သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ျမန္မာလုပ္သားေတြထဲ တရားဝင္အလုပ္လုပ္ခြင့္ေၾကး မတတ္ႏုိင္သူမ်ားေန


ထုိင္းနယ္စပ္ကေန ေနရပ္ျပန္ၾကတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား။ (ဓာတ္ပံု - ျမန္မာအလုပ္သမားသံအရာရွိရံုး - ဇန္နဝါရီ ၂၁၊ ၂၀၂၁)

[Zawgyi/Unicode]

ထိုင္းအစိုးရက တရားမဝင္ ႏုိင္ငံျခားသား အလုပ္သမားေတြအတြက္ တရား၀င္ အလုပ္လုပ္ခြင့္ အေထာက္အထားေတြ ေလွ်ာက္ထားခြင့္ ျပဳလုိက္ေပမဲ့ ျမန္မာႏုိင္ငံသားေတြၾကားမွာ ကုန္က်စရိတ္ မတတ္ႏုိင္သူ အမ်ားအျပား ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏုိင္ငံမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တေက်ာ့ျပန္ တုိးလာေနခ်ိန္မွာပဲ တရားမ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြကုိ တရား၀င္ အလုပ္လုပ္ခြင့္ အေထာက္အထားေတြ ေလွ်ာက္ထားၾကဖုိ႔ ဒီလလယ္ကစ ခြင့္ျပဳခဲ့တာပါ။ ဒါေပမဲ့လည္း ကပ္ေရာဂါကူးစက္မႈ ရွိမရွိ စစ္ေဆးတာ အပါအ၀င္ ခြင့္ျပဳခ်က္ ေလွ်ာက္ထားရာမွာ ထုိင္းဘတ္ေငြ ၉,၀၀၀ ေက်ာ္ ကုန္က်တာေၾကာင့္ ျမန္မာႏုိင္ငံသား ေလွ်ာက္ထားသူ နည္းပါးေနတယ္လုိ႔ ထုိင္းႏုိင္ငံအေျခစုိက္ AAC အလုပ္သမားကူညီေရးအဖဲြ႔က အလုပ္သမားေရး လႈပ္ရွားသူ ဦးရဲမင္းကေျပာပါတယ္။

"ပန္းေရာက္ကဒ္ (အေထာက္အထားလက္မွတ္) က သိပ္မလုပ္ႏုိင္ၾကဘူး။ အလုပ္လက္မဲ့ ျဖစ္ေနႀကတာရယ္၊ ေနထုိင္ခြင့္ အေထာက္အထားေတြ လုပ္ဖို႔အတြက္ ႀကိဳတင္စုေဆာင္းထားတာမရွိဘူး။ အေထာက္အထားမဲ့ေတြကို အေထာက္အထားလုပ္ေပးေပမဲ့ လုပ္ငန္းရွင္မရွိသူက ပုိမ်ားေနတယ္။ ဘတ္ေငြက ၉,၁၈၀ ေပါက္ေစ်း ရွိတယ္။ ျမန္မာေငြနဲ႔ဆို ၄၅၀,၀၀၀ ေလာက္ရွိတယ္။ ဒီေငြေၾကးကုိ က်ေနာ္တုိ႔ ျမန္မာအလုပ္သမားေတြက သိပ္မတတ္ႏိုင္ၾကဘူး။ အဲဒါက အစိုးရက သတ္မွတ္ထားတဲ့ေစ်းႏႈန္း ျဖစ္ေနတယ္။"

ထုိင္းႏုိင္ငံမွာ တေက်ာ့ျပန္ ကပ္ေရာဂါကူးစက္မႈေတြ ျဖစ္ပြားရာမွာ ျမန္မာႏုိင္ငံသားေတြ အပါအ၀င္ ႏုိင္ငံျခားသား အလုပ္သမားေတြၾကား ကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ ထုိင္းတာ၀န္ရွိသူေတြက ေရာဂါပုိး စစ္ေဆးမႈေတြကုိ တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ေနတာပါ။ ေရာဂါပုိး စစ္ေဆးတာ အပါအ၀င္ တရား၀င္ ေနထုိင္အလုပ္လုပ္ကုိင္ခြင့္ ေလွ်ာက္ထားရတဲ့ လုပ္ငန္းစဥ္မွာ အခက္အခဲေတြ ရွိတာေၾကာင့္ တခ်ဳိ႕ျမန္မာႏုိင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြကေတာ့ ၾကားပဲြစားေတြကုိ အခေၾကးေငြေပး ေလွ်ာက္ထားတာေတြ ရွိေနတယ္လုိ႔လည္း ထုိင္းႏုိင္ငံအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးလႈပ္ရွားသူ ဦးမင္းဦးကေျပာပါတယ္။

"၉,၁၈၀ ဘတ္ နဲ႔ ၉,၃၈၀ ဘတ္က လုပ္ငန္းအျပီးအစီးပါ လူသစ္ေတြကို ေျပာတာပါ။ ၉,၃၈၀ ဘတ္က ေရလုပ္သားေတြကို ေျပာတာပါ။ က်န္တဲ့သူေတြက ၉,၁၈၀ ဘတ္ပါ။ ဒါေပမဲ့အျပင္မွာ လက္ေတြ ့ေစ်းက ေသာင္းေက်ာ္ေပးရတယ္။ အမ်ားစု ၉၀ ရာခုိင္ႏႈန္းက ပဲြစားနဲ႔ပဲ သြားလုပ္ၾကတယ္။ က်ေနာ္တို႔ကေတာ့ ဘယ္လို႔ စာရင္းသြင္းရမယ္ဆုိတာအဆင့္ဆင့္ FED အေနနဲ႔ က်ေနာ္တို႔ တင္ျပေပးထားတယ္၊ ပညာေပးထားတယ္။ လုပ္တတ္ရင္ ကုိယ့္ဖာသာသြင္းရံုပဲ။ ဒါေပမဲ့ ပဲြစားက အေထာက္အထားနဲ႔ လုပ္ေပးတဲ့အခါ ၀န္ေဆာင္မႈ ပုိ႔လုပ္ေပးႏုိင္တယ္။ ပုိက္ဆံလည္း အမ်ားႀကီးယူထားတယ္။ အဲဒီရတဲ့ေငြနဲ႔ ၀န္ေဆာင္မႈ လုပ္ေပးတဲ့အခါ အစုိရအာဏာပုိင္နဲ႔ေပါင္းျပီး စားတယ္။ ဒီအတြက္သူတုိ႔လုပ္ငန္းက ပုိျပီးျမန္ဆန္ျပီး အဆင္ေျပတယ္။ ရိုးရိုသာမာန္က ပံုမွန္အတုိင္းလုပ္ရင္ခက္ခဲတာေတြလည္း ရွိတယ္။"

တရား၀င္ အလုပ္လုပ္ခြင့္ အေထာက္အထားရဖို႔ ဇန္န၀ါရီလ ၁၅ ရက္ေန႔ကေန ေဖေဖၚ၀ါရီလ ၁၃ ရက္ေန႔အထိ အြန္လုိင္းကေန ေလွ်ာက္ထားႏုိင္ေၾကာင္း ထုိင္းအာဏာပုိင္ေတြက သတ္မွတ္ထားပါတယ္။ တရား၀င္ခြင့္ျပဳခ်က္ အေထာက္အထား ရသူေတြ အေနနဲ႔ ၂ ႏွစ္ အလုပ္လုပ္ခြင့္ရရွိမွာ ျဖစ္ပါတယ္။ ထုိင္းႏိုင္ငံမွာ ျမန္မာအလုပ္သမား ၃,၀၀၀,၀၀၀ ေလာက္ရွိမယ္လုိ႔ အလုပ္သမားေရး လႈပ္ရွားသူေတြ ခန္႔မွန္းထားေပမဲ့ တရား၀င္ အေထာက္အထားနဲ႔ အလုပ္လုပ္ေနတဲ့သူ အေရအတြက္ကေတာ့ သိန္းဂဏန္းေလာက္သာ ရွိပါတယ္။ ကုိဗစ္ကပ္ေရာဂါ စတင္ခဲ့တဲ့ ၿပီးခဲ့တဲ့ ႏွစ္ထဲမွာေတာ့ အလုပ္အကုိင္နဲ႔ စား၀တ္ေနေရး အခက္အခဲႀကံဳၾကရတဲ့ သိန္းနဲ႔ခ်ီတဲ့ ျမန္မာအလုပ္သမားေတြလည္း ေနရပ္ျပန္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းရောက် မြန်မာလုပ်သားတွေထဲ တရားဝင်အလုပ်လုပ်ခွင့်ကြေး မတတ်နိုင်သူများနေ

ထိုင်းအစိုးရက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် တရားဝင် အလုပ်လုပ်ခွင့် အထောက်အထားတွေ လျှောက်ထားခွင့် ပြုလိုက်ပေမဲ့ မြန်မာနိုင်ငံသားတွေကြားမှာ ကုန်ကျစရိတ် မတတ်နိုင်သူ အများအပြား ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာနေချိန်မှာပဲ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့် အထောက်အထားတွေ လျှောက်ထားကြဖို့ ဒီလလယ်ကစ ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်း ကပ်ရောဂါကူးစက်မှု ရှိမရှိ စစ်ဆေးတာ အပါအဝင် ခွင့်ပြုချက် လျှောက်ထားရာမှာ ထိုင်းဘတ်ငွေ ၉,၀၀၀ ကျော် ကုန်ကျတာကြောင့် မြန်မာနိုင်ငံသား လျှောက်ထားသူ နည်းပါးနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေးအဖွဲ့က အလုပ်သမားရေး လှုပ်ရှားသူ ဦးရဲမင်းကပြောပါတယ်။

"ပန်းရောက်ကဒ် (အထောက်အထားလက်မှတ်) က သိပ်မလုပ်နိုင်ကြဘူး။ အလုပ်လက်မဲ့ ဖြစ်နေကြတာရယ်၊ နေထိုင်ခွင့် အထောက်အထားတွေ လုပ်ဖို့အတွက် ကြိုတင်စုဆောင်းထားတာမရှိဘူး။ အထောက်အထားမဲ့တွေကို အထောက်အထားလုပ်ပေးပေမဲ့ လုပ်ငန်းရှင်မရှိသူက ပိုများနေတယ်။ ဘတ်ငွေက ၉,၁၈၀ ပေါက်ဈေး ရှိတယ်။ မြန်မာငွေနဲ့ဆို ၄၅၀,၀၀၀ လောက်ရှိတယ်။ ဒီငွေကြေးကို ကျနော်တို့ မြန်မာအလုပ်သမားတွေက သိပ်မတတ်နိုင်ကြဘူး။ အဲဒါက အစိုးရက သတ်မှတ်ထားတဲ့ဈေးနှုန်း ဖြစ်နေတယ်။"

ထိုင်းနိုင်ငံမှာ တကျော့ပြန် ကပ်ရောဂါကူးစက်မှုတွေ ဖြစ်ပွားရာမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကြား ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် ထိုင်းတာဝန်ရှိသူတွေက ရောဂါပိုး စစ်ဆေးမှုတွေကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတာပါ။ ရောဂါပိုး စစ်ဆေးတာ အပါအဝင် တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားရတဲ့ လုပ်ငန်းစဉ်မှာ အခက်အခဲတွေ ရှိတာကြောင့် တချို့မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ကြားပွဲစားတွေကို အခကြေးငွေပေး လျှောက်ထားတာတွေ ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကပြောပါတယ်။

"၉,၁၈၀ ဘတ် နဲ့ ၉,၃၈၀ ဘတ်က လုပ်ငန်းအပြီးအစီးပါ လူသစ်တွေကို ပြောတာပါ။ ၉,၃၈၀ ဘတ်က ရေလုပ်သားတွေကို ပြောတာပါ။ ကျန်တဲ့သူတွေက ၉,၁၈၀ ဘတ်ပါ။ ဒါပေမဲ့အပြင်မှာ လက်တွေ့ဈေးက သောင်းကျော်ပေးရတယ်။ အများစု ၉၀ ရာခိုင်နှုန်းက ပွဲစားနဲ့ပဲ သွားလုပ်ကြတယ်။ ကျနော်တို့ကတော့ ဘယ်လို့ စာရင်းသွင်းရမယ်ဆိုတာအဆင့်ဆင့် FED အနေနဲ့ ကျနော်တို့ တင်ပြပေးထားတယ်၊ ပညာပေးထားတယ်။ လုပ်တတ်ရင် ကိုယ့်ဖာသာသွင်းရုံပဲ။ ဒါပေမဲ့ ပွဲစားက အထောက်အထားနဲ့ လုပ်ပေးတဲ့အခါ ဝန်ဆောင်မှု ပို့လုပ်ပေးနိုင်တယ်။ ပိုက်ဆံလည်း အများကြီးယူထားတယ်။ အဲဒီရတဲ့ငွေနဲ့ ဝန်ဆောင်မှု လုပ်ပေးတဲ့အခါ အစိုရအာဏာပိုင်နဲ့ပေါင်းပြီး စားတယ်။ ဒီအတွက်သူတို့လုပ်ငန်းက ပိုပြီးမြန်ဆန်ပြီး အဆင်ပြေတယ်။ ရိုးရိုသာမာန်က ပုံမှန်အတိုင်းလုပ်ရင်ခက်ခဲတာတွေလည်း ရှိတယ်။"

တရားဝင် အလုပ်လုပ်ခွင့် အထောက်အထားရဖို့ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့အထိ အွန်လိုင်းကနေ လျှောက်ထားနိုင်ကြောင်း ထိုင်းအာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။ တရားဝင်ခွင့်ပြုချက် အထောက်အထား ရသူတွေ အနေနဲ့ ၂ နှစ် အလုပ်လုပ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃,၀၀၀,၀၀၀ လောက်ရှိမယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေ ခန့်မှန်းထားပေမဲ့ တရားဝင် အထောက်အထားနဲ့ အလုပ်လုပ်နေတဲ့သူ အရေအတွက်ကတော့ သိန်းဂဏန်းလောက်သာ ရှိပါတယ်။ ကိုဗစ်ကပ်ရောဂါ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ထဲမှာတော့ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြုံကြရတဲ့ သိန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေလည်း နေရပ်ပြန်ခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG