သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဝန္ႀကီးခ်ဳပ္ေဟာင္းရဲ႕ထြက္ဆိုခ်က္ စစ္ေကာင္စီသတင္းစာရွင္းလင္းပဲြျပသ


ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း ထြက္ဆိုခဲ့တဲ့ ဗီြဒီယိုမွတ္တမ္း။ (မတ္ ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အေမရိကန္ေဒၚလာ ၆၀၀,၀၀၀ နဲ႔ အကယ္ဒမီေရႊ ၇ ပိႆာ ေပးခဲ့တယ္လို႔ ရန္ကုန္တိ္ုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းရဲ႕ ထြက္ဆိုထားတဲ့ ဗြီဒီယိုကို စစ္အုပ္ခ်ဳပ္ေရးေကာင္စီရဲ႕ ဒီကေန႔ သတင္းစာရွင္းလငး္ပဲြအတြင္းမွာ ျပသပါတယ္။

ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းဟာ ေဒၚေအာင္ဆန္းစုၾကည္ကို မ်က္ႏွာလိုခ်င္သူေတြအတြက္ ေနရာေကာင္းတခုျဖစ္တယ္လို႔ ဦးၿဖိဳးမင္းသိန္းက ဒီဗြီဒီယိုထဲ ေျပာဆိုထားပါတယ္။ သူ႔အေနနဲ႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ အိမ္ျခံေျမငွားရမ္းမႈကိစၥ ေဆာင္ရြက္ေပးခဲ့သလို၊ ေရႊ၊ ေဒၚလာ အ၀တ္အထည္၊ အစားအေသာက္ေတြကို သူကိုယ္တိုင္ ေဒၚေအာင္ဆန္းစုၾကည္ကို ေပးခဲ့တယ္လို႔ ေျပာဆိုထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္ေရးကိုယ္တာပဲ သံုးသံုး၊ ပါတီေအာင္ႏိုင္ေရးအတြက္ပဲ သံုးသံုး၊ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းအတြက္ပဲ သံုးသံုး၊ လိုအပ္သလို သံုးပါဆိုၿပီး ေရႊနဲ႔ ေဒၚလာေငြေတြကို သူကိုယ္တိ္ုင္ ေပးခဲ့တာလို႔လည္း ဦးၿဖိဳးမင္းသိန္းက ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်ဝန်ကြီးချုပ်ဟောင်းရဲ့ထွက်ဆိုချက် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲပြသ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နဲ့ အကယ်ဒမီရွှေ ၇ ပိဿာ ပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့ ထွက်ဆိုထားတဲ့ ဗွီဒီယိုကို စစ်အုပ်ချုပ်ရေးကောင်စီရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြသပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ဒေါ်အောင်ဆန်းစုကြည်ကို မျက်နှာလိုချင်သူတွေအတွက် နေရာကောင်းတခုဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ဒီဗွီဒီယိုထဲ ပြောဆိုထားပါတယ်။ သူ့အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အိမ်ခြံမြေငှားရမ်းမှုကိစ္စ ဆောင်ရွက်ပေးခဲ့သလို၊ ရွှေ၊ ဒေါ်လာ အဝတ်အထည်၊ အစားအသောက်တွေကို သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်ရေးကိုယ်တာပဲ သုံးသုံး၊ ပါတီအောင်နိုင်ရေးအတွက်ပဲ သုံးသုံး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက်ပဲ သုံးသုံး၊ လိုအပ်သလို သုံးပါဆိုပြီး ရွှေနဲ့ ဒေါ်လာငွေတွေကို သူကိုယ်တိုင် ပေးခဲ့တာလို့လည်း ဦးဖြိုးမင်းသိန်းက ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG