[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာရွိတဲ့ တ႐ုတ္အက်ဳိးစီးပြားေတြကို အခိုင္အမာ အကာအကြယ္ေပးဖို႔ တ႐ုတ္ႏုိင္ငံက ဒီကေန႔ ထပ္ေျပာပါတယ္။
"ျမန္မာႏုိင္ငံက အေျခအေနကို တ႐ုတ္ႏုိင္ငံက အနီးကပ္ သတိထားေစာင့္ၾကည့္ေနပါတယ္။ ျမန္မာႏုိင္ငံမွာရွိတဲ့ တ႐ုတ္ကုမၸဏီေတြနဲ႔ လူပုဂၢိဳလ္ေတြ ေဘးကင္းလံုျခံဳေရးက တ႐ုတ္နုိင္ငံအတြက္ သိပ္အေရးႀကီးပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ တ႐ုတ္ႏုိင္ငံသားေတြ ေဘးကင္းလံုျခံဳေရး ျမန္မာႏို္င္ငံအေနနဲ႔ ခိုင္မာၿပီး ပိုမို အားေကာင္းလုပ္ေဆာင္ခ်က္ေတြ ခ်မွတ္ႏုိ္င္မယ္လို႔ တ႐ုတ္ႏုိင္ငံက ေမွ်ာ္လင့္ပါတယ္။" ဆိုၿပီး ဒီကေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာသြားပါတယ္။
ရန္ကုန္၊ လိႈင္သာယာစက္မႈဇုန္မွာ တနဂၤေႏြေန႔က တ႐ုတ္ပိုင္စက္႐ံု ၃၀ ေက်ာ္ မီး႐ိႈ႕ခံခဲ့ရၿပီးတဲ့ေနာက္ တ႐ုတ္ အက်ဳိးစီးပြားေတြကို အကာအကြယ္ေပးဖို႔ တ႐ုတ္အစိုးရက ေတာက္ေလွ်ာက္ ေျပာလာေနတာပါ။
ျမန္မာႏုိင္ငံမွာရွိတဲ့ တ႐ုတ္အစိုးရပိုင္ ကုမၸဏီေတြမွာ လုပ္ကိုင္ေနတဲ့ မရွိမျဖစ္မဟုတ္တဲ့ ဝန္ထမ္းေတြ ေနရပ္ျပန္ဖို႔ တ႐ုတ္အစိုးရက ၫႊန္ၾကားထားတယ္လုိ႔ အဲဒီကုမၸဏီေတြထဲက သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး ေဟာင္ေကာင္အေျခစိုက္ South China Morning Post သတင္းစာက အဂၤါေန႔မွာေရးခဲ့ပါတယ္။
ဒါေပမဲ့လည္း တ႐ုတ္အစိုးရအာေဘာ္ Global Times သတင္းစာက အဲဒီကုမၸဏီေတြက ဝန္ထမ္းေတြကိုပဲ ကိုးကားၿပီး ေနရပ္ျပန္ဖုိ႔ၫႊန္ၾကားခ်က္ ရမထားဘူးလို႔ေျပာၾကတဲ့အေၾကာင္း ဒီကေန႔ ေရးထားပါတယ္။
[Unicode Version]
မြန်မာနိုင်ငံတွင်း တရုတ်အကျိုးစီးပွားများ အကာအကွယ်ပေးဖို့ တရုတ်ထပ်မံတိုက်တွန်း
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အကျိုးစီးပွားတွေကို အခိုင်အမာ အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံက ဒီကနေ့ ထပ်ပြောပါတယ်။
"မြန်မာနိုင်ငံက အခြေအနေကို တရုတ်နိုင်ငံက အနီးကပ် သတိထားစောင့်ကြည့်နေပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေ ဘေးကင်းလုံခြုံရေးက တရုတ်နိုင်ငံအတွက် သိပ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံရေး မြန်မာနိုင်ငံအနေနဲ့ ခိုင်မာပြီး ပိုမို အားကောင်းလုပ်ဆောင်ချက်တွေ ချမှတ်နိုင်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။" ဆိုပြီး ဒီကနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ပြောသွားပါတယ်။
ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်မှာ တနင်္ဂနွေနေ့က တရုတ်ပိုင်စက်ရုံ ၃၀ ကျော် မီးရှို့ခံခဲ့ရပြီးတဲ့နောက် တရုတ် အကျိုးစီးပွားတွေကို အကာအကွယ်ပေးဖို့ တရုတ်အစိုးရက တောက်လျှောက် ပြောလာနေတာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတဲ့ မရှိမဖြစ်မဟုတ်တဲ့ ဝန်ထမ်းတွေ နေရပ်ပြန်ဖို့ တရုတ်အစိုးရက ညွှန်ကြားထားတယ်လို့ အဲဒီကုမ္ပဏီတွေထဲက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက အင်္ဂါနေ့မှာရေးခဲ့ပါတယ်။
ဒါပေမဲ့လည်း တရုတ်အစိုးရအာဘော် Global Times သတင်းစာက အဲဒီကုမ္ပဏီတွေက ဝန်ထမ်းတွေကိုပဲ ကိုးကားပြီး နေရပ်ပြန်ဖို့ညွှန်ကြားချက် ရမထားဘူးလို့ပြောကြတဲ့အကြောင်း ဒီကနေ့ ရေးထားပါတယ်။