သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္အရာရွိႏွစ္ဦးအျခားအဆင့္ႏွစ္ဦးသတ္ခံရမႈ ရြာသားေလးဦးဖမ္းဆီး


ေခ်ာက္အတြင္းပ်က္က်ေနေသာတပ္မေတာ္ကား။ ဓါတ္ပုံ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

Zawgyi/Unicode

ရွမ္းျပည္နယ္(ေတာင္ပိုင္း) နယ္ေျမခံတပ္ရင္းက အရာရွိ ၂ ဦး၊ အျခားအဆင့္ ၂ ဦး ေပါင္း (၄) ဦးတို႔ကို သတ္ျဖတ္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖယ္ခုံၿမိဳ႕နယ္က႐ြာသား (၄) ဦးကို အေရးယူထားတဲ့အေၾကာင္း ဗီြအိုေအသတင္းေထာက္ ႏိုင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

အုပ္ခ်ဳပ္မႈကိစၥေဆာင္႐ြက္ဖို႔ ေမာ္ေတာ္ယာဥ္နဲ႔လာတဲ့ျမန္မာစစ္တပ္အရာရွိ (၂) ဦးအပါဝင္ (၄)ဦးကို ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံ ၿမိဳ႕နယ္အတြင္း ေဒသခံ႐ြာသားေတြက ဖမ္းဆီးလုပ္ႀကံခဲ့တယ္လို႔ တပ္မေတာ္ဘက္က ထုတ္ျပန္ထားပါတယ္။

မတ္ ၁၅ ရက္ေန႔က အရပ္ဝတ္နဲ႔ ျမန္မာစစ္တပ္က (၄) ဦးကို လူတစုကေန ဖယ္ခုံၿမိဳ႕နယ္လယ္ထြန္ေက်း႐ြာအေရွ႕ေျမာက္ဘက္ ေတာင္ကုန္းေပၚကို ၎တို႔စီးနင္းလာတဲ့ယာဥ္ႏွဲ႔အတူ ေခၚေဆာင္သြားေၾကာင္း မတ္(၁၉) ရက္ကရွာေဖြခဲ့ရာမွာ ၃၅ ေပခန႔္နက္တဲ့ ေခ်ာက္အတြင္း ကား(၁)စီး မီးေလာင္ေနတာ ေတြ႔ရွိရသလို ၎ေနရာတဝိုက္ ဆက္လက္ရွာေဖြခဲ့ရာ က်င္း ၁ က်င္းအတြင္း လက္ျပန္ႀကိဳးတုပ္ထားလ်က္ေသဆုံးေနတဲ့ အရပ္ဝတ္နဲ႔အေလာင္းေတြကို ေတြ႔ရွိရတယ္လို႔ တပ္မေတာ္ဘက္က ဆိုပါတယ္။

အဆိုပါ လုပ္ႀကံသတ္ျဖတ္မႈမွာပါဝင္သူလို႔ယုံၾကည္ရတဲ့ဖယ္ခုံၿမိဳ႕ လယ္ထြန္းေက်း႐ြာေန ဦးေကေကာ္ရီ႐ို ၅၅ ႏွစ္နဲ႔ ဦးေမာင္လာ ၄၈ႏွစ္၊ဖာလိုင္ေတာင္ေျခေက်း႐ြာေန ဦးေမာင္ၿငိမ္း ၅၁ ႏွစ္၊ ဦးေမာင္ခုန္း ၄၅ ႏွစ္အပါဝင္ ႐ြာသား (၄) ဦးကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိၿပီး ဥပေဒႏွင့္အညီ ထိေရာက္ျပင္းထန္စြာ အျမန္ဆုံးအေရးယူႏိုင္ေရး ေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္႐ုံးကေန သတင္းထုတ္ျပန္ထားပါတယ္။

အရပ္ဝတ္နဲ႔လာတဲ့တပ္မေတာ္သားေတြကို ဖယ္ခုံၿမိဳ႕နယ္ ေဒသခံ႐ြာသားတခ်ိဳ႕က ဖမ္းဆီးခဲ့ေၾကာင္းကိုေတာ့ ေဒသခံတဦးက ေျပာပါတယ္။

“သာမန္အရပ္သားေတြဆို မဖမ္းဘူးေပါ့။ ဒါေပမယ့္ သူတို႔က ဆိုင္ထဲမွာဘီယာဝင္ဝယ္ရင္းနဲ႔ စစ္သားမွန္း ႐ြာေတြကသိေတာ့ တခါတည္း ဖမ္းခ်ဳပ္လိုက္တာေပါ့။ ဖမ္းခ်ဳပ္လိုက္တယ္ဆိုတဲ့ဟာမ်ိဳးေတြျဖစ္သြားတယ္။”

ဒါေပမယ့္ တိုးတက္ေသာကရင္နီျပည္သူ႔အင္အားစု - PKPF သတင္းႏွင့္ျပန္ၾကားေရးဗ်ဴ႐ိုကေတာ့ ျမန္မာစစ္တပ္က (၄) ဦးဟာ ေက်း႐ြာအတြင္း မူး႐ူးရမ္းကားၿပီး အရက္ေသာက္လြန္လို႔ မိုးၿဗဲ ၄၂၂ တပ္ရင္း အနီးအနားက မိုးၿဗဲေရေလွာင္ကန္ထဲကေရနစ္ေသဆုံးတာျဖစ္ၿပီး ေဒသခံဖမ္းဆီးသတ္ျဖတ္ေၾကာင္းအေၾကာင္းျပခ်က္နဲ႔ အဲဒီေဒသမွာ တပ္စြဲတာ လူဖမ္းဆီးတာျဖစ္တယ္လို႔ ဒီကေန႔မွာ ထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ဘက္က႐ြာသား (၄) ဦးဖမ္းဆီးထားေၾကာင္း ကယားျပည္နယ္အေျခစိုက္ LAIN နည္းပညာ အေထာက္အကူျပဳအဖြဲ႔ တာဝန္ရွိသူကိုေက်ာ္ထင္ေအာင္က အတည္ျပဳေျပာပါတယ္။

“ေတာ္ေတာ္မ်ားမ်ားေတာ့ျပန္လြတ္လာၿပီးေတာ့မွ ေက်း႐ြာလူႀကီးေဟာင္းတဦးနဲ႔က်န္တဲ့ (၃) ဦးအထိျဖစ္ႏိုင္တယ္ေပါ့ေနာ္။ အားလုံးေပါင္း (၄) ဦး က်န္ေသးတယ္ဆိုတဲ့ အေျခအေနရွိပါတယ္ခင္ဗ်။”

ျမန္မာစစ္တပ္က (၄) ဦးေပ်ာက္ဆုံးမႈကိုအေၾကာင္းျပဳၿပီး ျမန္မာစစ္တပ္စစ္ေၾကာင္းကေန မတ္လ (၁၈) ရက္ေန႔မွာ ဖယ္ခုံၿမိဳ႕နယ္ မိုးၿဗဲၿမိဳ႕က ေဆာင္ကန္းေက်း႐ြာ လယ္ထြန္႐ြာနဲ႔ ဝွာရီေတာင္ေျခ႐ြာေတြကို စစ္တပ္အင္အားအလုံးအရင္းနဲ႔ ေရာက္ရွိလာခဲ့ရာမွာ ႐ြာသားေတြ တားဆီးဆႏၵေဖာ္ထုတ္ခဲ့လို႔ သပိတ္ၿဖိဳခြင္းမႈ ျဖစ္ပြါးခဲ့ပါတယ္။ ဒီျဖစ္စဥ္မွာ ၾကားဝင္ညႇိႏႈိင္းေပးတဲ့ သပိတ္ေခါင္း ေဆာင္ခြန္မ်ိဳးလႈိင္ဝင္းနဲ႔႐ြာသား (၃၀) ေက်ာ္ကို ျမန္မာစစ္တပ္ကေန ဖမ္းဆီးသြားခဲ့ပါတယ္။ ဒီအေျခအေနကို ကိုယ္တိုင္အဖမ္းခံရသူ ခြန္မ်ိဳးလႈိင္ဝင္းကအခုလိုေျပာပါတယ္။

“အဖမ္းခံရတယ္ကြၽန္ေတာ္တို႔သိတဲ့အခ်ိန္မွာ စစ္တပ္ေတြက ႐ြာထဲကိုအလုံးအရင္းနဲ႔ဝင္လာတယ္။ သူတို႔လူအသတ္ခံရ ပါတယ္ဒီ႐ြာမွာ သတင္းအတိက်ရပါတယ္ဆိုၿပီးေတာ့ လာေရာက္ရွာေဖြေတာ့ ႐ြာသူ႐ြာသားေတြနဲ႔စစ္တပ္နဲ႔ထိပ္တိုက္ေတြ႔တယ္။ ထိပ္တိုက္ေတြ႔ေတာ့ က်ေနာ္တို႔ ၾကားဝင္ညႇိႏႈိင္းျဖန္ေျဖေပးတာေပါ့။ ၾကားဝင္ျဖန္ေျဖေပးရင္းနဲ႔ ႐ြာသူ႐ြာသားေတြလက္ခံလို႔ စစ္တပ္ကေန႐ြာထဲမွာဝင္ရွာေဖြတာ သူတို႔က လက္ခံတယ္။ ဘာမွမေတြ႔ေတာ့ျပန္ထြက္သြားတယ္။ ျပန္ထြက္သြားၿပီး စစ္တပ္ေတြျပန္လာေတာ့ ႐ုတ္တရက္မထင္မွတ္အခ်ိန္မွာ ရာဘာက်ည္တို႔ မ်က္ရည္ယိုဗုံးတို႔ က်ည္အစစ္နဲ႔ပစ္ၿပီးၿဖိဳခြဲတာေပါ့။ ႐ြာထဲမွာတပ္စြဲထားတယ္။ သူတို႔စစ္သည္ေတာ္ (၄) ေယာက္ အေလာင္းမရမခ်င္း ဒီ႐ြာမွာပဲ တပ္စြဲထားမယ္။ ေနာက္ၿပီးေတာ့မသကၤာသူေတြကို အားလုံးဖမ္းထားမယ္။ စစ္ေဆးေမးျမန္းမယ္ဆိုၿပီး အဲဒီလိုလုပ္လိုက္တာေပါ့။ သူတို႔က။ သူတို႔လည္း ျပန္လြတ္လာတယ္။ က်ေနာ္နဲ႔တူတူပဲ။ ဒါေပမယ့္ သူတို႔ကေတာ့စစ္ေၾကာေရးမွာ ႐ိုက္ႏွက္ပုတ္ခတ္တာတို႔ ခံရတာေပါ့။”

လုပ္ႀကံသူလို႔စြပ္စြဲခံရတဲ့လူ (၄) ဦးကလြဲရင္ က်န္တဲ့အဖမ္းဆီးခံရသူေတြကိုေတာ့ ျမန္မာစစ္တပ္ကေန စီစစ္အၿပီး ျပန္လြတ္လာၿပီးလို႔ ခြန္မ်ိဳးလႈိင္ဝင္းကေျပာပါတယ္။

ေဖေဖာ္ဝါရီ (၁) ရက္ေန႔တုန္းက မဲမသမာမႈကိုအေၾကာင္းျပဳၿပီးတပ္မေတာ္ကေန ႏိုင္ငံေတာ္အာဏာကိုထိန္းသိမ္းထားခဲ့ၿပီး ေနာက္ပိုင္း တႏိုင္ငံလုံး အတိုင္းအတာဆန႔္က်င္သပိတ္ေမွာက္ဆႏၵျပမႈျဖစ္ပြါးခဲ့ပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ဆႏၵျပတာ ရက္ရွည္လာသလို လုံၿခဳံေရးအဖြဲ႔ေတြရဲ႕သပိတ္ၿဖိဳခြင္းမႈကလည္း အရွိန္ျပင္းလာတာေၾကာင့္ ေသဆုံးဒဏ္ရာရရွိမႈေတြကလည္း မ်ားျပားလာေနၿပီး တခ်ိဳ႕ေဒသေတြမွာ ဆႏၵျပသူေတြကေန လုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြကိုရတဲ့နည္းလမ္းနဲ႔ တုံ႔ျပန္မႈေတြကလည္း ရွိလာေနပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


Unicode

မြန်မာစစ်တပ်အရာရှိနှစ်ဦးအခြားအဆင့်နှစ်ဦးသတ်ခံရမှု ရွာသားလေးဦးဖမ်းဆီး

ရှမ်းပြည်နယ်(တောင်ပိုင်း) နယ်မြေခံတပ်ရင်းက အရာရှိ ၂ ဦး၊ အခြားအဆင့် ၂ ဦး ပေါင်း (၄) ဦးတို့ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖယ်ခုံမြို့နယ်ကရွာသား (၄) ဦးကို အရေးယူထားတဲ့အကြောင်း ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

အုပ်ချုပ်မှုကိစ္စဆောင်ရွက်ဖို့ မော်တော်ယာဉ်နဲ့လာတဲ့မြန်မာစစ်တပ်အရာရှိ (၂) ဦးအပါဝင် (၄)ဦးကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်အတွင်း ဒေသခံရွာသားတွေက ဖမ်းဆီးလုပ်ကြံခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

မတ် ၁၅ ရက်နေ့က အရပ်ဝတ်နဲ့ မြန်မာစစ်တပ်က (၄) ဦးကို လူတစုကနေ ဖယ်ခုံမြို့နယ်လယ်ထွန်ကျေးရွာအရှေ့မြောက်ဘက် တောင်ကုန်းပေါ်ကို ၎င်းတို့စီးနင်းလာတဲ့ယာဉ်နှဲ့အတူ ခေါ်ဆောင်သွားကြောင်း မတ်(၁၉) ရက်ကရှာဖွေခဲ့ရာမှာ ၃၅ ပေခန့်နက်တဲ့ ချောက်အတွင်း ကား(၁)စီး မီးလောင်နေတာ တွေ့ရှိရသလို ၎င်းနေရာတဝိုက် ဆက်လက်ရှာဖွေခဲ့ရာ ကျင်း ၁ ကျင်းအတွင်း လက်ပြန်ကြိုးတုပ်ထားလျက်သေဆုံးနေတဲ့ အရပ်ဝတ်နဲ့အလောင်းတွေကို တွေ့ရှိရတယ်လို့ တပ်မတော်ဘက်က ဆိုပါတယ်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုမှာပါဝင်သူလို့ယုံကြည်ရတဲ့ဖယ်ခုံမြို့ လယ်ထွန်းကျေးရွာနေ ဦးကေကော်ရီရို ၅၅ နှစ်နဲ့ ဦးမောင်လာ ၄၈နှစ်၊ဖာလိုင်တောင်ခြေကျေးရွာနေ ဦးမောင်ငြိမ်း ၅၁ နှစ်၊ ဦးမောင်ခုန်း ၄၅ နှစ်အပါဝင် ရွာသား (၄) ဦးကို စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အမြန်ဆုံးအရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ထားပါတယ်။

အရပ်ဝတ်နဲ့လာတဲ့တပ်မတော်သားတွေကို ဖယ်ခုံမြို့နယ် ဒေသခံရွာသားတချို့က ဖမ်းဆီးခဲ့ကြောင်းကိုတော့ ဒေသခံတဦးက ပြောပါတယ်။

“သာမန်အရပ်သားတွေဆို မဖမ်းဘူးပေါ့။ ဒါပေမယ့် သူတို့က ဆိုင်ထဲမှာဘီယာဝင်ဝယ်ရင်းနဲ့ စစ်သားမှန်း ရွာတွေကသိတော့ တခါတည်း ဖမ်းချုပ်လိုက်တာပေါ့။ ဖမ်းချုပ်လိုက်တယ်ဆိုတဲ့ဟာမျိုးတွေဖြစ်သွားတယ်။”

ဒါပေမယ့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု - PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုကတော့ မြန်မာစစ်တပ်က (၄) ဦးဟာ ကျေးရွာအတွင်း မူးရူးရမ်းကားပြီး အရက်သောက်လွန်လို့ မိုးဗြဲ ၄၂၂ တပ်ရင်း အနီးအနားက မိုးဗြဲရေလှောင်ကန်ထဲကရေနစ်သေဆုံးတာဖြစ်ပြီး ဒေသခံဖမ်းဆီးသတ်ဖြတ်ကြောင်းအကြောင်းပြချက်နဲ့ အဲဒီဒေသမှာ တပ်စွဲတာ လူဖမ်းဆီးတာဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်ကရွာသား (၄) ဦးဖမ်းဆီးထားကြောင်း ကယားပြည်နယ်အခြေစိုက် LAIN နည်းပညာ အထောက်အကူပြုအဖွဲ့ တာဝန်ရှိသူကိုကျော်ထင်အောင်က အတည်ပြုပြောပါတယ်။

“တော်တော်များများတော့ပြန်လွတ်လာပြီးတော့မှ ကျေးရွာလူကြီးဟောင်းတဦးနဲ့ကျန်တဲ့ (၃) ဦးအထိဖြစ်နိုင်တယ်ပေါ့နော်။ အားလုံးပေါင်း (၄) ဦး ကျန်သေးတယ်ဆိုတဲ့ အခြေအနေရှိပါတယ်ခင်ဗျ။”

မြန်မာစစ်တပ်က (၄) ဦးပျောက်ဆုံးမှုကိုအကြောင်းပြုပြီး မြန်မာစစ်တပ်စစ်ကြောင်းကနေ မတ်လ (၁၈) ရက်နေ့မှာ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့က ဆောင်ကန်းကျေးရွာ လယ်ထွန်ရွာနဲ့ ဝှာရီတောင်ခြေရွာတွေကို စစ်တပ်အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာခဲ့ရာမှာ ရွာသားတွေ တားဆီးဆန္ဒဖော်ထုတ်ခဲ့လို့ သပိတ်ဖြိုခွင်းမှု ဖြစ်ပွါးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ကြားဝင်ညှိနှိုင်းပေးတဲ့ သပိတ်ခေါင်း ဆောင်ခွန်မျိုးလှိုင်ဝင်းနဲ့ရွာသား (၃၀) ကျော်ကို မြန်မာစစ်တပ်ကနေ ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီအခြေအနေကို ကိုယ်တိုင်အဖမ်းခံရသူ ခွန်မျိုးလှိုင်ဝင်းကအခုလိုပြောပါတယ်။

“အဖမ်းခံရတယ်ကျွန်တော်တို့သိတဲ့အချိန်မှာ စစ်တပ်တွေက ရွာထဲကိုအလုံးအရင်းနဲ့ဝင်လာတယ်။ သူတို့လူအသတ်ခံရ ပါတယ်ဒီရွာမှာ သတင်းအတိကျရပါတယ်ဆိုပြီးတော့ လာရောက်ရှာဖွေတော့ ရွာသူရွာသားတွေနဲ့စစ်တပ်နဲ့ထိပ်တိုက်တွေ့တယ်။ ထိပ်တိုက်တွေ့တော့ ကျနော်တို့ ကြားဝင်ညှိနှိုင်းဖြန်ဖြေပေးတာပေါ့။ ကြားဝင်ဖြန်ဖြေပေးရင်းနဲ့ ရွာသူရွာသားတွေလက်ခံလို့ စစ်တပ်ကနေရွာထဲမှာဝင်ရှာဖွေတာ သူတို့က လက်ခံတယ်။ ဘာမှမတွေ့တော့ပြန်ထွက်သွားတယ်။ ပြန်ထွက်သွားပြီး စစ်တပ်တွေပြန်လာတော့ ရုတ်တရက်မထင်မှတ်အချိန်မှာ ရာဘာကျည်တို့ မျက်ရည်ယိုဗုံးတို့ ကျည်အစစ်နဲ့ပစ်ပြီးဖြိုခွဲတာပေါ့။ ရွာထဲမှာတပ်စွဲထားတယ်။ သူတို့စစ်သည်တော် (၄) ယောက် အလောင်းမရမချင်း ဒီရွာမှာပဲ တပ်စွဲထားမယ်။ နောက်ပြီးတော့မသင်္ကာသူတွေကို အားလုံးဖမ်းထားမယ်။ စစ်ဆေးမေးမြန်းမယ်ဆိုပြီး အဲဒီလိုလုပ်လိုက်တာပေါ့။ သူတို့က။ သူတို့လည်း ပြန်လွတ်လာတယ်။ ကျနော်နဲ့တူတူပဲ။ ဒါပေမယ့် သူတို့ကတော့စစ်ကြောရေးမှာ ရိုက်နှက်ပုတ်ခတ်တာတို့ ခံရတာပေါ့။”

လုပ်ကြံသူလို့စွပ်စွဲခံရတဲ့လူ (၄) ဦးကလွဲရင် ကျန်တဲ့အဖမ်းဆီးခံရသူတွေကိုတော့ မြန်မာစစ်တပ်ကနေ စီစစ်အပြီး ပြန်လွတ်လာပြီးလို့ ခွန်မျိုးလှိုင်ဝင်းကပြောပါတယ်။

ေဖေဖော်ဝါရီ (၁) ရက်နေ့တုန်းက မဲမသမာမှုကိုအကြောင်းပြုပြီးတပ်မတော်ကနေ နိုင်ငံတော်အာဏာကိုထိန်းသိမ်းထားခဲ့ပြီး နောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာဆန့်ကျင်သပိတ်မှောက်ဆန္ဒပြမှုဖြစ်ပွါးခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြတာ ရက်ရှည်လာသလို လုံခြုံရေးအဖွဲ့တွေရဲ့သပိတ်ဖြိုခွင်းမှုကလည်း အရှိန်ပြင်းလာတာကြောင့် သေဆုံးဒဏ်ရာရရှိမှုတွေကလည်း များပြားလာနေပြီး တချို့ဒေသတွေမှာ ဆန္ဒပြသူတွေကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရတဲ့နည်းလမ်းနဲ့ တုံ့ပြန်မှုတွေကလည်း ရှိလာနေပါတယ်ခင်ဗျာ။

#MyanmarMilitary #MyanmarArrest #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG