သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ အေထာက္အကူျဖစ္မယ့္ ရင္းႏွီးျမွဳပ္ႏွံမႈ ရပ္ဆိုင္းဖို႔ ဝန္ႀကီး Blinken တိုက္တြန္း


အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ ႏိုင္ငံတကာ ၂၀၂၀ လူ႔အခြင့္ေရးဆိုင္ရာ အစီရင္ခံစာကို မတ္လ ၃၀ အဂၤါေန႔ ထုတ္ျပန္ခ်ိန္မွာ ဝန္ႀကီး Blinken မိန္႕ခြန္းေျပာ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းထားတဲ့ စစ္တပ္ကို အေထာက္အကူျဖစ္ေစတဲ့ စီးပြားေရး လုပ္ငန္းေတြ ဆက္မလုပ္ၾကဖို႔ ႏိုင္ငံတကာ စီးပြြါးေရးလုပ္ငန္း ကုမၸဏီႀကီးေတြကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တိုက္တြန္း ေတာင္းဆိုလိုက္ပါတယ္။

စစ္တပ္က ၿငိမ္းခ်မ္းစြာ ဆႏၵျပျပည္သူေတြ အေပၚ သတ္ျဖတ္၊ ႐ိုက္ႏွက္ ဖမ္းဆီးတာအပါအဝင္ က်ယ္ျပန္႔တဲ့က်ဴးလြန္မႈေတြ အတြက္အေမရိကန္အစိုးရက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken က အဂၤါေန႔မွာ ေျပာၾကားလိုက္ပါတယ္။

“ျမန္မာႏိုင္ငံက လံုျခံဳေရးတပ္ေတြရဲ႕ ခုလိုလုပ္ေဆာင္ေနမႈေတြနဲ႔ တျခား က်ယ္ျပန္႔တဲ့ ခ်ိဳးေဖာက္မႈေတြအတြက္ အေမရိကန္အစိုးရက အျပင္းထန္ဆံုး ရႈတ္ခ်ပါတယ္။ စစ္အာဏာရွင္ အေနနဲ႔ မတရားဖမ္းဆီးထားသူ အားလံုးကို ျပန္လႊတ္ေပးဖို႔၊ လူမႈအဖြဲ႔အစည္းေတြက အဖြဲ႔ဝင္ေတြ၊ သတင္းသမားေတြ၊ အလုပ္သမားသမဂၢအဖြဲ႔ဝင္ေတြကို စစ္တပ္နဲ႔ရဲေတြရဲ႕ သတ္ျဖတ္မႈေတြ ခ်က္ခ်င္းရပ္ပစ္ဖို႔နဲ႔ ဒီမိုကေရစီနည္းက် ေရြးေကာက္ထားတဲ့ အစိုးရကို အာဏာျပန္လႊဲေပးဖို႔ ဆက္ၿပီး ေတာင္းဆိုပါတယ္” လို႔ ေျပာသြားတာပါ။

အေမရိကန္ႏိုင္ငံျခားေရးဌာနရဲ႕ ႏိုင္ငံတကာ ၂၀၂၀ လူ႔အခြင့္ေရးဆိုင္ရာ အစီရင္ခံစာကို မတ္လ ၃၀ အဂၤါေန႔ ထုတ္ျပန္ခ်ိန္မွာ ဝန္ႀကီး Blinken က သူ႔မိန္႔ခြန္းထဲမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး ခုလို ေျပာၾကားခဲ့တာပါ။

၂၀၂၀ အစီရင္ခံစာေရးၿပီးတဲ့ေနာက္မွာမွ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းခဲ့တာျဖစ္ေပမယ့္ အဲဒီအခ်ိန္ကစၿပီး ျဖစ္ပြားေနတာေတြကို အားလံုးက ျမင္ေတြ႕ေနရတာေၾကာင့္ ဒါကို အေမရိကန္အစိုးရက ေထာက္ျပေျပာဆိုရမွာ ျဖစ္ေၾကာင္းေျပာၾကားခဲ့တာပါ။

ျမန္မာစစ္တပ္ဟာ အထူးသျဖင့္ တပ္မေတာ္ေန႔ က်င္းပခ်ိန္မွာ ႏိုင္ငံတဝွမ္း ဆႏၵျပျပည္သူေပါင္း ၁၀၀ ေက်ာ္ကို သတ္ျဖတ္ခဲ့တာ အပါအဝင္ အၾကမ္းမဖက္ဆႏၵျပေနသူေရာ ေဘးမွာ ရပ္ၾကည့္ေနသူေတြကိုပါ ပစ္ခတ္ခဲ့တာ ျဖစ္ေၾကာင္းနဲ႔ ဒီအထဲမွာ အသက္ ၅ ႏွစ္အရြယ္ ကေလးငယ္ေတြပါ ပါဝင္ေနတယ္လို႔ ေျပာပါတယ္။

အခုလို က်ဴးလြန္သူေတြ ထိုက္သင့္တဲ့ အျပစ္ဒဏ္က်ခံရေစဖို႔ အေမရိကန္ျပည္ေထာင္စုက သူ႔မိတ္ေဆြေတြ မဟာမိတ္ေတြ အထူးသျဖင့္ အာဆီယံ အဖြဲ႔ဝင္ ႏိုင္ငံေတြနဲ႔ အတူလက္တြဲ ေဆာင္ရြက္ဖို႔ သႏၷိ႒ာန္ ခ်ထားတယ္လို႔လည္း ေျပာပါတယ္။

ကမာၻတ၀ွမ္း ႏိုင္ငံေတြက ဒီမိုကေရစီနဲ႔ လြတ္လပ္ခြင့္ အေျခအေန ႏွစ္ပတ္လည္ အစီရင္ခံစာအေၾကာင္း ေျပာၾကားမွာ တ႐ုတ္၊ ႐ုရွား၊ ယူဂန္ဒါ၊ ဗင္နီဇြဲလား၊ ဘီလား႐ုစ္ စတဲ့ ႏိုင္ငံေတြက ႏိုင္ငံေရးအတိုက္အခံေတြကို ထင္သလို ဖမ္းဆီး၊ ႏွိပ္စက္ၫွဥ္းပမ္းမႈေတြ၊ အီသီယိုးပီးယား ႏိုင္ငံ Tigray ေဒသ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြကိုလည္း ၀န္ႀကီး Blinken ထည့္သြင္းေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာစစ်တပ် အထောက်အကူဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းဖို့ ဝန်ကြီး Blinken တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို အထောက်အကူဖြစ်စေတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆက်မလုပ်ကြဖို့ နိုင်ငံတကာ စီးပွါးရေးလုပ်ငန်း ကုမ္ပဏီကြီးတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေ အပေါ် သတ်ဖြတ်၊ ရိုက်နှက် ဖမ်းဆီးတာအပါအဝင် ကျယ်ပြန့်တဲ့ကျူးလွန်မှုတွေ အတွက်အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံက လုံခြုံရေးတပ်တွေရဲ့ ခုလိုလုပ်ဆောင်နေမှုတွေနဲ့ တခြား ကျယ်ပြန့်တဲ့ ချိုးဖောက်မှုတွေအတွက် အမေရိကန်အစိုးရက အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ စစ်အာဏာရှင် အနေနဲ့ မတရားဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့၊ လူမှုအဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ၊ သတင်းသမားတွေ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေကို စစ်တပ်နဲ့ရဲတွေရဲ့ သတ်ဖြတ်မှုတွေ ချက်ချင်းရပ်ပစ်ဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ ဆက်ပြီး တောင်းဆိုပါတယ်” လို့ ပြောသွားတာပါ။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ၂၀၂၀ လူ့အခွင့်ရေးဆိုင်ရာ အစီရင်ခံစာကို မတ်လ ၃၀ အင်္ဂါနေ့ ထုတ်ပြန်ချိန်မှာ ဝန်ကြီး Blinken က သူ့မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ခုလို ပြောကြားခဲ့တာပါ။

၂၀၂၀ အစီရင်ခံစာရေးပြီးတဲ့နောက်မှာမှ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပေမယ့် အဲဒီအချိန်ကစပြီး ဖြစ်ပွားနေတာတွေကို အားလုံးက မြင်တွေ့နေရတာကြောင့် ဒါကို အမေရိကန်အစိုးရက ထောက်ပြပြောဆိုရမှာ ဖြစ်ကြောင်းပြောကြားခဲ့တာပါ။

မြန်မာစစ်တပ်ဟာ အထူးသဖြင့် တပ်မတော်နေ့ ကျင်းပချိန်မှာ နိုင်ငံတဝှမ်း ဆန္ဒပြပြည်သူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာ အပါအဝင် အကြမ်းမဖက်ဆန္ဒပြနေသူရော ဘေးမှာ ရပ်ကြည့်နေသူတွေကိုပါ ပစ်ခတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီအထဲမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တွေပါ ပါဝင်နေတယ်လို့ ပြောပါတယ်။

အခုလို ကျူးလွန်သူတွေ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကျခံရစေဖို့ အမေရိကန်ပြည်ထောင်စုက သူ့မိတ်ဆွေတွေ မဟာမိတ်တွေ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အတူလက်တွဲ ဆောင်ရွက်ဖို့ သန္နိဋ္ဌာန် ချထားတယ်လို့လည်း ပြောပါတယ်။

ကမ္ဘာတဝှမ်း နိုင်ငံတွေက ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့် အခြေအနေ နှစ်ပတ်လည် အစီရင်ခံစာအကြောင်း ပြောကြားမှာ တရုတ်၊ ရုရှား၊ ယူဂန်ဒါ၊ ဗင်နီဇွဲလား၊ ဘီလားရုစ် စတဲ့ နိုင်ငံတွေက နိုင်ငံရေးအတိုက်အခံတွေကို ထင်သလို ဖမ်းဆီး၊ နှိပ်စက်ညှဉ်းပမ်းမှုတွေ၊ အီသီယိုးပီးယား နိုင်ငံ Tigray ဒေသ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ဝန်ကြီး Blinken ထည့်သွင်းပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG