သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိႈင္သာယာ အေျခအေန မ်က္ျမင္သက္ေသ ေျပာျပခ်က္


(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြကုိ အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ အရွိန္ျမင့္ လုပ္ေဆာင္လာေနတာမွာ အခု ရက္ပုိင္းအတြင္း အဆုိးရြားဆုံး ၿဖိဳခြင္းခံရတဲ့ေနရာတခုကေတာ့ ရန္ကုန္တုိင္း၊ လႈိင္သာယာၿမိဳ႕နယ္ ျဖစ္ပါတယ္။ မေန႔ညက ရပ္ကြက္ေတြထဲ လက္နက္ကုိင္ တပ္ဖြဲ႔ေတြက ၀င္ေရာက္ပစ္ခတ္တာ၊ လူငယ္ေတြကုိ ဖမ္းဆီးတာေတြ လုပ္ေနတယ္လုိ႔ လႈိင္သာယာမွာရွိတဲ့ လူမႈကူညီေရးအသင္း တာ၀န္ရွိသူတဦးက ေျပာပါတယ္။ လႈိင္သာယာက ေနာက္ဆုံးအေျခအေနေတြကုိ သိရွိႏုိင္ဖုိ႔ ကုိေဇာ္၀င္းလႈိင္က ဆက္သြယ္ ေမးျမန္းတာမွာ မေန႔ အဂၤါေန႔က ဖိနပ္စက္ရုံတခုမီးေလာင္ၿပီး လူ ၂ ဦးေသဆုံးခဲ့တဲ့ အေျခအေနေတြနဲ႔ အစခ်ီၿပီး ေျပာျပပါတယ္။

လိႈင္သာယာမွာ မနက္ပိုင္းကေတာ့ ၿငိမ္သက္ေနတယ္။ ေန႔ခင္းပိုင္းေလာက္မွာေတာ့ ဖိနပ္စက္ရံုတရံု မီးေလာင္တယ္။ ဖိနပ္စက္ရံုတရံု မီးေလာင္တဲ့ေနရာမွာ ပစ္ခတ္မႈေတြ ရွိတယ္။ အဲဒီမွာ ၂ ေယာက္ ေယာက်ၤားေလးတေယာက္ ၊ မိန္းကေလးတေယာက္ထိတယ္ေပါ့ေနာ္ က်ေနာ္တို႔သိရသေလာက္ကေတာ့ ။ က်ေနာ္တို႔လည္း အနားကပ္လို႔မရဘူးဆိုေတာ့ေလ။ အဲဒီအေလာင္းေတြလည္း အခုအထိ ထုတ္လို႔မရေသးဘူးခင္ဗ်။

ေမး။ ။ မီးေလာင္သြားတဲ့စက္ရံုက တရုတ္စက္႐ုံပဲလား ဒီေန႔ေလာင္သြားတာ။

ေျဖ။ ။ဟုတ္ကဲ့အကို က်ေနာ္တုိ႔ သိရတာက ဖိနပ္စက္ရံုတရံု မီးေလာင္တယ္ မီးသတ္ကားေတြက မၿငိမ္းရဲေတာ့ သူတို႔ တပ္က ကားေတြနဲ႔ ၀င္ၿပီးလာတယ္။ တပ္က ကားေတြလည္းပါတယ္ မီးသတ္ကားေတြအျပင္ ကုိေပါ့ေနာ္။

ေမး။ ။ အဲဒီမွာေတာ့ ၂ ေယာက္ေသတယ္ေပါ့ေနာ္ မီးေလာင္မႈ ျဖစ္တဲ့ေနရာမွာပဲ

ေျဖ။ ။ဟုတ္ကဲ့အကို က်ေနာ္တို႔ သတင္းရတာကေတာ့ ေယာက်ၤားေလးတေယာက္ ၊ မိန္းကေလးတေယာက္ပါခင္ဗ် ။

ေမး။ ။ အဲဒီမီးေလာင္တဲ့ နားမွာေပါ့ေနာ္။

ေျဖ။ ။ဟုတ္တယ္အကို သူတို႔ ပစ္ရင္းနဲ႔ ၂ ေယာက္က်သြားတယ္ အဲဒီ ၂ ေယာက္ကိုလည္း ရပ္ကြက္က ထုတ္ခ်င္တာေတာင္ လံုး၀ ထုတ္လို႔မရဘူးေပါ့ေနာ္။ ကူညီလို႔လည္းမရ ဘာမွ လုပ္လို႔မရဘူး ။ အဲဒီ ၂ ေယာက္ကေတာ့ ေသတာေတာ့ ေသသြားၿပီ ။ က်ေနာ္တို႔ ျပည္သူေတြလည္း အေလာင္းျပန္လိုခ်င္တာေပါ့ဗ်ာ ။ ဒါေပမယ့္ သူတို႔ေတြက လံုး၀ မေပးဘူး ။ ညပိုင္းမွာလည္း ရပ္ကြက္ေတြထဲကို ၀င္ၿပီးေတာ့ ပစ္တာခတ္တာေတြ ရွိတယ္ ။ ေနာက္ၿပီးေတာ့ လူငယ္ေတြကိုလည္း ဖမ္းဆီးတာေတြကို လုပ္ေနသလို အခုရပ္ကြက္ကလည္း က်ေနာ္တို႔ကို လွမ္းအကူအညီေတာင္းတယ္။ မေန႔ညကလည္း တပင္ေရႊထီးလမ္းမွာ ပစ္ခတ္မႈက ေတာ္ေတာ္ေလးဆိုးတယ္ခင္ဗ် အိမ္ထဲမွာေနတဲ့ ကေလးေတြေတာင္ထိတယ္။

ေမး။ ။ မေန႔က ေတာ္ေတာ္မ်ားမ်ားလည္း ထြက္သြားၾကၿပီ တျခားေနရာကို ေျပာင္းတယ္ ၊ ပုန္းၾကတယ္၊ ေျပးၾကတယ္ဆိုတာေတြၾကားရေတာ့ေလ လူေတာ္ေတာ္နည္းသြားသလားမသိဘူး အကို သိရသေလာက္။

ေျဖ။ ။က်ေနာ္ သိရသေလာက္က အခု လိႈင္သာယာထဲက လူေတြမွာ ဧရာ၀တီတိုင္းကလူေတြ မ်ားမယ္ခင္ဗ်။ က်ေနာ္လည္း မနက္မွ သိတယ္။ ဧရာ၀တီတိုင္းကလူေတြက ရန္ကုန္မွာ အလုပ္လာလုပ္တဲ့သူေတြေပါ့ အမ်ားဆံုးအားျဖင့္ လိႈင္သာယာထဲက ေခ်ာင္ေတြမွာ ေနတဲ့ လူေတြမ်ားပါတယ္။ သူတို႔ေတြက မိမိရပ္ရြာေတြကို ၾကံဳရာေတြနဲ႔ ျပန္ၾကတယ္။ အကုန္လံုးေတာ့ ရပ္ကြက္ထဲမွာ လူထုက နည္းလာၿပီေပါ့။

ေမး။ ။ အကိုတို႔လို လူမႈေရးကူညီမႈ အသင္းေတြအေနနဲ႔လည္း တခုခု ေစာေစာက အကိုေျပာသလို ပစ္တယ္ခတ္တယ္၊ ဒဏ္ရာရတယ္ ကူပါဦးဆိုရင္လည္း သြားမကူႏိုင္တဲ့ အေနအထား ျဖစ္ေနတာလားခင္ဗ်။

ေျဖ။ ။ဟုတ္ကဲ့ခင္ဗ် အဲလိုမ်ိဳးကို ျဖစ္ေနတာ လူနာတင္ဆိုရင္ အမွန္တကယ္ဆိုလို႔ရွိရင္ ႏိုင္ငံတကာမွာ စစ္ျဖစ္ေနတာေတာင္ လူနာတင္၊ လူနာလာေကာက္တယ္၊ အလံျဖဴေထာင္ထားတယ္ဆိုရင္ ဘယ္သူမွ ပစ္တာ က်ေနာ္တို႔ မၾကားဖူးပါဘူး ။ ဒါေပမယ့္ က်ေနာ္တို႔ လိႈင္သာယာမွာ ၊ လိႈင္သာယာလို႔မဟုတ္ဘူး အခု ျမန္မာႏိုင္ငံမွာ ျဖစ္ေနတာက ဟိုရက္ေတြကလည္း ျဖစ္တယ္ခင္ဗ် ေျမာက္ဥကၠလာမွာ လူနာတင္၊ လူနာလာေကာက္တဲ့လူေတြကိုလည္း ပစ္တာခတ္တာရွိတယ္။ သူတို႔ ေရွ႕မွာ ေကာက္တာ ေတြ႔ရင္လည္း လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ အကိုတို႔လည္း ဟိုရက္ေတြက ေတြ႔မွာပါ ၊ က်ေနာ္တို႔ ပရဟိတ သမားေတြကို သူတို႔ ဘလိုင္းၾကီး ေသနတ္ေတြနဲ႔ လဲႊ႐ိုက္တဲ့အထိကို လုပ္တာ။ လိႈင္သာယာမွာေတာ့ အဲလိုျဖစ္လိုက္တာမရွိဘူး ဒါေပမယ့္ အခုလူနာ သြားေကာက္တယ္ သူတို႔ ျမင္ရင္ အကုန္ပစ္တာပဲအကို ဘာမွ မေရွာင္ဘူး။ က်ေနာ္တို႔လည္း လံုၿခံဳမႈမရွိေတာ့ လူနာေကာက္ဖို႔ကလည္း အခက္အခဲျဖစ္တယ္။ ၿပီးေတာ့ ဆက္သြယ္လာတဲ့အေပၚမွာလည္း မကူႏိုင္ဘူးေပ့ါဗ်ာ ၊ စိတ္မေကာင္းတာကလြဲလို႔ ဘာမွ လုပ္လို႔မရေတာ့ဘူး ။ အဲဒီမွာ ျပည္သူကလည္း ဘယ္လို ျမင္သလဲဆိုေတာ့ လူမႈကူညီေရး အသင္းေတြကေနၿပီးေတာ့ ျပည္သူေတြ ဒီလို ထိခိုက္ေနတာကို လာမကူၾကေတာ့ဘူး .. က်ေနာ္တို႔ဘက္ကိုပဲ လွည့္မဲလာတဲ့ အပိုင္းေတြ အမ်ားႀကီးရွိတယ္။ အခု က်ေနာ္တို႔ဆိုရင္ ဘယ္လို လုပ္ထားရသလဲဆိုေတာ့ က်ေနာ္တို႔ ကားေတြကို မီးတန္းေတြျဖဳတ္ ၊ စတစ္ကာေတြ ခြာၿပီး လံုး၀ကို ထိုးရပ္ထားၿပီးေတာ့ နီးစပ္ရာ လက္လွမ္းမီသေလာက္ လိုက္ၿပီး ကူညီလို႔ရတဲ့ အေနအထားေလာက္ပဲ လုပ္လို႔ရေတာ့တယ္။ ဘယ္လိုေျပာမလဲ ကားေတြေတာင္ ၀ွက္ထားရတဲ့ အဆင့္ေတြအထိေတာင္ေရာက္လာတယ္ခင္ဗ်။ ေန႔ခင္းက မီးေလာင္တဲ့ေနရာမွာ ရွိတဲ့ အေလာင္း ၂ ေလာင္းဆိုရင္ ေကာက္ခ်င္တဲ့ အသင္းက အဲဒီအနီးကပ္မွာ ရွိတယ္၊ အခု သူတုိ႔ ဇံု ၁ မွာရွိတဲ့ အသင္းက ရွိတယ္ ဒါေပမယ့္ သူတို႔သတင္းက ရထားၿပီးသား ဒါေတာင္ ၀င္ေကာက္လို႔မရဘူးျဖစ္ေနတယ္။ သိတယ္မလား အဲဒီလို အဲအေလာင္းေတြကို ေပးမထုတ္တဲ့ သေဘာ။

လိႈင္သာယာ အေျခအေန မ်က္ျမင္သက္ေသ ေျပာျပခ်က္
please wait

No media source currently available

0:00 0:04:02 0:00
တိုက္႐ိုက္ လင့္ခ္


............

လှိုင်သာယာ အခြေအနေ မျက်မြင်သက်သေ ပြောပြချက်

(Unicode)

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေတာမှာ အခု ရက်ပိုင်းအတွင်း အဆိုးရွားဆုံး ဖြိုခွင်းခံရတဲ့နေရာတခုကတော့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဖြစ်ပါတယ်။ မနေ့ညက ရပ်ကွက်တွေထဲ လက်နက်ကိုင် တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်တာ၊ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ လှိုင်သာယာမှာရှိတဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ လှိုင်သာယာက နောက်ဆုံးအခြေအနေတွေကို သိရှိနိုင်ဖို့ ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတာမှာ မနေ့ အင်္ဂါနေ့က ဖိနပ်စက်ရုံတခုမီးလောင်ပြီး လူ ၂ ဦးသေဆုံးခဲ့တဲ့ အခြေအနေတွေနဲ့ အစချီပြီး ပြောပြပါတယ်။

လှိုင်သာယာမှာ မနက်ပိုင်းကတော့ ငြိမ်သက်နေတယ်။ နေ့ခင်းပိုင်းလောက်မှာတော့ ဖိနပ်စက်ရုံတရုံ မီးလောင်တယ်။ ဖိနပ်စက်ရုံတရုံ မီးလောင်တဲ့နေရာမှာ ပစ်ခတ်မှုတွေ ရှိတယ်။ အဲဒီမှာ ၂ ယောက် ယောင်္ကျားလေးတယောက် ၊ မိန်းကလေးတယောက်ထိတယ်ပေါ့နော် ကျနော်တို့သိရသလောက်ကတော့ ။ ကျနော်တို့လည်း အနားကပ်လို့မရဘူးဆိုတော့လေ။ အဲဒီအလောင်းတွေလည်း အခုအထိ ထုတ်လို့မရသေးဘူးခင်ဗျ။

မေး။ ။ မီးလောင်သွားတဲ့စက်ရုံက တရုတ်စက်ရုံပဲလား ဒီနေ့လောင်သွားတာ။

ဖြေ။ ။ဟုတ်ကဲ့အကို ကျနော်တို့ သိရတာက ဖိနပ်စက်ရုံတရုံ မီးလောင်တယ် မီးသတ်ကားတွေက မငြိမ်းရဲတော့ သူတို့ တပ်က ကားတွေနဲ့ ဝင်ပြီးလာတယ်။ တပ်က ကားတွေလည်းပါတယ် မီးသတ်ကားတွေအပြင် ကိုပေါ့နော်။

မေး။ ။ အဲဒီမှာတော့ ၂ ယောက်သေတယ်ပေါ့နော် မီးလောင်မှု ဖြစ်တဲ့နေရာမှာပဲ

ဖြေ။ ။ဟုတ်ကဲ့အကို ကျနော်တို့ သတင်းရတာကတော့ ယောင်္ကျားလေးတယောက် ၊ မိန်းကလေးတယောက်ပါခင်ဗျ ။

မေး။ ။ အဲဒီမီးလောင်တဲ့ နားမှာပေါ့နော်။

ဖြေ။ ။ဟုတ်တယ်အကို သူတို့ ပစ်ရင်းနဲ့ ၂ ယောက်ကျသွားတယ် အဲဒီ ၂ ယောက်ကိုလည်း ရပ်ကွက်က ထုတ်ချင်တာတောင် လုံး၀ ထုတ်လို့မရဘူးပေါ့နော်။ ကူညီလို့လည်းမရ ဘာမှ လုပ်လို့မရဘူး ။ အဲဒီ ၂ ယောက်ကတော့ သေတာတော့ သေသွားပြီ ။ ကျနော်တို့ ပြည်သူတွေလည်း အလောင်းပြန်လိုချင်တာပေါ့ဗျာ ။ ဒါပေမယ့် သူတို့တွေက လုံး၀ မပေးဘူး ။ ညပိုင်းမှာလည်း ရပ်ကွက်တွေထဲကို ဝင်ပြီးတော့ ပစ်တာခတ်တာတွေ ရှိတယ် ။ နောက်ပြီးတော့ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေကို လုပ်နေသလို အခုရပ်ကွက်ကလည်း ကျနော်တို့ကို လှမ်းအကူအညီတောင်းတယ်။ မနေ့ညကလည်း တပင်ရွှေထီးလမ်းမှာ ပစ်ခတ်မှုက တော်တော်လေးဆိုးတယ်ခင်ဗျ အိမ်ထဲမှာနေတဲ့ ကလေးတွေတောင်ထိတယ်။

မေး။ ။ မနေ့က တော်တော်များများလည်း ထွက်သွားကြပြီ တခြားနေရာကို ပြောင်းတယ် ၊ ပုန်းကြတယ်၊ ပြေးကြတယ်ဆိုတာတွေကြားရတော့လေ လူတော်တော်နည်းသွားသလားမသိဘူး အကို သိရသလောက်။

ဖြေ။ ။ကျနော် သိရသလောက်က အခု လှိုင်သာယာထဲက လူတွေမှာ ဧရာဝတီတိုင်းကလူတွေ များမယ်ခင်ဗျ။ ကျနော်လည်း မနက်မှ သိတယ်။ ဧရာဝတီတိုင်းကလူတွေက ရန်ကုန်မှာ အလုပ်လာလုပ်တဲ့သူတွေပေါ့ အများဆုံးအားဖြင့် လှိုင်သာယာထဲက ချောင်တွေမှာ နေတဲ့ လူတွေများပါတယ်။ သူတို့တွေက မိမိရပ်ရွာတွေကို ကြုံရာတွေနဲ့ ပြန်ကြတယ်။ အကုန်လုံးတော့ ရပ်ကွက်ထဲမှာ လူထုက နည်းလာပြီပေါ့။

မေး။ ။ အကိုတို့လို လူမှုရေးကူညီမှု အသင်းတွေအနေနဲ့လည်း တခုခု စောစောက အကိုပြောသလို ပစ်တယ်ခတ်တယ်၊ ဒဏ်ရာရတယ် ကူပါဦးဆိုရင်လည်း သွားမကူနိုင်တဲ့ အနေအထား ဖြစ်နေတာလားခင်ဗျ။

ဖြေ။ ။ဟုတ်ကဲ့ခင်ဗျ အဲလိုမျိုးကို ဖြစ်နေတာ လူနာတင်ဆိုရင် အမှန်တကယ်ဆိုလို့ရှိရင် နိုင်ငံတကာမှာ စစ်ဖြစ်နေတာတောင် လူနာတင်၊ လူနာလာကောက်တယ်၊ အလံဖြူထောင်ထားတယ်ဆိုရင် ဘယ်သူမှ ပစ်တာ ကျနော်တို့ မကြားဖူးပါဘူး ။ ဒါပေမယ့် ကျနော်တို့ လှိုင်သာယာမှာ ၊ လှိုင်သာယာလို့မဟုတ်ဘူး အခု မြန်မာနိုင်ငံမှာ ဖြစ်နေတာက ဟိုရက်တွေကလည်း ဖြစ်တယ်ခင်ဗျ မြောက်ဥက္ကလာမှာ လူနာတင်၊ လူနာလာကောက်တဲ့လူတွေကိုလည်း ပစ်တာခတ်တာရှိတယ်။ သူတို့ ရှေ့မှာ ကောက်တာ တွေ့ရင်လည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ အကိုတို့လည်း ဟိုရက်တွေက တွေ့မှာပါ ၊ ကျနော်တို့ ပရဟိတ သမားတွေကို သူတို့ ဘလိုင်းကြီး သေနတ်တွေနဲ့ လွဲှရိုက်တဲ့အထိကို လုပ်တာ။ လှိုင်သာယာမှာတော့ အဲလိုဖြစ်လိုက်တာမရှိဘူး ဒါပေမယ့် အခုလူနာ သွားကောက်တယ် သူတို့ မြင်ရင် အကုန်ပစ်တာပဲအကို ဘာမှ မရှောင်ဘူး။ ကျနော်တို့လည်း လုံခြုံမှုမရှိတော့ လူနာကောက်ဖို့ကလည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ ဆက်သွယ်လာတဲ့အပေါ်မှာလည်း မကူနိုင်ဘူးပေ့ါဗျာ ၊ စိတ်မကောင်းတာကလွဲလို့ ဘာမှ လုပ်လို့မရတော့ဘူး ။ အဲဒီမှာ ပြည်သူကလည်း ဘယ်လို မြင်သလဲဆိုတော့ လူမှုကူညီရေး အသင်းတွေကနေပြီးတော့ ပြည်သူတွေ ဒီလို ထိခိုက်နေတာကို လာမကူကြတော့ဘူး .. ကျနော်တို့ဘက်ကိုပဲ လှည့်မဲလာတဲ့ အပိုင်းတွေ အများကြီးရှိတယ်။ အခု ကျနော်တို့ဆိုရင် ဘယ်လို လုပ်ထားရသလဲဆိုတော့ ကျနော်တို့ ကားတွေကို မီးတန်းတွေဖြုတ် ၊ စတစ်ကာတွေ ခွာပြီး လုံးဝကို ထိုးရပ်ထားပြီးတော့ နီးစပ်ရာ လက်လှမ်းမီသလောက် လိုက်ပြီး ကူညီလို့ရတဲ့ အနေအထားလောက်ပဲ လုပ်လို့ရတော့တယ်။ ဘယ်လိုပြောမလဲ ကားတွေတောင် ဝှက်ထားရတဲ့ အဆင့်တွေအထိတောင်ရောက်လာတယ်ခင်ဗျ။ နေ့ခင်းက မီးလောင်တဲ့နေရာမှာ ရှိတဲ့ အလောင်း ၂ လောင်းဆိုရင် ကောက်ချင်တဲ့ အသင်းက အဲဒီအနီးကပ်မှာ ရှိတယ်၊ အခု သူတို့ ဇုံ ၁ မှာရှိတဲ့ အသင်းက ရှိတယ် ဒါပေမယ့် သူတို့သတင်းက ရထားပြီးသား ဒါတောင် ဝင်ကောက်လို့မရဘူးဖြစ်နေတယ်။ သိတယ်မလား အဲဒီလို အဲအလောင်းတွေကို ပေးမထုတ်တဲ့ သဘော။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG