သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုကြောင့် ပြင်သစ်စွမ်းအင်လုပ်ငန်း အဖွဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းရပ်ထားဖို့ ဆုံးဖြတ်


 ပြင်သစ်စွမ်းအင်လုပ်ငန်းအဖွဲ့ EDF
ပြင်သစ်စွမ်းအင်လုပ်ငန်းအဖွဲ့ EDF

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလတရက် စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖြုတ်ချခဲ့တဲ့နောက် မြန်မာ့ ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ပါဝင်ဆောင်ရွက်နေတဲ့ ပြင်သစ်စွမ်းအင်လုပ်ငန်းအဖွဲ့ EDF - Électricité de France က သူ့လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်ကြောင်း သောကြာနေ့မှာ အတည်ပြု ပြောဆိုပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာနိုင်ငံတွင်း လူ့အခွင့်ရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် သူတို့ပါဝင်ဆောင်ရွက်နေတဲ့ ရွှေလီ ၃ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ EDF ပြောခွင့်ရက မတ်လ ၁၉ ရက်နေ့ Justic For Myanmar NGO အဖွဲ့ဆီ ပေးပို့တဲ့ စာထဲမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် သူတို့အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေနေကို ပြင်သစ်နဲ့ အီးယူ ဥရောပသမဂ္ဂ အာဏာပိုင်တွေနဲ့ လက်တွဲပြီး အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောပါတယ်။

ပြင်သစ်အစိုးရ အများစုပိုင်ဆိုင်တဲ့ EDF စွမ်းအင် လုပ်ငန်းအဖွဲ့ရဲ့ အခုလို ပြောကြားချက်ကို ကြိုဆိုကြောင်း Justice For Myanmar က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေ မလုပ်ဖို့ အနောက်နိုင်ငံတွေက တိုက်တွန်းနေတဲ့ကြားကပဲ မြန်မာအာဏာပိုင်တွေက ဆက်လက် လုပ်ဆောင်နေတာကြောင့် အခုဆို ဖြိုခွဲမှုအတွင်း သေဆုံးရသူ ၂၃၅ ကျော်နေပြီလို့ AAPPB မြန်မာနိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


..............


(Unicode)






XS
SM
MD
LG