သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ႏိုင္ငံအႏွံ႔ ညသပိတ္မ်ားနဲ႔ လံုၿခံဳေရးတို႔ရဲ႕ ႏွိမ္နင္းမႈ 


ွျမန္မာဆႏၵျပသူေတြက ဓာတ္ဆီဗံုးကို သံုးျပီး ရဲျဖိဳခြဲမႈကို အံတုစဥ္ (ဓာတ္ပံု- AFP)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြအေပၚ အာဏာပိုင္ေတြက ေန႔ေရာ၊ ညပါ အၾကမ္းဖက္ ႏွိမ္နင္းတာေတြ ရန္ကုန္ၿမိဳ႕ အပါအ၀င္ ေနရာအႏွံ႔မွာ ဆက္လုပ္ေနပါတယ္။ ဖမ္းဆီးမႈေတြ ပစ္ခတ္မႈေတြၾကားမွာပဲ ဆႏၵျပလႈပ္ရွားမႈေတြလည္း ရွိေနဆဲပါ။ အျပည့္အစုံကိုေတာ့ ဆက္သြယ္စုံစမ္းထားတဲ့ ကို၀င္းမင္းက ေျပာျပေပးပါမယ္။

ရန္ကုန္မွာ မေန ့ညက အေျခအေနကို အမည္မေဖာ္လိုတဲ ့ျမိဳ ့ခံတဦးက “ အခု ၈ နာရီတုန္းကေတာ့ သံပံုးတီးတဲ့ အသံေတြ ၾကားလိုက္ရပါတယ္။ အဲဒီအသံျပီးတဲ့ ခါက်ေတာ့ ျပန္ျပီးေတာ့ တိတ္သြားတာေပါ့။ ခါတိုင္း ညေတြက ၾကားရသလို ညသပိတ္အသံေတြေတာ့ မၾကားရဘူး။ အဲဒီအခ်ိန္ထဲမွာေတာ့ သူတို ့ရဲ့ နယ္ေျမရွင္းလင္းတဲ့ပြဲေတြ၊ စစ္ကားေတြနဲ ့လာျပီးေတာ့ လိုက္ဆြဲတာေတြ၊ အိမ္ေပၚကေန ေခၚေခၚျပီးေတာ့။ တခါတေလ ပစ္တာခတ္တာနဲ ့ဒဏ္ရာရတာေတြ ရွိတယ္ေပါ့ေနာ္။ အခု ရန္ကုန္ျမိဳ ့ရဲ့ဘယ္ေနရာမဆို သိပ္ကို မစိမ္းေတာ့ဘူး။ ေသနတ္သံဆိုတာၾကားေနရတာပဲ။ ျဖိဳးျဖိဴးေျဖာက္ေျဖာက္ေပါ့ေနာ္။ ငယ္ငယ္တုန္းက ရုပ္ရွင္ထဲမွာ ၾကည့္ရတဲ့ ရြာထဲကို သူပုန္ေတြ၀င္လာတဲ့ ခံစားမႈမ်ိဴးေပါ့ေနာ္။ က်ီးလန္ ့စာ စားေခၚမွာေပါ့ေနာ္။ ညတိုင္း ညတိုင္းက အိပ္ေကာင္းျခင္း မအိပ္ရဘူး။” လို ့ဆိုပါတယ္။

ဒါ့ အျပင္ ရန္ကုန္ျမိဳ ့ေန social influencer ျဖစ္တဲ့ အင္တာနက္ ဘေလာ္ကာ မ၀င္းမင္းသန္း ကလည္း

“ အိမ္နားမွာ လူေတြတားထားတာေတြကေတာ့ ဖယ္ေနတာေတာ့ ျမင္ရတယ္။ သူတို ့ေတြက ရွိတဲ့ေနရာဆိုလို ့ရွိရင္ သူတို ့က ဒီရပ္ကြက္ကို ေျမလွန္မယ္ ဘာညာဆိုျပီးေတာ့ ေျပာတယ္။ ေက်ာက္ကုန္းမွာဆိုလို ့ရွိရင္ သံပံုးတီးရဲတီးၾကည့္ေပါ့။ ပစ္မယ္ဆိုျပီးေတာ့ ေျပာတယ္။ ဒီလိုမ်ိဴးအခ်ိန္မွာ ဒီလို ေသနတ္သံမ်ိဴးေတြ ၾကားရလိမ့္မယ္လို ့ က်ေနာ္တို ့ေတြ မထင္ထားဘူး။ မေန ့ကဆိုလို ့ရိွရင္ ေတာင္ဥကၠလာမွာ ၀င္သြားတယ္။ ပစ္သြားတယ္။ တကယ့္ကို က်ေနာ္နဲ ့အရမ္းကိုခင္တဲ့ သူငယ္ခ်င္းအိမ္မွာ မွန္တယ္ေပါ့။ မွန္ေတြကြဲတယ္။ က်ေနာ့္ရဲ့ Assistant ေတြဆိုလည္း လွဳိင္ျမိဳ ့မွာေနတယ္။ သူတို ့အိမ္ေတြကိုလည္း ၀င္ျပီးေတာ့ ဖ်က္ဆီးသြားတယ္။ ေနာက္ထပ္ ဘယ္သူေတြမ်ား အသက္ေတြဆံုးရွဳံးသြားျပီလဲဆိုတဲ့ ဒီပူပန္မွုဟာ ျမန္မာျပည္သူတေယာက္အေနနဲ ့၊ လူသားတေယာက္အေနနဲ ့၊ ညဘက္ ညဘက္ က်ေနာ္ အိပ္မေပ်ာ္ဘူး”

ဒါ့အျပင္ ရန္ကုန္က ဆိုးလာေနတဲ့ ညဘက္ အေျခအေနကို ေမာ္ဒယ္သရုပ္ေဆာင္ ႏြယ္ဒါလီထြန္းကလည္း

“ အရမ္းမိုးခ်ဳပ္တဲ့ အခ်ိန္လည္းမဟုတ္ပဲနဲ ့၇ နာရီေက်ာ္ ၀န္းက်င္ေလာက္ပဲရွိေသးတယ္။ လွမ္းပစ္တာျမင္တယ္။ ကိုယ္တိုင္ကလည္း ၾကံဳတယ္ေပါ့ေနာ္။ သကၤန္းက်ြန္း၊ ေျမာက္တဂံု ခံတပ္ေတြ ေတာ္ေတာ္မ်ားမ်ားေတာ့ ျဖိဳထားတာေတာ့ ေတြ ့တယ္။ လမ္းေတြေတာ့ နည္းနည္းရွင္းေနတယ္ေပါ့ေနာ္။ ေတာင္ဒဂံုတို ့ဘာတို ့ဆိုလို ့ရွိရင္လည္း တအားကို ၀င္ပစ္ေနတယ္။ ဒါ ကိုယ့္အသိေတြထဲမွာ ျမင္တဲ့သူေတြက facebook မွာ လွမ္း တင္တဲ့အခါမွာက်ေတာ့ ေတြ ့ရတယ္။”

ရန္ကုန္မွာျဖစ္ေနတာနဲ ့ယွဥ္ျပီး မႏၱေလးဘက္က မေန ့ညဘက္အေျခအေနကို တက္ၾကြလွုပ္ရွားသူ ကို သန္းျမတ္စိုးက

“ မႏၱေလးက ညသပိတ္ေတြကေတာ့ ရန္ကုန္က ညသပိတ္ေတြကေတာ့ ရန္ကုန္ေလာက္ေတာ့ ျပင္းျပင္းထန္ထန္ ျဖိဳခြဲခံရတာမ်ိဴးေတာ့ နည္းတယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ဆက္ျပီးေတာ့ေတာ့ ရွိေနပါေသးတယ္။ ဆက္ျပီးေတာ့ေပါ့ေနာ္။ ေနာက္ထပ္ အရုဏ္ဦးသပိတ္ေတြေရာ ထပ္ျပီးေတာ့ ျပင္းျပင္းထန္ထန္ ဆႏၵျပဖို ့ရွိေနပါေသးတယ္။”

ဒါ့အျပင္ ျမစ္ၾကီးနားက ညအေျခအေနကိုလည္း ျမိဳ ့ခံတဦးက

“ ဒီမွာေတာ့ ျငိမ္သက္တဲ့ သေဘာမ်ိဴးေတာ့ျဖစ္ေနတယ္။ ဒါေပမယ့္ ျပည္သူေတြအေနနဲ ့ေတာ့ သံပံုးတီးတာေတြေတာ့ ရွိပါတယ္။ ပံုစံအမ်ိဴးမ်ိဴးေတာ့ ၀ိုင္းေမာ္မွာေတြကေတာ့ ျပနိုင္တာေတြလည္း ရွိပါတယ္။ ရန္ကုန္ျပည္သူေတြအေနနဲ ့လည္း တအားစိုးရိမ္တဲ့ အေျခအေနမ်ိဴးေတြက်ေနာ္လည္း ၾကားေနရေတာ့ က်ေနာ္လည္း စိတ္မေကာင္းဘူး”လို ့ဆိုပါတယ္။

ဒီေနရာမွာ ေမာ္လျမိဳင္ရဲ့ ညအေျခအေနကိုလည္း တက္ၾကြလွုပ္ရွားသူ ကိုသံလြင္ေအးက

“ ရဲတပ္ဖြဲ ့နဲ ့စစ္ကားေတြက ျမိဳ ့ပတ္လွည့္တယ္။ ရပ္ကြက္ သံုးေလးခုကိုေတာ့ ၀င္ေရာက္ရွာေဖြတာေတြ ရွိေနတယ္ေပါ့ေနာ္။ ထား၀ယ္စုရပ္ကြက္မွာရွိတဲ့ အကာအရံေတြကို ဖ်က္ဆီးသြားတာေတြ ရွိတယ္။ ေနာက္တခုက ေမးျမန္းျပီးေတာ့ လူတခ်ိဳ ့ကိုလည္း ေခၚေဆာင္သြားတယ္။ Public ကေတာ့ ည ၈ နာရီထိုးရင္ သံပံုးတီးတာေတြ ရွိတယ္။ အရွိန္အဟုတ္မျပတ္သြားေနတုုန္းပဲ။ ဆိုးဆိုး၀ါး၀ါးၾကီး အၾကမ္းဖက္ခံရတာ မရွိေသးေပမယ့္ ရန္ကုန္ရဲ့ အေျခအေနေတြအကုန္လံုးကိုလည္း က်ေနာ္တို ့ဒီဘက္မွာ စိုးရိမ္မွုေတြ ရွိေနတယ္ေပါ့ေနာ္။ က်ေနာ္တို ့အတူတကြရပ္တည္ေပးေနတယ္ဆိုတဲ့ ဟာေလးကိုေတာ့ က်ေနာ္တို ့သတင္းစကားပါးခ်င္ပါတယ္။”

စစ္ကိုင္းတုိင္း ကေလးျမိဳ ့က ည အေျခအေနကိုေတာ့ လႈပ္ရွားမႈမွာ ပါ၀င္ေနတဲ့ ကိုေနမင္းဦးကလည္း “ အခု ဒီညေတာ့ သံပံုးတီးတာေတြ၊ ဖေယာင္းတိုင္ထြန္းတာေတြေတာ့ မရွိဘူးခင္ဗ်။ အရင္ညေတြတုန္းကေတာ့ စစ္တပ္နဲ ့ရဲေတြက တခ်ိဳ ့ရပ္ကြက္ေတြကို ေသနတ္ေတြနဲ ့၀င္ပစ္တာေတြ ရွိတယ္ဗ်။ မေန ့က ကေလးမွာ ဆႏၵျပတဲ့ သပိတ္စစ္ေၾကာင္းကို ျဖိဳခြဲတဲ့ ကိစၥနဲ ့ပက္သက္ျပီးေတာ့ ေတာ္ေတာ္ေလး ျမိဳ ့ထဲမွာ ဆူဆူပူပူ ျဖစ္သြားတယ္ခင္ဗ်။ သူတို ့က အင္အားျဖည့္တဲ့ အေနနဲ ့ ကန္ ့ေဂါဘက္က စစ္တပ္ေတြ လွမ္းေခၚတာမွာ ဒီနယ္က ရြာေတြက လမ္းမွာတားတယ္ခင္ဗ်။ ထိပ္တိုက္ေတြ ့တယ္ခင္ဗ်။”

တကယ္ေတာ့ ရန္ကုန္မွာ အခုလို ျပင္းျပင္းထန္ထန္ဖိႏွိပ္လာမႈေၾကာင့္ နိုင္ငံတ၀ွမ္းမွာ စိုးရိမ္မႈေတြ ၾကီးမားလာေနပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္


နိုင်ငံအနှံ့ ညသပိတ်များနဲ့ လုံခြုံရေးတို့ရဲ့ နှိမ်နင်းမှု

(Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အာဏာပိုင်တွေက နေ့ရော၊ ညပါ အကြမ်းဖက် နှိမ်နင်းတာတွေ ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့မှာ ဆက်လုပ်နေပါတယ်။ ဖမ်းဆီးမှုတွေ ပစ်ခတ်မှုတွေကြားမှာပဲ ဆန္ဒပြလှုပ်ရှားမှုတွေလည်း ရှိနေဆဲပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဝင်းမင်းက ပြောပြပေးပါမယ်။

ရန်ကုန်မှာ မနေ ့ညက အခြေအနေကို အမည်မဖော်လိုတဲ့မြို့ခံတဦးက “ အခု ၈ နာရီတုန်းကတော့ သံပုံးတီးတဲ့ အသံတွေ ကြားလိုက်ရပါတယ်။ အဲဒီအသံပြီးတဲ့ ခါကျတော့ ပြန်ပြီးတော့ တိတ်သွားတာပေါ့။ ခါတိုင်း ညတွေက ကြားရသလို ညသပိတ်အသံတွေတော့ မကြားရဘူး။ အဲဒီအချိန်ထဲမှာတော့ သူတို့ရဲ့ နယ်မြေရှင်းလင်းတဲ့ပွဲတွေ၊ စစ်ကားတွေနဲ့လာပြီးတော့ လိုက်ဆွဲတာတွေ၊ အိမ်ပေါ်ကနေ ခေါ်ခေါ်ပြီးတော့။ တခါတလေ ပစ်တာခတ်တာနဲ့ဒဏ်ရာရတာတွေ ရှိတယ်ပေါ့နော်။ အခု ရန်ကုန်မြို့ရဲ့ဘယ်နေရာမဆို သိပ်ကို မစိမ်းတော့ဘူး။ သေနတ်သံဆိုတာကြားနေရတာပဲ။ ဖြိုးဖြိူးဖြောက်ဖြောက်ပေါ့နော်။ ငယ်ငယ်တုန်းက ရုပ်ရှင်ထဲမှာ ကြည့်ရတဲ့ ရွာထဲကို သူပုန်တွေဝင်လာတဲ့ ခံစားမှုမျိူးပေါ့နော်။ ကျီးလန့်စာ စားခေါ်မှာပေါ့နော်။ ညတိုင်း ညတိုင်းက အိပ်ကောင်းခြင်း မအိပ်ရဘူး။” လို့ဆိုပါတယ်။

ဒါ့ အပြင် ရန်ကုန်မြို့နေ social influencer ဖြစ်တဲ့ အင်တာနက် ဘလော်ကာ မဝင်းမင်းသန်း ကလည်း

“ အိမ်နားမှာ လူတွေတားထားတာတွေကတော့ ဖယ်နေတာတော့ မြင်ရတယ်။ သူတို့တွေက ရှိတဲ့နေရာဆိုလို ့ရှိရင် သူတို့က ဒီရပ်ကွက်ကို မြေလှန်မယ် ဘာညာဆိုပြီးတော့ ပြောတယ်။ ကျောက်ကုန်းမှာဆိုလို့ရှိရင် သံပုံးတီးရဲတီးကြည့်ပေါ့။ ပစ်မယ်ဆိုပြီးတော့ ပြောတယ်။ ဒီလိုမျိူးအချိန်မှာ ဒီလို သေနတ်သံမျိူးတွေ ကြားရလိမ့်မယ်လို့ ကျနော်တို့တွေ မထင်ထားဘူး။ မနေ့ကဆိုလို့ရှိရင် တောင်ဥက္ကလာမှာ ဝင်သွားတယ်။ ပစ်သွားတယ်။ တကယ့်ကို ကျနော်နဲ့အရမ်းကိုခင်တဲ့ သူငယ်ချင်းအိမ်မှာ မှန်တယ်ပေါ့။ မှန်တွေကွဲတယ်။ ကျနော့်ရဲ့ Assistant တွေဆိုလည်း လှိုင်မြို့မှာနေတယ်။ သူတို့အိမ်တွေကိုလည်း ဝင်ပြီးတော့ ဖျက်ဆီးသွားတယ်။ နောက်ထပ် ဘယ်သူတွေများ အသက်တွေဆုံးရှုံးသွားပြီလဲဆိုတဲ့ ဒီပူပန်မှုဟာ မြန်မာပြည်သူတယောက်အနေနဲ့၊ လူသားတယောက်အနေနဲ့၊ ညဘက် ညဘက် ကျနော် အိပ်မပျော်ဘူး”

ဒါ့အပြင် ရန်ကုန်က ဆိုးလာနေတဲ့ ညဘက် အခြေအနေကို မော်ဒယ်သရုပ်ဆောင် နွယ်ဒါလီထွန်းကလည်း

“ အရမ်းမိုးချုပ်တဲ့ အချိန်လည်းမဟုတ်ပဲနဲ့၇ နာရီကျော် ဝန်းကျင်လောက်ပဲရှိသေးတယ်။ လှမ်းပစ်တာမြင်တယ်။ ကိုယ်တိုင်ကလည်း ကြုံတယ်ပေါ့နော်။ သင်္ကန်းကျွန်း၊ မြောက်တဂုံ ခံတပ်တွေ တော်တော်များများတော့ ဖြိုထားတာတော့ တွေ ့တယ်။ လမ်းတွေတော့ နည်းနည်းရှင်းနေတယ်ပေါ့နော်။ တောင်ဒဂုံတို့ဘာတို့ဆိုလို့ရှိရင်လည်း တအားကို ဝင်ပစ်နေတယ်။ ဒါ ကိုယ့်အသိတွေထဲမှာ မြင်တဲ့သူတွေက facebook မှာ လှမ်း တင်တဲ့အခါမှာကျတော့ တွေ့ရတယ်။”

ရန်ကုန်မှာဖြစ်နေတာနဲ့ယှဉ်ပြီး မန္တလေးဘက်က မနေ့ညဘက်အခြေအနေကို တက်ကြွလှုပ်ရှားသူ ကို သန်းမြတ်စိုးက

“ မန္တလေးက ညသပိတ်တွေကတော့ ရန်ကုန်က ညသပိတ်တွေကတော့ ရန်ကုန်လောက်တော့ ပြင်းပြင်းထန်ထန် ဖြိုခွဲခံရတာမျိူးတော့ နည်းတယ်ပေါ့နော်။ ဒါပေမယ့်လည်း ဆက်ပြီးတော့တော့ ရှိနေပါသေးတယ်။ ဆက်ပြီးတော့ပေါ့နော်။ နောက်ထပ် အရုဏ်ဦးသပိတ်တွေရော ထပ်ပြီးတော့ ပြင်းပြင်းထန်ထန် ဆန္ဒပြဖို့ရှိနေပါသေးတယ်။”

ဒါ့အပြင် မြစ်ကြီးနားက ညအခြေအနေကိုလည်း မြို့ခံတဦးက

“ ဒီမှာတော့ ငြိမ်သက်တဲ့ သဘောမျိူးတော့ဖြစ်နေတယ်။ ဒါပေမယ့် ပြည်သူတွေအနေနဲ့တော့ သံပုံးတီးတာတွေတော့ ရှိပါတယ်။ ပုံစံအမျိူးမျိူးတော့ ဝိုင်းမော်မှာတွေကတော့ ပြနိုင်တာတွေလည်း ရှိပါတယ်။ ရန်ကုန်ပြည်သူတွေအနေနဲ့လည်း တအားစိုးရိမ်တဲ့ အခြေအနေမျိူးတွေကျနော်လည်း ကြားနေရတော့ ကျနော်လည်း စိတ်မကောင်းဘူး”လို့ဆိုပါတယ်။

ဒီနေရာမှာ မော်လမြိုင်ရဲ့ ညအခြေအနေကိုလည်း တက်ကြွလှုပ်ရှားသူ ကိုသံလွင်အေးက

“ ရဲတပ်ဖွဲ့နဲ့စစ်ကားတွေက မြို့ပတ်လှည့်တယ်။ ရပ်ကွက် သုံးလေးခုကိုတော့ ဝင်ရောက်ရှာဖွေတာတွေ ရှိနေတယ်ပေါ့နော်။ ထားဝယ်စုရပ်ကွက်မှာရှိတဲ့ အကာအရံတွေကို ဖျက်ဆီးသွားတာတွေ ရှိတယ်။ နောက်တခုက မေးမြန်းပြီးတော့ လူတချို့ကိုလည်း ခေါ်ဆောင်သွားတယ်။ Public ကတော့ ည ၈ နာရီထိုးရင် သံပုံးတီးတာတွေ ရှိတယ်။ အရှိန်အဟုတ်မပြတ်သွားနေတုန်းပဲ။ ဆိုးဆိုးဝါးဝါးကြီး အကြမ်းဖက်ခံရတာ မရှိသေးပေမယ့် ရန်ကုန်ရဲ့ အခြေအနေတွေအကုန်လုံးကိုလည်း ကျနော်တို့ဒီဘက်မှာ စိုးရိမ်မှုတွေ ရှိနေတယ်ပေါ့နော်။ ကျနော်တို့အတူတကွရပ်တည်ပေးနေတယ်ဆိုတဲ့ ဟာလေးကိုတော့ ကျနော်တို့သတင်းစကားပါးချင်ပါတယ်။”

စစ်ကိုင်းတိုင်း ကလေးမြို့က ည အခြေအနေကိုတော့ လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကိုနေမင်းဦးကလည်း “ အခု ဒီညတော့ သံပုံးတီးတာတွေ၊ ဖယောင်းတိုင်ထွန်းတာတွေတော့ မရှိဘူးခင်ဗျ။ အရင်ညတွေတုန်းကတော့ စစ်တပ်နဲ့ရဲတွေက တချို့ရပ်ကွက်တွေကို သေနတ်တွေနဲ့ဝင်ပစ်တာတွေ ရှိတယ်ဗျ။ မနေ့က ကလေးမှာ ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းကို ဖြိုခွဲတဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့ တော်တော်လေး မြို့ထဲမှာ ဆူဆူပူပူ ဖြစ်သွားတယ်ခင်ဗျ။ သူတို့က အင်အားဖြည့်တဲ့ အနေနဲ့ ကန့်ဂေါဘက်က စစ်တပ်တွေ လှမ်းခေါ်တာမှာ ဒီနယ်က ရွာတွေက လမ်းမှာတားတယ်ခင်ဗျ။ ထိပ်တိုက်တွေ့တယ်ခင်ဗျ။”

တကယ်တော့ ရန်ကုန်မှာ အခုလို ပြင်းပြင်းထန်ထန်ဖိနှိပ်လာမှုကြောင့် နိုင်ငံတဝှမ်းမှာ စိုးရိမ်မှုတွေ ကြီးမားလာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG