သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EU ရဲ႕ ျမန္မာအေရးယူမႈစာရင္းထဲ ၁၁ ဦးထပ္တိုး


ေဖေဖာ္ဝါရီ ၉ ရက္ေန႔ မႏၱေလးဆႏၵျပပဲြအတြင္း စစ္အာဏာဖီဆန္သူတဦးကိုင္ထားတဲ့ ပို႔စ္စတာတခု။ (ေဖေဖာ္ဝါရီ ၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ျပည္သူေတြအေပၚ အၾကမ္းဖက္ ဖိႏွိပ္ေနမႈေၾကာင့္ ေသဆံုးသူ အေရအတြက္တိုးလာေနတဲ့အေပၚ ႏိုင္ငံတကာရဲ႕ စိုးရိမ္မႈလည္း ပိုၿပီးျမင့္တက္လာေနပါတယ္။ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္ဟာ လူသားထုအေပၚ ျပစ္မႈက်ဴးလြန္ ခ်ဳိးေဖာက္ရာေရာက္ႏိုင္တယ္လို႔ ကုလသမဂၢအႀကီးတန္း သံတမန္တေယာက္က ေျပာၾကားထားပါတယ္။

တခ်ိန္ထဲမွာပဲ စစ္အာဏာသိမ္းၿပီး ျပည္သူေတြအေပၚ ဖိႏွိပ္ေနသူေတြအေပၚ EU ဥေရာပသမဂၢက အေရးယူ ဒဏ္ခတ္မႈေတြ ခ်မွတ္ဖို႔ ဒီေန႔ ဆံုးျဖတ္လိုက္ပါတယ္။

Belgium ႏိုင္ငံ Brussels ၿမိဳ႕ေတာ္မွာ EU ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ Josep Borrell က ျမန္မာႏိုင္ငံအေျခအေနကို EU ႏိုင္ငံျခားေရး ဝန္ႀကီးေတြကို ဒီေန႔အေစာပိုင္းက ရွင္းလင္းေျပာၾကားခဲ့ၿပီးေနာက္ စစ္တပ္နဲ႔ သူတို႔ရဲ႕ စီးပြားေရးအက်ဳိးစီးပြားေတြအေပၚ ပစ္မွတ္ထား အေရးယူဖို႔အတြက္ သေဘာတူ ဆံုးျဖတ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီေန႔ ပစ္မွတ္ထား ဒဏ္ခတ္လိ္ုက္သူ ၁၁ ေယာက္ထဲမွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္၊ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းအျပင္ ဒုတိယသမၼတ ဦးျမင့္ေဆြ၊ ၂၀၂၀ ေရြးေကာက္ပြဲ ရလဒ္ကို ဖ်က္သိမ္းခဲ့တဲ့ ေရြးေကာက္ပြဲေကာ္မရွင္ဥကၠ႒တို႔ ပါတယ္လို႔ ဥေရာပေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ အဲဒီသူေတြ EU ႏိုင္ငံေတြ မလာႏိုင္ေအာင္ ျပည္ဝင္ခြင့္ ပိတ္ပင္တာ၊ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ၿပီး ဒဏ္ခတ္လိုက္တာျဖစ္ပါတယ္။ ဒီေန႔ ဒဏ္ခတ္လိုက္တဲ့ လူပုဂၢိဳလ္ေတြနဲ႔ လုပ္ငန္းေတြကို EU ႏိုင္ငံသားေတြ ကုမၸဏီေတြကေန ေငြေၾကးစီးဆင္းမႈေတြ ပိတ္ပင္ဖို႔လည္း ဆံုးျဖတ္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ျပဳျပင္ေျပာင္းလဲေရးအတြက္ EU က တိုက္႐ိုက္ ေပးေနတဲ့ ဖြံ႔ၿဖိဳးတိုးတက္ေရး အကူအညီအားလံုးကို ျပန္႐ုပ္သိမ္းဖို႔အျပင္ ျမန္မာႏိုင္ငံက လူထုအေျချပဳ အဖဲြ႕အစည္းေတြ၊ လူ႔အခြင့္အေရးကို ကာကြယ္ေနသူေတြ၊ သတင္းေထာက္ေတြအေပၚ EU ကဆက္လက္ ေထာက္ခံသြားဖို႔နဲ႔ ျမန္မာျပည္သူေတြရဲ႕ အေျခခံလိုအပ္ခ်က္ေတြကို ဆက္ၿပီး ကူညီသြားဖို႔လည္း ဒီေန႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။

ျမန္မာစစ္တပ္က ထိန္းခ်ဳပ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြအေပၚ ေနာက္ထပ္ ပိတ္ဆို႔ အေရးယူမႈေတြလုပ္တာ အပါအဝင္ ျမန္မာႏိုင္ငံအေပၚထားတဲ့ မူဝါဒေတြကို EU က ဆက္ၿပီး သံုးသပ္သြားမယ္လို႔လည္း ေျပာပါတယ္။ ျမန္မာႏိုင္ငံနဲ႔ EU ၾကားဆက္ဆံေရးကို အဆက္မျပတ္သံုးသတ္ၿပီး လိုအပ္သလို ေနာက္ထပ္ေဆာင္ရြက္မႈေတြ လုပ္သြားဖို႔ကိုလည္း ဥေရာပေကာင္စီက ၿပီးခဲ့တဲ့လထဲက ဆံုးျဖတ္ထားတာပါ။

စစ္တပ္ထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ (MEHL) နဲ႔ ျမန္မာ့ စီးပြားေရး ေကာ္ပိုေရးရွင္း (MEC) တို႔မွာ EU ရင္းႏွီးျမွဳပ္ႏွံသူေတြ EU ဘဏ္ေတြက စီးပြားေရးလုပ္တာ တားျမစ္မယ့္ ပစ္မွတ္ထား အေရးယူမႈေတြ ေနာက္ထပ္ လုပ္ဖို႔ စဥ္းစားေနတယ္လို႔ EU သံတမန္ေတြကေျပာတာကို Reuters သတင္းထဲမွာ ေျပာထားပါတယ္။ စစ္တပ္နဲ႔ ဆက္စပ္ေနတဲ့ လုပ္ငန္းေတြထဲမွာ သတၱဳတြင္းလုပ္ငန္း၊ အစားအေသာက္နဲ႔ အေဖ်ာ္ယာမကာလုပ္ငန္း၊ Telecom ဆက္သြယ္ေရးလုပ္ငန္း၊ ဟိုတယ္လုပ္ငန္း၊ ဘဏ္လုပ္ငန္းေတြ ပါဝင္ပါတယ္။

ျပည္သူေတြကို ဖိႏွိပ္ရာမွာ သံုးတဲ့ စစ္လက္နက္နဲ႔ ပစၥည္းေတြ ေရာင္းခ်မႈ ပိတ္ပင္တာ၊ စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြ အသံုးခ်ႏိုင္တဲ့ ကုန္ပစၥည္းေတြ EU ကေနတင္ပို႔တာ၊ ျပည္တြင္းဖိႏွိပ္ရာမွာ အသံုးျပဳႏိုင္တဲ့ ဆက္သြယ္ေရးပစၥည္းေတြ တင္ပို႔တာ၊ စစ္သင္တန္းေပးတာ၊ စစ္တပ္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈတားျမစ္တာ စတဲ့ အေစာပိုင္းထဲက ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြကိုလည္း EU ကဆက္လက္ခ်မွတ္ထားပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ ရက္စက္တဲ့လုပ္ရပ္ေတြ လုပ္ခဲ့လို႔ အရင္ကတည္းက အေရးယူထားသူ ၁၄ ေယာက္ရွိၿပီး အခု ထပ္မံအေရးယူသူ ၁၁ ေယာက္နဲ႔ဆိုရင္ EU က စုစုေပါင္း ပစ္မွတ္ထား ဒဏ္ခတ္ထားသူက ၂၅ ေယာက္ျဖစ္ပါတယ္။ အရင္ ၁၄ ေယာက္ကေတာ့ တာဝန္ရွိတဲ့ ရဲနဲ႔ စစ္တပ္က တပ္မွဴးေတြ ျဖစ္ၾကပါတယ္။

Belgium ႏိုင္ငံ Brussels ၿမိဳ႕ေတာ္မွာ EU ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးပြဲ မစခင္ ဒီေန႔ မနက္အေစာပိုင္းတုန္းကေတာ့ စစ္အာဏာသိမ္းမႈမွာ ပါဝင္ပတ္သက္ေနသူ ၁၁ ေယာက္ကို အေရးယူမယ့္အေၾကာင္း EU ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ Josep Borrell က ခုလိုေျပာခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ဆႏၵျပသူေတြအေပၚ ဖိႏွိပ္မႈမွာ ပါဝင္ေနသူ ၁၁ ေယာက္ကို အေရးယူဒဏ္ခတ္မႈေတြ ခ်မွတ္မွာျဖစ္တယ္လို႔ EU ႏိုင္ငံျခားမူဝါဒေရးရာအႀကီးအကဲ Josep Borrell က အေစာပိုင္းက ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး Heiko Maas ကလည္း ျမန္မာႏိုင္ငံျဖစ္ေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ဒဏ္ခတ္အေရးယူမႈေတြ လုပ္မွ ျဖစ္ေတာ့မယ္လို႔ ခုလို ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ျမင္ေနရတဲ့ အလြန္အမင္း အၾကမ္းဖက္လုပ္ရပ္ေတြက ဘယ္လိုမွကို လက္ခံလို႔ မရပါဘူးလို႔ EU ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီးကေျပာခဲ့တာပါ။ သတ္ျဖတ္မႈအတိုင္းအတာဟာ လက္ခံလို႔မရတဲ့ အဆင့္ကို ေရာက္ေနပါၿပီ။ ဒါေၾကာင့္ ဒဏ္ခတ္အေရးယူေရးကိစၥကို မလုပ္ဘဲ မေနလို႔ မရေတာ့ပါဘူး။ ျမန္မာႏိုင္ငံက လမ္းမေတြေပၚမွာ ျဖစ္ေနတဲ့ ျဖစ္ရပ္ေတြမွာ တာဝန္ရွိသူေတြအေပၚ ပစ္မွတ္ထားၿပီး အေရးယူမႈေတြကို ခ်မွတ္သြားရမွာျဖစ္ပါတယ္လို႔ ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းတဲ့လုပ္ရပ္အေပၚ အျပင္းထန္ဆံုးအဆင့္ အျပစ္တင္ၿပီး ျမန္မာျပည္သူေတြဘက္က ရပ္တည္ေၾကာင္း ဆံုးျဖတ္ခ်က္ကိုလည္း ဥေရာပေကာင္စီက ေဖေဖာ္ဝါရီလထဲက သေဘာတူ ခ်မွတ္ခဲ့ပါတယ္။ အဲဒီဆံုးျဖတ္ခ်က္ထဲမွာ ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အၾကမ္းဖက္လုပ္ရပ္ေတြ ေလွ်ာ့ခ်ဖို႔၊ စစ္အာဏာသိ္မ္းမႈ ခ်က္ခ်င္းအဆံုးသတ္ၿပီး ေရြးေကာက္ခံထားရတဲ့ အရပ္သားအစိုးရလက္ အာဏာျပန္အပ္ဖို႔၊ ေရြးေကာက္ခံလႊတ္ေတာ္အမတ္ေတြနဲ႔ လႊတ္ေတာ္စည္းေဝးပြဲေတြ က်င္းပဖို႔ ေတာင္းဆိုထားပါတယ္။ သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တိုု႔ အျပင္ စစ္အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး ဖမ္းဆီးထားသူေတြအားလံုးကို ႁခြင္းခ်က္မရွိ လႊတ္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။

စစ္ေခါင္းေဆာင္ေတြ အာဏာသိမ္းအုပ္ခ်ဳပ္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းကဆိုရင္ ရဲနဲ႔ စစ္တပ္ရဲ႕ လက္ခ်က္နဲ႔ေသဆံုးသူ ၂၅၀ ထက္ မနည္းရွိေနပါၿပီ။

ပစ္ခတ္ႏွိမ္နင္းမႈေတြ ရွိေနတဲ့ၾကားမွာပဲ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပမႈေတြကို ျပည္သူေတြက ပံုစံအစံုနဲ႔ ဆက္လုပ္ေနၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာ ကားေတြလမ္းေပၚထြက္ ဟြန္းတီးတဲ့ကားသပိတ္၊ ထိုင္သပိတ္၊ မိုးပ်ံပူေဖာင္းလႊတ္တင္သပိတ္ေတြ ဒီေန႔လုပ္ခဲ့ၾကပါတယ္။

ကုလသမဂၢကေန ျမန္မာႏိုင္ငံအေပၚ R2P လုပ္ငန္းစဥ္ေတြ စတင္ေပးဖို႔ ေတာင္းဆိုတဲ့ စာသားေတြ ခ်ိတ္ဆြဲထားတဲ့ မိုးပ်ံပူေဖာင္း အနီေရာင္ေတြကို လႊတ္တင္ဆႏၵျပၾကတဲ့ အသံေတြျဖစ္ပါတယ္။

အခုလိုနည္းမ်ဳိးစံု ဆႏၵျပေနသလို လက္နက္ကိုင္တပ္ဖြဲ႔ေတြကလည္း ဖိႏွိပ္မႈကို တိုးျမွင့္လုပ္ေနၾကပါတယ္။ မႏၲေလးၿမိဳ႕ ေအာင္ပင္လယ္အရပ္က ျမရည္နႏၵာရပ္ကြက္မွာ ပစ္ခတ္မႈေၾကာင့္ ၃ ေယာက္ေသဆံုးၿပီး ၂ ေယာက္ထက္မနည္း ဒဏ္ရာရခဲ့ပါတယ္။ ၿဖိဳခြင္းမႈအတြင္း ဖမ္းဆီးခံရသူေတြလည္း ရွိပါတယ္။ မေန႔ညကလည္း ေအာင္ပင္လယ္ အပါအဝင္ ၿမိဳ႕နယ္ တခ်ိဳ႕မွာ ပစ္ခတ္လို႔ ၆ ေယာက္ထက္ မနည္းေသဆံုးခဲ့ပါတယ္။ မေန႔က ပစ္ခတ္မႈေၾကာင့္ ၁ ေယာက္ေသဆံုးခဲ့တဲ့ မံုရြာၿမိဳ႕မွာ ဒီေန႔မွာ ျပည္သူ ေထာင္နဲ႔ခ်ီ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ မေကြးၿမိဳ႕နဲ႔ မင္းတပ္ၿမိဳ႕မွာေတာ့ ဆႏၵျပေတာင္းဆိုတဲ့ ဆိုင္းဘုတ္ေတြခ်ၿပီး လူမဲ့သပိတ္လုပ္ခဲ့ၾကပါတယ္။ သာစည္၊ ေ႐ႊဘို၊ တမူး၊ ဖားကန္႔၊ ခင္ဦး၊ မိတၳီလာ၊ နမၼတီး၊ ျမစ္ႀကီးနား၊ ထားဝယ္ စတဲ့ၿမိဳ႕ေတြမွာလည္း အာဏာသိမ္းမႈဆန္႔က်င္ကန္႔ကြက္တဲ့ ဆႏၵျပပြဲေတြလုပ္ခဲ့ၾကပါတယ္။ ရဲနဲ႔ စစ္တပ္ရဲ႕ အၾကမ္းဖက္ၿဖိဳခြဲမႈအတြင္း ဖမ္းဆီးခံရသူေတြလည္းရွိပါတယ္။

ေသာၾကာေန႔တုန္းက ေနျပည္ေတာ္မွာ ဖမ္းဆီးခံခဲ့ရတဲ့ BBC ျမန္မာပိုင္း သတင္းေထာက္ ကိုေအာင္သူရ ကေတာ့ ဒီကေန႔ ျပန္လြတ္ေျမာက္လာပါတယ္။ သူနဲ႔အတူ အဖမ္းခံခဲ့ရတဲ့ မဇၥ်ိမအယ္ဒီတာေဟာင္း ကိုသန္းထိုက္ေအာင္ကေတာ့ ဆက္လက္ ဖမ္းဆီးခံထားရပါတယ္။ ေနျပည္ေတာ္ ဒကၡိဏခ႐ိုင္တရား႐ုံးေရွ႕မွာ ေသာၾကာေန႔တုန္းက သတင္းရယူေနစဥ္ သူတို႔ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ေသာၾကာေန႔ကပဲ ျမန္မာႏိုင္ငံကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ၾသစေၾတးလ် ႏိုင္ငံသား ၂ ေယာက္ ထိန္းသိမ္းခံထားရတယ္လို႔ ၾသစေၾတးလ် ႏိုင္ငံက သတင္းေတြမွာ ေဖာ္ျပပါတယ္။ ျမန္မာႏိုင္ငံမွာ စီးပြားေရးအၾကံေပးလုပ္ငန္းလုပ္ေနတယ္လို႔ နားလည္ရတဲ့ Matthew O'Kane နဲ႔ Christa Avery တို႔ကို ေနအိမ္မွာ အက်ယ္ခ်ဳပ္နဲ႔ ဖမ္းဆီးထားေၾကာင္း SBS သတင္းဌာနက ထုတ္ျပန္ပါတယ္။ Christa Avery က ၾသစေၾတးလ် အျပင္ Canada ႏိုင္ငံသားခံယူထားသူျဖစ္ပါတယ္။ သူတို႔ ၂ ေယာက္အတြက္ လိုအပ္တဲ့ အကူအညီကို သံရံုးက ေပးေနတယ္လို႔ ၾသစေၾတးလ် ႏိုင္ငံျခားေရးဌာနက ေျပာေပမဲ့ သူတို႔ရဲ႕ ကိုယ္ေရးလံုျခံဳမႈအတြက္ ေနာက္ထပ္အေသးစိတ္ ေျပာလို႔ မရဘူးလို႔ ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရက တံု႔ျပန္ေၾကာင္း SBS ရဲ႕သတင္းမွာ ေဖာ္ျပထားပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္အတြက္ စီးပြားအၾကံေပးအျဖစ္ ေဆာင္ရြက္သူ Sean Turnell ဟာလည္း စစ္အာဏာသိမ္းၿပီး သီတင္းတပတ္အၾကာမွာ ဖမ္းဆီးခံခ့ဲရၿပီး ခုခ်ိန္ထိ ျပန္မလြတ္ေသးပါဘူး။

EU ရဲ႕ ျမန္မာအေရးယူမႈစာရင္းထဲ ၁၁ ဦးထပ္တိုး
please wait

No media source currently available

0:00 0:07:16 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

EU ရဲ့ မြန်မာအရေးယူမှုစာရင်းထဲ ၁၁ ဦးထပ်တိုး

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ပြည်သူတွေအပေါ် အကြမ်းဖက် ဖိနှိပ်နေမှုကြောင့် သေဆုံးသူ အရေအတွက်တိုးလာနေတဲ့အပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုလည်း ပိုပြီးမြင့်တက်လာနေပါတယ်။ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားထုအပေါ် ပြစ်မှုကျူးလွန် ချိုးဖောက်ရာရောက်နိုင်တယ်လို့ ကုလသမဂ္ဂအကြီးတန်း သံတမန်တယောက်က ပြောကြားထားပါတယ်။

တချိန်ထဲမှာပဲ စစ်အာဏာသိမ်းပြီး ပြည်သူတွေအပေါ် ဖိနှိပ်နေသူတွေအပေါ် EU ဥရောပသမဂ္ဂက အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

Belgium နိုင်ငံ Brussels မြို့တော်မှာ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က မြန်မာနိုင်ငံအခြေအနေကို EU နိုင်ငံခြားရေး ဝန်ကြီးတွေကို ဒီနေ့အစောပိုင်းက ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထား အရေးယူဖို့အတွက် သဘောတူ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနေ့ ပစ်မှတ်ထား ဒဏ်ခတ်လိုက်သူ ၁၁ ယောက်ထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပြင် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်းခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့ ပါတယ်လို့ ဥရောပကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီသူတွေ EU နိုင်ငံတွေ မလာနိုင်အောင် ပြည်ဝင်ခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပြီး ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။ ဒီနေ့ ဒဏ်ခတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းတွေကို EU နိုင်ငံသားတွေ ကုမ္ပဏီတွေကနေ ငွေကြေးစီးဆင်းမှုတွေ ပိတ်ပင်ဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် EU က တိုက်ရိုက် ပေးနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအားလုံးကို ပြန်ရုပ်သိမ်းဖို့အပြင် မြန်မာနိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးကို ကာကွယ်နေသူတွေ၊ သတင်းထောက်တွေအပေါ် EU ကဆက်လက် ထောက်ခံသွားဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဆက်ပြီး ကူညီသွားဖို့လည်း ဒီနေ့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေလုပ်တာ အပါအဝင် မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒတွေကို EU က ဆက်ပြီး သုံးသပ်သွားမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံနဲ့ EU ကြားဆက်ဆံရေးကို အဆက်မပြတ်သုံးသတ်ပြီး လိုအပ်သလို နောက်ထပ်ဆောင်ရွက်မှုတွေ လုပ်သွားဖို့ကိုလည်း ဥရောပကောင်စီက ပြီးခဲ့တဲ့လထဲက ဆုံးဖြတ်ထားတာပါ။

စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့မှာ EU ရင်းနှီးမြှုပ်နှံသူတွေ EU ဘဏ်တွေက စီးပွားရေးလုပ်တာ တားမြစ်မယ့် ပစ်မှတ်ထား အရေးယူမှုတွေ နောက်ထပ် လုပ်ဖို့ စဉ်းစားနေတယ်လို့ EU သံတမန်တွေကပြောတာကို Reuters သတင်းထဲမှာ ပြောထားပါတယ်။ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေထဲမှာ သတ္တုတွင်းလုပ်ငန်း၊ အစားအသောက်နဲ့ အဖျော်ယာမကာလုပ်ငန်း၊ Telecom ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဘဏ်လုပ်ငန်းတွေ ပါဝင်ပါတယ်။

ပြည်သူတွေကို ဖိနှိပ်ရာမှာ သုံးတဲ့ စစ်လက်နက်နဲ့ ပစ္စည်းတွေ ရောင်းချမှု ပိတ်ပင်တာ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေ အသုံးချနိုင်တဲ့ ကုန်ပစ္စည်းတွေ EU ကနေတင်ပို့တာ၊ ပြည်တွင်းဖိနှိပ်ရာမှာ အသုံးပြုနိုင်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ တင်ပို့တာ၊ စစ်သင်တန်းပေးတာ၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတားမြစ်တာ စတဲ့ အစောပိုင်းထဲက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကိုလည်း EU ကဆက်လက်ချမှတ်ထားပါတယ်။ ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့လုပ်ရပ်တွေ လုပ်ခဲ့လို့ အရင်ကတည်းက အရေးယူထားသူ ၁၄ ယောက်ရှိပြီး အခု ထပ်မံအရေးယူသူ ၁၁ ယောက်နဲ့ဆိုရင် EU က စုစုပေါင်း ပစ်မှတ်ထား ဒဏ်ခတ်ထားသူက ၂၅ ယောက်ဖြစ်ပါတယ်။ အရင် ၁၄ ယောက်ကတော့ တာဝန်ရှိတဲ့ ရဲနဲ့ စစ်တပ်က တပ်မှူးတွေ ဖြစ်ကြပါတယ်။

Belgium နိုင်ငံ Brussels မြို့တော်မှာ EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ မစခင် ဒီနေ့ မနက်အစောပိုင်းတုန်းကတော့ စစ်အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်နေသူ ၁၁ ယောက်ကို အရေးယူမယ့်အကြောင်း EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က ခုလိုပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေအပေါ် ဖိနှိပ်မှုမှာ ပါဝင်နေသူ ၁၁ ယောက်ကို အရေးယူဒဏ်ခတ်မှုတွေ ချမှတ်မှာဖြစ်တယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Josep Borrell က အစောပိုင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas ကလည်း မြန်မာနိုင်ငံဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒဏ်ခတ်အရေးယူမှုတွေ လုပ်မှ ဖြစ်တော့မယ်လို့ ခုလို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မြင်နေရတဲ့ အလွန်အမင်း အကြမ်းဖက်လုပ်ရပ်တွေက ဘယ်လိုမှကို လက်ခံလို့ မရပါဘူးလို့ EU ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့တာပါ။ သတ်ဖြတ်မှုအတိုင်းအတာဟာ လက်ခံလို့မရတဲ့ အဆင့်ကို ရောက်နေပါပြီ။ ဒါကြောင့် ဒဏ်ခတ်အရေးယူရေးကိစ္စကို မလုပ်ဘဲ မနေလို့ မရတော့ပါဘူး။ မြန်မာနိုင်ငံက လမ်းမတွေပေါ်မှာ ဖြစ်နေတဲ့ ဖြစ်ရပ်တွေမှာ တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထားပြီး အရေးယူမှုတွေကို ချမှတ်သွားရမှာဖြစ်ပါတယ်လို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် အပြင်းထန်ဆုံးအဆင့် အပြစ်တင်ပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်ကြောင်း ဆုံးဖြတ်ချက်ကိုလည်း ဥရောပကောင်စီက ဖေဖော်ဝါရီလထဲက သဘောတူ ချမှတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လျှော့ချဖို့၊ စစ်အာဏာသိမ်းမှု ချက်ချင်းအဆုံးသတ်ပြီး ရွေးကောက်ခံထားရတဲ့ အရပ်သားအစိုးရလက် အာဏာပြန်အပ်ဖို့၊ ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ လွှတ်တော်စည်းဝေးပွဲတွေ ကျင်းပဖို့ တောင်းဆိုထားပါတယ်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ အပြင် စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားသူတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ခေါင်းဆောင်တွေ အာဏာသိမ်းအုပ်ချုပ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် ရဲနဲ့ စစ်တပ်ရဲ့ လက်ချက်နဲ့သေဆုံးသူ ၂၅၀ ထက် မနည်းရှိနေပါပြီ။

ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေတဲ့ကြားမှာပဲ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုတွေကို ပြည်သူတွေက ပုံစံအစုံနဲ့ ဆက်လုပ်နေကြပါတယ်။ ရန်ကုန်မြို့မှာ ကားတွေလမ်းပေါ်ထွက် ဟွန်းတီးတဲ့ကားသပိတ်၊ ထိုင်သပိတ်၊ မိုးပျံပူဖောင်းလွှတ်တင်သပိတ်တွေ ဒီနေ့လုပ်ခဲ့ကြပါတယ်။

ကုလသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် R2P လုပ်ငန်းစဉ်တွေ စတင်ပေးဖို့ တောင်းဆိုတဲ့ စာသားတွေ ချိတ်ဆွဲထားတဲ့ မိုးပျံပူဖောင်း အနီရောင်တွေကို လွှတ်တင်ဆန္ဒပြကြတဲ့ အသံတွေဖြစ်ပါတယ်။

အခုလိုနည်းမျိုးစုံ ဆန္ဒပြနေသလို လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဖိနှိပ်မှုကို တိုးမြှင့်လုပ်နေကြပါတယ်။ မန္တလေးမြို့ အောင်ပင်လယ်အရပ်က မြရည်နန္ဒာရပ်ကွက်မှာ ပစ်ခတ်မှုကြောင့် ၃ ယောက်သေဆုံးပြီး ၂ ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဖြိုခွင်းမှုအတွင်း ဖမ်းဆီးခံရသူတွေလည်း ရှိပါတယ်။ မနေ့ညကလည်း အောင်ပင်လယ် အပါအဝင် မြို့နယ် တချို့မှာ ပစ်ခတ်လို့ ၆ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။ မနေ့က ပစ်ခတ်မှုကြောင့် ၁ ယောက်သေဆုံးခဲ့တဲ့ မုံရွာမြို့မှာ ဒီနေ့မှာ ပြည်သူ ထောင်နဲ့ချီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ မကွေးမြို့နဲ့ မင်းတပ်မြို့မှာတော့ ဆန္ဒပြတောင်းဆိုတဲ့ ဆိုင်းဘုတ်တွေချပြီး လူမဲ့သပိတ်လုပ်ခဲ့ကြပါတယ်။ သာစည်၊ ရွှေဘို၊ တမူး၊ ဖားကန့်၊ ခင်ဦး၊ မိတ္ထီလာ၊ နမ္မတီး၊ မြစ်ကြီးနား၊ ထားဝယ် စတဲ့မြို့တွေမှာလည်း အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလုပ်ခဲ့ကြပါတယ်။ ရဲနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွဲမှုအတွင်း ဖမ်းဆီးခံရသူတွေလည်းရှိပါတယ်။

သောကြာနေ့တုန်းက နေပြည်တော်မှာ ဖမ်းဆီးခံခဲ့ရတဲ့ BBC မြန်မာပိုင်း သတင်းထောက် ကိုအောင်သူရ ကတော့ ဒီကနေ့ ပြန်လွတ်မြောက်လာပါတယ်။ သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ မဇ္ဈိမအယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကတော့ ဆက်လက် ဖမ်းဆီးခံထားရပါတယ်။ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့မှာ သောကြာနေ့တုန်းက သတင်းရယူနေစဉ် သူတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သောကြာနေ့ကပဲ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ သြစတြေးလျ နိုင်ငံသား ၂ ယောက် ထိန်းသိမ်းခံထားရတယ်လို့ သြစတြေးလျ နိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးအကြံပေးလုပ်ငန်းလုပ်နေတယ်လို့ နားလည်ရတဲ့ Matthew O'Kane နဲ့ Christa Avery တို့ကို နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထားကြောင်း SBS သတင်းဌာနက ထုတ်ပြန်ပါတယ်။ Christa Avery က သြစတြေးလျ အပြင် Canada နိုင်ငံသားခံယူထားသူဖြစ်ပါတယ်။ သူတို့ ၂ ယောက်အတွက် လိုအပ်တဲ့ အကူအညီကို သံရုံးက ပေးနေတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဌာနက ပြောပေမဲ့ သူတို့ရဲ့ ကိုယ်ရေးလုံခြုံမှုအတွက် နောက်ထပ်အသေးစိတ် ပြောလို့ မရဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရက တုံ့ပြန်ကြောင်း SBS ရဲ့သတင်းမှာ ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် စီးပွားအကြံပေးအဖြစ် ဆောင်ရွက်သူ Sean Turnell ဟာလည်း စစ်အာဏာသိမ်းပြီး သီတင်းတပတ်အကြာမှာ ဖမ်းဆီးခံခဲ့ရပြီး ခုချိန်ထိ ပြန်မလွတ်သေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG