[Zawgyi/Unicode]
ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္းမွာ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖဲြ႔ေတြအၾကား တုိက္ပဲြျပင္းထန္ေနၿပီး အရပ္သားေသဆံုးတာေတြ ရိွသလို ရာနဲ႔ခ်ီတဲ့ေဒသခံေတြ စစ္ေဘးေ႐ွာင္ေနၾကရပါတယ္။ တရုတ္ - ျမန္မာနယ္စပ္ မူဆယ္၊ နမ့္ခမ္း၊ ေက်ာက္မဲဘက္မွာလည္း အေျခအေနေတြ တင္းမာေနတဲ့အေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မစုျမတ္မြန္က ေျပာျပပါမယ္။
တိုင္းရင္းသား လက္နက္ကိုင္ေတြအၾကားမွာ နယ္ေျမစိုးမုိးေရးအတြက္ အျပင္းအထန္အားၿပိဳင္ေနရာ ဒီရက္ပိုင္းမွာေတာ့ နမၼတူၿမိဳ ႔နယ္အတြင္းမွာ လက္နက္ကိုင္ ႐ွမ္းျပည္ေတာင္ပိုင္း RCSS/SSA က တဘက္၊ လက္နက္ကိုင္ ႐ွမ္းျပည္ေျမာက္ပိုင္းအဖဲြ႔ SSPP/SSA န႔ဲ တအန္း (ပေလာင္) TNLA ပူးေပါင္းတပ္ေတြက တဘက္ တိုက္ပဲြေတြ ျပင္းထန္ေနပါတယ္။
နမၼတူၿမိဳ႔နယ္ ပန္လံုေက်းရြာမွာ ၂ ရက္ဆက္တုိက္ တိုက္ပဲြျဖစ္ပြားေနၿပီး ရာနဲ႔ခ်ီတဲ့ ျပည္သူေတြ တိမ္းေရွာင္ေနရေၾကာင္းကို ေဒသခံတစ္ဦးက ဗီြအိုေအကို အခုလို ေျပာပါတယ္။
“မေန႔က မနက္ပိုင္းကေန စျဖစ္တာေပါ့။ ဒီပန္လံုဘက္ကို တပ္ေတြက ေရာက္လာေတာ့ ေက်းရြာသူ ေက်းရြာသားေတြက ေၾကာက္ၿပီးေတာ့ ထြက္ေျပးၾကတာ။ ထြက္ေျပးၿပီးေနာက္ပိုင္း လက္နက္ၾကီးေတြ ဘာေတြ က်တာေပါ့။ ေသနတ္သံေတြၾကားရတာေပါ့။ ည ၅ နာရီေလာက္ေရာက္တဲ့အခ်ိန္မွာေတာ့ အဲဒီမန္က်န္ဘုန္းၾကီးေက်ာင္း အေနာက္ဘက္က အိမ္ ၃လံုး စၿပီးေတာ့ မီးေလာင္တာေပါ့။ ဆက္ၿပီးေတာ့ မီးေလာင္သြားတာ ၆ လံုးေလာက္ျဖစ္သြားတယ္။ အဲဒါနဲ႔ ဒုကၡသည္ေတြက မိုးေတဘက္က ပန္သေျပ ေျပာင္းေရႊ႕တာလည္း ၃၀၀ ေလာက္ရိွတယ္။ ဟိုဘက္ ေရအုိးဘက္ကလည္း ၃၀၀ ေလာက္ရိွတယ္။ အဲဒါ မုိင္းမုဘက္ကလည္း ၁၀၀ ေက်ာ္ေက်ာ္ေလာက္ရိွတယ္။ေပါင္းရင္ေတာ့ ၇၀၀ ေက်ာ္ေလာက္ရိွတာေပါ့။”
တနဂၤေႏြေန႔က ျဖစ္တဲ့တုိက္ပဲြအတြင္း ပန္လံုရြာသူ အမ်ိဳးသမီးတစ္ဦး လက္နက္ၾကီးက်ည္ထိမွန္ခဲ့ရာမွာ ဒီကေန႔ လားရိႈးေဆးရံုမွာ ကြယ္လြန္သြားခဲ့ေၾကာင္းလည္း ေျပာပါတယ္။
“မေန႔က က်ည္ဆံထိတဲ့သူ ဒီေန႔ ေသသြားတယ္တဲ့။ ဖုန္းဆက္လာလုိ႔ေလ အဲဒါ။ ခုဏကပဲ ဆံုးသြားတယ္လုိ႔ ေျပာတယ္။ လားရိႈးေဆးရံုမွာ။”
တနဂၤေႏြေန႔ကလည္း မူဆယ္ၿမိဳ႕နဲ႔ ၁၀ မိုင္ခန္႔အကြာ နမ့္ေပၚေခ်ာင္းမွာ တပ္မေတာ္နဲ႔ KIA အၾကားတုိက္ပဲြျဖစ္ပြားၿပီး စစ္သားတစ္ဦးနဲ႔ အရပ္သား ၃ ဦး လက္နက္ၾကီး ထိမွန္တာေၾကာင့္ မူဆယ္ၿမိဳ ႔ တပ္မေတာ္ေဆးရံုကို ပို႔ေဆာင္ခဲ့ေၾကာင္း မူဆယ္ေဒသခံတစ္ဦးက ေျပာပါတယ္။
မတ္လ ၂၃ ရက္ေန႔ကလည္း ေက်ာက္မဲၿမိဳ႔နယ္နဲ႔ သီေပါၿမိဳ ႔နယ္ဘက္ေတြမွာ RCSS/SSA နဲ႔ SSPP/SSA။ TNLA အဖဲြ႔ေတြ တိုက္ပြဲေတြ ျဖစ္ခဲ့ပါေသးတယ္။
တခါ နမ့္ခမ္းၿမိဳ႕ထဲထဲမွာ မတ္လ ၂၅ ရက္ေန႔မွာ ေျမာက္ပိုင္းမဟာမိတ္တပ္ေတြျဖစ္တဲ့ TNLA တအန္း (ပေလာင္) နဲ႔ MNDAA ကိုးကန္႔တပ္ေတြနဲ႔ အစိုးရတပ္ေတြၾကား တိုက္ပြဲျဖစ္ခဲ့တာေၾကာင့္ အနီးအနားရြာက လူ ၂၀၀ ေလာက္က နမ့္ခမ္းၿမိဳ႕မွာ တိမ္းေရွာင္ေနရဆဲျဖစ္ေၾကာင္း နမ့္ခမ္းက ကယ္ဆယ္ေရးအဖဲြ႔၀င္ တစ္ဦးက ေျပာပါတယ္။
“အဲဒီမွာ တစ္ရက္လံုးလံုးျဖစ္တယ္။ ညေနအထိေပါ့ေနာ္။ ရြာက လူေတြက စစ္ေရွာင္လာတာေ့ပါေနာ္။ က်ေနာ္တုိ႔ နမ့္ခမ္းကို။ စစ္ေရွာင္လာတာ နမ့္တမ္းရယ္၊ နမ့္ေကာင္းရယ္၊ မန္ကန္ရယ္ ၃ ရြာေပါ့။ ခုခ်ိန္ထိ မျပန္ေသးဘူး။ ၂၀၀ ေက်ာ္ရိွတယ္။”
ေက်ာက္မဲၿမိဳ႕နယ္ ေတာ့ဆန္ေက်းရြာဘက္မွာေတာ့ လက္ရိွ အခ်ိန္ထိ စစ္ေရးတင္းမာမႈေတြ ရိွေနတာေၾကာင့္ စစ္ေရွာင္ ၆၀၀ ေလာက္ဟာ တစ္လေက်ာ္သည္အထိ ေနရပ္မျပန္ႏိုင္ၾကေသးပါဘူး။ သီေပါၿမိဳ ႔ေပၚတိမ္းေရွာင္လာနဲ႔ စစ္ေဘးဒုကၡသည္အမ်ားစုကေတာ့ ေနရပ္ျပန္ကုန္ၾကပါၿပီ။ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာ ေဘးလြတ္ရာ တိမ္းေ႐ွာင္ေနၾကရတဲ့ စစ္ေဘးေ႐ွာင္သူေတြဟာ ၿမိဳ ႔ေပၚဆႏၵျပပဲြေတြေၾကာင့္ အကူအညီ အေထာက္အပံ့ေတြ မရရိွႏိုင္ဘဲ စားေရးေသာက္ေရး အခက္အခဲေတြ ႀကံဳေနၾကရပါတယ္။
[Unicode Version]
နမ္မတူမြို့နယ်တွင်း ရှမ်းပြည်နယ်လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး အရပ်သားသေဆုံးတာတွေ ရှိသလို ရာနဲ့ချီတဲ့ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ တရုတ် - မြန်မာနယ်စပ် မူဆယ်၊ နမ့်ခမ်း၊ ကျောက်မဲဘက်မှာလည်း အခြေအနေတွေ တင်းမာနေတဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေအကြားမှာ နယ်မြေစိုးမိုးရေးအတွက် အပြင်းအထန်အားပြိုင်နေရာ ဒီရက်ပိုင်းမှာတော့ နမ္မတူမြို့နယ်အတွင်းမှာ လက်နက်ကိုင် ရှမ်းပြည်တောင်ပိုင်း RCSS/SSA က တဘက်၊ လက်နက်ကိုင် ရှမ်းပြည်မြောက်ပိုင်းအဖွဲ့ SSPP/SSA နဲ့ တအန်း (ပလောင်) TNLA ပူးပေါင်းတပ်တွေက တဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
နမ္မတူမြို့နယ် ပန်လုံကျေးရွာမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ ပြည်သူတွေ တိမ်းရှောင်နေရကြောင်းကို ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“မနေ့က မနက်ပိုင်းကနေ စဖြစ်တာပေါ့။ ဒီပန်လုံဘက်ကို တပ်တွေက ရောက်လာတော့ ကျေးရွာသူ ကျေးရွာသားတွေက ကြောက်ပြီးတော့ ထွက်ပြေးကြတာ။ ထွက်ပြေးပြီးနောက်ပိုင်း လက်နက်ကြီးတွေ ဘာတွေ ကျတာပေါ့။ သေနတ်သံတွေကြားရတာပေါ့။ ည ၅ နာရီလောက်ရောက်တဲ့အချိန်မှာတော့ အဲဒီမန်ကျန်ဘုန်းကြီးကျောင်း အနောက်ဘက်က အိမ် ၃လုံး စပြီးတော့ မီးလောင်တာပေါ့။ ဆက်ပြီးတော့ မီးလောင်သွားတာ ၆ လုံးလောက်ဖြစ်သွားတယ်။ အဲဒါနဲ့ ဒုက္ခသည်တွေက မိုးတေဘက်က ပန်သပြေ ပြောင်းရွှေ့တာလည်း ၃၀၀ လောက်ရှိတယ်။ ဟိုဘက် ရေအိုးဘက်ကလည်း ၃၀၀ လောက်ရှိတယ်။ အဲဒါ မိုင်းမုဘက်ကလည်း ၁၀၀ ကျော်ကျော်လောက်ရှိတယ်။ပေါင်းရင်တော့ ၇၀၀ ကျော်လောက်ရှိတာပေါ့။”
တနင်္ဂနွေနေ့က ဖြစ်တဲ့တိုက်ပွဲအတွင်း ပန်လုံရွာသူ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ခဲ့ရာမှာ ဒီကနေ့ လားရှိုးဆေးရုံမှာ ကွယ်လွန်သွားခဲ့ကြောင်းလည်း ပြောပါတယ်။
“မနေ့က ကျည်ဆံထိတဲ့သူ ဒီနေ့ သေသွားတယ်တဲ့။ ဖုန်းဆက်လာလို့လေ အဲဒါ။ ခုဏကပဲ ဆုံးသွားတယ်လို့ ပြောတယ်။ လားရှိုးဆေးရုံမှာ။”
တနင်္ဂနွေနေ့ကလည်း မူဆယ်မြို့နဲ့ ၁၀ မိုင်ခန့်အကွာ နမ့်ပေါ်ချောင်းမှာ တပ်မတော်နဲ့ KIA အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်သားတစ်ဦးနဲ့ အရပ်သား ၃ ဦး လက်နက်ကြီး ထိမှန်တာကြောင့် မူဆယ်မြို့ တပ်မတော်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၃ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်ဘက်တွေမှာ RCSS/SSA နဲ့ SSPP/SSA။ TNLA အဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။
တခါ နမ့်ခမ်းမြို့ထဲထဲမှာ မတ်လ ၂၅ ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေဖြစ်တဲ့ TNLA တအန်း (ပလောင်) နဲ့ MNDAA ကိုးကန့်တပ်တွေနဲ့ အစိုးရတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် အနီးအနားရွာက လူ ၂၀၀ လောက်က နမ့်ခမ်းမြို့မှာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း နမ့်ခမ်းက ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“အဲဒီမှာ တစ်ရက်လုံးလုံးဖြစ်တယ်။ ညနေအထိပေါ့နော်။ ရွာက လူတွေက စစ်ရှောင်လာတာေ့ပါနော်။ ကျနော်တို့ နမ့်ခမ်းကို။ စစ်ရှောင်လာတာ နမ့်တမ်းရယ်၊ နမ့်ကောင်းရယ်၊ မန်ကန်ရယ် ၃ ရွာပေါ့။ ခုချိန်ထိ မပြန်သေးဘူး။ ၂၀၀ ကျော်ရှိတယ်။”
ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာဘက်မှာတော့ လက်ရှိ အချိန်ထိ စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် စစ်ရှောင် ၆၀၀ လောက်ဟာ တစ်လကျော်သည်အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ သီပေါမြို့ပေါ်တိမ်းရှောင်လာနဲ့ စစ်ဘေးဒုက္ခသည်အများစုကတော့ နေရပ်ပြန်ကုန်ကြပါပြီ။ ကျောက်မဲမြို့နယ်ထဲမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်သူတွေဟာ မြို့ပေါ်ဆန္ဒပြပွဲတွေကြောင့် အကူအညီ အထောက်အပံ့တွေ မရရှိနိုင်ဘဲ စားရေးသောက်ရေး အခက်အခဲတွေ ကြုံနေကြရပါတယ်။