သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြ တာ၀န္ခံမႈရွိေစေရး တ႐ုတ္ၾသဇာသံုးဖို႔ ကန္ေတာင္းဆို


အေမရိကန္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price

(Zawgyi/Unicode)

ျမန္မာ့အိမ္နီးခ်င္း တ႐ုတ္ႏုိင္ငံအေနနဲ႔ သူ႔ၾသဇာကိုသုံးၿပီး ျမန္မာ့အေရး ၾကား၀င္ေဆာင္ရြက္ေပးသင့္တယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ေျပာလိုက္ပါတယ္။

“ ျမန္မာစစ္အာဏာသိမ္းမႈမွာ တာ၀န္ရွိသူေတြကို တာ၀န္ခံမႈရွိလာေစဖို႔ တရုတ္က သူ႔ၾသဇာသုံးၿပီးေဆာင္ရြက္ေပးဖို႔ အေမရိကန္က ဆက္ၿပီးတုိက္တြန္းေနပါတယ္။ ျမန္မာႏုိင္ငံတြင္း အာဏာသိမ္းစစ္တပ္ရဲ ႔လုပ္ရပ္ေတြဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာမိတ္ႏုိင္ငံေတြ အပါအ၀င္ တ႐ုတ္ႏိုင္ငံရဲ ႔အက်ိဳးစီးပြားနဲ႔လည္း ကိုက္ညီမႈ မရွိပါဘူးလို႔၊”အေမရိကန္ႏုိင္ငံျခားေရးဌာနေျပာခြင့္ရသူ Ned Price က ဗုဒၶဟူးေန႔ ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

တရုတ္ႏုိင္ငံအတြက္ စီးပြားေရးအရေရာ မဟာဗ်ဴဟာအရပါ အေရးပါလွတဲ့ ျမန္မာႏုိင္ငံတြင္းက အေျခအေနအရပ္ရပ္ကို တရုတ္ႏုိင္ငံ အစဥ္အလာအတုိင္း သံသယနဲ႔ သတိထား ေစာင့္ၾကည့္ေနသလို ျမန္မာ့အေရးနဲ႔ပတ္သက္လာရင္ အေနာက္ႏိုင္ငံေတြရဲ ႔ ေ၀ဖန္ေျပာဆိုမႈေတြ ရွိေနတဲ့ ၾကားက ျမန္မာႏုိင္ငံကို အကာအကြယ္ေပးေနတဲ့ ႏုိင္ငံလည္းျဖစ္ပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အရပ္သားအစိုးရကို ဖယ္ရွားၿပီး စစ္တပ္က အာဏာသိမ္းထားတာကို အေနာက္ႏုိင္ငံက ျပင္းျပင္းထန္ထန္ရႈတ္ခ်ေနၾကေပမယ့္ တ႐ုတ္ႏိုင္ငံကေတာ့ ျမန္မာ့ျပည္တြင္းေရး တည္ၿငိမ္မႈရွိဖို႔ ပိုအေရးႀကီးတယ္လို႔သာ အေလးေပးေျပာဆိုထားပါတယ္။ အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို တရုတ္အစိုးရက ေထာက္ခံတယ္ဆိုၿပီး စြပ္စြဲေျပာဆိုၾကတဲ့ ေထာင္နဲ႔ခ်ီတဲ့ ျပည္သူေတြ ရန္ကုန္ၿမိဳ ႔ တရုတ္သံရုံးေရွ႕မွာ ဆႏၵထုတ္ေဖာ္ခဲ့ၾကသလို ျပည္ပႏုိင္ငံက တရုတ္သံရုံးေတြေရွ ႔မွာလည္း ျပည္ပေရာက္ျမန္မာေတြ သြားေရာက္ ဆႏၵျပခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

အာဏာသိမ်းစစ်ခေါင်းဆောင်တွေ တာဝန်ခံမှုရှိစေရေး တရုတ်သြဇာသုံးဖို့ ကန်တောင်းဆို

(Unicode)

မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ သူ့သြဇာကိုသုံးပြီး မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးသင့်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။

“ မြန်မာစစ်အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို တာဝန်ခံမှုရှိလာစေဖို့ တရုတ်က သူ့သြဇာသုံးပြီးဆောင်ရွက်ပေးဖို့ အမေရိကန်က ဆက်ပြီးတိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံတွင်း အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေ အပါအဝင် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့လည်း ကိုက်ညီမှု မရှိပါဘူးလို့၊”အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Ned Price က ဗုဒ္ဓဟူးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံအတွက် စီးပွားရေးအရရော မဟာဗျူဟာအရပါ အရေးပါလှတဲ့ မြန်မာနိုင်ငံတွင်းက အခြေအနေအရပ်ရပ်ကို တရုတ်နိုင်ငံ အစဉ်အလာအတိုင်း သံသယနဲ့ သတိထား စောင့်ကြည့်နေသလို မြန်မာ့အရေးနဲ့ပတ်သက်လာရင် အနောက်နိုင်ငံတွေရဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့ ကြားက မြန်မာနိုင်ငံကို အကာအကွယ်ပေးနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းထားတာကို အနောက်နိုင်ငံက ပြင်းပြင်းထန်ထန်ရှုတ်ချနေကြပေမယ့် တရုတ်နိုင်ငံကတော့ မြန်မာ့ပြည်တွင်းရေး တည်ငြိမ်မှုရှိဖို့ ပိုအရေးကြီးတယ်လို့သာ အလေးပေးပြောဆိုထားပါတယ်။ အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီကို တရုတ်အစိုးရက ထောက်ခံတယ်ဆိုပြီး စွပ်စွဲပြောဆိုကြတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြသလို ပြည်ပနိုင်ငံက တရုတ်သံရုံးတွေရှေ့မှာလည်း ပြည်ပရောက်မြန်မာတွေ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG