သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာအၾကမ္းဖက္ႏွိမ္နင္းမႈ ဂ်ာမဏီ ရႈတ္ခ်


ေနျပည္ေတာ္ ဆႏ̔ၵျပပဲြ ျမင္ကြင္း။ (မတ္ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္ေကာင္စီက ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ေန႔စဥ္ ရက္ဆက္ အၾကမ္းဖက္ ၿဖိဳခြဲ၊ သတ္ျဖတ္ေနတဲ့ လုပ္ရပ္ေတြ ခ်က္ျခင္း ရပ္တန္႔ၿပီး ဖမ္းဆီးထားတဲ့ ႏိုင္ငံျခားေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။ ဒီအေၾကာင္းကို ေအပီ သတင္းေဆာင္းပါးကို အေျခခံၿပီး ကိုေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပသူေတြကို လုံျခံဳေရးတပ္ဖြဲ႔ေတြက အၾကမ္းဖက္ ၿဖိဳခြဲခဲ့ေနတဲ့အေပၚ ဂ်ာမန္အစိုးရက တနလၤာေန႔မွာ ျပစ္တင္ ရႈတ္ခ်လိုက္ပါတယ္။ ဒါ့အျပင္ အၾကမ္းဖက္လုပ္ရပ္ေတြကို ခ်က္ျခင္း ရပ္တန္႔ၿပီး ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းမွာ အဆိုးရြားဆုံးအေျခအေနကို ေရာက္သြားခဲ့ေၾကာင္း ဂ်ာမနီအစိုးရ ေျပာခြင့္ရ Steffen Seibert က တနလၤာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

“ျမန္မာလုံျခံဳေရးတပ္ဖြဲ႔ေတြက လက္နက္အင္အားသုံးၿပီး အၾကမ္းဖက္ ၿဖိဳခြဲတဲ့အေပၚ ဂ်ာမနီအစိုးရအေနနဲ႔ အျပင္းအထန္ ကန္႔ကြက္ ရႈတ္ခ်ပါတယ္။ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြဟာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ပိုင္းမွာ အဆိုးရြားဆုံးအေျခအေနကို ေရာက္ခဲ့ပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပၾကသူေတြကို လက္နက္နဲ႔ အၾကမ္းဖက္ၿဖိဳခြဲတဲ့ လုပ္ရပ္ဟာ ဘယ္လိုမွ လက္ခံႏိုင္စရာ မရွိပါဘူး။”

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းခဲ့တာကို ကန္႔ကြက္ ဆႏၵျပရင္း စေနေန႔က လက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ႕ ပတ္ခတ္မႈေၾကာင့္ ေသဆုံးသြားသူ ေက်ာင္းသားလူငယ္ရဲ႕ စ်ာပနကို လိုက္လံပို႔ေဆာင္ၾကတဲ့ ပရိတ္သတ္ထဲကို လုံျခံဳေရးတပ္ဖြဲ႔ေတြက တနဂၤေႏြေန႔မွာ ပစ္ခတ္ခဲ့တာနဲ႔ပတ္သက္လို႔လည္း Steffen Seibert က -

“ျမန္မာလုံျခံဳေရးတပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္နဲ႔ ကေလးငယ္ေတြအပါအ၀င္ ေန႔စဥ္နဲ႔အမွ် ေသဆုံးမႈေတြ ျဖစ္ေနတာကို ျမင္ေတြ႕ေနရတာဟာ စိတ္ေသာက ျဖစ္စရာပါ။ အုပ္ခ်ဳပ္သူေတြက ျပည္သူလူထုကို အတၱႀကီးစြာ ၿခိမ္းေျခာက္ ေျပာဆိုေနတာေတြကလည္း အံ့အားသင့္စရာ ေကာင္းပါတယ္။”

မတ္လ ၂၇ ရက္၊ စေနေန႔ တရက္ထဲမွာတင္ လက္နက္ကိုင္တပ္ဖြဲ႔ေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခြဲမႈေၾကာင့္ အသက္ ၁၆ ႏွစ္ေအာက္ ကေလးငယ္ေတြအပါအ၀င္ လူေပါင္း ၁၁၄ ဦး ေသဆုံးခဲ့တာပါ။ အဲဒီ လုပ္ရပ္နဲ႔ပတ္သက္လို႔ ကုလသမဂၢကလူ႔အခြင့္အေရး ကိုယ္စားလွယ္က “လူေတြ အစုလိုက္အျပံဳလိုက္ သတ္ျဖတ္မႈ” လို႔ ေခၚဆိုလိုက္ၿပီး ႏိုင္ငံတကာအသိုင္းဝိုင္းက ထိေရာက္စြာ တုံ႔ျပန္ ေဆာင္ရြက္ျခင္း မရွိတဲ့အေပၚ ျပစ္တင္ ေ၀ဖန္လိုက္ပါတယ္။

ဂ်ာမနီအစိုးရအေနနဲ႔ ဒီ လက္နက္အင္အားသုံးၿပီး အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ခ်က္ျခင္းရပ္တန္႔ဖို႔ ေတာင္းဆိုေၾကာင္း ဂ်ာမန္၀န္ႀကီးခ်ဳပ္ရဲ႕ ေျပာခြင့္ရလည္းျဖစ္တဲ့ Steffen Seibert က ေျပာပါတယ္။

“ျမန္မာစစ္တပ္အေနနဲ႔ ဒီ အရပ္သားျပည္သူေတြကို လက္နက္အင္အားသုံး ၿဖိဳခြဲေနတာကို ခ်က္ျခင္းရပ္တန္႔ဖို႔ က်ေနာ္တို႔ ေတာင္းဆိုပါတယ္။ ဒါ့အျပင္ ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ခ်က္ျခင္းလႊတ္ေပးၿပီး ဒီမိုကေရစီ နည္းလမ္းက်တဲ့ တရား၀င္အဖြဲ႔အစည္းေတြကို ျပန္အသက္သြင္းေပးဖို႔ ေတာင္းဆိုပါတယ္။”

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ပိုင္း အေမရိကန္ျပည္ေထာင္စုအပါအ၀င္ အီးယူ ဥေရာပသမဂၢနဲ႔ ၿဗိတိန္ႏိုင္ငံတို႔က ျမန္မာစစ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ အေရးယူမႈေတြ အရွိန္ျမင့္ လုပ္ေဆာင္လာေနေပမဲ့ ဂ်ာမနီ အစိုးရအေနနဲ႔ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္အေပၚ သီးျခား ျပင္းထန္စြာ ေ၀ဖန္ ေျပာဆိုတာ ဒါ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

ျမန္မာအၾကမ္းဖက္ႏွိမ္နင္းမႈ ဂ်ာမဏီ ရႈတ္ခ်
please wait

No media source currently available

0:00 0:02:49 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာအကြမ်းဖက်နှိမ်နင်းမှု ဂျာမဏီ ရှုတ်ချ

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နေ့စဉ် ရက်ဆက် အကြမ်းဖက် ဖြိုခွဲ၊ သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ ချက်ခြင်း ရပ်တန့်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံခြားရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းကို အေပီ သတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲခဲ့နေတဲ့အပေါ် ဂျာမန်အစိုးရက တနင်္လာနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်တွေကို ချက်ခြင်း ရပ်တန့်ပြီး ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွဲမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်သွားခဲ့ကြောင်း ဂျာမနီအစိုးရ ပြောခွင့်ရ Steffen Seibert က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လက်နက်အင်အားသုံးပြီး အကြမ်းဖက် ဖြိုခွဲတဲ့အပေါ် ဂျာမနီအစိုးရအနေနဲ့ အပြင်းအထန် ကန့်ကွက် ရှုတ်ချပါတယ်။ အကြမ်းဖက် ဖြိုခွဲမှုတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ အဆိုးရွားဆုံးအခြေအနေကို ရောက်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို လက်နက်နဲ့ အကြမ်းဖက်ဖြိုခွဲတဲ့ လုပ်ရပ်ဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းခဲ့တာကို ကန့်ကွက် ဆန္ဒပြရင်း စနေနေ့က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပတ်ခတ်မှုကြောင့် သေဆုံးသွားသူ ကျောင်းသားလူငယ်ရဲ့ ဈာပနကို လိုက်လံပို့ဆောင်ကြတဲ့ ပရိတ်သတ်ထဲကို လုံခြုံရေးတပ်ဖွဲ့တွေက တနင်္ဂနွေနေ့မှာ ပစ်ခတ်ခဲ့တာနဲ့ပတ်သက်လို့လည်း Steffen Seibert က -

“မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ ကလေးငယ်တွေအပါအဝင် နေ့စဉ်နဲ့အမျှ သေဆုံးမှုတွေ ဖြစ်နေတာကို မြင်တွေ့နေရတာဟာ စိတ်သောက ဖြစ်စရာပါ။ အုပ်ချုပ်သူတွေက ပြည်သူလူထုကို အတ္တကြီးစွာ ခြိမ်းခြောက် ပြောဆိုနေတာတွေကလည်း အံ့အားသင့်စရာ ကောင်းပါတယ်။”

မတ်လ ၂၇ ရက်၊ စနေနေ့ တရက်ထဲမှာတင် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွဲမှုကြောင့် အသက် ၁၆ နှစ်အောက် ကလေးငယ်တွေအပါအဝင် လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့တာပါ။ အဲဒီ လုပ်ရပ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂကလူ့အခွင့်အရေး ကိုယ်စားလှယ်က “လူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု” လို့ ခေါ်ဆိုလိုက်ပြီး နိုင်ငံတကာအသိုင်းဝိုင်းက ထိရောက်စွာ တုံ့ပြန် ဆောင်ရွက်ခြင်း မရှိတဲ့အပေါ် ပြစ်တင် ဝေဖန်လိုက်ပါတယ်။

ဂျာမနီအစိုးရအနေနဲ့ ဒီ လက်နက်အင်အားသုံးပြီး အကြမ်းဖက် ဖြိုခွဲမှုတွေ ချက်ခြင်းရပ်တန့်ဖို့ တောင်းဆိုကြောင်း ဂျာမန်ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရလည်းဖြစ်တဲ့ Steffen Seibert က ပြောပါတယ်။

“မြန်မာစစ်တပ်အနေနဲ့ ဒီ အရပ်သားပြည်သူတွေကို လက်နက်အင်အားသုံး ဖြိုခွဲနေတာကို ချက်ခြင်းရပ်တန့်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးပြီး ဒီမိုကရေစီ နည်းလမ်းကျတဲ့ တရားဝင်အဖွဲ့အစည်းတွေကို ပြန်အသက်သွင်းပေးဖို့ တောင်းဆိုပါတယ်။”

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုအပါအဝင် အီးယူ ဥရောပသမဂ္ဂနဲ့ ဗြိတိန်နိုင်ငံတို့က မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေ အရှိန်မြင့် လုပ်ဆောင်လာနေပေမဲ့ ဂျာမနီ အစိုးရအနေနဲ့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ် သီးခြား ပြင်းထန်စွာ ဝေဖန် ပြောဆိုတာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

XS
SM
MD
LG