သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာလံုးဆိုင္ရာ စိန္ေခၚမႈေတြ ရင္ဆိုင္ဖို႔ မဟာမိတ္လိုအပ္ (ကန္၀န္ႀကီး Blinken)


အေမရိကန္ နိုင္ငံျခားေရး၀န္ၾကီး Antony Blinken

(Zawgyi/Unicode)

အခုလို COVID-19 ကပ္ေဘးနဲ ့တရုတ္ရဲ႕ ရန္လိုမႈ တိုးပြားေနတဲ့ ကာလမ်ိဴးမွာ မဟာမိတ္ေတြ ျပန္လည္တည္ေဆာက္ေရးနဲ ့ျပန္လည္ သက္၀င္လႈပ္ရွားလာေစေရး ဘိုင္ဒန္အစိုးရရဲ႕ ကတိက၀တ္အတြက္ က်ယ္က်ယ္ျပန္ ့ေထာက္ခံမႈရရွိေနတယ္လို ့အေမရိကန္ နိုင္ငံျခားေရး၀န္ၾကီး Antony Blinken ဗုဒၶဟူးေန ့က Brussels ျမိဳ ့မွာ ေျပာဆိုလိုက္ပါတယ္။

သူက NATO အဖြဲ ့၀င္နိုင္ငံေတြရဲ့ ၀န္ၾကီးမ်ားကို ေျပာၾကားရာမွာ မဟာမိတ္ေတြနဲ ့ဆက္လက္ ရပ္တည္ေနတာဟာ အေမရိကန္နိုင္ငံျခားေရးရည္မွန္းခ်က္ေတြ ေအာင္ျမင္ဖို ့ အေကာင္းဆံုးနည္းလမ္းပဲလို ့၉၀ ရာခိုင္နွုန္းေသာ အေမရိကန္ေတြ ယံုၾကည္ၾကတယ္လို႔ လည္းဆိုပါတယ္။

“ တကိုယ္ထဲ ေျဖရွင္းဖို ့ၾကိဳးစားတာထက္ကို အေမရိကန္ျပည္ေထာင္စုဟာ မိတ္ဖက္ေတြနဲ ့အတူ အခက္အခဲေတြကို ကိုင္တြယ္ေျဖရွင္းသြားတာ ပိုေကာင္းတယ္လို ့ က်ေနာ္သိထားပါတယ္။ က်ေနာ္တို ့ရဲ့ မဟာမိတ္ေတြအားလံုးလည္း အလားတူပဲ ေျပာနိုင္ပါတယ္။” လို ့ Blinken က ေျပာသြားတာပါ။

၂ ရက္အၾကာက်င္းပတဲ့ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO အဖြဲ ့၀င္ႏိုင္င္ငံ ၀န္ႀကီးမ်ား အစည္းအေ၀းရဲ့ ေနာက္ဆံုးေန ့မွာ Blinken က အဆင့္တူ ၀န္ၾကီးေတြကို အခုလို ေျပာၾကားလိုက္ျခင္းျဖစ္ပါတယ္။

စစ္ေရးနဲ ့နည္းပညာအရ ၿခိမ္းေျခာက္မႈေတြဟာလည္း COVID-19 ကပ္ေဘးနဲ ့ဥတုရာသီေျပာင္းလဲမႈတို ့လိုပဲ ကမၻာၾကီးကို အဓိကျခိမ္းေျခာက္ေနတယ္ လို ့လည္း Blinken က ဆက္ေျပာသြားခဲ့ပါတယ္။

ေစ်းကြက္နဲ ့အျခားအေရးႀကီးတဲ့ အရင္းအျမစ္ေတြကို ရရွိဖို ့အတြက္ တရုတ္နဲ ့ ရုရွားလို ႏိုင္ငံေတြဟာ နည္းပညာေတြကို အသံုးျပဳေနၾကတာဟာလည္း ၿခိမ္းေျခာက္မႈအသစ္ေတြျဖစ္တယ္လို ့ Blinken က ၀န္ႀကီးေတြကို ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖို့ မဟာမိတ်လိုအပ် (ကန်ဝန်ကြီး Blinken)

(Unicode)

အခုလို COVID-19 ကပ်ဘေးနဲ့တရုတ်ရဲ့ ရန်လိုမှု တိုးပွားနေတဲ့ ကာလမျိူးမှာ မဟာမိတ်တွေ ပြန်လည်တည်ဆောက်ရေးနဲ့ပြန်လည် သက်ဝင်လှုပ်ရှားလာစေရေး ဘိုင်ဒန်အစိုးရရဲ့ ကတိကဝတ်အတွက် ကျယ်ကျယ်ပြန် ့ထောက်ခံမှုရရှိနေတယ်လို ့အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဗုဒ္ဓဟူးနေ့က Brussels မြို့မှာ ပြောဆိုလိုက်ပါတယ်။

သူက NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဝန်ကြီးများကို ပြောကြားရာမှာ မဟာမိတ်တွေနဲ့ဆက်လက် ရပ်တည်နေတာဟာ အမေရိကန်နိုင်ငံခြားရေးရည်မှန်းချက်တွေ အောင်မြင်ဖို့ အကောင်းဆုံးနည်းလမ်းပဲလို့၉၀ ရာခိုင်နှုန်းသော အမေရိကန်တွေ ယုံကြည်ကြတယ်လို့ လည်းဆိုပါတယ်။

“ တကိုယ်ထဲ ဖြေရှင်းဖို့ကြိုးစားတာထက်ကို အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်တွေနဲ့အတူ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းသွားတာ ပိုကောင်းတယ်လို့ ကျနော်သိထားပါတယ်။ ကျနော်တို့ရဲ့ မဟာမိတ်တွေအားလုံးလည်း အလားတူပဲ ပြောနိုင်ပါတယ်။” လို့ Blinken က ပြောသွားတာပါ။

၂ ရက်အကြာကျင်းပတဲ့မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ဝင်နိုင်င်ငံ ဝန်ကြီးများ အစည်းအဝေးရဲ့ နောက်ဆုံးနေ့မှာ Blinken က အဆင့်တူ ဝန်ကြီးတွေကို အခုလို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

စစ်ရေးနဲ့နည်းပညာအရ ခြိမ်းခြောက်မှုတွေဟာလည်း COVID-19 ကပ်ဘေးနဲ့ဥတုရာသီပြောင်းလဲမှုတို့လိုပဲ ကမ္ဘာကြီးကို အဓိကခြိမ်းခြောက်နေတယ် လို့လည်း Blinken က ဆက်ပြောသွားခဲ့ပါတယ်။

ဈေးကွက်နဲ့အခြားအရေးကြီးတဲ့ အရင်းအမြစ်တွေကို ရရှိဖို့အတွက် တရုတ်နဲ့ ရုရှားလို နိုင်ငံတွေဟာ နည်းပညာတွေကို အသုံးပြုနေကြတာဟာလည်း ခြိမ်းခြောက်မှုအသစ်တွေဖြစ်တယ်လို့ Blinken က ဝန်ကြီးတွေကို ပြောကြားခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG