သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုတွေ အတွက် အမေရိကန် ရှုတ်ချ


အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki
အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki

(Zawgyi/Unicode)

မြန်မာစစ်တပ်က စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ ပြည်သူအများအပြားကို သတ်ဖြတ်နေတာ အတွက် အမေရိကန်အစိုးရက ရှုတ်ချကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

"မြန်မာပြည်သူတွေ အပေါ် စစ်တပ်ရဲ့ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုတွေ အတွက် အမေရိကန်အစိုးရက ရှုတ်ချ ပါတယ်။ မြန်မာစစ်အာဏာရှင်ဟာ သူ့ပြည်သူတွေ အပေါ် အသက်သေစေတဲ့ အင်အားသုံးနှိမ်နင်းမှုတွေ ဆက်လုပ်နေတာ တွေ့ရပါတယ်။ မကြာခင်ကပဲ ကလေးငယ်တွေပါ အသတ်ခံနေရတာကို ကြည့်ရင် စစ်အာဏာပိုင်တွေရဲ့ ဆိုးဝါးတဲ့ကြောက်မက်ဖွယ် သဘောသဘာဝကို တွေ့နိုင်ပါတယ်" လို့ ပြောသွားတာပါ။

အခုလို မြန်မာစစ်တပ်ဘက်က လုပ်ဆောင်နေမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချထားတာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေ ကို အကြမ်းဖက်ဖြိုခွဲနေတာနဲ့ လူ့အခွင့်ရေးဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်နေသူတွေ အတွက် သူတို့ကျူးလွန်မှုအတွက် ပြန်လည်ပေးဆပ်ရမှာ ဖြစ်ကြောင်း လည်း သမ္မတအိမ်ဖြူပြောခွင့်ရ Jen Psaki က ထပ်မံပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ရဲတွေရဲ့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်မှုအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ တုန်လှုပ်ခြောက်ခြားရကြောင်း စစ်တပ်ရဲ့ အကြမ်းဖက်အုပ်စိုးမှုကို သတ္တိပြောင်မြောက်တဲ့ မြန်မာပြည်သူတွေက လက်မခံတဲ့အတွက် မြန်မာစစ်တပ်အနေနဲ့ အာဏာစွန့်ပြီး အရပ်သားအစိုးရကို အာဏာပြန်အပ်ဖို့ စနေနေ့က ပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးရာမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုတွေ အတွက် အမေရိကန် ရှုတ်ချ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်


............

(Unicode)





XS
SM
MD
LG