သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံေရးမတည္ၿငိမ္မႈေၾကာင့္ နယ္စပ္အေျခအေန ထိုင္းႏိုင္ငံစိုးရိမ္


ထိုင္း-ျမန္မာနယ္စပ္မွာ အဖမ္းခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (၀၆၊ ၀၂၊ ၂၀၂၁)

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ လူနည္းစုတုိင္းရင္းသားေတြနဲ႔ ျမန္မာအလုပ္သမားေတြအလံုးအရင္းနဲ႔ ထိုင္းႏိုင္ငံထဲ ထြက္ေျပးလာၾကမွာကို ထိုင္းႏုိင္ငံဘက္က စိုးရိမ္ေနပါတယ္။ ဒီအေၾကာင္း ထိုင္းအေျခစိုက္ ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီး ႏုိင္ငံေရးအေျခအေနေတြ မတည္မၿငိမ္ျဖစ္ေနတာေၾကာင့္ ထိုင္းအာဏာပိုင္ေတြဘက္ကလည္း အခုလို စိုးရိမ္မႈေတြ တိုးလာေနတာပါ။
ထိုင္း လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးဌာနက ဒုရဲခ်ဳပ္ စုန္ဖုန္း ခ်င္ဒူဝင္ (Sompong Chingduang) က ေဖေဖၚဝါရီလ ၅ ရက္ေန႔မွာ ထိုင္း-ျမန္မာနယ္စပ္၊ ကမ္ခ်နဘူရီ- ပကၽြတ္ကရန္ကန္ နယ္စပ္စစ္ေဆးေရးဂိတ္ေတြကို လာေရာက္စစ္ေဆးခဲ့ၿပီးတဲ့ေနာက္ နယ္ေျမခံအာဏာပိုင္ေတြနဲ႔ အေရးေပၚ အစည္းအေဝးအၿပီး သတင္းေထာက္ေတြကို ျမန္မာႏုိင္ငံေရးနဲ႔ဆက္စပ္ၿပီး ထိုင္းနယ္စပ္ေတြကေန ခုိးဝင္လာသူေတြ မ်ားလာႏိုင္ေၾကာင္း အခုလို ေျပာသြားပါတယ္။
လဝက ဒုရဲခ်ဳပ္ ေျပာသြားတာကေတာ့ ထိုင္းအစိုးရက ႏုိင္ငံအတြင္း ေရာက္ေနတဲ့ ခုိးဝင္ ျမန္မာႏိုင္ငံသားေတြကို တရားဝင္အျဖစ္ မွတ္ပံုတင္ခြင့္ျပဳတဲ့ကာလမွာ ႏုိင္ငံနယ္စပ္ ေတာလမ္းေတြကေန ျမန္မာႏိုင္ငံသားေတြ ပိုၿပီး ဝင္လာေနတာကို ေတြ႔ေနရပါတယ္။ လူကုန္ကူးလုပ္ငန္းလုပ္ေနသူေတြကလည္း အခေၾကးေငြယူၿပီး လူကုန္ကူးလာေနၾကတာလည္း ေတြ႔ရပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ျမန္မာျပည္တြင္းကလူေတြနဲ႔ နယ္စပ္က တုိင္းရင္းသားေတြပါ ဝင္ေရာက္လာႏိုင္တာေၾကာင့္ ထိုင္းအစိုးရအေနနဲ႔ နယ္စပ္ေဒသက ေက်းရြာေတြမွာ စစ္ေဆးမႈေတြ၊ ေစာင့္ၾကည့္မႈေတြ တိုးျမွင့္ေဆာင္ြက္ဖို႔ လိုအပ္ေနတယ္” လို႔ ထုိင္းဘာသာနဲ႔ ေျပာသြားတာပါ။
ျမန္မာႏုိင္ငံသားအမ်ားစု ဝင္ေရာက္လာေနတဲ့ နယ္စပ္ေဒသက ဝင္ေပါက္ေတြကို ထိုင္းစစ္တပ္က အင္အားတိုးျမွင့္ခ်ထား ေစာင့္ၾကည့္ေနသလို နယ္စပ္တေလွ်ာက္ အဖမ္းအဆီးေတြ ပိုမ်ားလာေနပါတယ္။ ေဖေဖၚဝါရီလ ၆ ရက္ေန႔မွာေတာ့ ျမန္မာႏုိင္ငံသား ၁၆ ဦးဟာ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ကေန ထိုင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ိုင္ မယ္လ္ၿမိဳ႕နယ္ထဲကို တရားမဝငက္ ဝင္ေရာက္လာတဲ့အတြက္ အဖမ္းဆီးခံခဲ့ရပါတယ္။
အခုရက္ပိုင္းေတြအတြင္း ထိုင္း-ျမန္မာနယ္စပ္ ခ်င္း႐ိုင္-မဲေဆာက္နဲ႔ ကမ္ခ်နဘူရီတို႔မွာ တရားမဝင္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား ရာဂဏန္းေလာက္ ဖမ္းဆီးခံေနၾကရေၾကာင္း ထိုင္းသတင္းေတြမွာ ေဖာ္ျပၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

#MyanmarMilitaryCoup #MyanmarThailand #MyanmarMigrant #IDPs #VOABurmese

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လူနည်းစုတိုင်းရင်းသားတွေနဲ့ မြန်မာအလုပ်သမားတွေအလုံးအရင်းနဲ့ ထိုင်းနိုင်ငံထဲ ထွက်ပြေးလာကြမှာကို ထိုင်းနိုင်ငံဘက်က စိုးရိမ်နေပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နိုင်ငံရေးအခြေအနေတွေ မတည်မငြိမ်ဖြစ်နေတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်ကလည်း အခုလို စိုးရိမ်မှုတွေ တိုးလာနေတာပါ။
ထိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒုရဲချုပ် စုန်ဖုန်း ချင်ဒူဝင် (Sompong Chingduang) က ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ်၊ ကမ်ချနဘူရီ- ပကျွတ်ကရန်ကန် နယ်စပ်စစ်ဆေးရေးဂိတ်တွေကို လာရောက်စစ်ဆေးခဲ့ပြီးတဲ့နောက် နယ်မြေခံအာဏာပိုင်တွေနဲ့ အရေးပေါ် အစည်းအဝေးအပြီး သတင်းထောက်တွေကို မြန်မာနိုင်ငံရေးနဲ့ဆက်စပ်ပြီး ထိုင်းနယ်စပ်တွေကနေ ခိုးဝင်လာသူတွေ များလာနိုင်ကြောင်း အခုလို ပြောသွားပါတယ်။
လဝက ဒုရဲချုပ် ပြောသွားတာကတော့ ထိုင်းအစိုးရက နိုင်ငံအတွင်း ရောက်နေတဲ့ ခိုးဝင် မြန်မာနိုင်ငံသားတွေကို တရားဝင်အဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ကာလမှာ နိုင်ငံနယ်စပ် တောလမ်းတွေကနေ မြန်မာနိုင်ငံသားတွေ ပိုပြီး ဝင်လာနေတာကို တွေ့နေရပါတယ်။ လူကုန်ကူးလုပ်ငန်းလုပ်နေသူတွေကလည်း အခကြေးငွေယူပြီး လူကုန်ကူးလာနေကြတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာပြည်တွင်းကလူတွေနဲ့ နယ်စပ်က တိုင်းရင်းသားတွေပါ ဝင်ရောက်လာနိုင်တာကြောင့် ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဒေသက ကျေးရွာတွေမှာ စစ်ဆေးမှုတွေ၊ စောင့်ကြည့်မှုတွေ တိုးမြှင့်ဆောင်ွက်ဖို့ လိုအပ်နေတယ်” လို့ ထိုင်းဘာသာနဲ့ ပြောသွားတာပါ။
မြန်မာနိုင်ငံသားအများစု ဝင်ရောက်လာနေတဲ့ နယ်စပ်ဒေသက ဝင်ပေါက်တွေကို ထိုင်းစစ်တပ်က အင်အားတိုးမြှင့်ချထား စောင့်ကြည့်နေသလို နယ်စပ်တလျှောက် အဖမ်းအဆီးတွေ ပိုများလာနေပါတယ်။ ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၆ ဦးဟာ ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လ်မြို့နယ်ထဲကို တရားမဝငက် ဝင်ရောက်လာတဲ့အတွက် အဖမ်းဆီးခံခဲ့ရပါတယ်။
အခုရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်-မဲဆောက်နဲ့ ကမ်ချနဘူရီတို့မှာ တရားမဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ရာဂဏန်းလောက် ဖမ်းဆီးခံနေကြရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG