သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ေဒၚေအာင္ဆန္းစုၾကည္ အေပၚ စစ္ေကာင္စီ စြပ္စြဲခ်က္ NLD ပယ္ခ်


NLD ဗဟိုအလုပ္အမွုေဆာင္ ဦးေအာင္ၾကည္ညြန္႔ (ဓာတ္ပံု - courtesy)

(Zawgyi/Unicode)

မေန ့က စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲမွာ သတင္းထုတ္ျပန္ေရးေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက တရုတ္နဲ ့အာဆီယံတို ့အေနနဲ႔ ့ၾကား၀င္ေစ့စပ္ေပးလိုတာသိေပမယ့္ ခ်မွတ္ျပီးသား လမ္းျပေျမပံုအတိုင္းပဲ ဆက္သြားမယ္လို ့ေျပာခဲ့တဲ့အေပၚ NLD အမ်ိဴးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ပါတီ ဗဟိုအလုပ္အမွုေဆာင္အဖြဲ ့၀င္ ဦးေအာင္ၾကည္ညြန္ ့က အခုလိုေျပာပါတယ္။

“ ဒီေလာက္ေတာင္ ျမန္မာနိုင္ငံတနိုင္ငံလံုးမွာရွိတဲ့ ျပည္သူတရပ္လံုးက မိမိတို ့ရဲ့ ဆႏၵကို ထုတ္ေဖၚေျပာေနပါရက္နဲ ့ျပည္သူအားလံုးရဲ့ဆႏၵကို လိုခ်င္ျပီးေတာ့ ငါတေကာေကာမယ္လို ့လုပ္ေနတဲ့ အေနအထားမ်ိဴးဟာ ေအာင္ျမင္နိုင္လိမ့္မယ္ မဟုတ္ဘူးလို ့ပဲ က်ေနာ္ကေတာ့ သတိေပးခ်င္တာပဲဗ်”

ဒီအေပၚ NLD ဗဟို သုေတသန အတြင္းေရးမွုး ကိုေက်ာ္၀ဏၰကလည္း “ နိုင္ငံတကာကလည္း အာဆီယံအပါအ၀င္ သူတို ့ကို dialogue ေပးတယ္ဆိုေတာ့ သူတုို ့ကို တကယ္ေတာ့ exit ထြက္ေပါက္ေပးေနတာပါ။ ဒါေတာင္မွာ သူတို ့ကလက္မခံပဲ သူတုိ ့ Road Map အတိုင္းပဲ ဆက္သြားမယ္ဆိုလို ့ရွိရင္လည္းပဲ နိုင္ငံတကာက ရွင္းရွင္းလင္းလင္းျမင္ျပီးေတာ့ သူတို ့ဒါ နုိင္ငံတကာက ဘာဆက္လုပ္ရမလဲဆိုတာ နိုင္ငံတကာကို စိန္ေခၚတဲ့ သေဘာေပါ့။ အခု UNSC က statement ေတြထြက္တယ္။ အဲဒီေတာ့ နုိင္ငံတကာက ဆံုးျဖတ္ခ်က္တခုက်တိုင္း ဒီဘက္က တုံ ့ျပန္မွဟာ ဆန္ ့က်င္ဘက္ေပါ့ေနာ္။ ပိုျပီးၾကမ္းတမ္းတဲ့ ပစ္ခတ္မွုေတြ။ ျမိုင္မွာဆို ရက္ရက္စက္စက္ကို ေတာ္ေတာ္ အေသအေပ်ာက္မ်ားတဲ့ေန ့ပါ။”

အခု ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာပဲ အရင္ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ဟာ မဲစာရင္းအမွားေတြနဲ ့သမၼတ ဦး၀င္းျမင့္ၾသဇာခံခဲ့တယ္လို ့ ဒီေရြးေကာက္ပြဲေကာ္မရွင္အဖြဲ ့၀င္တဦးက ဗြီဒီယိုကေန ၀န္ခံတာကိုလည္း ျပခဲ့ကာ ဒီေကာ္မရွင္မလြတ္လပ္တဲ့သေဘာစြတ္စြဲ ခဲ့တာကိုလည္း ဦးေအာင္ၾကည္ညြန္ ့က အခုလိုေျပာပါတယ္။

“ အဲဒါက အစထဲက အေျခအျမစ္မွ မရွိတာ။ မဲမသမာမႈဆိုျပီးေတာ့ ေျပာေနတဲ့ ဥစၥာဟာ သူတို ့က ေရြးေကာက္ပြဲ မဲစာရင္းအမွားအယြင္းရွိနိုင္တယ္။ အဲဒီအမွားအယြင္းဟာ မဲမသမာမႈျဖစ္နိုင္တယ္လို ့ပဲေျပာတာ။ မဲမသမာဘူးဆိုတဲ့ အေထာက္အထားဘာမွ မရွိဘူး။ တျပည္လံုးမွာရွိတဲ့ မဲရံုေတြအကုန္လံုးကို မဲမသမာဘူးလို ့သူတို ့စြတ္စြဲတဲ့ အေၾကာင္း ရွိကို မရွိဘူး။ မဲမသမာမွုရွိတာ ဘယ္မဲရံုမွာရွိလဲ။ အဲဒါဆို အဲဒီ ဥပေဒမွာ ျပဌာန္းထားတဲ့အတိုင္းပဲ မဲမသမာမႈရွိပါတယ္လို ့ ရင္ဆိုင္ၾကံဳေတြ ့ရ တဲ့ သက္ဆိုင္ရာ မဲဆႏၵရွင္ကိုယ္တိုင္ကေသာ္လည္းေကာင္း၊ ၀င္ေရာက္ယွဥ္ျပိဳင္တဲ့ ကိုယ္စားလွယ္ကေသာ္လည္းေကာင္း၊ ေဆာင္ရြက္လို ့ရတဲ့ကိစၥရပ္ကို အခု အာဏာသိမ္းတဲ့အတြက္ ခုတံုးလုပ္ေနတာ အဓိပၸါယ္မွ မရွိတာ။ ေနာက္ျပီးေတာ့ သူတို ့လုပ္ထားခဲ့တဲ့ ဖြဲ ့စည္းပံုအေျခခံဥပေဒ ပုဒ္မ ၄၀၂ အရ ေရြးေကာက္ပြဲ ေကာ္မရွင္ရဲ့ ေဆာင္ရြက္ခ်က္ဟာ အျပီးသပ္ျဖစ္ေစရမည္လို ့ ေျပာထားျပီးမွ အာဏာသိမ္းခ်င္လို ့အခုက်မွ မျပီးနုိင္၊ မစီးနိုင္လုပ္ေနတဲ့ သေဘာ အားလံုးသိသာေနတာပဲ”။

အခုလို ေရြးေကာက္ပြဲေကာ္မရွင္မလြတ္လပ္ေၾကာင္း စြတ္စြဲခဲ့တဲ့အေပၚ ကိုေက်ာ္၀ဏၰကလည္း အခုလို ေျပာပါတယ္။
“သူတို ့ဖာသာ သူတို ့စြတ္စြဲျပီးေတာ့ သူတို ့ဘာသူတို ့ဇာတ္လမ္းဆင္ျပီးေတာ့ ေျပာတာပဲရွိတယ္။ တကယ္တမ္း မဲရံုအသီးသီးမွာ တာ၀န္က်ေနတဲ့ ဆရာဆရာမေတြ၊ အျခား၀န္ထမ္းေတြရွိတယ္။ ဘယ္မဲရံုမွာမွ အဲလို တိုင္ၾကားခ်က္မရွိခဲ့ပါဘူး။”

ဒါ့အျပင္ ေဖေဖာ္၀ါရီ ၁ ရက္ေန ့မွာ စစ္အာဏာသိမ္းျပီး ဒုတိယအၾကိမ္လုပ္တဲ့ ဒီ သတင္းစာရွင္းလင္းပြဲမွာ ပစ္မွုေတြကို တျဖည္းျဖည္းထပ္တိုးခဲ့ရာမွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္းက ေရႊ နဲ ့ေဒၚလာေငြသားေတြ ေပးခဲ့တယ္လို ့ထပ္စြတ္စြဲခဲ့တဲ့အေပၚမွာလည္း ဦးေအာင္ၾကည္ညြန္ ့က အခုလို ေျပာပါတယ္။

“ဒါေတြ ဒါေတြေပးတယ္။ ဒါေတြ ဘာေတြလုပ္တယ္ဆိုျပီးေတာ့။ လူေတြကို ဖမ္းခ်ဳပ္ထားျပီးေတာ့ ဘယ္သူနဲ႔မွလည္း အဆက္အသြယ္မရပဲနဲ႔ ဘယ္လို ေတြဖိနွိပ္ ညွင္းပမ္းနွိပ္စက္ေနသလဲ၊ ဘယ္လိုေတြ ထြက္ခ်က္ရေအာင္ယူေနသလဲ ဆိုတာမသိပဲနဲ ့တဘက္သတ္ သူတို ့ေျပာတဲ့ စကားအေပၚမွာ က်ေနာ္က အယံုအၾကည္မရွိဘူး။ တကမၻာလံုးသိတယ္ ။ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ဂုဏ္သိကၡာနဲ ့သမာဓိ။ တုိင္းျပည္အတြက္ သူဘယ္ေလာက္ထိ အနစ္နာခံျပီးေဆာင္ရြက္ေနလဲဆိုတာ အဲဒီေျပာေနတဲ့သူေတြနဲ႔ က ဒီေလာက္ျခားနားေနတာမ်ား ထည့္ကို မစဥ္းစားဘူးဗ်။ ဟုတ္တာကလြဲတာကို အကုန္လုပ္ျပီးေတာ့၊ မွန္တာကလြဲတာကို အကုန္ေျပာေနတဲ့ သူတို ့သတင္းစာရွင္းလင္းပြဲက သိသာေနတာပဲ။”
အခုလို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ လာဒ္စားနိုင္ေၾကာင္းစြတ္စြဲတဲ့အေပၚ ကိုေက်ာ္၀ဏၰကလည္း
“ က်ေနာ္တို ့က လံုး၀မဟုတ္ပါဘူးဆိုတာကို ရဲရဲ၀ံ့၀ံ့ေျပာရဲပါတယ္။ သိတဲ့အတုိင္းပဲ ေဒၚေအာင္ဆန္းစုၾကည္လို လူမ်ိဴးက ဒါမ်ိဴးလည္းတသက္လံုးမလုပ္ဘူး။ ရခဲ့တဲ့ ဆုေငြေၾကးေတာင္မွ တျပားတခ်ပ္မွမထိပဲနဲ ့ တိုင္းျပည္အတြက္ပဲ လွဴခဲ့တဲ့လူ။”

တကယ္ေတာ့ လက္ရွိစစ္အာဏာသိမ္းထားမွုအေပၚ နုိင္ငံတ၀ွမ္းမွာ ဆန္ ့က်င္ဆႏၵျပေနတာကျဖင့္ နိုင္ငံတကာဘက္ကလည္း ေရွ ႔ဆက္မတိုးဖို ့၀ိုင္းဖိအားေပးေျပာေနတဲ့ ၾကားကမွ စစ္ေကာင္စီကေတာ့ တေျဖးေျဖးေရွ ႔ကို ဆက္တိုးဖို ့ေျခလွမ္းျပင္ေနျပီလို ့သံုးသပ္သူေတြက ဆိုေနပါတယ္ ခင္ဗ်ာ။

.......................................................

တိုက္႐ိုက္ လင့္ခ္


ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီ စွပ်စွဲချက် NLD ပယ်ချ

(Unicode)

မနေ့က စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တရုတ်နဲ့အာဆီယံတို့အနေနဲ့ကြားဝင်စေ့စပ်ပေးလိုတာသိပေမယ့် ချမှတ်ပြီးသား လမ်းပြမြေပုံအတိုင်းပဲ ဆက်သွားမယ်လို့ပြောခဲ့တဲ့အပေါ် NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အခုလိုပြောပါတယ်။

“ ဒီလောက်တောင် မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတရပ်လုံးက မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ပြောနေပါရက်နဲ့ပြည်သူအားလုံးရဲ့ဆန္ဒကို လိုချင်ပြီးတော့ ငါတကောကောမယ်လို့လုပ်နေတဲ့ အနေအထားမျိူးဟာ အောင်မြင်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ပဲ ကျနော်ကတော့ သတိပေးချင်တာပဲဗျ”

ဒီအပေါ် NLD ဗဟို သုတေသန အတွင်းရေးမှုး ကိုကျော်ဝဏ္ဏကလည်း “ နိုင်ငံတကာကလည်း အာဆီယံအပါအဝင် သူတို့ကို dialogue ပေးတယ်ဆိုတော့ သူတို့ကို တကယ်တော့ exit ထွက်ပေါက်ပေးနေတာပါ။ ဒါတောင်မှာ သူတို့ကလက်မခံပဲ သူတို့ Road Map အတိုင်းပဲ ဆက်သွားမယ်ဆိုလို့ရှိရင်လည်းပဲ နိုင်ငံတကာက ရှင်းရှင်းလင်းလင်းမြင်ပြီးတော့ သူတို့ဒါ နိုင်ငံတကာက ဘာဆက်လုပ်ရမလဲဆိုတာ နိုင်ငံတကာကို စိန်ခေါ်တဲ့ သဘောပေါ့။ အခု UNSC က statement တွေထွက်တယ်။ အဲဒီတော့ နိုင်ငံတကာက ဆုံးဖြတ်ချက်တခုကျတိုင်း ဒီဘက်က တုံ့ပြန်မှဟာ ဆန့်ကျင်ဘက်ပေါ့နော်။ ပိုပြီးကြမ်းတမ်းတဲ့ ပစ်ခတ်မှုတွေ။ မြိုင်မှာဆို ရက်ရက်စက်စက်ကို တော်တော် အသေအပျောက်များတဲ့နေ့ပါ။”

အခု နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာပဲ အရင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မဲစာရင်းအမှားတွေနဲ့သမ္မတ ဦးဝင်းမြင့်သြဇာခံခဲ့တယ်လို့ ဒီရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးက ဗွီဒီယိုကနေ ဝန်ခံတာကိုလည်း ပြခဲ့ကာ ဒီကော်မရှင်မလွတ်လပ်တဲ့သဘောစွတ်စွဲ ခဲ့တာကိုလည်း ဦးအောင်ကြည်ညွန့်က အခုလိုပြောပါတယ်။

“ အဲဒါက အစထဲက အခြေအမြစ်မှ မရှိတာ။ မဲမသမာမှုဆိုပြီးတော့ ပြောနေတဲ့ ဥစ္စာဟာ သူတို့က ရွေးကောက်ပွဲ မဲစာရင်းအမှားအယွင်းရှိနိုင်တယ်။ အဲဒီအမှားအယွင်းဟာ မဲမသမာမှုဖြစ်နိုင်တယ်လို့ပဲပြောတာ။ မဲမသမာဘူးဆိုတဲ့ အထောက်အထားဘာမှ မရှိဘူး။ တပြည်လုံးမှာရှိတဲ့ မဲရုံတွေအကုန်လုံးကို မဲမသမာဘူးလို့သူတို့စွတ်စွဲတဲ့ အကြောင်း ရှိကို မရှိဘူး။ မဲမသမာမှုရှိတာ ဘယ်မဲရုံမှာရှိလဲ။ အဲဒါဆို အဲဒီ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းပဲ မဲမသမာမှုရှိပါတယ်လို့ ရင်ဆိုင်ကြုံတွေ့ရ တဲ့ သက်ဆိုင်ရာ မဲဆန္ဒရှင်ကိုယ်တိုင်ကသော်လည်းကောင်း၊ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ကသော်လည်းကောင်း၊ ဆောင်ရွက်လို့ရတဲ့ကိစ္စရပ်ကို အခု အာဏာသိမ်းတဲ့အတွက် ခုတုံးလုပ်နေတာ အဓိပ္ပါယ်မှ မရှိတာ။ နောက်ပြီးတော့ သူတို့လုပ်ထားခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၂ အရ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်ဟာ အပြီးသပ်ဖြစ်စေရမည်လို့ ပြောထားပြီးမှ အာဏာသိမ်းချင်လို့အခုကျမှ မပြီးနိုင်၊ မစီးနိုင်လုပ်နေတဲ့ သဘော အားလုံးသိသာနေတာပဲ”။

အခုလို ရွေးကောက်ပွဲကော်မရှင်မလွတ်လပ်ကြောင်း စွတ်စွဲခဲ့တဲ့အပေါ် ကိုကျော်ဝဏ္ဏကလည်း အခုလို ပြောပါတယ်။
“သူတို့ဖာသာ သူတို့စွတ်စွဲပြီးတော့ သူတို့ဘာသူတို့ဇာတ်လမ်းဆင်ပြီးတော့ ပြောတာပဲရှိတယ်။ တကယ်တမ်း မဲရုံအသီးသီးမှာ တာဝန်ကျနေတဲ့ ဆရာဆရာမတွေ၊ အခြားဝန်ထမ်းတွေရှိတယ်။ ဘယ်မဲရုံမှာမှ အဲလို တိုင်ကြားချက်မရှိခဲ့ပါဘူး။”

ဒါ့အပြင် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီး ဒုတိယအကြိမ်လုပ်တဲ့ ဒီ သတင်းစာရှင်းလင်းပွဲမှာ ပစ်မှုတွေကို တဖြည်းဖြည်းထပ်တိုးခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေ နဲ့ဒေါ်လာငွေသားတွေ ပေးခဲ့တယ်လို့ထပ်စွတ်စွဲခဲ့တဲ့အပေါ်မှာလည်း ဦးအောင်ကြည်ညွန့်က အခုလို ပြောပါတယ်။

“ဒါတွေ ဒါတွေပေးတယ်။ ဒါတွေ ဘာတွေလုပ်တယ်ဆိုပြီးတော့။ လူတွေကို ဖမ်းချုပ်ထားပြီးတော့ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရပဲနဲ့ ဘယ်လို တွေဖိနှိပ် ညှင်းပမ်းနှိပ်စက်နေသလဲ၊ ဘယ်လိုတွေ ထွက်ချက်ရအောင်ယူနေသလဲ ဆိုတာမသိပဲနဲ့တဘက်သတ် သူတို့ပြောတဲ့ စကားအပေါ်မှာ ကျနော်က အယုံအကြည်မရှိဘူး။ တကမ္ဘာလုံးသိတယ် ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာနဲ့သမာဓိ။ တိုင်းပြည်အတွက် သူဘယ်လောက်ထိ အနစ်နာခံပြီးဆောင်ရွက်နေလဲဆိုတာ အဲဒီပြောနေတဲ့သူတွေနဲ့ က ဒီလောက်ခြားနားနေတာများ ထည့်ကို မစဉ်းစားဘူးဗျ။ ဟုတ်တာကလွဲတာကို အကုန်လုပ်ပြီးတော့၊ မှန်တာကလွဲတာကို အကုန်ပြောနေတဲ့ သူတို့သတင်းစာရှင်းလင်းပွဲက သိသာနေတာပဲ။”
အခုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာဒ်စားနိုင်ကြောင်းစွတ်စွဲတဲ့အပေါ် ကိုကျော်ဝဏ္ဏကလည်း
“ ကျနော်တို့က လုံးဝမဟုတ်ပါဘူးဆိုတာကို ရဲရဲဝံ့ဝံ့ပြောရဲပါတယ်။ သိတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်လို လူမျိူးက ဒါမျိူးလည်းတသက်လုံးမလုပ်ဘူး။ ရခဲ့တဲ့ ဆုငွေကြေးတောင်မှ တပြားတချပ်မှမထိပဲနဲ့ တိုင်းပြည်အတွက်ပဲ လှူခဲ့တဲ့လူ။”

တကယ်တော့ လက်ရှိစစ်အာဏာသိမ်းထားမှုအပေါ် နိုင်ငံတဝှမ်းမှာ ဆန့်ကျင်ဆန္ဒပြနေတာကဖြင့် နိုင်ငံတကာဘက်ကလည်း ရှေ့ဆက်မတိုးဖို့ဝိုင်းဖိအားပေးပြောနေတဲ့ ကြားကမှ စစ်ကောင်စီကတော့ တဖြေးဖြေးရှေ့ကို ဆက်တိုးဖို့ခြေလှမ်းပြင်နေပြီလို့သုံးသပ်သူတွေက ဆိုနေပါတယ် ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG