သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ဆႏၵျပတဲ႔ ထိုင္းေရာက္ျမန္မာေတြြ ဖိအားေပးမႈတခိ်ဳ႕ ႀကံဳေနရ


ထိုင္းႏိုင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြနဲ႔ေက်ာင္းသားေတြ UNHCR ေရွ႕မွာ ဆႏၵျပၾကပံု။ (ဓာတ္ပံု-courtesy)

(Zawgyi/Unicode)
ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီကုိ ဆန္ ့က်င္ကန္ ့ကြက္ဆႏၵျပေနႀကတဲ့ ျမန္မာႏို္င္ငံသား အလုပ္သမားေက်ာင္းသားေတြကုိ ထိုင္း လ၀ကနဲ့ နယ္ေျမခံအာဏာပိုင္ေတြကဖိအားေပးမူေတြ ရွိေနတယ္ဆုိတဲ့အေႀကာင္း မေအးေအးမာက ေျပာျပေပးထားပါတယ္။

ျမန္မာႏို္င္ငံမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက အာဏာသိမ္းလိုက္ျပီးတဲ့ေနာက္ ထိုင္းႏို္င္ငံမွာရွိတဲ့ ေထာင္နဲ ့ ခ်ီတဲ့ျမန္မာႏို္င္ငံသားေတြကကန္ ့ကြက္ဆႏၵျပမူေတြဆက္တုိက္ျဖစ္ေပၚခဲ့တာပါ။

ဒီဆႏၵျပပဲြေတြေႀကာင့္ ေနထုိင္ခြင့္ဗီဇာေတြကို ထိုင္း လ၀က ကေန ရုတ္သိမ္းမွာျဖစ္တယ္လို ့ စစ္ေကာင္စီအႀကီးတဦးရဲ သားသမီးေတြတက္ေနတဲ့ ထုိင္းႏိုင္ငံကတကသိုလ္တခုက စာထုတ္ေျပာဆုိခဲ့ျပီးတဲ့ေနာက္ ဒီသတင္းဟာလူ မူ ကြန္ယက္ေတြမွာက်ယ္က်ယ္ျပန္ ့ျပန္ ့ျဖစ္သြားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ ထုိင္းလ၀က ကေတာ့ လူ၀င္မူႀကီးႀကပ္ေရးဌာနအေနနဲ့ ဒီလိုေပၚလစီမရွိေႀကာင္း ထုတ္ျပန္ခဲ့ပါတယ္။ ဒီလိုထုတ္ျပန္ေပမယ့္ ေက်ာင္းသားနဲ့အလုပ္သမားေတြႀကားထဲမွာေတာ့ ဖိအားေပးမူေတြ ရွိလာတယ္လို့ Myanmar community in Thailand အဖဲြ က ကိုစိုင္းကေျပာျပပါတယ္။

“လူေတြေနာက္လိုက္တာမ်ိဳး၊ checking လုပ္တာမ်ိဳးေတြရွိတယ္။ တခ်ိဳ ့ ဆို ေနထိုင္ရာကြန္ဒုိေတြအေဆာက္အဦးေတြအထိလာျပီးအခ်က္အလက္လာယူတာေတြမ်ိဳးပါလုပ္လာတယ္။ ဒါမ်ိဳးေတြ လုပ္လာတယ္။ အလုပ္သမားေတြကိုေတာ့ ပိုျပင္းထန္တယ္။ စက္ရံုေတြထဲအလုပ္ရံုေတြထဲအခါခါသြားျပီးမင္းဆႏၵျပပဲြမွာပါသလားဆုိတာခဏခဏ သြား၀င္ျပီးေမးေတာ့ စက္ရံုထဲရဲခဏခဏ၀င္ရင္ အလုပ္ရွင္ကလည္းလက္မခံရဲေတာ့ဘူးျဖစ္လာတယ္။”

အခုဆိုရင္ ထုိင္းလ၀က နဲ ့နယ္ေျမအာဏာပိုင္ေတြက ေမးျမန္းစံုစမ္းတာမ်ိဳး လုပ္တာမ်ိဳးေတြ၊ ဆႏၵျပပဲြမွာဦးေဆာင္ခဲ့ပါတယ္ဆုိတဲ့၀န္ခံခ်က္ေတြကို လုပ္ခိုင္းတာမ်ိဳးေတြလုပ္ခဲ့ရတယ္လို ့ လည္းကိုစိုင္းကေျပာျပပါတယ္။

ထိုင္းလူ၀င္မွုၾကီးႀကပ္ေရးဗ်ဴရိုရဲ ့တရား၀င္လူမွုကြန္ရက္စာမ်က္ႏွာမွာေတာ့ ထိုင္းေရာက္ျမန္မာေတြရဲ ့ဥပေဒေဘာင္အတြင္းဆႏၵျပမူကိုေတာ့ ေလးစားပါေႀကာင္း၊ ဒါေပမယ့္ကိုဗစ္ကပ္ေဘးကာလျဖစ္တာေႀကာင့္နယ္ေျမေက်ာ္ျပီးသြားလာတာဆႏၵျပတာေတြမလုပ္ဖို ့ ေရးသားထားပါတယ္ ကိုစိုင္းကေတာ့ လက္ေတြအေျခအေနမွာေတာ့ ထိုင္းအာဏာပိုင္ေတြဘက္က ဖိအားေပးတဲ့ သေဘာေတြ ေတြ ့ရတယ္လု့ိလည္းေျပာျပပါတယ္။

“လ၀က ေျပာတာမွတ္သားထားတာက သူတို ့အေနနဲ သူတို ့မွာ ဆႏၵျပလို ့သြားလို ့ဗီဇာ Visa ဖ်က္သိမ္းတဲ့ေပၚလစီမရွိဘူး။ သူတို့အေနနဲ ့လ၀ကကေတာ့ နယ္ေျမခံရဲစခန္းက အမွု ဖြင့္အေရးယူတယ္ဆိုရင္ေတာ့ ဒါက ကိုဗစ္ဥပေဒျဖစ္သြားျပီ။ အဲဒါဆုိရင္ေတာ့ ကုိဗစ္ဥပေဒနဲ ့ အမွုဖြင့္အေရးယူရင္ေတာ့ ျပစ္မွုက်ဳးလြန္တဲ့ သူျဖစ္သြားျပီ။ ဒီေတာ့ ဗီဇာ Visa ကိုဖ်က္သိမ္းျပီးျပန္ပို ့မယ္ေပါ့။”

ထိုင္းႏို္င္ငံမွာျမန္မာအလုပ္သမား၃သန္းထက္မနည္းအလုပ္လုပ္ေနႀကတာျဖစ္ျပီပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ေနကစလို ့ထုိင္းေရာက္ျမန္မာအလုပ္သမားေတြေက်ာင္းသားေတြစုေ၀းျပီး ျမန္မာႏိုင္ငံက သမၼတနဲ ့ႏုိင္ငံေရး ေခါင္းေဆာင္ေတြအဖမ္းဆီးခံရတာေတြ၊ ျငိမ္းခ်မ္းစြာဆႏၵျပသူေတြ အႀကမ္းဖက္ႏွိမ္နင္းခံရတာနဲပတ္သက္လုိ့ တလေက်ာ္ႀကာတဲ့အထိ ျမန္မာသံရံုးနဲ ့ ကုလသမဂၢဒုကၡသည္မ်ားမဟာမင္းႀကီးရံုးေရွ့မွာ ဆႏၵျပကန္ ့ကြက္ခဲ့ႀကတာျဖစ္ပါတယ္ရွင္။

..............................................................

တိုက္႐ိုက္ လင့္ခ္


စစ်အာဏာသိမ်းမှု ဆန္ဒပြတဲ့ ထိုင်းရောက်မြန်မာတွေ ဖိအားပေးမှုတချို့ ကြုံနေရ

(Unicode)
မြန်မာစစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားကျောင်းသားတွေကို ထိုင်း လဝကနဲ့ နယ်မြေခံအာဏာပိုင်တွေကဖိအားပေးမူတွေ ရှိနေတယ်ဆိုတဲ့အကြောင်း မအေးအေးမာက ပြောပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက် ထိုင်းနိုင်ငံမှာရှိတဲ့ ထောင်နဲ့ ချီတဲ့မြန်မာနိုင်ငံသားတွေကကန့်ကွက်ဆန္ဒပြမူတွေဆက်တိုက်ဖြစ်ပေါ်ခဲ့တာပါ။

ဒီဆန္ဒပြပွဲတွေကြောင့် နေထိုင်ခွင့်ဗီဇာတွေကို ထိုင်း လဝက ကနေ ရုတ်သိမ်းမှာဖြစ်တယ်လို့ စစ်ကောင်စီအကြီးတဦးရဲ သားသမီးတွေတက်နေတဲ့ ထိုင်းနိုင်ငံကတကသိုလ်တခုက စာထုတ်ပြောဆိုခဲ့ပြီးတဲ့နောက် ဒီသတင်းဟာလူ မူ ကွန်ယက်တွေမှာကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ထိုင်းလဝက ကတော့ လူဝင်မူကြီးကြပ်ရေးဌာနအနေနဲ့ ဒီလိုပေါ်လစီမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ပေမယ့် ကျောင်းသားနဲ့အလုပ်သမားတွေကြားထဲမှာတော့ ဖိအားပေးမူတွေ ရှိလာတယ်လို့ Myanmar community in Thailand အဖွဲ က ကိုစိုင်းကပြောပြပါတယ်။

“လူတွေနောက်လိုက်တာမျိုး၊ checking လုပ်တာမျိုးတွေရှိတယ်။ တချို့ ဆို နေထိုင်ရာကွန်ဒိုတွေအဆောက်အဦးတွေအထိလာပြီးအချက်အလက်လာယူတာတွေမျိုးပါလုပ်လာတယ်။ ဒါမျိုးတွေ လုပ်လာတယ်။ အလုပ်သမားတွေကိုတော့ ပိုပြင်းထန်တယ်။ စက်ရုံတွေထဲအလုပ်ရုံတွေထဲအခါခါသွားပြီးမင်းဆန္ဒပြပွဲမှာပါသလားဆိုတာခဏခဏ သွားဝင်ပြီးမေးတော့ စက်ရုံထဲရဲခဏခဏဝင်ရင် အလုပ်ရှင်ကလည်းလက်မခံရဲတော့ဘူးဖြစ်လာတယ်။”

အခုဆိုရင် ထိုင်းလဝက နဲ့နယ်မြေအာဏာပိုင်တွေက မေးမြန်းစုံစမ်းတာမျိုး လုပ်တာမျိုးတွေ၊ ဆန္ဒပြပွဲမှာဦးဆောင်ခဲ့ပါတယ်ဆိုတဲ့ဝန်ခံချက်တွေကို လုပ်ခိုင်းတာမျိုးတွေလုပ်ခဲ့ရတယ်လို့ လည်းကိုစိုင်းကပြောပြပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာမှာတော့ ထိုင်းရောက်မြန်မာတွေရဲ့ဥပဒေဘောင်အတွင်းဆန္ဒပြမူကိုတော့ လေးစားပါကြောင်း၊ ဒါပေမယ့်ကိုဗစ်ကပ်ဘေးကာလဖြစ်တာကြောင့်နယ်မြေကျော်ပြီးသွားလာတာဆန္ဒပြတာတွေမလုပ်ဖို့ ရေးသားထားပါတယ် ကိုစိုင်းကတော့ လက်တွေအခြေအနေမှာတော့ ထိုင်းအာဏာပိုင်တွေဘက်က ဖိအားပေးတဲ့ သဘောတွေ တွေ့ရတယ်လု့ိလည်းပြောပြပါတယ်။

“လဝက ပြောတာမှတ်သားထားတာက သူတို့အနေနဲ သူတို့မှာ ဆန္ဒပြလို့သွားလို့ဗီဇာ Visa ဖျက်သိမ်းတဲ့ပေါ်လစီမရှိဘူး။ သူတို့အနေနဲ့လဝကကတော့ နယ်မြေခံရဲစခန်းက အမှု ဖွင့်အရေးယူတယ်ဆိုရင်တော့ ဒါက ကိုဗစ်ဥပဒေဖြစ်သွားပြီ။ အဲဒါဆိုရင်တော့ ကိုဗစ်ဥပဒေနဲ့ အမှုဖွင့်အရေးယူရင်တော့ ပြစ်မှုကျုးလွန်တဲ့ သူဖြစ်သွားပြီ။ ဒီတော့ ဗီဇာ Visa ကိုဖျက်သိမ်းပြီးပြန်ပို့မယ်ပေါ့။”

ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမား၃သန်းထက်မနည်းအလုပ်လုပ်နေကြတာဖြစ်ပြီပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့နေကစလို့ထိုင်းရောက်မြန်မာအလုပ်သမားတွေကျောင်းသားတွေစုဝေးပြီး မြန်မာနိုင်ငံက သမ္မတနဲ့နိုင်ငံရေး ခေါင်းဆောင်တွေအဖမ်းဆီးခံရတာတွေ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ အကြမ်းဖက်နှိမ်နင်းခံရတာနဲပတ်သက်လို့ တလကျော်ကြာတဲ့အထိ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂဒုက္ခသည်များမဟာမင်းကြီးရုံးရှေ့မှာ ဆန္ဒပြကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG