သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်မှု ဒုတိယနေ့လူထုဆန္ဒပြပွဲများ


ရန်ကုန်မြို့ ဆူးလေးအနီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)
ရန်ကုန်မြို့ ဆူးလေးအနီး စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့ ဆန္ဒပြ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ဆန့်ကျင်တဲ့ လမ်းပေါ် လူထုဆန္ဒပြမှုတွေ ဖြစ်နေတာ အခုဆိုရင် နှစ်ရက်မြောက်သွားပါပြီ။ ရန်ကုန် မန္တလေးမြို့ကြီးတွေအပြင် မြန်မာနိုင်ငံမြို့အတော်များများမှာပါ ဆန္ဒပြမှုတွေ ရှိနေတာပါ။ ဒီကနေ့ လူထုဆန္ဒပြပွဲအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပါမယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD ပါတီခေါင်းဆောင်တချို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းမှာ စစ်တပ်က ထိန်းသိမ်းခဲ့တာပါ။ အဲဒီနောက် အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွဲှယူထားပါတယ်။ အဲဒီနောက် ကျန်းမာရေးဝန်ထမ်းတွေ လုပ်ငန်းတာဝန်ရပ်ဆိုင်းပြီး ဆန္ဒပြတာအပါအဝင် အစိုးရဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်လာကြပြီးတဲ့နောက် ဖေဖော်ဝါရီလ ၆ ရက်နေ့က စပြီး လမ်းပေါ်ထွက်ဆန္ဒပြလာကြတာပါ။ မနေ့က နံနက်အစောပိုင်းမှာ အလုပ်သမားအင်အားစုကနေ စတင်လိုက်တဲ့ ရန်ကုန်မြို့ ဆန္ဒပြသူတွေနဲ့ တပြိုင်နက်တည်း ဒီကနေ့မှာတော့ မန္တလေး၊ နေပြည်တော်၊ မုံရွာ၊ မော်လမြိုင်မြို့တို့အပြင် မြို့ ၁၀ မြို့ထက်မနည်း ပါဝင်လာကြပါတယ်။

ရန်ကုန်မြို့မှာတော့ ဆန္ဒပြသူတွေဟာ ဒီနေ့ မနက်ပိုင်းက နေရာ လေးနေရာထက်မနည်းထွက်လာကြပြီး အခု အချိန်မှာတော့ တမြို့လုံးနီးပါးမှာ စစ်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုတွေရှိနေပါတယ်။

"စစ်အာဏာရှင် ကျဆုံးရေး ... ဒို့အရေး ဒို့အရေး၊ စစ်အာဏာရှင် ကျဆုံးရေး ... ဒို့အရေး ဒို့အရေး၊ ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး ဒို့အရေး၊ ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး ဒို့အရေး။"

ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ကိုပြန်လွှတ်ပေးရေးအပါအဝင် တပ်မတော်က အာဏာသိမ်းလိုက်တဲ့လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း ကြွေးကြော်ခဲ့ကြတာပါ။

"အမေစုကို ပြန်လွှတ်ပေးရေး ... ဒို့အရေး ဒို့အရေး၊ သမ္မတကို ပြန်လွှတ်ပေးရေး ... ဒို့အရေး ဒို့အရေး။ "

မွန်းလွဲပိုင်းကတော့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးက ဆန္ဒပြလူထုကို ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က လာရောက်အားပေးခဲ့ပါသေးတယ်။ တချိန်တည်းမှာတော့ CDM ခေါ်တဲ့ စစ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပတ်သက်ခြင်း မလုပ်ဖို့ဆိုတဲ့ ဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေလည်း ဆက်ရှိနေပါတယ်။ မနက်ဖြန်အင်္ဂါနေ့မှာ ဒီ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို အရှိန်မြှင့်ပြီး၊ အထွေထွေသပိတ်ဆင်နွဲှဖို့ လှုံဆော်နေကြပါတယ်။

မနေ့က မနက်အစောပိုင်းမှာ ပြည်သူတွေက ဆန္ဒပြခဲ့ကြသလို အာဏာသိမ်းထားသူတွေဘက်ကလည်း အင်တာနက်လိုင်းဖြတ်တောက်ခဲ့ကြပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ၂၄ နာရီကျော်ကြာ ပိတ်ထားခဲ့တဲ့ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ သတင်းအမှားတွေ ဖြန့်မှာကိုလည်း စိုးရိမ်နေကြပါတယ်။

အခုလို ဆန္ဒပြမှုတွေဖြစ်လာတဲ့နောက် ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အနေနဲ့အရေးယူတာမျိုး မလုပ်ကြဖို့ကိုလည်း ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

စဈအာဏာသိမျးဆန့ျကငြျမှု ဒုတိယနေ့လူထုဆန်ဒပွပှဲမြား









အခုလို ဆန်ဒပွမှုတှဖွေဈလာတဲ့နောကျ ငွိမျးခမြျးစှာဆန်ဒပွသူတှကေို စဈတပျနဲ့ ရဲတပျဖှဲ့အနနေဲ့အရေးယူတာမြိုး မလုပျကွဖို့ကိုလညျး ကုလသမဂ်ဂက တိုကျတှနျးထားပါတယျ။

XS
SM
MD
LG