သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"အၾကမ္းဖက္ႏွိမ္နင္းတာ သူရဲေဘာေၾကာင္ၿပီး လူ႔က်င့္္ဝတ္နဲ႔မညီ" - ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးမ်ား


ရန္ကုန္ သာေကတ စစ္အာဏာရွင္ ကန္႔ကြက္ဆႏၵျပ (မတ္၊၁၉ ၊၂၀၂၁)

{{Zawgyi/Unicode}}

စစ္တပ္က အျပင္းအထန္ ႏွိမ္နင္းခဲ့တဲ့ လႈိင္သာယာၿမိဳ႕နယ္နဲ႔ တျခား ေဒသေတြမွာ လက္နက္မဲ့အရပ္သားေတြ ကိုလုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြက မၾကာခဏဆိုသလို ညဘက္ေတြမွာပါ ရက္ရက္စက္စက္ အၾကမ္းဖက္ ႏွိမ္ႏွင္းေနတာေတြဟာ သူရဲေဘာေၾကာင္ၿပီး လူ႔က်င့္၀တ္နဲ႔မညီတဲ့ လုပ္ရပ္ေတြ ျဖစ္တယ္လို႔ အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္၊ ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ႐ံုးနဲ႔ ဥေရာပသမဂၢ အဖြဲ႔၀င္ႏိုင္ငံ ၉ ႏိုင္ငံက ျမန္မာႏိုင္ငံဆိုင္ရာ သံအမတ္ႀကီးေတြက ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။

ျမန္မာျပည္သူေတြအေပၚ အၾကမ္းဖက္လုပ္ရပ္အားလုံး ရပ္တန႔္ဖို႔၊ ဖမ္းဆီးထားသူေတြ အားလုံးျပန္လႊတ္ေပး ဖို႔၊ စစ္အုပ္ခ်ဳပ္ေရးအမိန႔္နဲ႔ တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ႏိုင္ငံေတာ္အေရးေပၚ အေျခအေန ေၾကညာ ထားတာေတြကို ႐ုတ္သိမ္းေပးဖို႔၊ ဆက္သြယ္ေရး ကန႔္သတ္ထားတာေတြ ပယ္ဖ်က္‌ေပးဖို႔၊ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရကို အာဏာျပန္လည္ေပးအပ္ဖို႔ျမန္မာစစ္တပ္ကို ေတာင္းဆိုေၾကာင္းလည္း သံအမတ္ႀကီးေတြ ပူးတြဲထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ရွမ္းျပည္နယ္ ေအာင္ပန္းၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဒီကေန႔ဆႏၵျပပြဲကို ႏွိမ္နင္းၿဖိဳခြဲမႈအတြင္း အနည္းဆုံး ၈ ဦး ေသဆုံးခဲ့ၿပီး ဒဏ္ရာရသူ ၁၀ ဦးထက္မနည္းရွိခဲ့တယ္လုိ႔မ်က္ျမင္တဦးက ဗီြအိုေအကိုေျပာပါတယ္။ ကိုယ္တိုင္ေတြ႔ခဲ့ရသူ ၿမိဳ႕ခံေနာက္တဦးကလည္း -

ဒီကေန႔ ေတာင္ငူ၊ လားရႈိး၊ ျမင္းၿခံ၊ စစ္ကိုင္း၊ မုံ႐ြာ၊ ဖားကန္႔၊ ၿမိဳင္၊ မႏၲေလး၊​ ေညာင္ဦး စတဲ့ ၿမိဳ႕နယ္ေတြမွာလည္း လမ္းေလွ်ာက္ သပိတ္၊ ေတာင္တြင္းႀကီးၿမိဳ႕မွာေတာ့ညေန ၄ နာရီဝန္းက်င္မွာ ဆုိင္ကယ္အစီး ၅၀ ေလာက္နဲ႔ ျပတဲ့ ဆိုင္ကယ္သပိတ္ ေတြရွိခဲ့ၿပီးႏိ္ုင္ငံတ၀န္း စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကေတာ့ ပုံစံ အမ်ိဳးမ်ိဳးနဲ႔ ဆက္ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕က စစ္အာဏာရွင္ ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကို စစ္တပ္က ေန႔ေရာညပါ ႏွိမ္နင္းတာေတြ ဆက္လုပ္ေနၿပီး ဒီကေန႔ သာေကတက သပိတ္စစ္ေၾကာင္းကို ၿဖိဳခြင္းတာမွာ လူ ၃ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ၿပီး ဖမ္းဆီးခံရသူတခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ေတာင္ဒဂုံၿမိဳ႕နယ္က ၂၂ ရပ္ကြက္မွာ ဆႏၵျပသူေတြကို ပစ္ခတ္ဖမ္းဆီးလို႔ ညေန ၅နာရီဝန္းက်င္မွာ ေသဆုံးသူတဦးရွိခဲ့ပါတယ္။

မရမ္းကုန္းနဲ႔ သန္လွ်င္ၿမိဳ႕နယ္ေတြမွာ ဒီကေန႔ လူမဲ့သပိတ္ေတြ လုပ္ခဲ့ၾကၿပီး တာေမြ၊ ကမာ႐ြတ္၊ လႈိင္နဲ႔ စမ္းေခ်ာင္းၿမိဳ႕နယ္ေတြမွာ လမ္းေလွ်ာက္သပိတ္၊ ထိုင္သပိတ္ေတြ ဆင္ႏႊဲခဲ့ၾကပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

စစ်တပ်က အပြင်းအထန် နှိမ်နင်းခဲ့တဲ့ လှိုင်သာယာမြို့နယ်နဲ့ တခြား ဒေသတွေမှာ လက်နက်မဲ့အရပ်သားတွေ ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မကြာခဏဆိုသလို ညဘက်တွေမှာပါ ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နှင်းနေတာတွေဟာ သူရဲဘောကြောင်ပြီး လူ့ကျင့်ဝတ်နဲ့မညီတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးနဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်အားလုံး ရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေ အားလုံးပြန်လွှတ်ပေး ဖို့၊ စစ်အုပ်ချုပ်ရေးအမိန့်နဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာ ထားတာတွေကို ရုတ်သိမ်းပေးဖို့၊ ဆက်သွယ်ရေး ကန့်သတ်ထားတာတွေ ပယ်ဖျက်‌ပေးဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လည်ပေးအပ်ဖို့ မြန်မာစစ်တပ်ကို တောင်းဆိုကြောင်းလည်း သံအမတ်ကြီးတွေ ပူးတွဲထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီကနေ့ဆန္ဒပြပွဲကို နှိမ်နင်းဖြိုခွဲမှုအတွင်း အနည်းဆုံး ၈ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိခဲ့တယ်လို့ မျက်မြင်တဦးက ဗွီအိုအေကိုပြောပါတယ်။ ကိုယ်တိုင်တွေ့ခဲ့ရသူ မြို့ခံနောက်တဦးကလည်း -


ဒီကနေ့ တောင်ငူ၊ လားရှိုး၊ မြင်းခြံ၊ စစ်ကိုင်း၊ မုံရွာ၊ ဖားကန့်၊ မြိုင်၊ မန္တလေး၊ ညောင်ဦး စတဲ့ မြို့နယ်တွေမှာလည်း လမ်းလျှောက် သပိတ်၊ တောင်တွင်းကြီးမြို့မှာတော့ ညနေ ၄ နာရီဝန်းကျင်မှာ ဆိုင်ကယ်အစီး ၅၀ လောက်နဲ့ ပြတဲ့ ဆိုင်ကယ်သပိတ် တွေရှိခဲ့ပြီး နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ပုံစံ အမျိုးမျိုးနဲ့ ဆက်ရှိနေပါတယ်။
ရန်ကုန်မြို့က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စစ်တပ်က နေ့ရောညပါ နှိမ်နင်းတာတွေ ဆက်လုပ်နေပြီး ဒီကနေ့ သာကေတက သပိတ်စစ်ကြောင်းကို ဖြိုခွင်းတာမှာ လူ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဖမ်းဆီးခံရသူတချို့လည်း ရှိခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်က ၂၂ ရပ်ကွက်မှာ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးလို့ ညနေ ၅နာရီဝန်းကျင်မှာ သေဆုံးသူတဦးရှိခဲ့ပါတယ်။
မရမ်းကုန်းနဲ့ သန်လျှင်မြို့နယ်တွေမှာ ဒီကနေ့ လူမဲ့သပိတ်တွေ လုပ်ခဲ့ကြပြီး တာမွေ၊ ကမာရွတ်၊ လှိုင်နဲ့ စမ်းချောင်းမြို့နယ်တွေမှာ လမ်းလျှောက်သပိတ်၊ ထိုင်သပိတ်တွေ ဆင်နွှဲခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG