သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း နယ္ေျမေက်ာ္ အလုပ္ရွာတဲ့ ျမန္မာလုပ္သားမ်ား ဖမ္းဆီးခံရ


ခၽြန္ဘူရီခ႐ုိင္က လမ္းေဘးမွာ အဖမ္းခံရတဲ့ ျမန္မာႏုိင္ငံသားမ်ား။ (ဓာတ္ပုံ - ထုိင္းရဲတပ္ဖြဲ႔)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံ ကိုဗစ္အေရးေပၚကာလမွာ အလုပ္လက္မဲ့ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံသား ၂၀ ေက်ာ္ဟာ နယ္ေျမေက်ာ္ေျပာင္းေရႊ႕ၿပီး အလုပ္အကုိင္ရွာေဖြဖို႔ လုပ္တာေၾကာင့္ ဇန္နဝါရီ ၂၂ ရက္ေန႔က ဖမ္းဆီးခံခဲ့ရပါတယ္။ အျပည့္အစုံကုိ ထုိင္းအေျခစုိက္ ဗြီအိုေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏို္င္ငံ ခၽြန္ဘူရီခ႐ုိင္ထဲက ျမန္မာအလုပ္သမား ၂၀ ေက်ာ္ဟာ ကိုဗစ္အေရးေပၚကာလ အလုပ္အကိုင္ မရွိတာေၾကာင့္ အလုပ္ရရွိမယ့္ေနရာကို ေျပာင္းေရႊ႕ရင္း လမ္းေပၚမွာပဲ အဖမ္းဆီးခံလိုက္ရပါတယ္။ ခၽြန္ဘူရီခ႐ုိင္ဟာ ကိုဗစ္ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ အနီေရာင္အဆင့္ အထူးၾကပ္မတ္ ေစာင့္ၾကည့္ေနရတဲ့ဇုန္မွာ ပါဝင္ၿပီး နယ္ေျမအတြင္း ခရီးသြားလာခြင့္ေတြကို ကန္႔သတ္ထားခ်ိန္မွာ အခုလို ဖမ္းဆီးခံရတာျဖစ္ေၾကာင္း AAC အလုပ္သမားကူညီေရးအဖဲြ႔က အလုပ္သမားေရး လႈပ္ရွားသူ ဦးရဲမင္းက အခုလိုေျပာပါတယ္။

“အေယာက္ ၂၀ ေက်ာ္ပါ၊ ထုိင္းႏုိင္ငံ ခၽြန္ဘူရီခ႐ုိင္ အပုိင္ထဲက ဘန္႔မင္ၿမိဳ႕ဘက္မွာျဖစ္တာ။ အလုပ္ရွင္ေတြက အလုပ္ဆက္မေပးတာေတြ အလုပ္ျဖဳတ္ခံရတဲ့သူေတြ မ်ားလာတယ္။ သူတို႔က အသံုးအေဆာင္ေတြ အထုပ္အပုိးေတြနဲ႔ ေရာက္ေနတယ္။ နယ္ေျမခံ ထုိင္းလူမ်ိဳးေတြက တိုင္ၾကားလို႔ ထုိင္းရဲတပ္ဖြဲ႔ေတြက ေရာက္သြားတယ္။ သြားေရာက္စစ္ေဆးေတာ့ အဲဒီ ခၽြန္ဘူရီၿမိဳ႕ထဲမွာ ျမန္မာႏုိင္ငံသားေတြ ခရီးသြားလာခြင့္ေတြ ကန္႔သတ္ထားတယ္၊ ပိတ္ထားတယ္။ အေယာက္ ၂၀ ေက်ာ္ထဲမွာ တခ်ိဳ႕ မိထားၿပီ။ တခ်ိဳ႕ အသီးသီး ၅ ေယာက္တဖဲြ႔ ၁၀ ေယာက္တဖဲြ႔ ထြက္သြားတယ္။ အဲဒီလိုလူေတြကုိလည္း မိထားၿပီ။ မမိေသးတဲ့သူေတြကိုလည္း လိုက္ဖမ္းေနတယ္။ မိထားတဲ့သူေတြကို ကိုဗစ္ အေရးေပၚစီမံခ်က္ ဥပေဒနဲ႔ အေရးယူခံရေတာ့မယ္။”

သူတို႔ထဲက အမ်ားစုကေတာ့ အထာက္အထား လက္မွတ္ေတြမရွိဘဲ တရားမဝင္ ေနထုိင္ေနၾကသူေတြျဖစ္ၿပီး အလုပ္အကိုင္ ရွာေဖြေပးတဲ့ လူပဲြစားေတြကို ေစာင့္ေနတုန္း တခ်ိဳ႕ကို ဖမ္းမိခဲ့တာျဖစ္ပါတယ္။

တေန႔တည္းမွာပဲ ထုိင္း-ျမန္မာနယ္စပ္ တာ့ခ္ခ႐ုိင္ တန္ေဆာင္ရမ္းၿမိဳ႕နယ္ထဲမွာ လူကုန္ကူးသူေတြ သယ္ေဆာင္လာတဲ့ ျမန္မာႏုိင္ငံသား ၆ ဦးကိုလည္း ဖမ္းမိခဲ့ပါတယ္။ ျမန္မာႏုိင္ငံသားေတြဟာ အလုပ္အကိုင္ ရရွိဖို႔အတြက္ ျမန္မာႏိုင္ငံဘက္ကေန ခိုးဝင္လာသူေတြ ျဖစ္တဲ့အေၾကာင္းကိုလည္း ဦးရဲမင္းက အခုလိုေျပာပါတယ္။

“တရားမဝင္ ျမန္မာႏုိင္ငံသား ၆ ဦးကုိ သယ္ေဆာင္မႈနဲ႔ သူ႔ကို စစ္ေဆးၿပီး သူ႔ကုိ ဖမ္းဆီးခဲ့တယ္။ ထုိင္းႏုိင္ငံသား လူေမွာင္ခိုသမားက ျမန္မာႏုိင္ငံသားေတြကုိ ခၽြန္ဘူရီနဲ႔ ခ်င္းမုိင္ခ႐ုိင္ေတြမွာ အလုပ္သြင္းေပးမယ္ဆုိၿပီး တဦးကုိ ဘတ္ေငြ ၉,၀၀၀ နဲ႔ ယူၿပီး ခုိးသြင္းလာတာ။ အခုခ်ိန္မွာ လူေမွာင္ခိုသမားေတြကလည္း ဆက္တိုက္ခိုးသြင္းေနတယ္။”

အေမရိကန္ ႏုိင္ငံျခားေရး ဝန္ႀကီးဌာနက ၿပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတဝန္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြ ရွိေနတဲ့ ထုိင္းႏုိင္ငံကေတာ့ tire 2 ေစာင့္ၾကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းနိုင်ငံတွင်း နယ်မြေကျော် အလုပ်ရှာတဲ့ မြန်မာလုပ်သားများ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကိုဗစ်အရေးပေါ်ကာလမှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသား ၂၀ ကျော်ဟာ နယ်မြေကျော်ပြောင်းရွှေ့ပြီး အလုပ်အကိုင်ရှာဖွေဖို့ လုပ်တာကြောင့် ဇန်နဝါရီ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ထဲက မြန်မာအလုပ်သမား ၂၀ ကျော်ဟာ ကိုဗစ်အရေးပေါ်ကာလ အလုပ်အကိုင် မရှိတာကြောင့် အလုပ်ရရှိမယ့်နေရာကို ပြောင်းရွှေ့ရင်း လမ်းပေါ်မှာပဲ အဖမ်းဆီးခံလိုက်ရပါတယ်။ ချွန်ဘူရီခရိုင်ဟာ ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ အနီရောင်အဆင့် အထူးကြပ်မတ် စောင့်ကြည့်နေရတဲ့ဇုန်မှာ ပါဝင်ပြီး နယ်မြေအတွင်း ခရီးသွားလာခွင့်တွေကို ကန့်သတ်ထားချိန်မှာ အခုလို ဖမ်းဆီးခံရတာဖြစ်ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးရဲမင်းက အခုလိုပြောပါတယ်။

“အယောက် ၂၀ ကျော်ပါ၊ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် အပိုင်ထဲက ဘန့်မင်မြို့ဘက်မှာဖြစ်တာ။ အလုပ်ရှင်တွေက အလုပ်ဆက်မပေးတာတွေ အလုပ်ဖြုတ်ခံရတဲ့သူတွေ များလာတယ်။ သူတို့က အသုံးအဆောင်တွေ အထုပ်အပိုးတွေနဲ့ ရောက်နေတယ်။ နယ်မြေခံ ထိုင်းလူမျိုးတွေက တိုင်ကြားလို့ ထိုင်းရဲတပ်ဖွဲ့တွေက ရောက်သွားတယ်။ သွားရောက်စစ်ဆေးတော့ အဲဒီ ချွန်ဘူရီမြို့ထဲမှာ မြန်မာနိုင်ငံသားတွေ ခရီးသွားလာခွင့်တွေ ကန့်သတ်ထားတယ်၊ ပိတ်ထားတယ်။ အယောက် ၂၀ ကျော်ထဲမှာ တချို့ မိထားပြီ။ တချို့ အသီးသီး ၅ ယောက်တဖွဲ့ ၁၀ ယောက်တဖွဲ့ ထွက်သွားတယ်။ အဲဒီလိုလူတွေကိုလည်း မိထားပြီ။ မမိသေးတဲ့သူတွေကိုလည်း လိုက်ဖမ်းနေတယ်။ မိထားတဲ့သူတွေကို ကိုဗစ် အရေးပေါ်စီမံချက် ဥပဒေနဲ့ အရေးယူခံရတော့မယ်။”

သူတို့ထဲက အများစုကတော့ အထာက်အထား လက်မှတ်တွေမရှိဘဲ တရားမဝင် နေထိုင်နေကြသူတွေဖြစ်ပြီး အလုပ်အကိုင် ရှာဖွေပေးတဲ့ လူပွဲစားတွေကို စောင့်နေတုန်း တချို့ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

တနေ့တည်းမှာပဲ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် တန်ဆောင်ရမ်းမြို့နယ်ထဲမှာ လူကုန်ကူးသူတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၆ ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင် ရရှိဖို့အတွက် မြန်မာနိုင်ငံဘက်ကနေ ခိုးဝင်လာသူတွေ ဖြစ်တဲ့အကြောင်းကိုလည်း ဦးရဲမင်းက အခုလိုပြောပါတယ်။

“တရားမဝင် မြန်မာနိုင်ငံသား ၆ ဦးကို သယ်ဆောင်မှုနဲ့ သူ့ကို စစ်ဆေးပြီး သူ့ကို ဖမ်းဆီးခဲ့တယ်။ ထိုင်းနိုင်ငံသား လူမှောင်ခိုသမားက မြန်မာနိုင်ငံသားတွေကို ချွန်ဘူရီနဲ့ ချင်းမိုင်ခရိုင်တွေမှာ အလုပ်သွင်းပေးမယ်ဆိုပြီး တဦးကို ဘတ်ငွေ ၉,၀၀၀ နဲ့ ယူပြီး ခိုးသွင်းလာတာ။ အခုချိန်မှာ လူမှောင်ခိုသမားတွေကလည်း ဆက်တိုက်ခိုးသွင်းနေတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG