သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္အာဏာသိမ္းမႈ ကန္ေအာက္လႊတ္ေတာ္ တခဲနက္ရႈတ္ခ် 


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ကန႔္ကြက္ရႈတ္ခ်တဲ့ ဆုံးျဖတ္ခ်က္ကို အေမရိကန္ေအာက္လႊတ္ေတာ္မွာ ေသာၾကာေန႔က တခဲနက္တည္း အတည္ျပဳလိုက္ပါတယ္။ ေဖေဖၚဝါရီလ (၁) ရက္ေန႔က ေ႐ြးေကာက္တင္ေျမႇာက္ခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္အစိုးရကို ျဖဳတ္ခ်ၿပီးေနာက္ ဆႏၵျပမႈေတြကို ဖိႏွိပ္ရာမွာ ျမန္မာစစ္တပ္က ၾကမ္းတမ္းနဲ႔ နည္းဗ်ဴဟာေတြ တိုးျမႇင့္အသုံးျပဳေနတဲ့အေပၚ အေမရိကန္ေအာက္လႊတ္ေတာ္အမတ္ေတြက ျပင္းျပင္းထန္ထန္ ရႈတ္ခ်ခဲ့ၾကပါတယ္။

ေအာက္လႊတ္ေတာ္က တခဲနက္တည္း အတည္ျပဳလိုက္တဲ့ ဒီဆုံးျဖတ္ခ်က္မွာ- စစ္အာဏာသိမ္းမႈနဲ႔ ျမန္မာအရပ္သားေခါင္းေဆာင္ေတြ ဖမ္းဆီးထိန္းသိမ္းထားတာကို ကန႔္ကြက္ရႈတ္ခ်ထားၿပီး၊ ဖမ္းဆီးထားသူအားလုံးျပန္လႊတ္ေပးဖို႔နဲ႔ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ သူတို႔အလုပ္တာဝန္ေတြ ျပန္လည္လုပ္ေဆာင္ဖို႔ လႊတ္ေတာ္ေခၚယူေရး စတာေတြကို ေတာင္းဆိုထားပါတယ္။

ဒီဆုံးျဖတ္ခ်က္ကို ေအာက္လႊတ္ေတာ္မွာ ေထာက္ခံမဲ ၃၉ ၈၊ ကန႔္ကြက္မဲ ၁၄မဲ၊ မဲမေပးပဲေနတာက တမဲနဲ႔ အတည္ျပဳခဲ့တာပါ။ ဒီလို ကန႔္ကြက္မဲနဲ႔ ၾကားေနမဲ ေပးသူေတြဟာ ရီပါပလင္ကန္အမတ္ေတြပဲျဖစ္ပါတယ္။

ၾကာသာပေတးေန႔ကလည္း ေအာက္လႊတ္ေတာ္မွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ အေရးယူမႈ ေနာက္ထပ္ဥပေဒမူၾကမ္းတခုကို အသံနဲ႔ မဲခြဲဆုံးျဖတ္ၿပီး အတည္ျပဳခဲ့ပါတယ္။ ဒီဥပေဒၾကမ္းကို အတည္ျပဳျပဌာန္းဖို႔ အထက္လႊတ္ေတာ္မွာလည္း မဲခြဲဆုံးျဖတ္ရမွာျဖစ္ပါတယ္။ အဲဒီအတြက္ သမၼတဂ်ိဳးဘိုင္ဒင္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ဒါေတြကို အေမရိကန္အစိုးရအေနနဲ႔ တုန္႔ျပန္ေဆာင္ရြက္ေနတာေတြကုိ လႊတ္ေတာ္မွာ တင္ျပအစီရင္ခံဖို႔ လိုအပ္ပါလိမ့္မယ္။

ျမန္မာႏိုင္ငံျဖစ္ပ်က္ေနတာေတြကို အေမရိကန္က ေစာင့္ၾကည့္ေနၿပီး ဒီမိုကေရစီ ျပန္လည္ထူေထာင္ေရးကို ေထာက္ခံေၾကာင္း ရွင္းရွင္းလင္းလင္းျပသရမွာျဖစ္တယ္လို႔ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီဥကၠဌ ဒီမိုကရက္လႊတ္ေတာ္အမတ္ Gregory Meeks က ျမန္မာအေပၚ အေရးယူေရး ေထာက္ခံဖို႔ တိုက္တြန္းေျပာၾကားရာမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

မြန်မာစစ်အာဏာသိမ်းမှု ကန်အောက်လွှတ်တော် တခဲနက်ရှုတ်ချ
(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်အောက်လွှတ်တော်မှာ သောကြာနေ့က တခဲနက်တည်း အတည်ပြုလိုက်ပါတယ်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချပြီးနောက် ဆန္ဒပြမှုတွေကို ဖိနှိပ်ရာမှာ မြန်မာစစ်တပ်က ကြမ်းတမ်းနဲ့ နည်းဗျူဟာတွေ တိုးမြှင့်အသုံးပြုနေတဲ့အပေါ် အမေရိကန်အောက်လွှတ်တော်အမတ်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။

အောက်လွှတ်တော်က တခဲနက်တည်း အတည်ပြုလိုက်တဲ့ ဒီဆုံးဖြတ်ချက်မှာ- စစ်အာဏာသိမ်းမှုနဲ့ မြန်မာအရပ်သားခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းထားတာကို ကန့်ကွက်ရှုတ်ချထားပြီး၊ ဖမ်းဆီးထားသူအားလုံးပြန်လွှတ်ပေးဖို့နဲ့ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့အလုပ်တာဝန်တွေ ပြန်လည်လုပ်ဆောင်ဖို့ လွှတ်တော်ခေါ်ယူရေး စတာတွေကို တောင်းဆိုထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၉ ၈၊ ကန့်ကွက်မဲ ၁၄မဲ၊ မဲမပေးပဲနေတာက တမဲနဲ့ အတည်ပြုခဲ့တာပါ။ ဒီလို ကန့်ကွက်မဲနဲ့ ကြားနေမဲ ပေးသူတွေဟာ ရီပါပလင်ကန်အမတ်တွေပဲဖြစ်ပါတယ်။

ကြာသာပတေးနေ့ကလည်း အောက်လွှတ်တော်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးယူမှု နောက်ထပ်ဥပဒေမူကြမ်းတခုကို အသံနဲ့ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုပြဌာန်းဖို့ အထက်လွှတ်တော်မှာလည်း မဲခွဲဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အဲဒီအတွက် သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ဒါတွေကို အမေရိကန်အစိုးရအနေနဲ့ တုန့်ပြန်ဆောင်ရွက်နေတာတွေကို လွှတ်တော်မှာ တင်ပြအစီရင်ခံဖို့ လိုအပ်ပါလိမ့်မယ်။

မြန်မာနိုင်ငံဖြစ်ပျက်နေတာတွေကို အမေရိကန်က စောင့်ကြည့်နေပြီး ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်းပြသရမှာဖြစ်တယ်လို့ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ ဒီမိုကရက်လွှတ်တော်အမတ် Gregory Meeks က မြန်မာအပေါ် အရေးယူရေး ထောက်ခံဖို့ တိုက်တွန်းပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG