သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးဆႏၵျပမႈ ၿဖိဳခဲြခံရ၊ ၈ ဦးထက္မနည္း ေသဆံုး


မႏၱေလးမွာ လုံၿခဳံေရးတပ္ဖြဲ႔ေတြရဲ႕ အၾကမ္းဖက္ ၿဖိဳခြဲခံေနရတဲ့ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပသူမ်ား။ (မတ္ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ျမန္မာႏိုင္ငံအႏွံ႔ ဆက္ျဖစ္ပြားေနရာမွာ မႏၱေလးမွာ သပိတ္ေပါင္းစံု ထိုင္သပိတ္ကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ဒီကေန႔ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲခဲ့တာေၾကာင့္ ၈ ဦးထက္မနည္း ေသဆံုးၿပီး ၂၀ ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ပါတယ္။ ဗြီအုိေအသတင္းေထာက္ ေပးပို႔ထားတာကို ကိုသားၫြန္႔ဦး ေျပာျပပါမယ္။

မႏၲေလးမွာ ဒီကေန႔ ေသဆံုးတဲ့ စာရင္းေတြနဲ႔ ပတ္သက္လို႔ ေျမျပင္မွာ ကူညီကယ္ဆယ္ေရး လုပ္ေပးသူတဦးက ဗြီအိုေအကို အခုလို အတည္ျပဳပါတယ္။

“၈ ဦးက ကေ်နာ္တုိ႔ပို႔တာခ်ည္းပဲ ၅ ဦး။ တျခား ပရဟိတအသင္းေတြကလည္း ပို႔တာ အေၾကာင္းၾကားတာေတြ ရွိတယ္။ ဒီအတိုင္း ၈ ဦးဆိုၿပီး အတည္ျပဳထားတာ။ က်ေနာ္တုိ႔မသိတဲ့ ျဖစ္စဥ္ေတြ တခ်ိဳ႕ေနရာေတြမွာ ျဖစ္သြားတဲ့ဟာေတြက သတင္းေတြ ေပ်ာက္ေနတယ္ေလ။ အဲ့ဟာေတြက လူနာေတာင္ ဘယ္ေတြေရာက္ေနမွန္း မသိဘူး။ တခ်ိဳ႕ဆို ဘယ္ေတြပါသြားမွန္းေတာင္ မသိဘူး။”

မႏၲေလးမွာ ထိခိုက္ဒဏ္ရာရသူေတြကို ကူညီေပးေနတဲ့ ကယ္ဆယ္ေရး အေရးေပၚေဆးအဖဲြ႔က လူ ၈ ဦးထက္မနည္း ေသဆံုးခဲ့ေၾကာင္းကို အတည္ျပဳခဲ့တာပါ။ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႔ေနတဲ့ ႐ုပ္သံဖိုင္ျမင္ကြင္းမွာေတာ့ ေသဆံုးသူတဦးရဲ႕ ႐ုပ္အေလာင္းကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က သယ္ေဆာင္သြားတာကိုလည္း ေတြ႔ရသလို ေသဆံုးသူ တင္ေဆာင္ထားတဲ့ ပရဟိတ ကားတစီးကိုလည္း စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ေမာင္းႏွင္ယူေဆာင္သြားပါေသးတယ္။ ဒါေၾကာင့္ ေသဆံုးသူစာရင္းေတြ ထပ္တိုးႏိုင္ပါေသးတယ္။

မႏၲေလးၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး သပိတ္ေပါင္းစံု ထိုင္သပိတ္ ျပဳလုပ္ေနခ်ိန္မွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က အၾကမ္းဖက္ၿဖိဳခြင္းတဲ့ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ မ်က္ျမင္ေတြ႔ရွိသူတဦးကလည္း ဗြီအိုေအကို အခုလိုေျပာပါတယ္။

“၄၁ စိန္ပန္းလမ္းေထာင့္ အဲ့မွာ အထိုင္သပိတ္လုပ္တာ။ အဲ့မွာ ထိုင္သပိတ္လုပ္ရင္း ေဟာေျပာပြဲေတြလုပ္ၾက၊ ဆႏၵေတြျပၾကေတာ့ က်ေနာ္တုိ႔ ၄၁ ထိပ္ကေန ပိတ္တယ္။ စိန္ပန္းလမ္းမကေန တက္လာတယ္။ ၄၁ အေနာက္ထိပ္ ညေစ်းေခၚမွာေပါ့ အဲ့ကေနစၿပီးေတာ့ သူတို႔ၿဖိဳခြဲတာေပါ့။ ပစ္ခတ္တာကေတာ့ မ်က္ရည္ယိုဗံုးေတြ ခြဲတယ္၊ အသံဗံုးေတြ ခြဲတယ္၊ က်ည္အစစ္ေတြနဲ႔ ပစ္တယ္။ အဲ့မွာ တေယာက္က လိုင္းေပၚမွာလည္း ေတြ႔မွာပါ ေခါင္းပြင့္သြားတယ္ေျပာတယ္။ က်ေနာ္တုိ႔ အေနာက္ဘက္လမ္းက ေကာင္မေလးတေယာက္ဆိုရင္ အိမ္ထဲမွာပဲ ေနတာ။ အေနာက္ထိပ္ကေန လွမ္းပစ္လိုက္တာ ဗိုက္ကို ရွပ္မွန္တယ္လို႔ ၾကားတယ္။”

အခု မတ္လ ၇ ရက္ေန႔ကလည္း သပိတ္ေပါင္းစံု ၿငိမ္းခ်မ္းစြာ စုေဝးၿပီး ထိုင္သပိတ္ ျပဳလုပ္ေနတာကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ၿဖိဳခြင္းခဲ့တာေၾကာင့္ လူ ၃၀ ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။ မႏၱေလးမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြ စတင္တဲ့ အခ်ိန္ကစလို႔ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းတာေၾကာင့္ လက္ရွိအခ်ိန္ထိ ေသဆံုးသူ ၂၀ ဦးထက္မနည္းရွိၿပီး ဒီကေန႔ ေသဆံုးတာကေတာ့ အမ်ားဆံုးေသဆံုးတာ ျဖစ္ပါတယ္။

အၾကမ္းဖက္ ၿဖိဳခြင္းပစ္ခတ္ ဖမ္းဆီးတာေတြ ရွိေနေပမယ့္ ၿမိဳ႕အႏွ႔ံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဆႏၵျပမႈေတြ ဆက္ရွိခဲ့သလို ညဘက္မွလည္း ဖေယာင္းတိုင္မီးေတြ ထြန္းၿပီး ညသပိတ္ ျပဳလုပ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

မန္တလေးဆန္ဒပြမှု ဖြိုခွဲခံရ၊ ၈ ဦးထက်မနည်း သေဆုံး

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံအနှံ့ ဆက်ဖြစ်ပွားနေရာမှာ မန္တလေးမှာ သပိတ်ပေါင်းစုံ ထိုင်သပိတ်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ၈ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် ပေးပို့ထားတာကို ကိုသားညွန့်ဦး ပြောပြပါမယ်။

မန္တလေးမှာ ဒီကနေ့ သေဆုံးတဲ့ စာရင်းတွေနဲ့ ပတ်သက်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး လုပ်ပေးသူတဦးက ဗွီအိုအေကို အခုလို အတည်ပြုပါတယ်။

“၈ ဦးက ကျေနာ်တို့ပို့တာချည်းပဲ ၅ ဦး။ တခြား ပရဟိတအသင်းတွေကလည်း ပို့တာ အကြောင်းကြားတာတွေ ရှိတယ်။ ဒီအတိုင်း ၈ ဦးဆိုပြီး အတည်ပြုထားတာ။ ကျနော်တို့မသိတဲ့ ဖြစ်စဉ်တွေ တချို့နေရာတွေမှာ ဖြစ်သွားတဲ့ဟာတွေက သတင်းတွေ ပျောက်နေတယ်လေ။ အဲ့ဟာတွေက လူနာတောင် ဘယ်တွေရောက်နေမှန်း မသိဘူး။ တချို့ဆို ဘယ်တွေပါသွားမှန်းတောင် မသိဘူး။”

မန္တလေးမှာ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ကယ်ဆယ်ရေး အရေးပေါ်ဆေးအဖွဲ့က လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်းကို အတည်ပြုခဲ့တာပါ။ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်မြင်ကွင်းမှာတော့ သေဆုံးသူတဦးရဲ့ ရုပ်အလောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သယ်ဆောင်သွားတာကိုလည်း တွေ့ရသလို သေဆုံးသူ တင်ဆောင်ထားတဲ့ ပရဟိတ ကားတစီးကိုလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မောင်းနှင်ယူဆောင်သွားပါသေးတယ်။ ဒါကြောင့် သေဆုံးသူစာရင်းတွေ ထပ်တိုးနိုင်ပါသေးတယ်။

မန္တလေးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်ပေါင်းစုံ ထိုင်သပိတ် ပြုလုပ်နေချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မျက်မြင်တွေ့ရှိသူတဦးကလည်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“၄၁ စိန်ပန်းလမ်းထောင့် အဲ့မှာ အထိုင်သပိတ်လုပ်တာ။ အဲ့မှာ ထိုင်သပိတ်လုပ်ရင်း ဟောပြောပွဲတွေလုပ်ကြ၊ ဆန္ဒတွေပြကြတော့ ကျနော်တို့ ၄၁ ထိပ်ကနေ ပိတ်တယ်။ စိန်ပန်းလမ်းမကနေ တက်လာတယ်။ ၄၁ အနောက်ထိပ် ညဈေးခေါ်မှာပေါ့ အဲ့ကနေစပြီးတော့ သူတို့ဖြိုခွဲတာပေါ့။ ပစ်ခတ်တာကတော့ မျက်ရည်ယိုဗုံးတွေ ခွဲတယ်၊ အသံဗုံးတွေ ခွဲတယ်၊ ကျည်အစစ်တွေနဲ့ ပစ်တယ်။ အဲ့မှာ တယောက်က လိုင်းပေါ်မှာလည်း တွေ့မှာပါ ခေါင်းပွင့်သွားတယ်ပြောတယ်။ ကျနော်တို့ အနောက်ဘက်လမ်းက ကောင်မလေးတယောက်ဆိုရင် အိမ်ထဲမှာပဲ နေတာ။ အနောက်ထိပ်ကနေ လှမ်းပစ်လိုက်တာ ဗိုက်ကို ရှပ်မှန်တယ်လို့ ကြားတယ်။”

အခု မတ်လ ၇ ရက်နေ့ကလည်း သပိတ်ပေါင်းစုံ ငြိမ်းချမ်းစွာ စုဝေးပြီး ထိုင်သပိတ် ပြုလုပ်နေတာကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တာကြောင့် လူ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။ မန္တလေးမှာ စစ်အုပ်ချုပ်ရေးကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စတင်တဲ့ အချိန်ကစလို့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၂၀ ဦးထက်မနည်းရှိပြီး ဒီကနေ့ သေဆုံးတာကတော့ အများဆုံးသေဆုံးတာ ဖြစ်ပါတယ်။

အကြမ်းဖက် ဖြိုခွင်းပစ်ခတ် ဖမ်းဆီးတာတွေ ရှိနေပေမယ့် မြို့အနှံ့ နေရာတော်တော်များများမှာ ဆန္ဒပြမှုတွေ ဆက်ရှိခဲ့သလို ညဘက်မှလည်း ဖယောင်းတိုင်မီးတွေ ထွန်းပြီး ညသပိတ် ပြုလုပ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG