သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ ပူးေပါင္းေဆာင္ရြက္မႈ ေတာင္ကိုရီးယားရပ္ဆုိင္း


Army officers intervene during a protest against the military coup in Yangon, Myanmar, March 2, 2021. Picture taken from behind a window. REUTERS/Stringer

{{Zawgyi/Unicode}}
ျမန္မာစစ္တပ္က အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး ဒီမိုကေရစီေရး လိုလားသူေတြကို အင္အားသံုး အၾကမ္းဖက္ ႏွိမ္နင္းေနတာေၾကာင့္ ျမန္မာစစ္တပ္ကို စစ္ဘက္ဆိုင္ရာပစၥည္း တင္ပို႔မႈေတြ ပိတ္ပင္ၿပီး ကာကြယ္ေရးနဲ႔ လံုျခံဳေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈေတြ ဆိုင္းငံ့သြားမယ္လို႔ ေတာင္ကိုရီးယားအစိုးရက ဒီကေန႔ ေၾကညာလိုက္ပါတယ္။

စစ္ပစၥည္းတင္ပို႔မႈ ပိတ္ပင္တာေၾကာင့္ မ်က္ရည္ယိုဗံုးအပါအဝင္ တျခားလက္နက္ခဲယမ္း ဘာကိုမွ ျမန္မာစစ္တပ္ကို ေတာင္ကိုရီးယားအေနနဲ႔ ေရာင္းလို႔မရေတာ့ပါဘူး။ ေတာင္ကိုရီးယားလုပ္ စစ္ဘက္သံုးထရပ္ကားေတြကို ၂၀၁၈ ခုႏွစ္က တင္ပို႔ခဲ့ဖူးသလို မ်က္ရည္ယိုဗံုးေတြကိုလည္း ၂၀၁၄ နဲ႔ ၂၀၁၅ ခုႏွစ္ေတြက ပို႔ခဲ့ဖူးတယ္လုိ႔ ကိုရီးယားတာဝန္ရွိသူေတြကို ကိုးကားၿပီး ယြန္ဟပ္သတင္းတစ္ပုဒ္မွာ ေရးထားပါတယ္။ စစ္ဘက္ပစၥည္းေတြ ေနာက္ဆံုးပို႔ခဲ့တာကေတာ့ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလကျဖစ္ပါတယ္။

အၾကမ္းဖက္မႈေတြရပ္တန္႔ဖို႔ ေတာင္ကိုရီးယားအပါအ၀င္ ႏိုင္ငံတကာအသိုင္းအဝိုင္းက အႀကိမ္ႀကိမ္ ေတာင္းဆိုေနတဲ့ၾကားကပဲ ျမန္မာစစ္တပ္နဲ႔ ရဲတပ္ဖြဲ႔ရဲ႕ အၾကမ္းဖက္ကိုင္တြယ္မႈေတြေၾကာင့္ ေသဆံုးသူေတြ တိုးလာေနတယ္လို႔ ဒီကေန႔ ႏိုင္ငံျခားေရးဌာနက ထုတ္ျပန္တဲ့ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ ေတာင္ကိုရီးယားအစိုးရအေနနဲ႔ ျမန္မာႏိုင္ငံကိုေပးေနတဲ့ ဖြံ႔ၿဖိဳးေရးဆိုင္ရာ အေထာက္အပံ့ေတြကိုပါ ျပန္လည္ သံုးသပ္တာေတြ လုပ္သြားမယ္လို႔လည္း ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံတြင္းက အေျခအေနေတြကို ေတာင္ကိုရီးယားအစိုးရက အနီးကပ္ေစာင့္ၾကည့္ေနသလို ေတာင္ကိုရီးယားႏိ္ုင္ငံတြင္းမွာ ရွိေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြကိုလည္း သူတို႔ရဲ႕ ေနထိုင္ခြင့္ ဗီဇာသက္တမ္း ကုန္သြားၿပီးတာပဲျဖစ္ျဖစ္၊ ဗီဇာသက္တမ္း ထပ္တိုးဖို႔ အခက္အခဲ ျဖစ္ေနတာပဲျဖစ္ျဖစ္ အေျခအေနေတြ တည္ၿငိမ္မႈမရွိေသးခင္ ျမန္မာႏိုင္ငံကို အတင္းအက်ပ္ ျပန္ပို႔တာေတြ လုပ္မွာမဟုတ္ဘဲ ေတာင္ကိုရီးယားမွာ ေနထိုင္ခြင့္ ဆက္ ေပးထားမယ္လို႔လည္း ႏိုင္ငံျခားေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ေလးစားသလို ျမန္မာႏိုင္ငံမွာ ဒီိမိုကေရစီ ျပန္လည္ရရွိလာေအာင္ ေတာင္ကိုရီးယားအစိုးရက အားေပးကူညီသြားမယ့္အေၾကာင္းလည္း ေတာင္ကိုရီးယားအစိုးရက ဒီကေန႔ ထပ္မံ ေျပာဆိုပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔၊ အရပ္သားျပည္သူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းေနတာေတြကို ရပ္တန္႔ၿပီး တရားဥပေဒနဲ႔အညီ ဒီမိုကေရစီနည္းအတိုင္း က်င့္သံုးၿပီး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းကိုင္တြယ္ဖို႔လည္း ေတာင္းဆိုပါတယ္လို႔ ေတာင္ကိုရီးယားအစိုးရက ဒီကေန႔ ထပ္မံ တိုက္တြန္းထားပါတယ္။

..................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီး ဒီမိုကရေစီရေး လိုလားသူတွေကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းနေတာကြောင့် မြန်မာစစ်တပ်ကို စစ်ဘက်ဆိုင်ရာပစ္စည်း တင်ပို့မှုတွေ ပိတ်ပင်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆိုင်းငံ့သွားမယ်လို့ တောင်ကိုရီးယားအစိုးရက ဒီကနေ့ ကြေညာလိုက်ပါတယ်။

စစ်ပစ္စည်းတင်ပို့မှု ပိတ်ပင်တာကြောင့် မျက်ရည်ယိုဗုံးအပါအဝင် တခြားလက်နက်ခဲယမ်း ဘာကိုမှ မြန်မာစစ်တပ်ကို တောင်ကိုရီးယားအနေနဲ့ ရောင်းလို့မရတော့ပါဘူး။ တောင်ကိုရီးယားလုပ် စစ်ဘက်သုံးထရပ်ကားတွေကို ၂၀၁၈ ခုနှစ်က တင်ပို့ခဲ့ဖူးသလို မျက်ရည်ယိုဗုံးတွေကိုလည်း ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေက ပို့ခဲ့ဖူးတယ်လို့ ကိုရီးယားတာဝန်ရှိသူတွေကို ကိုးကားပြီး ယွန်ဟပ်သတင်းတစ်ပုဒ်မှာ ရေးထားပါတယ်။ စစ်ဘက်ပစ္စည်းတွေ နောက်ဆုံးပို့ခဲ့တာကတော့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်ကိုရီးယားအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အကြိမ်ကြိမ် တောင်းဆိုနေတဲ့ကြားကပဲ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ကိုင်တွယ်မှုတွေကြောင့် သေဆုံးသူတွေ တိုးလာနေတယ်လို့ ဒီကနေ့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာနိုင်ငံကိုပေးနေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အထောက်အပံ့တွေကိုပါ ပြန်လည် သုံးသပ်တာတွေ လုပ်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို တောင်ကိုရီးယားအစိုးရက အနီးကပ်စောင့်ကြည့်နေသလို တောင်ကိုရီးယားနိုင်ငံတွင်းမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း သူတို့ရဲ့ နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်သွားပြီးတာပဲဖြစ်ဖြစ်၊ ဗီဇာသက်တမ်း ထပ်တိုးဖို့ အခက်အခဲ ဖြစ်နေတာပဲဖြစ်ဖြစ် အခြေအနေတွေ တည်ငြိမ်မှုမရှိသေးခင် မြန်မာနိုင်ငံကို အတင်းအကျပ် ပြန်ပို့တာတွေ လုပ်မှာမဟုတ်ဘဲ တောင်ကိုရီးယားမှာ နေထိုင်ခွင့် ဆက် ပေးထားမယ်လို့လည်း နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို လေးစားသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိလာအောင် တောင်ကိုရီးယားအစိုးရက အားပေးကူညီသွားမယ့်အကြောင်းလည်း တောင်ကိုရီးယားအစိုးရက ဒီကနေ့ ထပ်မံ ပြောဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းနေတာတွေကို ရပ်တန့်ပြီး တရားဥပဒေနဲ့အညီ ဒီမိုကရေစီနည်းအတိုင်း ကျင့်သုံးပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကိုင်တွယ်ဖို့လည်း တောင်းဆိုပါတယ်လို့ တောင်ကိုရီးယားအစိုးရက ဒီကနေ့ ထပ်မံ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG