သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူဆယ္နဲ႔ ဟားခါး ဆႏၵျပသူေတြ အဖမ္းဆီးခံရ


ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔က ရွမ္းျပည္နယ္ ေတာင္ၾကီးၿမိဳ႕ ဆႏၵျပပဲြအတြင္း ဖမ္းဆီးခံခဲ့ရသူတဦး။ (ေဖေဖာ္ဝါရီ ၂၈၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္း ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ ဆက္လုပ္ေနတဲ့ ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕နဲ႔ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ဘက္မွာ ဒီေန႔ ႏွိမ္နင္း ၿဖိဳခဲြခံရတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ဆက္ၿပီးေျပာျပပါဦးမယ္။

ဒီေန႔ စစ္အာဏာ႐ွင္စနစ္ ဆန္႔က်င္ဆႏၵျပပြဲေတြအေပၚ စစ္တပ္နဲ႔ ရဲတပ္ဖဲ႔ြေတြ ၿဖိဳခြင္း ဖမ္းဆီခံရတဲ့ထဲမွာ ႐ွမ္းျပည္နယ္ မူဆယ္နဲ႔ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕ေတြလည္း ပါဝင္ပါတယ္။ မူဆယ္ၿမိဳ႕မွာ ဆႏၵျပလူငယ္ ၁၀ ေယာက္ထက္မနည္း ဒီေန႔ ဖမ္းဆီးခံခဲ့ရတယ္လို႔ သပိတ္ေခါင္းေဆာင္တေယာက္က ေျပာပါတယ္။

“ဒီေန႔မနက္မွာ က်ေနာ္တို႔ ေတာင္ရပ္ကြက္ သပိတ္ေနရာကိုေပါ့ေနာ္။ စစ္ေကာင္စီရဲ႕လက္ေအာက္ခံေတြကေနၿပီးမွ လာၿပီးေတာ့ ၿဖိဳခြင္းတယ္။ ၿဖိဳခြင္းၿပီးေတာ့ က်ေနာ္တို႔ ကေလးေတြကို ဖမ္းဆီးတယ္။ ရိုက္ႏွက္တယ္။ ဖမ္းလို႔ရတာရွိတာက ၁၀ ေယာက္ေက်ာ္တယ္။ သူတို႔ကဖမ္းဆီးသြားခ်ိန္မွာ ဘာကိုေျပာသြားလဲဆိုရင္ ဒီလူေတြကို အရွင္လတ္ လတ္ကားေပၚမွာ မီးရိႈ႕ၿပီးေတာ့မွ လုပ္ျပမယ္ဆိုၿပီးေတာ့မွ ျခိမ္းေျခာက္ၿပီး အဲဒီလိုေျပာတယ္။ ဆိုေတာ့ က်ေနာ္တို႔ကစိတ္ပူတယ္ဗ်ာ။”

ဆႏၵျပစဥ္အတြင္း မူဆယ္ၿမိဳ႕ထဲက လူ၀င္မႈၾကီးၾကပ္ေရးဌာနရံုးကို ဆႏၵျပသူေတြ ၀င္ေရာက္ဖ်က္ဆီးခဲ့တယ္လို႔ သပိတ္ေခါင္းေဆာင္က ဆက္ေျပာပါတယ္။

“လ၀ကရံုး တရံုးကို က်ေနာ္တို႔ ဖ်က္စီးခဲ့တယ္။ ဒါေပမဲ့ အေရးႀကီးစာရြက္စာတမ္းေတြ က်ေနာ္တို႔ ဘာမွမထိဘူး။ ဒါေပမဲ့ သူတို႔ ထပ္က်ဴးလြန္လာရင္ေတာ့ ဌာနဆိုင္ရာစာရြက္စာတမ္းေတြ ပ်က္စီးေအာင္ သူတို႔ေၾကာင့္ က်ေနာ္တို႔ လုပ္ပစ္ရလိမ့္မယ္ေပါ့။”

ခုလုိ ႐ွမ္းျပည္နယ္ဘက္မွာ ဆႏၵျပသူေတြ ဖမ္းဆီးခံရသလို ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕မွာလည္း ဒီေန႔မနက္ အရုဏ္ဦးသပိတ္ျဖိဳခြင္းခံရျပီး လူ ၈ ဦး အဖမ္းဆီးခံထားရတယ္လို႔ ဆႏၵျပျပည္သူ တဦးကေျပာပါတယ္။

“အရုဏ္ဦးသပိတ္ကို ဆင္ႏႊဲတယ္။ အဲဒီဟာကို ရဲနဲ႔ စစ္တပ္ကေပါ့ေနာ္... လာၿဖိဳခြဲတယ္ေပါ့။ မ်က္ရည္ယိုဗံုးနဲ႔ ၿဖိဳခြဲၿပီးေတာ့ လူငယ္ေတြ ၈ ေယာက္ေလာက္ ဖမ္းထားတယ္။”

ခ်င္းျပည္နယ္ထဲမွာ ဆႏၵျပပြဲေတာ္ေတာ္မ်ားမ်ားကုိ ေရွာင္တခင္ ေျပာက္က်ားသပိတ္ပုံစံနဲ႕ ဆက္ၿပီး လုပ္ေနၾကတယ္လို႔လည္း ေျပာပါတယ္။ ခ်င္းျပည္နယ္နဲ႔ ကပ္လ်က္ စစ္တိုင္းတိုင္းထဲက ကေလးၿမိဳ႕မွာ မေန႔က စစ္တပ္နဲ႔ ရဲတပ္ဖဲ႔ြ ပစ္ခတ္ၿဖိဳခြဲမႈေၾကာင့္ ဆႏၵျပသူ ၅ ေယာက္ေသဆံုးခဲ့တဲ့ တာဟန္းရပ္ကြက္မွာ ဒီေန႔လည္း စစ္သားေတြ အလြယ္တကူ ဝင္မလာႏိုင္ေအာင္ အတားအဆီးေတြ လုပ္ၿပီး ဆႏ̔ၵျပခဲ့ၾကတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီေန႔ လံုၿခံဳေရးေတြဘက္က ႏွိမ္နင္းမႈ မ႐ွိေပမဲ့ မေန႔ညေနပိုင္းကေတာ့ ကေလးၿမိဳ႕ ပင္မသပိတ္စစ္ေၾကာင္းကို ပစ္ခတ္ၿဖိဳခြင္းခဲ့ပံုကို ကေလးၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ကေလးၿမိဳ႕အေနာက္ဘက္က တာဟန္းစခန္းေပါ့။ တာဟန္းခံတပ္ေပါ့။ ပင္မသပိတ္ကို စစ္တပ္က လာေရာက္ၿဖိဳခြင္းတာ လက္နက္ႀကီးေတြ၊ ဘာေတြသုံးၿပီးေတာ့ သူတို႔ ပစ္ခတ္တယ္။ ပစ္ခတ္ၿပီးေတာ့ အဲဒီမွာ အမ်ိဳးသမီး တစ္ ေယာက္ရယ္၊ အမ်ိဳးသား သံုး ေယာက္ရယ္ေသတယ္။ မေန႔ည ညေနပိုင္း ၃ နာရီေလာက္က သူတို႔ စပစ္တာ။ ည ၉ နာရီေလာက္ျဖစ္မယ္ ထင္ တယ္။ ကေလးၿမိဳ႕ဘက္မွာ စစ္သားေတြက ထပ္ပစ္တာ တေယာက္ထပ္ေသတယ္။ မေန႔က ၂၈ ရက္ေန႔ ကေလးၿမိဳ႕မွာ စစ္သားေတြ ပစ္သတ္လို႔ေသတာ လူအားလုံး ၅ ေယာက္ရွိတာေပါ့။ အေယာက္ ၂၀ ေက်ာ္ေလာက္ေတာ့ ဒဏ္ရာရတဲ့သူ ရွိတယ္။ ဒီတာဟန္းခံတပ္ သပိတ္ဘက္ကေန ရရာလက္နက္ဆြဲကိုင္ၿပီးေတာ့ သူတို႔ ျပန္ပစ္တာမ်ိဳးေတြ ရွိတယ္... စစ္သားေတြကိုေလ။ တူမီးေသနတ္ေတြနဲ႔ ျပန္ပစ္တာရွိတယ္။ ၿပီးေတာ့ ေလေသနတ္တို႔ ၿပီးေတာ့ လက္လုပ္ေသနတ္တို႔ အဲဒါမ်ိဳးေတြနဲ႔ ျပန္ပစ္ေတာ့ စစ္သားေတြလည္း ေတာ္ေတာ္ထိတယ္လို႔ေတာ့ေျပာတယ္။ ဘယ္ေလာက္ေသဆုံးမႈ ရွိ၊ မရွိဆိုတာေတာ့ အတည္ျပဳလို႔ မရဘူးေပါ့ေနာ္။”

ျမန္မာႏိုင္ငံအႏွံ႔က ဆႏၵျပသူေတြအေပၚ စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းခဲ့ၿပီးေနာက္ ဆႏၵျပသူေတြဘက္ကလည္း ရရာပစၥည္းေတြနဲ႔ ခုခံ တိုက္ခိုက္တာေတြ တခ်ိဳ႕႐ွိေနပါတယ္။

မူဆယ္နဲ႔ ဟားခါး ဆႏၵျပသူေတြ အဖမ္းဆီးခံရ
please wait

No media source currently available

0:00 0:02:45 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မူဆယ်နဲ့ ဟားခါး ဆန္ဒပြသူတွေ အဖမ်းဆီးခံရ

စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဆက်လုပ်နေတဲ့ ရှမ်းပြည်နယ် မူဆယ်မြို့နဲ့ ချင်းပြည်နယ် ဟားခါးမြို့ဘက်မှာ ဒီနေ့ နှိမ်နင်း ဖြိုခွဲခံရတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က ဆက်ပြီးပြောပြပါဦးမယ်။

ဒီနေ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြပွဲတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖဲ့ွတွေ ဖြိုခွင်း ဖမ်းဆီခံရတဲ့ထဲမှာ ရှမ်းပြည်နယ် မူဆယ်နဲ့ ချင်းပြည်နယ် ဟားခါးမြို့တွေလည်း ပါဝင်ပါတယ်။ မူဆယ်မြို့မှာ ဆန္ဒပြလူငယ် ၁၀ ယောက်ထက်မနည်း ဒီနေ့ ဖမ်းဆီးခံခဲ့ရတယ်လို့ သပိတ်ခေါင်းဆောင်တယောက်က ပြောပါတယ်။

“ဒီနေ့မနက်မှာ ကျနော်တို့ တောင်ရပ်ကွက် သပိတ်နေရာကိုပေါ့နော်။ စစ်ကောင်စီရဲ့လက်အောက်ခံတွေကနေပြီးမှ လာပြီးတော့ ဖြိုခွင်းတယ်။ ဖြိုခွင်းပြီးတော့ ကျနော်တို့ ကလေးတွေကို ဖမ်းဆီးတယ်။ ရိုက်နှက်တယ်။ ဖမ်းလို့ရတာရှိတာက ၁၀ ယောက်ကျော်တယ်။ သူတို့ကဖမ်းဆီးသွားချိန်မှာ ဘာကိုပြောသွားလဲဆိုရင် ဒီလူတွေကို အရှင်လတ် လတ်ကားပေါ်မှာ မီးရှို့ပြီးတော့မှ လုပ်ပြမယ်ဆိုပြီးတော့မှ ခြိမ်းခြောက်ပြီး အဲဒီလိုပြောတယ်။ ဆိုတော့ ကျနော်တို့ကစိတ်ပူတယ်ဗျာ။”

ဆန္ဒပြစဉ်အတွင်း မူဆယ်မြို့ထဲက လူဝင်မှုကြီးကြပ်ရေးဌာနရုံးကို ဆန္ဒပြသူတွေ ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ သပိတ်ခေါင်းဆောင်က ဆက်ပြောပါတယ်။

“လဝကရုံး တရုံးကို ကျနော်တို့ ဖျက်စီးခဲ့တယ်။ ဒါပေမဲ့ အရေးကြီးစာရွက်စာတမ်းတွေ ကျနော်တို့ ဘာမှမထိဘူး။ ဒါပေမဲ့ သူတို့ ထပ်ကျူးလွန်လာရင်တော့ ဌာနဆိုင်ရာစာရွက်စာတမ်းတွေ ပျက်စီးအောင် သူတို့ကြောင့် ကျနော်တို့ လုပ်ပစ်ရလိမ့်မယ်ပေါ့။”

ခုလို ရှမ်းပြည်နယ်ဘက်မှာ ဆန္ဒပြသူတွေ ဖမ်းဆီးခံရသလို ချင်းပြည်နယ် ဟားခါးမြို့မှာလည်း ဒီနေ့မနက် အရုဏ်ဦးသပိတ်ဖြိုခွင်းခံရပြီး လူ ၈ ဦး အဖမ်းဆီးခံထားရတယ်လို့ ဆန္ဒပြပြည်သူ တဦးကပြောပါတယ်။

“အရုဏ်ဦးသပိတ်ကို ဆင်နွှဲတယ်။ အဲဒီဟာကို ရဲနဲ့ စစ်တပ်ကပေါ့နော်... လာဖြိုခွဲတယ်ပေါ့။ မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲပြီးတော့ လူငယ်တွေ ၈ ယောက်လောက် ဖမ်းထားတယ်။”

ချင်းပြည်နယ်ထဲမှာ ဆန္ဒပြပွဲတော်တော်များများကို ရှောင်တခင် ပြောက်ကျားသပိတ်ပုံစံနဲ့ ဆက်ပြီး လုပ်နေကြတယ်လို့လည်း ပြောပါတယ်။ ချင်းပြည်နယ်နဲ့ ကပ်လျက် စစ်တိုင်းတိုင်းထဲက ကလေးမြို့မှာ မနေ့က စစ်တပ်နဲ့ ရဲတပ်ဖဲ့ွ ပစ်ခတ်ဖြိုခွဲမှုကြောင့် ဆန္ဒပြသူ ၅ ယောက်သေဆုံးခဲ့တဲ့ တာဟန်းရပ်ကွက်မှာ ဒီနေ့လည်း စစ်သားတွေ အလွယ်တကူ ဝင်မလာနိုင်အောင် အတားအဆီးတွေ လုပ်ပြီး ဆန္̔ဒပြခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ လုံခြုံရေးတွေဘက်က နှိမ်နင်းမှု မရှိပေမဲ့ မနေ့ညနေပိုင်းကတော့ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခဲ့ပုံကို ကလေးမြို့ခံတဦးက ပြောပါတယ်။

“ကလေးမြို့အနောက်ဘက်က တာဟန်းစခန်းပေါ့။ တာဟန်းခံတပ်ပေါ့။ ပင်မသပိတ်ကို စစ်တပ်က လာရောက်ဖြိုခွင်းတာ လက်နက်ကြီးတွေ၊ ဘာတွေသုံးပြီးတော့ သူတို့ ပစ်ခတ်တယ်။ ပစ်ခတ်ပြီးတော့ အဲဒီမှာ အမျိုးသမီး တစ် ယောက်ရယ်၊ အမျိုးသား သုံး ယောက်ရယ်သေတယ်။ မနေ့ည ညနေပိုင်း ၃ နာရီလောက်က သူတို့ စပစ်တာ။ ည ၉ နာရီလောက်ဖြစ်မယ် ထင် တယ်။ ကလေးမြို့ဘက်မှာ စစ်သားတွေက ထပ်ပစ်တာ တယောက်ထပ်သေတယ်။ မနေ့က ၂၈ ရက်နေ့ ကလေးမြို့မှာ စစ်သားတွေ ပစ်သတ်လို့သေတာ လူအားလုံး ၅ ယောက်ရှိတာပေါ့။ အယောက် ၂၀ ကျော်လောက်တော့ ဒဏ်ရာရတဲ့သူ ရှိတယ်။ ဒီတာဟန်းခံတပ် သပိတ်ဘက်ကနေ ရရာလက်နက်ဆွဲကိုင်ပြီးတော့ သူတို့ ပြန်ပစ်တာမျိုးတွေ ရှိတယ်... စစ်သားတွေကိုလေ။ တူမီးသေနတ်တွေနဲ့ ပြန်ပစ်တာရှိတယ်။ ပြီးတော့ လေသေနတ်တို့ ပြီးတော့ လက်လုပ်သေနတ်တို့ အဲဒါမျိုးတွေနဲ့ ပြန်ပစ်တော့ စစ်သားတွေလည်း တော်တော်ထိတယ်လို့တော့ပြောတယ်။ ဘယ်လောက်သေဆုံးမှု ရှိ၊ မရှိဆိုတာတော့ အတည်ပြုလို့ မရဘူးပေါ့နော်။”

မြန်မာနိုင်ငံအနှံ့က ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ပြီးနောက် ဆန္ဒပြသူတွေဘက်ကလည်း ရရာပစ္စည်းတွေနဲ့ ခုခံ တိုက်ခိုက်တာတွေ တချို့ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG