သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဒေသခံ ရွှေ့ပြောင်းလုပ်သားတွေ ရန်ကုန်မှာ အခက်အခဲတွေနေ့


Workers tailor and arrange clothing at a garment factory at Hlaing Tar Yar industry zone
Workers tailor and arrange clothing at a garment factory at Hlaing Tar Yar industry zone

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်တွင်း လုပ်ငန်းအားလုံး ရပ်ဆိုင်းနေသလို စက်ရုံအလုပ်ရုံတွေလည်း ပြန်ပြီး မလည်ပတ်နိုင်သေးပါဘူး။ ဒီအခြေအနေကြောင့် ရခိုင်ပြည်နယ်ကနေ ရန်ကုန်မှာလာပြီး အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အခက်တွေေ့နေကြသလို နေရပ်ပြန်ဖို့လည်း အဆင်မပြေဖြစ်နေကြပါတယ်။ ဒီအကြောင်း ရခိုင်ပြည်နယ်က ရတဲ့သတင်းကို ကိုရန်နိုင်က တင်ပြထားပါတယ်။

ရခိုင်ပြည် နယ်ကနေ ရန်ကုန်မှာလာပြီး အလုပ်လုပ်နေကြတဲ့ သောင်းနဲ့ ချီတဲ့ ရွေ့ပြောင်း အလုပ်သားတွေ နေရပ်ပြန်ဖို့ ခက်ခဲနေကြတယ်လို့ ရခိုင်အမျိုးသားကွန်ယှက် ဥက္ကဌ ဦး တင်ထူးအောင်က ပြောပါတယ်။

“ကျနော်တို့ ပြုစုထားတဲ့ စာရင်းအရ ရန်ကုန်မှာ အခြေခံလုပ်သားတွေ ပန်းထိန် အပါအဝင် ပေါ့နော်။ ၆သောင်းကျော်ရှိတယ်။ လက်ရှိဒုက္ခရောက်နေတဲ့ အခြေခံလုပ် သားတွေ ကတော့ ကျနော်အခုနားက ပြောသလို လစာ ၇သောင်းကနေ ၉သောင်းအထိရတဲ့ အကူလုပ်သားတွေ ပေါ့နော်။ အဲဒီလူတွေက အဓိက ဒုက္ခရောက်နေတဲ့ အခြေခံလုပ်သားတွေဖြစ်တယ်။ လက်ရှိ ရွှေပြည်သာ လှိုင်သာယာ မင်္ဂလာဒုံတို့မှာ ပြန်ဖို့အခက်အခဲရှိတယ်လို့ ကျနော် တို့ကြား သိရပါ တယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လုပ်ငန်းတွေရပ်ဆိုင်းခဲ့ရတဲ့အတွက် ရွေ့ပြောင်းအလုပ်သမားတွေ အလုက်လက်မဲ့ ဖြစ်ခဲ့ကြရတဲ့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခုချိန်ထိ တည်ငြိမ်မရှိသေးတဲ့အတွက် စက်ရုံအလုပ်ရုံတွေ ပိတ်ထားတာကြောင့် ရွေ့ပြောင်းအလုပ်သမားတွေ အခက်ကြုံနေကြရတာပါ။

နေရပ်ပြန်သွားကြတဲ့ အလုပ်သမားတချို့ရှိပေမယ့်လည်း ရခိုင်ပြည်နယ်ကို ပြန်ဖို့ အခက်အခဲတွေ့နေကြသူ ရွေ့ပြောင်းအလုပ်သမား သောင်းနဲ့ချီပြီး ရှိနေသေးတယ်လို့လည်း ဦးတင်ထူးအောင်က ဆက်ပြောပါတယ်။

“ အခုလက်ရှိကတော့ ရခိုင်ဖက်ကိုရောက်သွားတဲ့ လူတွေထောင်ချီရှိတယ်လို့ ကြားတယ်။ ဒီသတင်း ကတော့ ကျနော်တို့ အတည်ပြုလို့မရသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ မှန်းထားတာကတော့ ဒီအခက်အခဲကာလမှာ အိမ်ပြန်ဖို့အတွက် အကျပ်အတည်း ဖြစ်နေတဲ့ သူတွေအားလုံးဟာ သောင်းချီရှိ မယ့်လို့တော့ ကျနော်တို့ မှန်းထားတယ်။ နောက်အပတ်လောက်ဆို ကျနော်တို့ ခရီးစဉ်တွေ စတင်တော့မှာပါ။ ဒီနေ့အထိ ဒီလှိုင်သာယာတို့ ရွှေပြည်သာမှာ ရှိတဲ့ ကျနော်တို့ မိတ်တွေ ဆီမှာတောင်မှာ ပြန်ဖို့ စာရင်းပေးထားသူ တစ်ရာ နှစ်ရာလောက်ရှိ နေပြီလို့ သိရပါ တယ်။”

အဲဒီလို စက်ရုံ အလုပ်ရုံတွေ ပိတ်ထားတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေသူတွေထဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကနေ ရန်ကုန်မြို့ ရွေပြည်သာ မြို့နယ်က အထည်ချုပ်စက်ရုံ တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ မချိုချိုဦးလည်း ပါဝင်ပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ မိဘတွေကို ထောက်ပံ့နေတဲ့ မချိုချိုဦးက လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေတာကြောင့် သူကိုယ်တိုင် အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

“မီးလောင်တဲ့ထဲ ပါသွားတဲ့ စက်ရုံတွေက လုပ်စာထုတ်ပေးဖို့ ကိစ္စနဲ့ ပတ်သတ်ပြီးလည်း သေသေချာချာမပြောဘူး။ ပြန်ဖွင့်မယ့် နေ့ကိုလည်း သေသေချာချာမပြောတော့ ကျမတို့လည်း ဘာလုပ်ရမလဲ မသိဖြစ်သွားတာပေါ့နော်။ ပြီးခဲ့တဲ့ လတုန်းကလည်း အရေးအခင်းတွေ ဖြစ်နေတော့ လစာတွေလည်း ဘယ်လောက်မှမရဘူး။ ၈သောင်း ၉သောင်း အလွန်ဆုံးရရင် တစ်သိန်းနဲ့ ၂သောင်း ၃သောင်း အဲလောက်ပဲရတာ။ အဲတာကို အဆောင်ခ စားမယ့် ဟာနဲ့ ကျမတို့မှာ ဘယ်လိုမှ ပိုက်ဆံက မလည်ပတ်နိုင်တော့တာပေါ့နော်။ အဲတာကြောင့် ပြန်ဖို့အခက်အခဲလည်း တော်တော်လေးကို ဖြစ်သွားတာ။ အဲတာပြီးလို့ ဒီလ ကောင်းကောင်းအလုပ်လုပ်မလားလို့ အောက်မေ့တာ ၁၄ရက်လောက်ပဲ ကောင်းကောင်းလုပ်လိုက်ရတယ်။ ၁၄ရက်အပြီးမှာ ကျတော့ ပဋိပက္ခတွေ များလာတော့ အဆင်မပြေတော့ဘူးလေ။ ပြန်ဖို့ အခက်အခဲကတော့ အဓိက ငွေရေးကြေးရေးပါ။ ကူညီမယ့် အဖွဲ့တွေကိုတော့ လိုက်ပြီးတော့ စုံစမ်းနေပါတယ်။ ဘယ်နားမှာ အကူအညီပေးနိုင်မလဲ အဲလိုမျိုးပေါ့။”

ရခိုင်ပြည်နယ်ကို ပြန်မယ့် သောင်းနဲ့ချီတဲ့ ရွေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်နိုင်ရေး ပရဟိတအဖွဲ့တွေက ကူညီ ဆောင်ရွက်ပေးနေတာမှာ သက်ကြီး ရွယ်အိုတွေ၊ နာမကျန်းသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ဦးစားပေး ပို့ပေးသွားမှာ ဖြစ်တယ်လို့ ရွေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရေး ကူညီဆောင် ရွက်နေသူတွေက ပြောပါတယ်။

........................................

{{Unicode}}










XS
SM
MD
LG