သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လိႈင္သာယာပစ္ခတ္မႈေၾကာင့္ ေသဆံုးသူ ၈၀ ထက္မနည္း ရွိၿပီ


မတ္လ ၁၄ ရက္ေန႔ လိႈင္သာယာဆႏၵျပပဲြ ျဖိဳခြင္းမႈအတြင္းေတြ႔ရတဲ့ ျမင္ကြင္း။ (မတ္ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

လႈိင္သာယာၿမိဳ႕နယ္အတြင္းမွာ စစ္တပ္နဲ႔ ရဲပါဝင္တဲ့ လက္နက္ကိုင္ေတြဘက္က အၾကမ္းဖက္ပစ္ခတ္တာေတြဟာ ၃ ရက္ရွိလာပါၿပီ။ အၾကမ္းဖက္ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးသူ ၈၀ ထက္မနည္း ရွိေနၿပီး၊ ဖမ္းဆီးခံရသူေတြနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနရသူေတြလည္း မ်ားလာေနပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကိုေတာ့ မခင္ျဖဴေထြးက ေျပာျပေပးပါမယ္။

စစ္ အာဏာရွင္စနစ္ က်ဆုံးေရး ဆန႔္က်င္ဆႏၵျပသူေတြကို လက္နက္ကိုင္ေတြ အၾကမ္းဖက္ေနၾကေပမဲ့ ဆႏၵျပပြဲေတြကေတာ့ ႏိုင္ငံအႏွံ႔မွာ ဆက္ရွိေနဆဲပါ။ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာ ရက္ေပါင္း ၄၄ ရက္ၾကာခဲ့ပါၿပီ။ ဒီအခ်ိန္ကာလအတြင္းမွာ အၾကမ္းဖက္ၿဖိဳခြဲ ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးခဲ့ရသူေတြလည္း ရာနဲ႔ခ်ီရွိလာပါၿပီ။

အေျခခံလူတန္းစားေတြနဲ႔ အလုပ္သမားအင္အားစု အမ်ားဆုံးေနထိုင္ရာ လႈိင္သာယာၿမိဳ႕နယ္က သပိတ္ေတြကို ၿပီးခဲ့တဲ့ ေရွ႕ ၂ ရက္တုန္းက အၾကမ္းဖက္ၿဖိဳခြဲ ပစ္ခတ္တာေတြ လုပ္ခဲ့ၿပီး ဒီကေန႔မွာေတာ့ ဆႏၵျပသပိတ္ေတြ မရွိေပမဲ့ လူေနရပ္ကြက္ေတြထဲ ဝင္ေရာက္ပစ္ခတ္တာနဲ႔ လူငယ္ေတြကို ဖမ္းဆီးတာေတြ လုပ္ေနလို႔ ထြက္ေျပးေနရသူေတြလည္း ရွိပါတယ္။

"အခု ရပ္ကြက္ထဲက ကေလးေတြအမ်ားႀကီးပဲ၊ မူလတန္းေက်ာင္းထဲမွာ... သူတို႔ဆြဲထားပါတယ္။ ဒီညကို မီးရႈိ႕မယ္လို႔လည္း ၾကားထားပါတယ္။ ညီမတို႔ သိရသေလာက္ကို လက္ရွိသူတို႔ဖမ္းထားတာ ရပ္ကြက္ထဲက လူငယ္ကေလးေတြ ၁၀ ေယာက္ေက်ာ္ပါတယ္။ မေန႔ညတုန္းကေတာ့ သူတို႔က လမ္းေပၚကေဖာက္တာ။ ဒီေန႔က်ေတာ့ မနက္ ၈ နာရီခြဲ - ၉ နာရီေလာက္ကတည္းက စၿပီး တပ္စြဲတာ။ တပ္စြဲၿပီးေတာ့ ရပ္ကြက္ထဲအထိ လိုက္ပစ္တယ္။ အိမ္ေတြကိုပစ္တယ္၊ တေယာက္မွ အိမ္ထဲက ထြက္မလာနဲ႔ဆိုၿပီး ေျပာတယ္။ ရပ္ကြက္ထဲက ဧရာဝတီတိုင္းဘက္ကို ျပန္တဲ့ကေလးေတြေျပာတာကေတာ့ မီးခြက္ေဈးပတ္လယ္မွာလည္း စစ္ကားေတြနဲ႔ ေကာင္ေလးေတြအမ်ားႀကီး ဆြဲထားတယ္လို႔ ေျပာတယ္။ ေလာေလာဆယ္ လႈိင္သာယာၿမိဳ႕နယ္က က်ဴးေက်ာ္မွာေနတဲ့လူေတြအတြက္ အထိခိုက္ဆုံးေပါ့ေနာ္။ သူတို႔မွာ ေရမရွိပါဘူး၊ ဆန္မရွိပါဘူး၊ အကုန္ျပတ္လတ္ေနပါတယ္။ လႈိင္သာယာ လုံးဝအမည္းေရာင္နယ္ေျမျဖစ္ေနၿပီ။ အမတို႔ကို ဘယ္သူမွ မကယ္ေတာ့ဘူးလား ... လႈိင္သာယာကို ...။"

လႈိင္သာယာၿမိဳ႕နယ္တြင္းမွာ လက္နက္ကိုင္ေတြ အၾကမ္းဖက္မၿဖိဳခြဲႏိုင္ဖို႔ သူတို႔လာရာ အဓိကလမ္းေတြျဖစ္တဲ့ ႀကိဳးတံတားနဲ႔ ဘုရင့္ေနာင္တံတားအနီးက ရပ္ကြက္ေနျပည္သူေတြဟာ အကာအရံေတြ တားဆီးခဲ့ေပမဲ့ မီးရႈိ႕ဖ်က္စီးခံခဲ့ရပါတယ္။ စစ္တပ္နဲ႔ ရဲကေတာ့ လႈိင္သာယာၿမိဳ႕နယ္တြင္းမွာသာ တပ္စြဲထားၿပီး ၃ ရက္ၾကာတဲ့အထိ အၾကမ္းဖက္တာေတြ လုပ္ေနၾကဆဲ ျဖစ္ပါတယ္။

ဒီကေန႔ မနက္အေစာပိုင္းကတည္းက ေအာင္ေဇယ်တံတားကေန သမကုန္းနားအထိ လမ္းေတာက္ေလွ်ာက္မွာရွိတဲ့ အကာအရံေတြကို ဖ်က္စီးတာအျပင္ လူအုပ္စုေတြ႕ရင္ ပစ္ခတ္ၿခိမ္းေျခာက္တာေတြ လုပ္တယ္လို႔ မ်က္ျမင္ေတြ႕သူတဦးက ေျပာပါတယ္။

"အင္းစိန္ ေအာင္ေဇယ်တံတားဆင္းရင္ ညာဘက္ကိုေကြ႕ရင္ ေ႐ႊျပည္သာတံတားဘက္ကို ျပန္သြားတဲ့ တပင္ေ႐ႊထီးလမ္း၊ အဲဒီ မီးသတ္အဝိုင္းနားမွာ တပ္စြဲထားတယ္။ မေန႔ကညက ႀကိဳးတံတားထိပ္ကေန အဲဒီကို သူတို႔ျပန္တာေပါ့ဗ်ာ။ ျပန္တဲ့အခ်ိန္က ၇ နာရီ၊ ၈နာရီေလာက္ Curfew အခ်ိန္ျဖစ္သြားေတာ့ တလမ္းလုံးပစ္ၿပီး ျပန္သြားတာ။ ညက အဲဒီနားမွာ ၈ ေယာက္၊ ၉ ေယာက္ေလာက္ က်သြားတယ္။ ညက ကေလးတေယာက္လည္း ပါတယ္ဗ်၊ ဆိုင္ေရွ႕မွာ ကင္းထိုင္ေစာင့္ေနတာေနမယ္။ အဲဒီအခ်ိန္ သြားရင္း ပစ္ခတ္သြားတာ ကေလးတေယာက္လည္း Body ပ်က္သြားတယ္။ ေနာက္ လူႀကီးေတြလည္း ၈ ေယာက္ေလာက္ ရွိတယ္... လႈိင္သာယာေဆး႐ုံမွာ။ လူေတြက ကိုယ့္အိမ္ထဲမွာေတာင္ ကိုယ္မေနရဲၾကေတာ့ဘူး။ မေန႔က ရပ္ကြက္ထဲက သူငယ္ခ်င္းတေယာက္က သူတို႔ဦးေလးတေယာက္ အေလာင္းေပ်ာက္လို႔ေပါ့ဗ်ာ၊ သြားရွာေတာ့ လႈိင္သာယာေဆး႐ုံ ေရခဲတိုက္ထဲမွာ အားလုံးေပါင္း အေလာင္း ၇၀ ထုတ္ျပတယ္တဲ့။ အဲဒီ က်ည္ထိထားတဲ့သူေတြအကုန္ အေလာင္းေတြ ၇၀ ရွိတယ္။ မေန႔ညကအထိကို လႈိင္သာယာေဆး႐ုံထဲမွာ။ ဒါေပမဲ့ ညဘက္ပစ္တဲ့ဟာေတြေတာ့ မပါဘူးေပါ့။ ညဘက္ထပ္ပစ္တာပါ ေပါင္းမယ္ဆိုရင္ လႈိင္သာယာေဆး႐ုံထဲမွာ ၈၀ ဝန္းက်င္ေလာက္ ရွိလိမ့္မယ္။"

လမ္းေပၚက ဆႏၵျပသပိတ္ေတြကို အၾကမ္းဖက္ၿဖိဳခြဲတာေတြေၾကာင့္ ေသဆုံးသူ ၈၀ ထက္မနည္းရွိေနတဲ့ လႈိင္သာယာက က်ဆုံးသူ အေရအတြက္ဟာ ဒီထက္မ်ားႏိုင္တယ္လို႔ ေဒသခံေတြနဲ႔ လူမႈအဖြဲ႕အစည္းေတြက ေျပာပါတယ္။ ေသဆုံးသူေတြကို စစ္ကားေပၚသယ္ေဆာင္သြားတာနဲ႔ ေပ်ာက္ဆုံးသူတခ်ိဳ႕လည္း ရွိေနဆဲပါ။

လမ္းေပၚထြက္လာသူေတြတင္မကဘဲ ကိုယ့္ရဲ႕ေနအိမ္တြင္းမွာပါ လုံၿခဳံမႈ မရွိေတာ့တဲ့ ရပ္ကြက္ေနျပည္သူတခ်ိဳ႕ဟာလည္း မေန႔ကစၿပီး ဒီကေန႔အထိ ေနရပ္ေ႐ႊ႕ေျပာင္းတာေတြ ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လှိုင်သာယာမြို့နယ်အတွင်းမှာ စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တွေဘက်က အကြမ်းဖက်ပစ်ခတ်တာတွေဟာ ၃ ရက်ရှိလာပါပြီ။ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၈၀ ထက်မနည်း ရှိနေပြီး၊ ဖမ်းဆီးခံရသူတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်း များလာနေပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

စစ် အာဏာရှင်စနစ် ကျဆုံးရေး ဆန့်ကျင်ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေ အကြမ်းဖက်နေကြပေမဲ့ ဆန္ဒပြပွဲတွေကတော့ နိုင်ငံအနှံ့မှာ ဆက်ရှိနေဆဲပါ။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၄၄ ရက်ကြာခဲ့ပါပြီ။ ဒီအချိန်ကာလအတွင်းမှာ အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ရသူတွေလည်း ရာနဲ့ချီရှိလာပါပြီ။

အခြေခံလူတန်းစားတွေနဲ့ အလုပ်သမားအင်အားစု အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်က သပိတ်တွေကို ပြီးခဲ့တဲ့ ရှေ့ ၂ ရက်တုန်းက အကြမ်းဖက်ဖြိုခွဲ ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး ဒီကနေ့မှာတော့ ဆန္ဒပြသပိတ်တွေ မရှိပေမဲ့ လူနေရပ်ကွက်တွေထဲ ဝင်ရောက်ပစ်ခတ်တာနဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်နေလို့ ထွက်ပြေးနေရသူတွေလည်း ရှိပါတယ်။

"အခု ရပ်ကွက်ထဲက ကလေးတွေအများကြီးပဲ၊ မူလတန်းကျောင်းထဲမှာ... သူတို့ဆွဲထားပါတယ်။ ဒီညကို မီးရှို့မယ်လို့လည်း ကြားထားပါတယ်။ ညီမတို့ သိရသလောက်ကို လက်ရှိသူတို့ဖမ်းထားတာ ရပ်ကွက်ထဲက လူငယ်ကလေးတွေ ၁၀ ယောက်ကျော်ပါတယ်။ မနေ့ညတုန်းကတော့ သူတို့က လမ်းပေါ်ကဖောက်တာ။ ဒီနေ့ကျတော့ မနက် ၈ နာရီခွဲ - ၉ နာရီလောက်ကတည်းက စပြီး တပ်စွဲတာ။ တပ်စွဲပြီးတော့ ရပ်ကွက်ထဲအထိ လိုက်ပစ်တယ်။ အိမ်တွေကိုပစ်တယ်၊ တယောက်မှ အိမ်ထဲက ထွက်မလာနဲ့ဆိုပြီး ပြောတယ်။ ရပ်ကွက်ထဲက ဧရာဝတီတိုင်းဘက်ကို ပြန်တဲ့ကလေးတွေပြောတာကတော့ မီးခွက်ဈေးပတ်လယ်မှာလည်း စစ်ကားတွေနဲ့ ကောင်လေးတွေအများကြီး ဆွဲထားတယ်လို့ ပြောတယ်။ လောလောဆယ် လှိုင်သာယာမြို့နယ်က ကျူးကျော်မှာနေတဲ့လူတွေအတွက် အထိခိုက်ဆုံးပေါ့နော်။ သူတို့မှာ ရေမရှိပါဘူး၊ ဆန်မရှိပါဘူး၊ အကုန်ပြတ်လတ်နေပါတယ်။ လှိုင်သာယာ လုံးဝအမည်းရောင်နယ်မြေဖြစ်နေပြီ။ အမတို့ကို ဘယ်သူမှ မကယ်တော့ဘူးလား ... လှိုင်သာယာကို ...။"

လှိုင်သာယာမြို့နယ်တွင်းမှာ လက်နက်ကိုင်တွေ အကြမ်းဖက်မဖြိုခွဲနိုင်ဖို့ သူတို့လာရာ အဓိကလမ်းတွေဖြစ်တဲ့ ကြိုးတံတားနဲ့ ဘုရင့်နောင်တံတားအနီးက ရပ်ကွက်နေပြည်သူတွေဟာ အကာအရံတွေ တားဆီးခဲ့ပေမဲ့ မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ စစ်တပ်နဲ့ ရဲကတော့ လှိုင်သာယာမြို့နယ်တွင်းမှာသာ တပ်စွဲထားပြီး ၃ ရက်ကြာတဲ့အထိ အကြမ်းဖက်တာတွေ လုပ်နေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကတည်းက အောင်ဇေယျတံတားကနေ သမကုန်းနားအထိ လမ်းတောက်လျှောက်မှာရှိတဲ့ အကာအရံတွေကို ဖျက်စီးတာအပြင် လူအုပ်စုတွေ့ရင် ပစ်ခတ်ခြိမ်းခြောက်တာတွေ လုပ်တယ်လို့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။

"အင်းစိန် အောင်ဇေယျတံတားဆင်းရင် ညာဘက်ကိုကွေ့ရင် ရွှေပြည်သာတံတားဘက်ကို ပြန်သွားတဲ့ တပင်ရွှေထီးလမ်း၊ အဲဒီ မီးသတ်အဝိုင်းနားမှာ တပ်စွဲထားတယ်။ မနေ့ကညက ကြိုးတံတားထိပ်ကနေ အဲဒီကို သူတို့ပြန်တာပေါ့ဗျာ။ ပြန်တဲ့အချိန်က ၇ နာရီ၊ ၈နာရီလောက် Curfew အချိန်ဖြစ်သွားတော့ တလမ်းလုံးပစ်ပြီး ပြန်သွားတာ။ ညက အဲဒီနားမှာ ၈ ယောက်၊ ၉ ယောက်လောက် ကျသွားတယ်။ ညက ကလေးတယောက်လည်း ပါတယ်ဗျ၊ ဆိုင်ရှေ့မှာ ကင်းထိုင်စောင့်နေတာနေမယ်။ အဲဒီအချိန် သွားရင်း ပစ်ခတ်သွားတာ ကလေးတယောက်လည်း Body ပျက်သွားတယ်။ နောက် လူကြီးတွေလည်း ၈ ယောက်လောက် ရှိတယ်... လှိုင်သာယာဆေးရုံမှာ။ လူတွေက ကိုယ့်အိမ်ထဲမှာတောင် ကိုယ်မနေရဲကြတော့ဘူး။ မနေ့က ရပ်ကွက်ထဲက သူငယ်ချင်းတယောက်က သူတို့ဦးလေးတယောက် အလောင်းပျောက်လို့ပေါ့ဗျာ၊ သွားရှာတော့ လှိုင်သာယာဆေးရုံ ရေခဲတိုက်ထဲမှာ အားလုံးပေါင်း အလောင်း ၇၀ ထုတ်ပြတယ်တဲ့။ အဲဒီ ကျည်ထိထားတဲ့သူတွေအကုန် အလောင်းတွေ ၇၀ ရှိတယ်။ မနေ့ညကအထိကို လှိုင်သာယာဆေးရုံထဲမှာ။ ဒါပေမဲ့ ညဘက်ပစ်တဲ့ဟာတွေတော့ မပါဘူးပေါ့။ ညဘက်ထပ်ပစ်တာပါ ပေါင်းမယ်ဆိုရင် လှိုင်သာယာဆေးရုံထဲမှာ ၈၀ ဝန်းကျင်လောက် ရှိလိမ့်မယ်။"

လမ်းပေါ်က ဆန္ဒပြသပိတ်တွေကို အကြမ်းဖက်ဖြိုခွဲတာတွေကြောင့် သေဆုံးသူ ၈၀ ထက်မနည်းရှိနေတဲ့ လှိုင်သာယာက ကျဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ဒေသခံတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ သေဆုံးသူတွေကို စစ်ကားပေါ်သယ်ဆောင်သွားတာနဲ့ ပျောက်ဆုံးသူတချို့လည်း ရှိနေဆဲပါ။

လမ်းပေါ်ထွက်လာသူတွေတင်မကဘဲ ကိုယ့်ရဲ့နေအိမ်တွင်းမှာပါ လုံခြုံမှု မရှိတော့တဲ့ ရပ်ကွက်နေပြည်သူတချို့ဟာလည်း မနေ့ကစပြီး ဒီကနေ့အထိ နေရပ်ရွှေ့ပြောင်းတာတွေ ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG