ကျပ်နေတဲ့ ဈေးတွေမှာ နှာခေါင်းစည်းတပ်ဖို့စည်းမျဉ်းလိုက်နာမှု အားနည်းတာ၊ နိုင်ငံတလွှားက ဘုရားကျောင်းတွေ၊ စားသောက်ဆိုင် တွေနဲ့ရုပ်ရှင်ရုံတွေ စတဲ့ လူထုအများသွားလာတဲ့နေရာတွေမှာ တင်းကျပ်မှုတွေ လျှော့ချလိုက်တာ တွေကို ကျန်းမာရေးအရာရှိတွေက အပြစ်ဖို့ပါတယ်။
ပြည်နယ်အနည်းငယ်မှာပဲ ကူးစက်မှု အသစ်အများဆုံး တွေ့ရတဲ့ပြီး အနောက်ဘက်ပြည်နယ်တခုဖြစ်တဲ့ Maharashtra ဟာ ကူးစက်မှုအသစ်တွေ့ရတဲ့ အဓိက ပြည်နယ်တခုဖြစ်တယ်လို့ဆိုပါတယ်။
Maharashtra ပြည်နယ်ဟာ တိုင်းပြည်ရဲ့ မြို့ပြနဲ့စီးပွားရေး အဖွံ့ဖြိုးဆုံးပြည်နယ်တွေထဲက တခုဖြစ်ပြီး ကူးစက်မှု အသစ်တွေကို အသက်အရွယ် ၂၀ နဲ့၄၀ အကြား အလုပ်လုပ်တဲ့ အုပ်စုတွေမှာ တွေ့ရ များတယ်လို့ မွမ်ဘိုင်းမြို့က အရာရှိတွေက ဆိုပါတယ်။
..............
အိန်ဒိယမှာ ကိုဗဈကပျရောဂါ ဒုတိယလှိုငျး စိုးရိမျဖှယျရှိ
(Unicode)