သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေပၚ ဒဏ္ခတ္အေရးယူမယ့္ကိစၥ လံုျခံဳေရးေကာင္စီမွာ တ႐ုတ္ပယ္ခ် 


တရုတ္ႏိုင္ငံရဲ ႔ ကုလသမဂၢဆုိင္ရာ အၿမဲတမ္းကိုယ္စားလွယ္ Zhang Jun

(Zawgyi/Unicode)

ျမန္မာႏုိင္ငံရဲ ႔ အေျခအေနအရပ္ရပ္နဲ႔ပတ္သက္ၿပီး မတ္လ ၃၁ ရက္ေန႔မွာ က်င္းပတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီ အထူးအစည္းအေ၀းမွာ ျမန္မာကိုဒဏ္ခတ္အေရး ယူမယ့္ကိစၥကို တ႐ုတ္ႏုိင္ငံက ပယ္ခ်ခဲ့ပါတယ္။

ျမန္မာႏုိင္ငံဒီမိုကေရစီေရးျပဳျပင္ေျပာင္းလဲေရးအတြက္ ဘက္ေပါင္းစုံပါ၀င္ၿပီး တည္ၿငိမ္ေအးခ်မ္းမႈရေအာင္ ေဖာ္ေဆာင္ႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္လို႔လည္း တရုတ္ႏိုင္ငံရဲ ႔ ကုလသမဂၢဆုိင္ရာ အၿမဲတမ္းကိုယ္စားလွယ္ Zhang Jun ကေျပာပါတယ္။ ျမန္မာ့အေရးကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္ဆိုတဲ့ တရုတ္ႏိုင္ငံက ျမန္မာႏုိင္ငံတြင္းက ျပည္သူလူထုနဲ႔ စီးပြားေရးလုပ္ငန္းေတြအေပၚ တုိက္ခိုက္တဲ့ဘယ္လိုလုပ္ရပ္မ်ိဳးကိုမဆို လက္မခံႏုိင္ဘူးလို႔လည္း ေျပာပါတယ္။

ျမန္မာ့လက္ရွိအေျခအေနကို တရုတ္ႏုိ္င္ငံက စိုးရိမ္သလို အၾကမ္းဖက္မႈနဲ႔ ေသြးထြက္သံယိုကိစၥမ်ိဳးက ဘယ္သူ႔အတြက္မွ အက်ိဳးမရွိပဲ တကယ္ခံစားရတာက ျမန္မာျပည္သူေတြ ျဖစ္တယ္လို႔လည္း တရုတ္သံအမတ္က ေျပာပါတယ္။ ျမန္မာႏုိင္ငံထဲက ျပည္သူလူထုေတြအျပင္ ျမန္မာမွာရွိေနၾကတဲ့ ျပည္ပႏုိင္ငံသားေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ကာကြယ္ဖို႔လိုအပ္တဲ့အတြက္ သူတို႔အေပၚ ဘယ္လိုတုိက္ခိုက္တာမ်ိဳးမွ လက္မခံႏုိင္ဘူးလို႔လည္းေျပာပါတယ္။

ႏုိင္ငံတကာအသုိင္းအ၀ုိင္းအေနနဲ႔လည္း ျမန္မာႏုိ္င္ငံရဲ ႔အခ်ဳပ္အျခာအာဏာ၊ နယ္ေျမတည္တန္႔ခုိင္ၿမဲမႈ၊ အမ်ိဳးသားစည္းလုံးညီညႊတ္မႈကို ေလးစားလိုက္နာၿပီး လက္ရွိအေနအထားကေန ေက်ာ္လႊားႏုိင္မယ့္နည္းလမ္းေတြကို သံတမန္ေရးနည္းလမ္းနဲ႔ ခ်ည္းကပ္သင့္တယ္လို႔လည္း တရုတ္သံအမတ္က ေျပာဆိုသြားပါတယ္။

ျမန္မာ့ႏုိင္ငံမွာ စစ္တပ္ကအာဏာရယူအုပ္ခ်ဳပ္ၿပီး ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္္ႏွိမ္ႏွင္းေနတာေၾကာင့္ ႏုိင္ငံတကာရဲ ႔စိုးရိမ္ခ်က္ေတြထြက္ေပၚေနခ်ိန္မွာ ၿဗိတိန္ႏုိင္ငံရဲ ႔ေတာင္းဆိုမႈနဲ႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ ႔တံခါးပိတ္ေဆြးေႏြးပြဲကို မတ္လ ၃၁ ရက္ေန႔မွာ က်င္းပခဲ့တာျဖစ္ပါတယ္။

.............

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမယ့်ကိစ္စ လုံခြုံရေးကောင်စီမှာ တရုတ်ပယ်ချ

(Unicode)

မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အထူးအစည်းအဝေးမှာ မြန်မာကိုဒဏ်ခတ်အရေး ယူဖို့ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေးအတွက် ဘက်ပေါင်းစုံပါဝင်ပြီး တည်ငြိမ်အေးချမ်းမှုရအောင် ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် Zhang Jun ကပြောပါတယ်။ မြန်မာ့အရေးကို အနီးကပ်စောင့်ကြည့်နေပါတယ်ဆိုတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံတွင်းက ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် တိုက်ခိုက်တဲ့ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လက်မခံနိုင်ဘူးလို့လည်း ပြောပါတယ်။

မြန်မာ့လက်ရှိအခြေအနေကို တရုတ်နိုင်ငံက စိုးရိမ်သလို အကြမ်းဖက်မှုနဲ့ သွေးထွက်သံယိုကိစ္စမျိုးက ဘယ်သူ့အတွက်မှ အကျိုးမရှိပဲ တကယ်ခံစားရတာက မြန်မာပြည်သူတွေ ဖြစ်တယ်လို့လည်း တရုတ်သံအမတ်က ပြောပါတယ်။ မြန်မာနိုင်ငံထဲက ပြည်သူလူထုတွေအပြင် မြန်မာမှာရှိနေကြတဲ့ ပြည်ပနိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ဖို့လိုအပ်တဲ့အတွက် သူတို့အပေါ် ဘယ်လိုတိုက်ခိုက်တာမျိုးမှ လက်မခံနိုင်ဘူးလို့လည်းပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ၊ နယ်မြေတည်တန့်ခိုင်မြဲမှု၊ အမျိုးသားစည်းလုံးညီညွှတ်မှုကို လေးစားလိုက်နာပြီး လက်ရှိအနေအထားကနေ ကျော်လွှားနိုင်မယ့်နည်းလမ်းတွေကို သံတမန်ရေးနည်းလမ်းနဲ့ ချည်းကပ်သင့်တယ်လို့လည်း တရုတ်သံအမတ်က ပြောဆိုသွားပါတယ်။

မြန်မာ့နိုင်ငံမှာ စစ်တပ်ကအာဏာရယူအုပ်ချုပ်ပြီး ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းနေတာကြောင့် နိုင်ငံတကာရဲ့စိုးရိမ်ချက်တွေထွက်ပေါ်နေချိန်မှာ ဗြိတိန်နိုင်ငံရဲ့တောင်းဆိုမှုနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့တံခါးပိတ်ဆွေးနွေးပွဲကို မတ်လ ၃၁ ရက်နေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG