သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအေျခအေန လံုးဝထိန္းခ်ဳပ္မရတဲ့ အေနအထားေရာက္ေတာ့မယ္ (ကုလ ယာယီဌာေနကိုယ္စားလွယ္ -ျမန္မာ)


ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ် Andrew Kirkwood

(Zawgyi/Unicode)

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ အေျခအေနေတြအလြန္ဆိုးရြားေနၿပီး လံုး၀ထိန္းခ်ဳပ္ လို႔ မရေတာ့မယ့္ အေနအထားေရာက္ေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ယာယီ ကုလဌာနကိုယ္စားလွယ္က ေသာၾကာေန႔က သတိေပးေျပာၾကားလိုက္ပါတယ္။

နယူးေရာက္ကုလသမဂၢဌာနခ်ုပ္မွာ မေန႔က ျပဳလုပ္တဲ့ ဗီြဒီယိုကြန္ဖရင့္ သတင္းစာရွင္းလင္းပဲြမွာ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ယာယီ ဌာေနကိုယ္စားလွယ္ Andrew Kirkwood က ရန္ကုန္ရံုးကေန ျမန္မာႏိုင္ငံရဲ႕ ေနာက္ဆံုးအေျခအေနေတြကို တင္ျပခဲ့တာပါ။

”ကုလသမဂၢရႈေထာင့္က ၾကည့္ရင္ျမန္မာႏိုင္ငံရဲ႕ အေျခအေနဟာ ပိုမိုဆိုး႐ြားလာၿပီး လုံးဝထိန္းခ်ဳပ္လို႔မရပဲ အဆုံးသတ္သြား ႏိုင္တယ္ ဆိုတာကို ေသေသ ခ်ာခ်ာ ေထာက္ျပဖို႔ သိပ္အ ေရးႀကီးေနပါၿပီ။လူဦးေရႏွစ္သန္းေလာက္ေနထိုင္တဲ့ ရန္ကုန္စက္မႈဇုံ ဆင္ေျခဖုန္းၿမိဳ႕နယ္ေတြဟာ အခုဆိုရင္ စစ္အုပ္ခ်ဳပ္ေရးေအာက္မွာရွိေနၿပီး စစ္တပ္မႉးေတြရဲ႕တရားစီရင္ေရးေအာက္မွာ လုံးဝက်ေရာက္ေနပါတယ္။”

အဲဒီ စစ္အုပ္ခ်ဳပ္ေရးေအာက္ေရာက္ေနတဲ့ ၿမိဳ႕နယ္ေတြကေန ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း လူေတြေသာင္းနဲ႔ ခ်ီၿပီး မိသားစုေတြ၊ ကေလးေတြ အစုလိုက္အၿပံဳလိုက္ထြက္ခြာေနတာကို ေတြ႕ခဲ့ရတယ္လို႔ ဆိုပါတယ္။ သူတို႔ဘ၀ေတြ ပိုမိုေကာင္းမြန္ဖို႔ ရန္ကုန္တက္ၿပီး အလုပ္လုပ္ေနသူေတြဟာ အခုေတာ့ သူတို႔ အရင္ေနခဲ့တဲ့ ေက်းရြာေဒသေတြဆီျပန္ေနၾကတာျဖစ္တယ္လို႔ Andrew Kirkwood ကေျပာသြားပါတယ္။

ေဖေဖၚ၀ါရီလ (၁)ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ေသဆံုးခဲ့သူေပါင္း ၂၁၁ ဦးမက ရွိေနၿပီး အဲဒီထဲမွာ ၁၅ ဦးဟာ ကေလးအရြယ္၊ တခ်ဳိ႕ဆိုရင္ အသက္ (၁၄)ႏွစ္ေအာက္ေတြျဖစ္တယ္လို႔ Andrew Kirkwood က ေျပာပါတယ္။ လက္ရွိ ျမန္မာစစ္တပ္ ပစ္ခတ္ႏွိမ္နင္းမႈေတြကို ကုလသမဂၢ ရန္ကုန္ရံုးအေနနဲ႔ ေစာင့္ၾကည့္မွတ္တမ္းတင္ျပဳစုထားတယ္လို႔လည္း သူကဆိုပါတယ္။

"လူသားခ်င္းစာနာေထာက္ထားမႈ အက်ပ္အတည္းေတြ လာေတာ့မယ့္အေျခအေန ကိုလည္း အလြန္စိုးရိမ္ပူပန္မိပါတယ္။ ျပည္သူ႔က်န္းမာေရး စနစ္ဆိုရင္လံုး၀ ပ်က္စီးေနပါတယ္။ ဒါအျပင္ လံုၿခံဳေရးတပ္ဖဲြ႕၀င္ေတြဟာ ႏိုင္ငံတ၀ွမ္းမွာရွိေနတဲ့ ေဆးရံုေပါင္း ၃၆ ခုကို စီးနင္းသိမ္းပိုက္ထားသလို တခ်ဳိ႕ေနရာေတြမွာဆိုရင္ လူနာေတြကို ေဆးရံုကေန စစ္တပ္က ႏွင္ထုတ္ခဲ့တယ္လို႔လည္း ေျပာသြားပါတယ္။"

အာဏာသိမ္းၿပီးေနာက္ စစ္တပ္ရဲ႕ ပစ္ခတ္သတ္ျဖတ္မႈ၊ အိမ္ေတြထဲ စီးနင္း၀င္ေရာက္ ဖမ္းဆီး၊ ရိုက္ႏွက္မႈ စတာေတြအပါအ၀င္ အက်ဴိးဆက္အျဖစ္ လူသားခ်င္းစာနာမႈ အက်ပ္အတည္း၊ စားနပ္ရိကၡာ အက်ပ္အတည္းေတြကို ရင္ဆိုင္ရဖို႔ရွိေနတယ္လို႔လည္းကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ယာယီ ဌာေနကိုယ္စားလွယ္ Andrew Kirkwood က ဗီြဒီယိုကြန္ဖရင့္ သတင္းစာရွင္းလင္းပဲြမွာ သတိေပးေျပာဆိုသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

မြန်မာအခြေအနေ လုံးဝထိန်းချုပ်မရတဲ့ အနေအထားရောက်တော့မယ် (ကုလ ယာယီဌာနေကိုယ်စားလှယ် -မြန်မာ)

(Unicode)

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေအလွန်ဆိုးရွားနေပြီး လုံးဝထိန်းချုပ် လို့ မရတော့မယ့် အနေအထားရောက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယာယီ ကုလဌာနကိုယ်စားလှယ်က သောကြာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

နယူးရောက်ကုလသမဂ္ဂဌာနချုပ်မှာ မနေ့က ပြုလုပ်တဲ့ ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ် Andrew Kirkwood က ရန်ကုန်ရုံးကနေ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေတွေကို တင်ပြခဲ့တာပါ။

”ကုလသမဂ္ဂရှုထောင့်က ကြည့်ရင်မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး လုံးဝထိန်းချုပ်လို့မရပဲ အဆုံးသတ်သွား နိုင်တယ် ဆိုတာကို သေသေ ချာချာ ထောက်ပြဖို့ သိပ်အ ရေးကြီးနေပါပြီ။လူဦးရေနှစ်သန်းလောက်နေထိုင်တဲ့ ရန်ကုန်စက်မှုဇုံ ဆင်ခြေဖုန်းမြို့နယ်တွေဟာ အခုဆိုရင် စစ်အုပ်ချုပ်ရေးအောက်မှာရှိနေပြီး စစ်တပ်မှူးတွေရဲ့တရားစီရင်ရေးအောက်မှာ လုံးဝကျရောက်နေပါတယ်။”

အဲဒီ စစ်အုပ်ချုပ်ရေးအောက်ရောက်နေတဲ့ မြို့နယ်တွေကနေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူတွေသောင်းနဲ့ ချီပြီး မိသားစုတွေ၊ ကလေးတွေ အစုလိုက်အပြုံလိုက်ထွက်ခွာနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့ဘဝတွေ ပိုမိုကောင်းမွန်ဖို့ ရန်ကုန်တက်ပြီး အလုပ်လုပ်နေသူတွေဟာ အခုတော့ သူတို့ အရင်နေခဲ့တဲ့ ကျေးရွာဒေသတွေဆီပြန်နေကြတာဖြစ်တယ်လို့ Andrew Kirkwood ကပြောသွားပါတယ်။

ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် သေဆုံးခဲ့သူပေါင်း ၂၁၁ ဦးမက ရှိနေပြီး အဲဒီထဲမှာ ၁၅ ဦးဟာ ကလေးအရွယ်၊ တချို့ဆိုရင် အသက် (၁၄)နှစ်အောက်တွေဖြစ်တယ်လို့ Andrew Kirkwood က ပြောပါတယ်။ လက်ရှိ မြန်မာစစ်တပ် ပစ်ခတ်နှိမ်နင်းမှုတွေကို ကုလသမဂ္ဂ ရန်ကုန်ရုံးအနေနဲ့ စောင့်ကြည့်မှတ်တမ်းတင်ပြုစုထားတယ်လို့လည်း သူကဆိုပါတယ်။

"လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတွေ လာတော့မယ့်အခြေအနေ ကိုလည်း အလွန်စိုးရိမ်ပူပန်မိပါတယ်။ ပြည်သူ့ကျန်းမာရေး စနစ်ဆိုရင်လုံး၀ ပျက်စီးနေပါတယ်။ ဒါအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတဝှမ်းမှာရှိနေတဲ့ ဆေးရုံပေါင်း ၃၆ ခုကို စီးနင်းသိမ်းပိုက်ထားသလို တချို့နေရာတွေမှာဆိုရင် လူနာတွေကို ဆေးရုံကနေ စစ်တပ်က နှင်ထုတ်ခဲ့တယ်လို့လည်း ပြောသွားပါတယ်။"

အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ အိမ်တွေထဲ စီးနင်းဝင်ရောက် ဖမ်းဆီး၊ ရိုက်နှက်မှု စတာတွေအပါအဝင် အကျိူးဆက်အဖြစ် လူသားချင်းစာနာမှု အကျပ်အတည်း၊ စားနပ်ရိက္ခာ အကျပ်အတည်းတွေကို ရင်ဆိုင်ရဖို့ရှိနေတယ်လို့လည်းကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ဌာနေကိုယ်စားလှယ် Andrew Kirkwood က ဗွီဒီယိုကွန်ဖရင့် သတင်းစာရှင်းလင်းပွဲမှာ သတိပေးပြောဆိုသွားပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG