(Zawgyi/Unicode)
ထိုင္းေရာက္ ျမန္မာႏိုင္ငံသားေတြရဲ႕ဆႏၵျပပြဲ (၇)ရက္ေျမာက္ေန႔ေရာက္ရွိ
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္ကန္႔ကြက္တဲ့ (၇) ရက္ေျမာက္ေန႔အျဖစ္ ထိုင္းေရာက္ျမန္မာႏိုင္ငံသားေတြ ဘန္ေကာက္က UNHCR ကုလသမဂၢ မဟာမင္းႀကီး႐ုံးေရွ႕နဲ႔ ျမန္မာသံ႐ုံး ေရွ႕ ေတြမွာ ဆႏၵျပၾကတဲ့သတင္း မေအးေအးမာက တင္ျပထားပါတယ္။
ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားေတြဟာ တနဂၤေႏြေန႔က ရာနဲ႔ခ်ီၿပီး စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပခဲ့တာပါ။ ေနလည္ပိုင္းမွာေတာ့ UNHCR ကုလသမဂၢ မဟာမင္းႀကီး႐ုံးေရွ ့မွာ ဆႏၵျပခဲ့ၾကၿပီး ညပိုင္းမွာေတာ့ ဘန္ေကာက္မွာရွိတဲ့ ျမန္မာသံ႐ုံးေရွ႕ စုေဝးဆႏၵျပခဲ့ၾကပါတယ္။
ေန႔လည္ပိုင္းမွာေတာ့ ထိုင္းရဲတပ္ဖြဲ ့ဝင္ေတြက လူစုခြဲဖို႔ လာေရာက္ေျပာဆိုတာေၾကာင့္ လူစုခြဲေပးခဲ့ရေၾကာင္း ဆႏၵျပပြဲမွာပါတဲ့ ျမန္မာႏို္င္ငံသားတဦးက ေျပာျပပါတယ္။
“က်ေနာ္တို႔က ညေန ၄ နာရီလုပ္ဖို႔ ခြင့္ျပဳတာေတာ့ မရွိေတာ့ဘူး။ မခြင့္ျပဳေတာ့ဘူး လို႔ေျပာတယ္။ လက္ရွိအခ်ိန္မွာ လူစုခြဲဖို႔ေျပာတယ္။ လူစုခြဲလို႔မရဘူး။ ညေနလာခ်င္တဲ့ သူေတြကေတာ့ အေျခအေနေတာ့ မသိဘူး။ ဒီဥပေဒအရ သြားမယ္ဆိုရင္ေတာ့ သူတို႔ေပးမလုပ္ေတာ့ဘူး။ ရဲေတြက လူစုခြဲခိုင္းတာေပါ့ေနာ္။ ေနာက္ေန႔မွ လာေစခ်င္ပါတယ္။ သူတို႔စကား နာမေထာင္ရင္ ေနာက္ေန႔ေတြမွာ ဆႏၵျပခြင့္ ရမွာမဟုတ္ပါဘူး။” လို႔ေျပာဆိုသြားတာပါ။
UNHCR ႐ုံးနဲ႔ လမ္းမႀကီးကို ပိတ္ဆို႔ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ေတြကေတာ့ လူစုခြဲဖို႔ လိုက္လံ သတိေပးေနေပမယ့္ ျမန္မာႏိုင္ငံသားေတြကေတာ့ ကမာၻမေၾကဘူး သီခ်င္းေတြ သီဆိုၿပီး စစ္အာဏာရွင္ ဆန္႔က်င္ေရး ေၾကြးေက်ာ္သံေတြနဲ႔ ဆႏၵျပခဲ့ၾကပါတယ္။
ျမန္မာႏိုင္ငံသားေတြဟာ ဘန္ေကာက္ၿမိဳ႕နဲ႔ ေဝးတဲ့ နယ္ေျမေတြကေန တနဂၤေႏြေန႔မွာ တကူးတက လာေရာက္ ဆႏၵျပခဲ့ၾကတာပါ ။
ညပိုင္းမွာေတာ့ ဆႏၵျပသူေတြေ ရာနဲ႔ခ်ီရွိၿပီး ဘန္ေကာက္ၿမိဳ႕ ျမန္မာသံ႐ုံးေရွ႕မွာ ထပ္မံ စုေဝးခဲ့ၾကပါတယ္။ ဒီအင္အားစုေတြထဲမွာ ျမန္မာေက်ာင္းသားေတြနဲ႔ ေ႐ြ႕ ေျပာင္းျမန္မာ အလုပ္သမားေတြ စုေဝးခဲ့ၾကတာပါ။ ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕မွာလည္း ျမန္မာေက်ာင္းသားေတြ စုေဝးၿပီး ညပိုင္းမွာ ဆႏၵျပေနၾကပါတယ္။
(Unicode)
ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ဆန္ဒပြပွဲ (၇)ရက်မြောက်နေ့ရောက်ရှိ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ (၇) ရက်မြောက်နေ့အဖြစ် ထိုင်းရောက်မြန်မာနိုင်ငံသားတွေ ဘန်ကောက်က UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့နဲ့ မြန်မာသံရုံး ရှေ့ တွေမှာ ဆန္ဒပြကြတဲ့သတင်း မအေးအေးမာက တင်ပြထားပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ တနင်္ဂနွေနေ့က ရာနဲ့ချီပြီး စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြခဲ့တာပါ။ နေလည်ပိုင်းမှာတော့ UNHCR ကုလသမဂ္ဂ မဟာမင်းကြီးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပြီး ညပိုင်းမှာတော့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
နေ့လည်ပိုင်းမှာတော့ ထိုင်းရဲတပ်ဖွဲ့ဝင်တွေက လူစုခွဲဖို့ လာရောက်ပြောဆိုတာကြောင့် လူစုခွဲပေးခဲ့ရကြောင်း ဆန္ဒပြပွဲမှာပါတဲ့ မြန်မာနိုင်ငံသားတဦးက ပြောပြပါတယ်။
“ကျနော်တို့က ညနေ ၄ နာရီလုပ်ဖို့ ခွင့်ပြုတာတော့ မရှိတော့ဘူး။ မခွင့်ပြုတော့ဘူး လို့ပြောတယ်။ လက်ရှိအချိန်မှာ လူစုခွဲဖို့ပြောတယ်။ လူစုခွဲလို့မရဘူး။ ညနေလာချင်တဲ့ သူတွေကတော့ အခြေအနေတော့ မသိဘူး။ ဒီဥပဒေအရ သွားမယ်ဆိုရင်တော့ သူတို့ပေးမလုပ်တော့ဘူး။ ရဲတွေက လူစုခွဲခိုင်းတာပေါ့နော်။ နောက်နေ့မှ လာစေချင်ပါတယ်။ သူတို့စကား နာမထောင်ရင် နောက်နေ့တွေမှာ ဆန္ဒပြခွင့် ရမှာမဟုတ်ပါဘူး။” လို့ပြောဆိုသွားတာပါ။
UNHCR ရုံးနဲ့ လမ်းမကြီးကို ပိတ်ဆို့ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ လူစုခွဲဖို့ လိုက်လံ သတိပေးနေပေမယ့် မြန်မာနိုင်ငံသားတွေကတော့ ကမ္ဘာမကြေဘူး သီချင်းတွေ သီဆိုပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကျော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်မြို့နဲ့ ဝေးတဲ့ နယ်မြေတွေကနေ တနင်္ဂနွေနေ့မှာ တကူးတက လာရောက် ဆန္ဒပြခဲ့ကြတာပါ ။
ညပိုင်းမှာတော့ ဆန္ဒပြသူတွေေ ရာနဲ့ချီရှိပြီး ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ ထပ်မံ စုဝေးခဲ့ကြပါတယ်။ ဒီအင်အားစုတွေထဲမှာ မြန်မာကျောင်းသားတွေနဲ့ ရွေ့ ပြောင်းမြန်မာ အလုပ်သမားတွေ စုဝေးခဲ့ကြတာပါ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာလည်း မြန်မာကျောင်းသားတွေ စုဝေးပြီး ညပိုင်းမှာ ဆန္ဒပြနေကြပါတယ်။