သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ပစ္ခတ္ခံရမႈ ရန္ကုန္ဆႏၵျပသူ တခ်ိဳ႕ေသဆံုး၊ ဒဏ္ရာရ


ရန္ကုန္ သာေကတၿမိဳ႕နယ္က ဆႏၵျပပဲြအတြင္း ျဖိဳခြင္းခံရမႈေၾကာင့္ ဒဏ္ရာရသူတဦးကို သယ္ေဆာင္လာတဲ့ ျမင္ကြင္း။ (မတ္ ၂၉၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းတာကို ဆန႔္က်င္ဆႏၵျပသူေတြအေပၚစစ္တပ္နဲ႔ရဲဘက္က လက္နက္ကိုင္အင္အားသုံး အၾကမ္းဖက္ ပစ္ခတ္မႈေတြေၾကာင့္ ဒီကေန႔မွာလည္း ရန္ကုန္ၿမိဳ႕မွာ ေသဆံုးသူေတြ ျပင္းထန္တဲ့ ဒဏ္ရာရသူေတြ ႐ွိပါတယ္။ အၾကမ္းဖက္ႏွိမ္နင္းမႈေတြၾကားက ရန္ကုန္ၿမိဳ႕ရဲ႕ဆႏၵျပသပိတ္ေတြရဲ႕ အေျခအေနအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္က ေျပာျပသြားပါမယ္။

ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲမွာ မဲအျပတ္အသတ္နဲ႔ အႏိုင္ရခဲ့တဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္က အာဏာသိမ္းလိုက္တာဟာ ရက္ေပါင္း ၅၇ ရက္ ရွိခဲ့ပါၿပီ။ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္အသီးသီးမွာ ျပဳလုပ္ေနတဲ့ ဆႏၵျပသပိတ္ေတြကို စစ္တပ္နဲ႔ ရဲေတြဘက္က အၾကမ္းဖက္ၿဖိဳခြဲတာေတြ ဆက္လုပ္ေနပါတယ္။ ဒီကေန႔မွာေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္ထဲမွာ ဆႏၵျပျပည္သူေတြကို မနက္အေစာပိုင္းက စၿပီး အင္အားသုံးၿဖိဳခြဲတာေတြေၾကာင့္ ေသဆုံးသူေတြနဲ႔ ဒဏ္ရာရသူေတြလည္း တိုးလာေနပါတယ္။ ေသဆုံးသြားသူေတြကို သယ္ေဆာင္ဖို႔နဲ႔ ဒဏ္ရာျပင္းထန္သူေတြကို ကယ္ဆယ္ႏိုင္ဖို႔အတြက္ ပစ္ခတ္မႈေတြၾကားထဲမွာ အခက္အခဲေတြရွိေနတယ္လို႔ ေျမျပင္မွာ ရွိေနတဲ့ လူငယ္တဦးက ဗီြအိုေအကိုေျပာပါတယ္။

"သူတို႔က ဝိုင္းထားတာက မနက္ပိုင္းကတည္းက... ဝိုင္းထားၿပီးေတာ့ မြန္းလြဲေလာက္ကစၿပီးေတာ့ ေတာက္ေလွ်ာက္ပစ္တာ။ တပ္အင္အားစုၿပီးေတာ့ ပတ္ပတ္လည္ေပါ့။ သံခ်ပ္ကာေတြေရာ၊ အေျမႇာက္ကားေတြေရာ အကုန္ပါလာၿပီးေတာ့ သူတို႔တပ္အင္အားျပည့္ကာမွ ဝင္ပစ္တာ။ သူတို႔က RPG နဲ႔လည္း က်ေနာ္တို႔ သဲအိတ္ banker ကို ပစ္လိုက္ေတာ့ ၅၆ ဘက္ျခမ္းမွာဆို လူဦးေရ ၂ ဦးေတာ့ စေတးထားရတယ္။ လက္ပစ္ဗုံးနဲ႔ ပစ္လိုက္တဲ့ေနရာမွာေတာ့ လူအမ်ားႀကီးထိသြားၿပီးေတာ့ လူေတြလြင့္ထြက္ကုန္တဲ့အထိ ရွိတယ္။

ေသဆုံးမႈက အဲဒီဘက္မွာ ေရတြက္လို႔မရေသးဘူး။ အခု လက္ပစ္ဗုံးေတြေရာ၊ RPG ေတြေရာ သူတို႔ဝင္ပစ္ေနတုန္းပဲ။ က်ဆုံးသူေတြကို သြားေကာက္လို႔မရဘူး... ေတာက္ေလွ်ာက္ပစ္ေနတာ...။ ဒီအေျခအေနတခုမွာ က်ေနာ္တို႔ဘက္က ျပည္သူမွာေတာ့ သူတို႔ကို ျပန္ခုခံႏိုင္သေလာက္ ခုခံရမွာပဲ။ ဒါေပမဲ့ သူတို႔က ပတ္ပတ္လည္ ဝိုင္းထားတာျဖစ္တဲ့အတြက္ အႏၲရာယ္ကေတာ့ အရမ္းမ်ားတာေပါ့။"

ဒါကေတာ့ ေတာင္ဒဂုံၿမိဳ႕နယ္တြင္းက ညေန ၅ နာရီဝန္းက်င္ အေျခအေနျဖစ္ပါတယ္။ သူေျပာခဲ့သလို လက္ပစ္ဗံုးေတြ၊ ပုခံုးထမ္းေလာင္ခ်ာ RPG ေတြနဲ႔ ပစ္တယ္လို႔ေျပာေပမဲ့ ဒါကို သီးျခားအတည္ျပဳလိုေတာ့ မရေသးပါဘူး။ ဗီဒီယုိေတြထဲမွာ ျမင္ရတာေတာ့ ေတာ္ေတာ္ေလး အားျပင္းတဲ့ လက္နက္နဲ႔ ပစ္ခတ္ပံုရပါတယ္။

ခုလို အင္အားသုံးၿဖိဳခဲြေနတာေၾကာင့္ အခုညေနေစာင္းခ်ိန္အထိ အေျခအေနေတြ တင္းမာေနတယ္လို႔ သိရပါတယ္။ ေတာင္ဒဂုံၿမိဳ႕နယ္ထဲမွာ ပစ္ခတ္မႈေတြေၾကာင့္ ဒီေန႔တရက္ထဲမွာ ေသဆုံးသူ ၁၀ ေယာက္ေလာက္႐ွိေနၿပီလို ေဒသခံေတြက ေျပာပါတယ္။ အခုအခ်ိန္အထိ အေလာင္းေတြ ေကာက္လို႔ မရတာေတြ ႐ွိေနေသးတာေၾကာင့္ အတိအက် အတည္ျပဳႏိုင္ဖုိ႔ မလြယ္ေသးပါဘူး။

သာေကတၿမိဳ႕နယ္ သုမနလမ္းဘက္မွာလည္း ဆႏၵျပသူေတြကိုလည္း ဒီေန႔ အေစာပိုင္းက လက္နက္ေတြနဲ႔ ပစ္ခတ္တာေတြေၾကာင့္ ေသဆုံးသူ တဦးနဲ႔ ဒဏ္ရာရသူေတြ ရွိခဲ့ပါတယ္။

"အခုလည္း ရပ္ကြက္ေတြမွာ သူတို႔က ဝင္ေမႊေနၾကတာပဲ။ အတိုက္အခိုက္ကေတာ့ ျပည္သူေတြက ခံရတဲ့ဘက္ကေပါ့ဗ်ာ ဘာမွမွ မရွိတာ...။ သူတို႔ဝင္လာရင္ လမ္းမွာေတြ႕သမွ်သူ အကုန္လုံးကို ပစ္တာပဲ။ ဘယ္သူရယ္လို႔လည္း မဟုတ္ဘူး၊ ႀကဳံတဲ့သူ ထိမိတာပဲ။ ဒါေပမဲ့ သိရသေလာက္ကေတာ့ ထိလိုက္ရင္ ခႏၶာကိုယ္အေပၚဘက္ျခမ္းေတြ၊ ေခါင္းေတြ၊ လက္ေတြဆိုေတာ့ အဲ့ဒီနားမွာတင္ ေသရင္ေသ၊ မေသရင္လည္း နည္းနည္းအခ်ိန္ၾကာရင္ ေသသြားတာ မ်ားပါတယ္။ ေန႔တိုင္းလည္း အဲဒီလိုမ်ိဳးျဖစ္ေနတာ။

အခုေလာေလာဆယ္ကေတာ့ ျပည္သူေတြရဲ႕ရင္ထဲကို သူတို႔ထည့္ေပးေနတာ အေၾကာက္တရားေတြ။ ၿပီးေတာ့ လမ္းမေတြေပၚ ေတြ႕တဲ့သူတိုင္း လူဟုတ္ဟုတ္၊ မဟုတ္ဟုတ္၊ မဲမဲျမင္ရာ ေလွ်ာက္ပစ္ေနေတာ့ ဘာပဲျဖစ္ျဖစ္ သာေကတသားတေယာက္ အေနနဲ႔ကေတာ့ ေတာ္ေတာ္ၾကီးကို စိတ္မေကာင္းျဖစ္မိတယ္။ ဒီလိုမ်ိဳးႀကီး လုပ္လိမ့္မယ္လို႔ တခါမွလည္း မထင္ထားဘူးဗ်။ သတ္သတ္ႀကီးကို ရက္စက္ယုတ္မာေနတဲ့ ပုံစံမ်ိဳးႀကီး။"

မတ္လ ၂၇ ရက္ စေနေန႔တုန္းက ေသဆုံးသူ ၅ ဦးထက္မနည္း ရွိခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္မွာလည္း မတ္လ ၂၈ ရက္ တနဂၤေႏြေန႔ ညပိုင္းကစၿပီး ဒီကေန႔မနက္အထိ ျပည္သူ ၉ ဦးကို စစ္တပ္နဲ႔ရဲေတြဘက္က အၾကမ္းဖက္ ဖမ္းဆီးတာေတြ ရွိခဲ့တယ္လို႔ အင္းစိန္ၿမိဳ႕နယ္အေျခစိုက္ သတင္းဌာနက ေျပာထားပါတယ္။

ခုလို တပ္ေတြဘက္က အင္အားသံုး အၾကမ္းဖက္ပစ္ခတ္ေနေပမဲ့ က်ဆုံးသြားသူေတြအတြက္ ဆူးေလဘုရားအနီးမွာ ျပည္သူေတြက ဒီေန႔ ဆုေတာင္းပြဲျပဳလုပ္ေပးခဲ့ပါတယ္။ ေႏြဦးေတာ္လွန္ေရးတိုက္ပြဲမွာ အသက္ေပးခဲ့ၾကတဲ့ သူရဲေကာင္း အာဇာနည္ေတြအတြက္ ဆုေတာင္းပြဲဆိုၿပီး ကားလမ္းမေပၚမွာ ျပဳလုပ္ခဲ့ၾကတာပါ။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPPB ရဲ႕ မတ္လ ၂၈ ရက္အထိ စာရင္းေတြအရ စစ္အာဏာရွင္ေတာ္လွန္ေရး ကာလအတြင္း က်ဆုံးခဲ့သူေပါင္း ၄၅၉ ဦးအထိ ရွိပါတယ္။ ဒီအေရအတြက္ဟာ AAPPB က ေကာက္ယူရရွိထားတဲ့ ေသဆုံးသူအေရအတြက္ ျဖစ္ၿပီး၊ စစ္တပ္နဲ႔ ရဲေတြဘက္က အင္အားသုံးအၾကမ္းဖက္လို႔ ေသဆုံးခဲ့ရသူေတြဟာ ဒီထက္မက ရွိႏိုင္တယ္လို႔လည္း ထုတ္ျပန္ထားပါတယ္။ ၂ လနီးပါးၾကာ အာဏာသိမ္းကာလအတြင္း ရာနဲ႔ခ်ီ ေသဆံုးသူေတြထဲမွာ လူမ်ိဳးဘာသာေပါင္းစုံနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ေတြလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြမ်းဖက်ပစ်ခတ်ခံရမှု ရန်ကုန်ဆန္ဒပြသူ တချို့သေဆုံး၊ ဒဏ်ရာရ

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ်စစ်တပ်နဲ့ရဲဘက်က လက်နက်ကိုင်အင်အားသုံး အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ဒီကနေ့မှာလည်း ရန်ကုန်မြို့မှာ သေဆုံးသူတွေ ပြင်းထန်တဲ့ ဒဏ်ရာရသူတွေ ရှိပါတယ်။ အကြမ်းဖက်နှိမ်နင်းမှုတွေကြားက ရန်ကုန်မြို့ရဲ့ဆန္ဒပြသပိတ်တွေရဲ့ အခြေအနေအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မဆုမွန်က ပြောပြသွားပါမယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ရက်ပေါင်း ၅၇ ရက် ရှိခဲ့ပါပြီ။ ရန်ကုန်မြို့က မြို့နယ်အသီးသီးမှာ ပြုလုပ်နေတဲ့ ဆန္ဒပြသပိတ်တွေကို စစ်တပ်နဲ့ ရဲတွေဘက်က အကြမ်းဖက်ဖြိုခွဲတာတွေ ဆက်လုပ်နေပါတယ်။ ဒီကနေ့မှာတော့ တောင်ဒဂုံမြို့နယ်ထဲမှာ ဆန္ဒပြပြည်သူတွေကို မနက်အစောပိုင်းက စပြီး အင်အားသုံးဖြိုခွဲတာတွေကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေလည်း တိုးလာနေပါတယ်။ သေဆုံးသွားသူတွေကို သယ်ဆောင်ဖို့နဲ့ ဒဏ်ရာပြင်းထန်သူတွေကို ကယ်ဆယ်နိုင်ဖို့အတွက် ပစ်ခတ်မှုတွေကြားထဲမှာ အခက်အခဲတွေရှိနေတယ်လို့ မြေပြင်မှာ ရှိနေတဲ့ လူငယ်တဦးက ဗွီအိုအေကိုပြောပါတယ်။

"သူတို့က ဝိုင်းထားတာက မနက်ပိုင်းကတည်းက... ဝိုင်းထားပြီးတော့ မွန်းလွဲလောက်ကစပြီးတော့ တောက်လျှောက်ပစ်တာ။ တပ်အင်အားစုပြီးတော့ ပတ်ပတ်လည်ပေါ့။ သံချပ်ကာတွေရော၊ အမြှောက်ကားတွေရော အကုန်ပါလာပြီးတော့ သူတို့တပ်အင်အားပြည့်ကာမှ ဝင်ပစ်တာ။ သူတို့က RPG နဲ့လည်း ကျနော်တို့ သဲအိတ် banker ကို ပစ်လိုက်တော့ ၅၆ ဘက်ခြမ်းမှာဆို လူဦးရေ ၂ ဦးတော့ စတေးထားရတယ်။ လက်ပစ်ဗုံးနဲ့ ပစ်လိုက်တဲ့နေရာမှာတော့ လူအများကြီးထိသွားပြီးတော့ လူတွေလွင့်ထွက်ကုန်တဲ့အထိ ရှိတယ်။

သေဆုံးမှုက အဲဒီဘက်မှာ ရေတွက်လို့မရသေးဘူး။ အခု လက်ပစ်ဗုံးတွေရော၊ RPG တွေရော သူတို့ဝင်ပစ်နေတုန်းပဲ။ ကျဆုံးသူတွေကို သွားကောက်လို့မရဘူး... တောက်လျှောက်ပစ်နေတာ...။ ဒီအခြေအနေတခုမှာ ကျနော်တို့ဘက်က ပြည်သူမှာတော့ သူတို့ကို ပြန်ခုခံနိုင်သလောက် ခုခံရမှာပဲ။ ဒါပေမဲ့ သူတို့က ပတ်ပတ်လည် ဝိုင်းထားတာဖြစ်တဲ့အတွက် အန္တရာယ်ကတော့ အရမ်းများတာပေါ့။"

ဒါကတော့ တောင်ဒဂုံမြို့နယ်တွင်းက ညနေ ၅ နာရီဝန်းကျင် အခြေအနေဖြစ်ပါတယ်။ သူပြောခဲ့သလို လက်ပစ်ဗုံးတွေ၊ ပုခုံးထမ်းလောင်ချာ RPG တွေနဲ့ ပစ်တယ်လို့ပြောပေမဲ့ ဒါကို သီးခြားအတည်ပြုလိုတော့ မရသေးပါဘူး။ ဗီဒီယိုတွေထဲမှာ မြင်ရတာတော့ တော်တော်လေး အားပြင်းတဲ့ လက်နက်နဲ့ ပစ်ခတ်ပုံရပါတယ်။

ခုလို အင်အားသုံးဖြိုခွဲနေတာကြောင့် အခုညနေစောင်းချိန်အထိ အခြေအနေတွေ တင်းမာနေတယ်လို့ သိရပါတယ်။ တောင်ဒဂုံမြို့နယ်ထဲမှာ ပစ်ခတ်မှုတွေကြောင့် ဒီနေ့တရက်ထဲမှာ သေဆုံးသူ ၁၀ ယောက်လောက်ရှိနေပြီလို ဒေသခံတွေက ပြောပါတယ်။ အခုအချိန်အထိ အလောင်းတွေ ကောက်လို့ မရတာတွေ ရှိနေသေးတာကြောင့် အတိအကျ အတည်ပြုနိုင်ဖို့ မလွယ်သေးပါဘူး။

သာကေတမြို့နယ် သုမနလမ်းဘက်မှာလည်း ဆန္ဒပြသူတွေကိုလည်း ဒီနေ့ အစောပိုင်းက လက်နက်တွေနဲ့ ပစ်ခတ်တာတွေကြောင့် သေဆုံးသူ တဦးနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

"အခုလည်း ရပ်ကွက်တွေမှာ သူတို့က ဝင်မွှေနေကြတာပဲ။ အတိုက်အခိုက်ကတော့ ပြည်သူတွေက ခံရတဲ့ဘက်ကပေါ့ဗျာ ဘာမှမှ မရှိတာ...။ သူတို့ဝင်လာရင် လမ်းမှာတွေ့သမျှသူ အကုန်လုံးကို ပစ်တာပဲ။ ဘယ်သူရယ်လို့လည်း မဟုတ်ဘူး၊ ကြုံတဲ့သူ ထိမိတာပဲ။ ဒါပေမဲ့ သိရသလောက်ကတော့ ထိလိုက်ရင် ခန္ဓာကိုယ်အပေါ်ဘက်ခြမ်းတွေ၊ ခေါင်းတွေ၊ လက်တွေဆိုတော့ အဲ့ဒီနားမှာတင် သေရင်သေ၊ မသေရင်လည်း နည်းနည်းအချိန်ကြာရင် သေသွားတာ များပါတယ်။ နေ့တိုင်းလည်း အဲဒီလိုမျိုးဖြစ်နေတာ။

အခုလောလောဆယ်ကတော့ ပြည်သူတွေရဲ့ရင်ထဲကို သူတို့ထည့်ပေးနေတာ အကြောက်တရားတွေ။ ပြီးတော့ လမ်းမတွေပေါ် တွေ့တဲ့သူတိုင်း လူဟုတ်ဟုတ်၊ မဟုတ်ဟုတ်၊ မဲမဲမြင်ရာ လျှောက်ပစ်နေတော့ ဘာပဲဖြစ်ဖြစ် သာကေတသားတယောက် အနေနဲ့ကတော့ တော်တော်ကြီးကို စိတ်မကောင်းဖြစ်မိတယ်။ ဒီလိုမျိုးကြီး လုပ်လိမ့်မယ်လို့ တခါမှလည်း မထင်ထားဘူးဗျ။ သတ်သတ်ကြီးကို ရက်စက်ယုတ်မာနေတဲ့ ပုံစံမျိုးကြီး။"

မတ်လ ၂၇ ရက် စနေနေ့တုန်းက သေဆုံးသူ ၅ ဦးထက်မနည်း ရှိခဲ့တဲ့ အင်းစိန်မြို့နယ်မှာလည်း မတ်လ ၂၈ ရက် တနင်္ဂနွေနေ့ ညပိုင်းကစပြီး ဒီကနေ့မနက်အထိ ပြည်သူ ၉ ဦးကို စစ်တပ်နဲ့ရဲတွေဘက်က အကြမ်းဖက် ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ အင်းစိန်မြို့နယ်အခြေစိုက် သတင်းဌာနက ပြောထားပါတယ်။

ခုလို တပ်တွေဘက်က အင်အားသုံး အကြမ်းဖက်ပစ်ခတ်နေပေမဲ့ ကျဆုံးသွားသူတွေအတွက် ဆူးလေဘုရားအနီးမှာ ပြည်သူတွေက ဒီနေ့ ဆုတောင်းပွဲပြုလုပ်ပေးခဲ့ပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ အသက်ပေးခဲ့ကြတဲ့ သူရဲကောင်း အာဇာနည်တွေအတွက် ဆုတောင်းပွဲဆိုပြီး ကားလမ်းမပေါ်မှာ ပြုလုပ်ခဲ့ကြတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPPB ရဲ့ မတ်လ ၂၈ ရက်အထိ စာရင်းတွေအရ စစ်အာဏာရှင်တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့သူပေါင်း ၄၅၉ ဦးအထိ ရှိပါတယ်။ ဒီအရေအတွက်ဟာ AAPPB က ကောက်ယူရရှိထားတဲ့ သေဆုံးသူအရေအတွက် ဖြစ်ပြီး၊ စစ်တပ်နဲ့ ရဲတွေဘက်က အင်အားသုံးအကြမ်းဖက်လို့ သေဆုံးခဲ့ရသူတွေဟာ ဒီထက်မက ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ၂ လနီးပါးကြာ အာဏာသိမ်းကာလအတွင်း ရာနဲ့ချီ သေဆုံးသူတွေထဲမှာ လူမျိုးဘာသာပေါင်းစုံနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG