သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္နယ္နဲ႔ တုိင္းေတြမွာ ၿဖိဳခြဲတဲ့ၾကားကပဲ ဆက္ၿပီးဆႏၵျပၾကဆဲ


မႏၱေလးမွာ အၾကမ္းဖက္ၿဖိဳခြဲမႈကို ကာကြယ္ေနၾကတဲ့ ဆႏၵျပ ျပည္သူမ်ား။ (ဓာတ္ပံု-ထက္ေအာင္ခန္႔/ ေဖေဖၚဝါရီ ၂၈၊ ၂၀၂၁)

{{Zawgyi/Unicode}}

တနသ္ာရီတိုင္း ထားဝယ္ၿမိဳ႕မွာ မေန႔က ည ၉ နာရီဝန္းက်င္ေလာက္က လက္နက္ကိုင္တပ္ဖြဲ႕ေတြက ရပ္ကြက္ေတြထဲထိကို ဝင္ေရာက္ၿပီး ပစ္ခတ္မႈေတြလုပ္ခဲ့ပါတယ္။ လက္နက္ကိုင္ေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ႏွစ္ဦးက်ည္ထိမွန္ခဲ့ၿပီး တစ္ဦးေသဆုံးခဲ့ပါတယ္။ အေရးေပၚလူနာတင္ကားေတြကိုပါ တားဆီးၿပီး ဖမ္းဆီးစစ္ေဆးတာေတြလုပ္ခဲ့တယ္လို႔ ထားဝယ္ သပိတ္စစ္ေၾကာင္းမွာ ပါဝင္ဆႏၵျပေနသူတစ္ဦးျဖစ္တဲ့ ကိုစိုင္းကိုကိုထြန္းက ေျပာပါတယ္။

“မေန႔ည ၉ နာရီဝန္းက်င္ေလာက္မွာ ဂမ္ေမာ္နဲ႔ ၾကက္ဆားျပင္ရပ္ကြက္က သံတံတားႀကီးနားမွာ ျဖစ္တာ ပစ္ခတ္မႈစျဖစ္တာကေလ။ ပစ္ခတ္မႈ စျဖစ္တာက သံတံတားႀကီးေပၚမွာ ရပ္ကြက္ေနျပည္သူေတြက ရပ္ကြက္ထဲကို ဝင္လို႔မရေအာင္ လမ္းပိတ္ထားတာ။ သဲအိတ္ေတြ ဝါးလုံးေတြနဲ႔ေလ။ အဲ့လိုပိတ္ထားတာကို စစ္ကားေတြ ေရာက္လာၿပီးေတာ့ စဖယ္တယ္ေပါ့။ ပိတ္ထားတာကို စဖယ္တာမွာ ရပ္ကြက္ကလူေတြ အုံၿပီးေတာ့ ထြက္လာတာနဲ႔ ပစ္ခတ္မႈက စျဖစ္တယ္။ ပစ္ခတ္မႈက ၂ နာရီနီးပါးေလာက္ၾကာတယ္ ေတာက္ေလွ်ာက္ႀကီး၊ တရစပ္ ရပ္ကြက္ေတြထဲထိဝင္ၿပီး က်ည္အစစ္ေတြနဲ႔ေရာ၊ မ်က္ရည္ယိုဗုံးေတြနဲ႔ေရာ ေတာက္ေလွ်ာက္ပစ္ခတ္တာ၊ လူတစ္ေယာက္က်ည္ထိၿပီးေသသြားတယ္၊ ၾကက္ဆားျပင္ရပ္ကြက္ကပဲ အဲ့ညမွာပဲဆုံးသြားတယ္။. ဆုံးသြားတဲ့သူက က်ည္ထိၿပီးေတာ့ အေရးေပၚကားေတြေတာက္ေလွ်ာက္ လာတဲ့လမ္းမွာ တားခံရတယ္။ ဖမ္းခံရတယ္။ အဲ့ဒါနဲ႔ မိနစ္ ၃၀ ေလာက္ၾကာသြားတယ္။ က်ည္က ဘယ္ဖက္လက္ေမာင္းကေနၿပီးေတာ့ ေဖာက္ဝင္သြားတာ ဂ်ိဳင္းၾကားဖက္ကို။”

ဒီကေန႔ မုံ႐ြာမွာလည္း ဆႏၵျပမႈေတြ ဆက္ရွိေနပါတယ္။ ဒီေန႔ မုံ႐ြာၿမိဳ႕ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္ထဲကို လူမ်ားေနလို႔ ဆိုၿပီး ဝင္ေရာက္ ရွာေဖြဖမ္းဆီးတာေတြလုပ္ခဲ့ပါတယ္။ လက္ဖက္ရည္ဆိုင္ထဲမွာရွိတဲ့ သူေတြကို ဖမ္းဆီးတာေတြ၊ ဖုန္းေတြကို စစ္ေဆးတာမ်ိဳးလုပ္ခဲ့တယ္လို႔ အဲ့ဒီဆိုင္ထဲမွာရွိေနခဲ့သူ တစ္ဦးက ေျပာျပပါတယ္။

“ဒီေန႔ အဲ့ဒီ လက္ဖက္ရည္ဆိုင္မွာ ထိုင္ေနတုန္း ရဲေတြ အမ်ားႀကီးပဲ ေရာက္လာတယ္။ ေရာက္လာေတာ့ ဆိုင္ထဲက လူေတြကလည္း ထြက္ေျပးၾကတာေပါ့။ မေျပးႏိုင္တဲ့ သူေတြကေတာ့ က်န္ခဲ့တယ္။ မေျပးတဲ့သူ ေတာ္ေတာ္မ်ားမ်ားေတာ့ အဖမ္းခံရတယ္။ လြတ္လာတဲ့သူေတာ့ နည္းတယ္ဗ်။ အဲ့လက္ဖက္ရည္ဆိုင္က အၿမဲတမ္းလိုလို လူမ်ားတယ္။ လူငယ္ေတြထိုင္တာ မ်ားေတာ့က် လူမ်ားတယ္ဆိုေတာ့ သူတို႔က အဲ့တာကို အသခ္ါျဖစ္တာေပါ့။ ဒါေၾကာင့္မို႔ ဝင္စီးတာေပါ့။ သူတို႔က အဲ့မွာ ဝင္လာကတည္းက ေျပာပါတယ္၊ ဒီဆိုင္မွာ အဲ့လို လူမ်ားေနတာကိုက မသခ္ါစရာျဖစ္လို႔မို႔ လာၾကည့္တာေပါ့၊ အဲ့ေတာ့ လူေတြက ထြက္ေျပးၾကေတာ့ ထြက္ေျပးတဲ့လူေတြကို မရရေအာင္လိုက္ဖမ္းတာေပါ့။ ၂၀ ေက်ာ္ေလာက္ေတာ့ အခ်ဳပ္ကားေပၚဖမ္းသြားတယ္ဗ်။”

ပဲခူးမွာလည္း ဒီကေန႔ သပိတ္စစ္ေၾကာင္းကို လက္နက္ကိုင္ေတြက ပစ္ခတ္ၿဖိဳခြဲခဲ့ေပမယ့္ ထိခိုက္သူႏွင့္ ဖမ္းဆီးခံရသူ မရွိခဲ့ဘူးလို႔ ပဲခူး ေဒသခံတစ္ဦးက ေျပာပါတယ္။

“ၿဖိဳခြဲတာကေတာ့ ကြၽန္ေတာ္တို႔ ေမာ္ဂံ ၁၈ ရပ္ကြက္ဖက္မနက္က ၁၀ နာရီခြဲေလာက္က လူစုခြဲရင္းနဲ႔ ပစ္တယ္။ ဒဏ္ရာရတာေတြေတာ့ မရွိဘူး။ မ်က္ရည္ယိုဗုံးနဲ႔ ပစ္တာရွိတယ္။ အေပၚေထာင္ပစ္တာေတြဘာေတြရွိတယ္။ ရပ္ကြက္ထဲေတြထိ လိုက္ၿပီးေတာ့ ၿဖိဳခြဲတာဗ် သပိတ္ကိုေလ။”

မႏၲေလးမွာလည္း လက္နက္ကိုင္တပ္ဖြဲ႕ေတြက အၾကမ္းဖက္ၿဖိဳခြဲမႈေတြလုပ္ေနေပမယ့္ ဒီကေန႔မွာ ပုံမွန္အတိုင္း ဆက္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။ ညေနပိုင္းမွာေတာ့ မႏၲေလး ျမရည္နႏၵာရပ္ကြက္က ဆႏၵျပမႈကို ၿဖိဳခြဲတဲ့အတြက္ ထြက္ေျပးသူေတြကို တိုက္ခန္းေတြထဲထိ ဝင္ေရာက္ဖမ္းဆီးတာေတြလုပ္ခဲ့ပါတယ္။

လက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲမႈေတြေၾကာင့္ ဆႏၵျပသူေတြက ၿမိဳ႕နယ္တစ္ခ်ိဳ႕မွာ မနက္အာ႐ုံတက္ခ်ိန္ ဆႏၵျပတာ၊ ျပင္ဦးလြင္၊ ေညာင္ေ႐ြႏွင့္ ရန္ကုန္က ေနရာတစ္ခ်ိဳ႕မွာ ေႂကြးေၾကာ္သံေတြကို လမ္းမေပၚခ်ထားၿပီး လူမဲ့သပိတ္ေတြ လုပ္ခဲ့ၾကပါတယ္။

ျမန္မာမွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြ ေန႔စဥ္ရွိေနသလို ဆႏၵျပသူေတြကို ၿဖိဳခြဲမႈေတြကလည္း ေန႔စဥ္ရွိေနပါတယ္။ လက္နက္ကိုင္တပ္ဖြဲ႕ေတြက ဆႏၵျပအုပ္စုေတြကို အၾကမ္းဖက္ၿဖိဳခြဲမႈေတြေၾကာင့္ ႏိုင္ငံတစ္ဝန္း ေသဆုံးသူေတြ ေန႔စဥ္နဲ႔အမွ် ျမင့္တက္ေနေပမယ့္ အာဏာရွင္ ဆန္႔က်င္ေရးလႈပ္ရွားမႈေတြကေတာ့ ဆက္လက္အရွိန္ေကာင္းေနဆဲ ျဖစ္ပါတယ္ရွင္။

..................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

တနသ်ာရီတိုင်း ထားဝယ်မြို့မှာ မနေ့က ည ၉ နာရီဝန်းကျင်လောက်က လက်နက်ကိုင်တပ်ဖွဲ့တွေက ရပ်ကွက်တွေထဲထိကို ဝင်ရောက်ပြီး ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် နှစ်ဦးကျည်ထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။ အရေးပေါ်လူနာတင်ကားတွေကိုပါ တားဆီးပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ထားဝယ် သပိတ်စစ်ကြောင်းမှာ ပါဝင်ဆန္ဒပြနေသူတစ်ဦးဖြစ်တဲ့ ကိုစိုင်းကိုကိုထွန်းက ပြောပါတယ်။

“မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဂမ်မော်နဲ့ ကြက်ဆားပြင်ရပ်ကွက်က သံတံတားကြီးနားမှာ ဖြစ်တာ ပစ်ခတ်မှုစဖြစ်တာကလေ။ ပစ်ခတ်မှု စဖြစ်တာက သံတံတားကြီးပေါ်မှာ ရပ်ကွက်နေပြည်သူတွေက ရပ်ကွက်ထဲကို ဝင်လို့မရအောင် လမ်းပိတ်ထားတာ။ သဲအိတ်တွေ ဝါးလုံးတွေနဲ့လေ။ အဲ့လိုပိတ်ထားတာကို စစ်ကားတွေ ရောက်လာပြီးတော့ စဖယ်တယ်ပေါ့။ ပိတ်ထားတာကို စဖယ်တာမှာ ရပ်ကွက်ကလူတွေ အုံပြီးတော့ ထွက်လာတာနဲ့ ပစ်ခတ်မှုက စဖြစ်တယ်။ ပစ်ခတ်မှုက ၂ နာရီနီးပါးလောက်ကြာတယ် တောက်လျှောက်ကြီး၊ တရစပ် ရပ်ကွက်တွေထဲထိဝင်ပြီး ကျည်အစစ်တွေနဲ့ရော၊ မျက်ရည်ယိုဗုံးတွေနဲ့ရော တောက်လျှောက်ပစ်ခတ်တာ၊ လူတစ်ယောက်ကျည်ထိပြီးသေသွားတယ်၊ ကြက်ဆားပြင်ရပ်ကွက်ကပဲ အဲ့ညမှာပဲဆုံးသွားတယ်။. ဆုံးသွားတဲ့သူက ကျည်ထိပြီးတော့ အရေးပေါ်ကားတွေတောက်လျှောက် လာတဲ့လမ်းမှာ တားခံရတယ်။ ဖမ်းခံရတယ်။ အဲ့ဒါနဲ့ မိနစ် ၃၀ လောက်ကြာသွားတယ်။ ကျည်က ဘယ်ဖက်လက်မောင်းကနေပြီးတော့ ဖောက်ဝင်သွားတာ ဂျိုင်းကြားဖက်ကို။”

ဒီကနေ့ မုံရွာမှာလည်း ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ ဒီနေ့ မုံရွာမြို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲကို လူများနေလို့ ဆိုပြီး ဝင်ရောက် ရှာဖွေဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ လက်ဖက်ရည်ဆိုင်ထဲမှာရှိတဲ့ သူတွေကို ဖမ်းဆီးတာတွေ၊ ဖုန်းတွေကို စစ်ဆေးတာမျိုးလုပ်ခဲ့တယ်လို့ အဲ့ဒီဆိုင်ထဲမှာရှိနေခဲ့သူ တစ်ဦးက ပြောပြပါတယ်။

“ဒီနေ့ အဲ့ဒီ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ရဲတွေ အများကြီးပဲ ရောက်လာတယ်။ ရောက်လာတော့ ဆိုင်ထဲက လူတွေကလည်း ထွက်ပြေးကြတာပေါ့။ မပြေးနိုင်တဲ့ သူတွေကတော့ ကျန်ခဲ့တယ်။ မပြေးတဲ့သူ တော်တော်များများတော့ အဖမ်းခံရတယ်။ လွတ်လာတဲ့သူတော့ နည်းတယ်ဗျ။ အဲ့လက်ဖက်ရည်ဆိုင်က အမြဲတမ်းလိုလို လူများတယ်။ လူငယ်တွေထိုင်တာ များတော့ကျ လူများတယ်ဆိုတော့ သူတို့က အဲ့တာကို အသခ်ါဖြစ်တာပေါ့။ ဒါကြောင့်မို့ ဝင်စီးတာပေါ့။ သူတို့က အဲ့မှာ ဝင်လာကတည်းက ပြောပါတယ်၊ ဒီဆိုင်မှာ အဲ့လို လူများနေတာကိုက မသခ်ါစရာဖြစ်လို့မို့ လာကြည့်တာပေါ့၊ အဲ့တော့ လူတွေက ထွက်ပြေးကြတော့ ထွက်ပြေးတဲ့လူတွေကို မရရအောင်လိုက်ဖမ်းတာပေါ့။ ၂၀ ကျော်လောက်တော့ အချုပ်ကားပေါ်ဖမ်းသွားတယ်ဗျ။”

ပဲခူးမှာလည်း ဒီကနေ့ သပိတ်စစ်ကြောင်းကို လက်နက်ကိုင်တွေက ပစ်ခတ်ဖြိုခွဲခဲ့ပေမယ့် ထိခိုက်သူနှင့် ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ ပဲခူး ဒေသခံတစ်ဦးက ပြောပါတယ်။

“ဖြိုခွဲတာကတော့ ကျွန်တော်တို့ မော်ဂံ ၁၈ ရပ်ကွက်ဖက်မနက်က ၁၀ နာရီခွဲလောက်က လူစုခွဲရင်းနဲ့ ပစ်တယ်။ ဒဏ်ရာရတာတွေတော့ မရှိဘူး။ မျက်ရည်ယိုဗုံးနဲ့ ပစ်တာရှိတယ်။ အပေါ်ထောင်ပစ်တာတွေဘာတွေရှိတယ်။ ရပ်ကွက်ထဲတွေထိ လိုက်ပြီးတော့ ဖြိုခွဲတာဗျ သပိတ်ကိုလေ။”

မန္တလေးမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲမှုတွေလုပ်နေပေမယ့် ဒီကနေ့မှာ ပုံမှန်အတိုင်း ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ မန္တလေး မြရည်နန္ဒာရပ်ကွက်က ဆန္ဒပြမှုကို ဖြိုခွဲတဲ့အတွက် ထွက်ပြေးသူတွေကို တိုက်ခန်းတွေထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ဆန္ဒပြသူတွေက မြို့နယ်တစ်ချို့မှာ မနက်အာရုံတက်ချိန် ဆန္ဒပြတာ၊ ပြင်ဦးလွင်၊ ညောင်ရွေနှင့် ရန်ကုန်က နေရာတစ်ချို့မှာ ကြွေးကြော်သံတွေကို လမ်းမပေါ်ချထားပြီး လူမဲ့သပိတ်တွေ လုပ်ခဲ့ကြပါတယ်။

မြန်မာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ နေ့စဉ်ရှိနေသလို ဆန္ဒပြသူတွေကို ဖြိုခွဲမှုတွေကလည်း နေ့စဉ်ရှိနေပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေက ဆန္ဒပြအုပ်စုတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူတွေ နေ့စဉ်နဲ့အမျှ မြင့်တက်နေပေမယ့် အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကတော့ ဆက်လက်အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG