သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO မဟာမိတ်တွေနဲ့ဆက်ဆံရေးပြန်တည်ဆောက်မည် - ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken။ (မတ် ၂၃၊ ၂၀၂၁)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken။ (မတ် ၂၃၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့လက်တွဲဘက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပြန်လည်တည်ဆောက်တဲ့နေရာမှာ NATO မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ဝင်မဟာမိတ်နိုင်ငံတွေနဲ့ အရင်ဆုံး ဦးစားပေးဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့မှာ ပြောဆိုပါတယ်။ အင်္ဂါနေ့ နှောင်းပိုင်းမှာစတင်တဲ့ NATO ဝန်ကြီးအဆင့် ဆွေးနွေးပွဲမလုပ်ခင်လေး၊ NATO အတွင်းရေးမှုးချုပ် Jens Stoltenberg နဲ့ အတူ ဘယ်ဂျီယံနိုင်ငံ Brussels မြို့မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်အစိုးရဲ့ မဟာမိတ်တွေအပေါ် ခိုင်မာတဲ့ရပ်တည်ချက်ကို နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောသွားတာဖြစ်ပါတယ်။

အမေရိကန်အစိုးရဲ့ အခုလို ချည်းကပ်မှုသစ်ကို ကြိုဆိုတယ်လို့ NATO အတွင်းရေးမှူးချုပ်က တုံ့ပြန်သလို၊ အတ္တလန်တိတ်တဘက်တချက်နိုင်ငံများအကြား ဆက်ဆံရေးအတွက် အခန်းကဏ္ဍသစ်စတင်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့လည်း ပြောပါတယ်။

Brussels မြို့မှာ နှစ်ရက်ကြာလုပ်မယ့် ဒီအစည်းအဝေးအတွင်း အဓိက အကြောင်းရပ်တွေထဲ အာဖဂန်မှာရှိတဲ့ NATO တပ်တွေကိစ္စလည်း ပါပါလိမ့်မယ်။ အရင်အမေရိကန်သမတ Donald Trump နဲ့ အာဖဂန်က တာလီဘန်အဖွဲ့တို့အကြား ပြီးခဲ့တဲ့နှစ်က ရခဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ အမေရိကန်တပ်တွေအားလုံး မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး အာဖဂန်ကနေ ဆုတ်ခွာရမှာဖြစ်ပါတယ်။

ကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဒီအခြေအနေကို ပြန်လည်သုံးသပ်နေပြီး အခု အစည်းအဝေးအတွင်း အမေရိကန်စဉ်းစားချက်ကို တင်ပြမှာဖြစ်သလို၊ နေတိုးမဟာမိတ်တွေရဲ့ အမြင်အယူအဆကိုလည်း နားထောင်မယ်လို့ ဆိုထားပါတယ်။ အမေရိကန် ဘယ်လို ဆုံးဖြတ်ချက်ဖြစ်ဖြစ် ဒီစစ်ရေးပူးပေါင်းမှုမှာ ပါဝင်တဲ့ တိုင်းပြည်တွေနဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]






XS
SM
MD
LG