သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ပါတီ၀င္ေတြ အပါအ၀င္ လူအမ်ားအျပား စေနညက ဖမ္းဆီးခံရ


ပိတ္ဆို႔ထားတဲ့ လမ္းကို ဖမ္းရွားရွင္းလင္းေနတဲ့ တပ္ဖဲြ႔ဝင္မ်ား ( Photo - Nay Zaw Win Maung )

[ Zawgyi / Unicode ]

ရန္ကုန္ၿမိဳ႕ ေနရာအေတာ္မ်ားမ်ားမွာေတာ့ မေန႔ညက စစ္တပ္ ၊ ရဲနဲ႔ လုံၿခဳံေရးတပ္ဖဲြ႔ ၀င္ေတြက ေနအိမ္ေတြအေတာ္မ်ားမ်ားကို ၀င္ေရာက္ဖမ္းဆီးတာေတြ လုပ္ခဲ့ၿပီး အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီ၀င္ေတြ အေတာ္မ်ားမ်ား အဖမ္းခံခဲ့ရပါတယ္။ ဒါ့အျပင္ တာေမြ ၿမိဳ႕နယ္ ေက်ာက္ေျမာင္း နဲ႔ ပန္းဘဲတန္းၿမိဳ႕နယ္အတြင္းမွာလည္း ပစ္ခတ္တာေတြ ရွိခဲ့ပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ကိုရန္ႏုိင္က တင္ဆက္ထား ပါတယ္။

စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ႏုိင္ငံတ၀န္း ဆက္ျဖစ္ေနခ်ိန္မွာပဲ၊ ရန္ကုန္မွာေတာ့ မေန႔ညက လုံၿခဳံေရးအာဏာပိုင္ေတြဘက္က ရပ္ကြက္ေတြ ေနအိမ္ေတြထဲအထိ ၀င္ေရာက္ ဖမ္းဆီးတာေတြလုပ္ခဲ့ပါတယ္။ လမ္းမေတာ္၊ ေက်ာက္တံတား၊ ပန္းဘဲတန္း၊ အလုံ၊ စမ္းေခ်ာင္း၊ တာေမြ ဒဂုံ ၊ သာေကတ အပါအ၀င္ ေနရာ အေတာ္မ်ားမ်ားမွာ ဖမ္းဆီးတာေတြလုပ္ခဲ့ၿပီး၊ အမ်ိဳးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီ၀င္တခ်ိဳ႕ ဖမ္းဆီးခံခဲ့ရပါတယ္။

ေက်ာက္တံတားၿမိဳ႕နယ္္ ၃၆ လမ္းမွာ မေန႔ညက NLD ပါတီ၀င္ ဦးေအာင္ႀကီး နဲ႔ ကိုျမင့္ေအာင္တုိ႔ကုိလည္း စစ္တပ္နဲ႔ရဲက လာေရာက္ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ မိသားစု၀င္တဦးျဖစ္တဲ့ မသီရိက ဗီအိုေအကို ေျပာပါတယ္။

" သူတုိ႔ေတြလမ္းထိပ္ကိုေရာက္လာေတာ့က်မတုိ႔က barricade ပိတ္ထားတယ္။ အဲဒီမွာ ကင္းသမားေတြလည္းရွိတယ္။ အေဖနဲ႔အစ္ကိုကလည္ အျပင္မွာရွိတယ္။ သူတုိ႔ေတြ၀င္လာတာကို ျမင္လည္းျမင္ေရာ၊ အကုန္လုံး ကင္းသမားေတြလည္း ပုန္၊ အေဖနဲ႔ အစ္ကိုလည္း အိမ္ထဲ၀င္ၿပီး တံခါးေတြပိတ္၊ မီးေတြလည္းပိတ္ၿပီး ေနေနပါတယ္။ သူတုိ႔က တားထားတဲ့ barricade ေတြကို ႐ုိက္ခ်ိဳးၿပီး ၀င္လာပါတယ္။ ၀င္လာၿပီးေတာ့ ၀င္၀င္ခ်င္းမွာ စစ္သား ၅ ေယာက္က လမ္းထဲ ၀င္သြားတယ္ ပထမအိမ္မွာၿပီးေတာ့ အေနာက္ကို သြားလိုက္ေသးတယ္။ ေက်ာက္တံတားရဲလည္းပါတယ္။ သူက အိမ္မွာေနတယ္လို႔ ေျပာလို႔ သူတုိ႔ အေနာက္ကို ျပန္ေလွ်ာက္လာၿပီးေတာ့ က်မတုိ႔ အိမ္ေရွ႕တည့္တည္ကို ေရာက္လာၿပီး အိမ္ရွင္တုိ႔တံခါးဖြင့္ေပးပါဆုိၿပီး တံခါးလာေခါက္တယ္။ ညီမတုိ႔အကုန္လုံးကလည္း တေယာက္မွ အသံမေပးဘဲ တိတ္ၿပီးေတာ့ေနေနၾကတယ္။ ဒါေပမဲ့ တံခါးဖြင့္ေပးပါလို႔ ခဏခဏေျပာေနၿပီး မဖြင့္ရင္ ႐ုိက္ခ်ိဳးၿပီး ၀င္လာပါမယ္ဆုိၿပိး ၿခိမ္းေျခာက္ေတာ့ အိမ္က အစ္မတေယာက္က ထြက္ၿပီးေတာ့ ဘာကိစၥရွိလို႔လဲ ဘာလဲဆုိၿပီးေမးေတာ့၊ ကိုျမင့္ေအာင္ နဲ႔ ကိုေအာင္ႀကီးကို ထုတ္ေပးပါ။ ဒီအိမ္ွာရွိတယ္ဆိုၿပီး သတင္းေပးထားတဲ့သူရွိတယ္ဆုိၿပိး ေျပာၿပီး ထုတ္ခုိင္းတယ္။ က်မတုိ႔က ဒီအိမ္မွာမရွိဘူးလို႔ ေျပာတာကို နင္တုိ႔ ထုတ္ေပးမလား မထုတ္ေပးဘူးလား၊ မထုတ္ေပးရင္၊ တံခါး႐ုိက္ခ်ိဳးၿပီး ၀င္လာမယ္၊ ေသနတ္နဲ႔လည္း ပစ္မယ္လို႔ ေျပာပါတယ္။"

"အဲဒါနဲ႔ေနာက္ဆုံး အေဖနဲ႔ အစ္ကိုက အိမ္မွာ ကေလးေတြနဲ႔ တခုခုျဖစ္မွာ စိုးလို႔ ထြက္လာေပးတယ္။ ထြက္လာၿပီးတာနဲ႔ က်မတုိ႔က ခဏေလး အစ္ကိုတုိ႔ ဘာေၾကာင့္လာေခၚတာလဲ ၀ရမ္းျပဆုိေတာ့၊ အဲဒါေတြအခုခ်ိန္မွာ လာမေမးပါနဲ႔ ၊ လူေတြပဲေခၚသြားပါမယ့္၊ လူေတြပဲလိုက္ခဲ့ပါ။ လုံး၀မရုိက္ပါဘူးလို႔ ကတိေပးၿပီးေတာ့ ေခၚသြားတယ္။ အခုသူတုိ႔ ၿမိဳ႕ေတာ္ခန္းမကို ေခၚသြားၾကတယ္။ လမ္းကလူေတြ ေနာက္ပိုင္း လိုက္သြားၾကတဲ့အခ်ိန္မွာေတာ့ သူတုိ႔က ဘာေၾကာင့္လဲဆုိတာ မေျပာျပဘူး။ အကုန္လုံးျပန္ပါတဲ့ ၊ ၁၀ မိနစ္အခ်ိန္ေပးတယ္။ မျပန္ရင္ ပစ္မယ္ဆုိၿပီး ၿမိဳ႕ေတာ္ခန္းမကေန ၿခိမ္းေျခာက္တယ္။ အဲဒါနဲ႔ရပ္ကြက္ကလူေတြအကုန္လုံးက ျပန္ေျပးလာၾကတယ္။ "

ရန္နုိင္။ ။ ဘာေၾကာင့္ဖမ္းတယ္လို႔ေရာထင္လဲ။

မသီရိ။ ။ ညီမထင္တာကေတာ့ ညီမတုိ႔က ဒီလမ္းထဲမွာ လုံၿခဳံေရးကို အျပည့္အ၀လုပ္ေပးတယ္။ ၿပီးေတာ့ NLD ပါတီ၀င္ေတြလည္းျဖစ္တယ္။ ဆႏၵျပေက်ာင္းသားေတြ လမ္းထိပ္မွာ အေရးအေၾကာင္းေျပးၿပီးဆုိရင္ တံခါးေတြဖြင့္ေပးတယ္။ အိမ္ေတြမွာ ဦးေဆာင္သူ ပုံစံျဖစ္ေနတယ္။ အဲဒါေၾကာင့္လို႔ထင္တာပဲ။

ရန္ႏုိင္။ ။ ဘယ္အဖဲြ႔က ဖမ္းသြားတာလဲ။

မသီရိ။ ။ ဘယ္အဖဲြ႔က ဖမ္းသြားသလဲဆုိေတာ့ သူတုိ႔ လည္ပင္းပတ္နီေတြပါတယ္ ။ စစ္ကားေတြပါတယ္။ ေက်ာက္တံတားရဲေတြပါတယ္။ ညီမေယာက္မတေယာက္ကေတာ့ က်မပါ လိုက္မယ္ဆုိၿပီး အသည္းအသန္လိုက္သြားတယ္ ၊ ၿမိဳ႕ေတာ္ခန္းမနားေရာက္ေတာ့ သူတုိ႔ ဒီထဲ၀င္ေတာ့မယ္ အစ္မမလိုက္ပါနဲ႔ဆုိၿပီး သူ႔ကို ျပန္ခုိင္းလိုက္ပါတယ္။

ရန္နုိင္။ ။ ညီမအေဖနဲ႔အစ္ကို ၂ ေယာက္စလုံးက NLD ပါတီ၀င္လား

မသီရိ။ ။ သူတုိ႔ ၂ ေယာက္စလုံးေရာ ညီမတို႔ တအိမ္လုံး ေတာ္ေတာ္မ်ားမ်ားက NLD ပါတီ၀င္ေတြပါ။

ရန္ႏုိင္။ ။ အခုလို ဖမ္းဆီးသြားတဲ့အေပၚမွာေရာ ဘာမ်ားေျပာခ်င္သလဲ။

မသီရိ။ ။ ဒါက လုံး၀မတရားဘူူး။ ဘယ္လိုမွသူတို႔ကို ေျပာလည္း ေျပာလို႔မရဘူး။ အိမ္ထဲ၀င္မယ္ဆုိၿပီးေတာ့ ၿခိမ္းေျခာက္တယ္။ အိမ္မွာလည္း ကေလးငယ္ငယ္ေလးေတြက အမ်ားႀကီးပဲ၊ အကုန္လုံးက လန္႔ေနၾကတယ္။ အေမကလည္း ေရာဂါသည္ ၊ အေမလည္း ငိုေနတယ္။

ဒါ့အျပင္ ၃၉ လမ္းမွာ ေနထိုင္တဲ့ NLD ပါတီ၀င္တဦး လည္း မေန႔ညက ဖမ္းဆီးခံလိုက္ရတယ္လို႔ သူမက ေျပာပါတယ္။

တာေမြ အာေသာက ညဖက္ပစ္ခတ္မႈ
တာေမြ အာေသာက ညဖက္ပစ္ခတ္မႈ


တခ်ိန္တည္းမွာပဲ၊ ပန္းဘဲတန္းၿမိဳ႕ လမ္း ၃၀ နဲ႔ တာေမြၿမိဳ႕နယ္အတြင္းက အာေသာက ရပ္ကြက္မွာလည္း ၀င္ေရာက္ဖမ္းဆီး တာေတြနဲ႔ ပစ္ခတ္မႈေတြ ရွိတာကိို Facebook လူမႈကြန္ရက္ေတြမွာ တင္ထားတဲ့ ဗီဒီယိုိဖုိင္ေတြမွာ ေတြ႔ေနရပါတယ္။

စမ္းေခ်ာင္းၿမိဳ႕နယ္ဘက္မွာလည္း လုံၿခဳံေရးတပ္ဖဲြ႔၀င္ေတြဟာ ကားအစင္း ၂၀ ေလာက္နဲ႔ ေရာက္လာခဲ့ၿပီး၊ မိုးမခလမ္းက ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴး တေယာက္ကို ၀င္ေရာက္ဖမ္းဆီးခဲ့တယ္လို႔ စမ္းေခ်ာင္းၿမိဳ႕ နယ္မွာ ေနထုိင္သူတဦးက ေျပာပါတယ္။

" ၉ နာရီခဲြ နဲ႔ ၁၀ နာရီၾကားေလာက္မွာ မိုးမခလမ္းကို ၀င္စီးပါတယ္။ အဲဒီမွာ ရပ္/ေက်း တေယာက္ရွိပါတယ္။ ျပည္သူလူထုက တင္ထားတဲ့ ရပ္ေက်းတေယာက္ကုိ ဖမ္းဆီးဖို႔ႀကိဳးစားတာခင္ဗ်။ ဒါေပမဲ့ အဲဒီ ရပ္ေက်းက မရွိေတာ့ဘူး သူက ေရွာင္ၿပီးေတာ့ ေျပးသြားတယ္ခင္ဗ်။ "

စစ္အုပ္ခ်ဳပ္ေရးေကာင္စီက NLD ပါတီ၀င္ေတြအေနနဲ႔ ျပည္ေထာင္လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH နဲ႔ ပတ္သက္ျခင္း မရွိဘူးဆုိတာကို မေန႔ မတ္လ ၆ ရက္ေန႔မွာ ေနာက္ဆုံးထားၿပီး အေၾကာင္းၾကားဖို႔ ေျပာၾကားထားတာျဖစ္ၿပီး၊ အဲဒီလိုအခ်ိန္မွာပဲ ၊ အခုလိုမ်ိဳး ညဘက္ေတြမွာ ၀င္ေရာက္ဖမ္းဆီးတာေတြ လုပ္ေဆာင္လာေနတာပါ။

ၿငိမ္းခ်မ္းစြာ ဆႏၵျပလႈပ္ရွားသူေတြကုိ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ၊ ဥပေဒမဲ့ ဖမ္းဆီးမႈေတြကုိ ရပ္တန္႔ဖုိ႔ ကုလသမဂၢနဲ႔ အေမရိကန္ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအ၀န္းက တုိက္တြန္းေနတဲ့ ၾကားမွာပဲ၊ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြက ဆႏၵျပသူေတြကုိ ႏွိမ္နင္းမႈေတြ၊ ဖမ္းဆီးမႈေတြကုိ ဆက္လုပ္ေနတာလည္း ျဖစ္ပါတယ္။

= = = = = = =

ျပည္သူေတြခ်ထားတဲ့ လုံၿခဳံေရး အရံအတားကို ဖယ္ရွား။
ျပည္သူေတြခ်ထားတဲ့ လုံၿခဳံေရး အရံအတားကို ဖယ္ရွား။

[ Unicode ]

NLD ပါတီဝင်တွေ အပါအဝင် လူအများအပြား စနေညက ဖမ်းဆီးခံရ

ရန်ကုန်မြို့ နေရာအတော်များများမှာတော့ မနေ့ညက စစ်တပ် ၊ ရဲ နဲ့ လုံ့ခြုံရေးတပ်ဖွဲ့ဝင်တွေက နေအိမ်တွေအတော်များများကို ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေ အတော်များများ ဖမ်းခံခဲ့ရပါတယ်။ ဒါ့အပြင် တာမွေ မြို့နယ် ကျောက်မြောင်း နဲ့ ပန်းဘဲတန်းမြို့နယ်အတွင်းမှာလည်း ပစ်ခတ်တာတွေလည်းရှိခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုရန်နိုင်က တင်ဆက်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်း ဆက်ဖြစ်နေချိန်မှာပဲ၊ ရန်ကုန်မှာတော့ မနေ့ညက လုံခြုံရေးအာဏာပိုင်တွေဘက်က ရပ်ကွက်တွေ နေအိမ်တွေထဲအထိ ဝင်ရောက် ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ လမ်းမတော်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ အလုံ၊ စမ်းချောင်း၊ တာမွေ ဒဂုံ ၊ သာကေတ အပါအဝင် နေရာ အတော်များများမှာ ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တချို့ ဖမ်းဆီးခံခဲ့ရပါတယ်။

ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာ မနေ့ညက NLD ပါတီဝင် ဥိးအောင်ကြီး နဲ့ ကိုမြင့်အောင်တို့ကိုလည်း စစ်တပ်နဲ့ရဲက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်တဦးဖြစ်တဲ့ မသီရိက ဗီအိုအေကို ပြောပါတယ်။

" သူတို့တွေလမ်းထိပ်ကိုရောက်လာတော့ကျမတို့က barricade ပိတ်ထားတယ်။ အဲဒီမှာ ကင်းသမားတွေလည်းရှိတယ်။ အဖေနဲ့အစ်ကိုကလည် အပြင်မှာရှိတယ်။ သူတို့တွေဝင်လာတာကို မြင်လည်းမြင်ရော၊ အကုန်လုံး ကင်းသမားတွေလည်း ပုန်၊ အဖေနဲ့ အစ်ကိုလည်း အိမ်ထဲဝင်ပြီး တံခါးတွေပိတ်၊ မီးတွေလည်းပိတ်ပြီး နေနေပါတယ်။ သူတို့က တားထားတဲ့ barricade တွေကို ရိုက်ချိုးပြီး ဝင်လာပါတယ်။ ဝင်လာပြီးတော့ ဝင်ဝင်ချင်းမှာ စစ်သား ၅ ယောက်က လမ်းထဲ ဝင်သွားတယ် ပထမအိမ်မှာပြီးတော့ အနောက်ကို သွားလိုက်သေးတယ်။ ကျောက်တံတားရဲလည်းပါတယ်။ သူက အိမ်မှာနေတယ်လို့ ပြောလို့ သူတို့ အနောက်ကို ပြန်လျှောက်လာပြီးတော့ ကျမတို့ အိမ်ရှေ့တည့်တည်ကို ရောက်လာပြီး အိမ်ရှင်တို့တံခါးဖွင့်ပေးပါဆိုပြီး တံခါးလာခေါက်တယ်။ ညီမတို့အကုန်လုံးကလည်း တယောက်မှ အသံမပေးဘဲ တိတ်ပြီးတော့နေနေကြတယ်။ ဒါပေမဲ့ တံခါးဖွင့်ပေးပါလို့ ခဏခဏပြောနေပြီး မဖွင့်ရင် ရိုက်ချိုးပြီး ဝင်လာပါမယ်ဆိုပြိး ခြိမ်းခြောက်တော့ အိမ်က အစ်မတယောက်က ထွက်ပြီးတော့ ဘာကိစ္စရှိလို့လဲ ဘာလဲဆိုပြီးမေးတော့၊ ကိုမြင့်အောင် နဲ့ ကိုအောင်ကြီးကို ထုတ်ပေးပါ။ ဒီအိမ်ှာရှိတယ်ဆိုပြီး သတင်းပေးထားတဲ့သူရှိတယ်ဆိုပြိး ပြောပြီး ထုတ်ခိုင်းတယ်။ ကျမတို့က ဒီအိမ်မှာမရှိဘူးလို့ ပြောတာကို နင်တို့ ထုတ်ပေးမလား မထုတ်ပေးဘူးလား၊ မထုတ်ပေးရင်၊ တံခါးရိုက်ချိုးပြီး ဝင်လာမယ်၊ သေနတ်နဲ့လည်း ပစ်မယ်လို့ ပြောပါတယ်။"

"အဲဒါနဲ့နောက်ဆုံး အဖေနဲ့ အစ်ကိုက အိမ်မှာ ကလေးတွေနဲ့ တခုခုဖြစ်မှာ စိုးလို့ ထွက်လာပေးတယ်။ ထွက်လာပြီးတာနဲ့ ကျမတို့က ခဏလေး အစ်ကိုတို့ ဘာကြောင့်လာခေါ်တာလဲ ဝရမ်းပြဆိုတော့၊ အဲဒါတွေအခုချိန်မှာ လာမမေးပါနဲ့ ၊ လူတွေပဲခေါ်သွားပါမယ့်၊ လူတွေပဲလိုက်ခဲ့ပါ။ လုံးဝမရိုက်ပါဘူးလို့ ကတိပေးပြီးတော့ ခေါ်သွားတယ်။ အခုသူတို့ မြို့တော်ခန်းမကို ခေါ်သွားကြတယ်။ လမ်းကလူတွေ နောက်ပိုင်း လိုက်သွားကြတဲ့အချိန်မှာတော့ သူတို့က ဘာကြောင့်လဲဆိုတာ မပြောပြဘူး။ အကုန်လုံးပြန်ပါတဲ့ ၊ ၁၀ မိနစ်အချိန်ပေးတယ်။ မပြန်ရင် ပစ်မယ်ဆိုပြီး မြို့တော်ခန်းမကနေ ခြိမ်းခြောက်တယ်။ အဲဒါနဲ့ရပ်ကွက်ကလူတွေအကုန်လုံးက ပြန်ပြေးလာကြတယ်။ "

ရန်နိုင်။ ။ ဘာကြောင့်ဖမ်းတယ်လို့ရောထင်လဲ။

မသီရိ။ ။ ညီမထင်တာကတော့ ညီမတို့က ဒီလမ်းထဲမှာ လုံခြုံရေးကို အပြည့်အဝလုပ်ပေးတယ်။ ပြီးတော့ NLD ပါတီဝင်တွေလည်းဖြစ်တယ်။ ဆန္ဒပြကျောင်းသားတွေ လမ်းထိပ်မှာ အရေးအကြောင်းပြေးပြီးဆိုရင် တံခါးတွေဖွင့်ပေးတယ်။ အိမ်တွေမှာ ဦးဆောင်သူ ပုံစံဖြစ်နေတယ်။ အဲဒါကြောင့်လို့ထင်တာပဲ။

ရန်နိုင်။ ။ ဘယ်အဖွဲ့က ဖမ်းသွားတာလဲ။

မသီရိ။ ။ ဘယ်အဖွဲ့က ဖမ်းသွားသလဲဆိုတော့ သူတို့ လည်ပင်းပတ်နီတွေပါတယ် ။ စစ်ကားတွေပါတယ်။ ကျောက်တံတားရဲတွေပါတယ်။ ညီမယောက်မတယောက်ကတော့ ကျမပါ လိုက်မယ်ဆိုပြီး အသည်းအသန်လိုက်သွားတယ် ၊ မြို့တော်ခန်းမနားရောက်တော့ သူတို့ ဒီထဲဝင်တော့မယ် အစ်မမလိုက်ပါနဲ့ဆိုပြီး သူ့ကို ပြန်ခိုင်းလိုက်ပါတယ်။

ရန်နိုင်။ ။ ညီမအဖေနဲ့အစ်ကို ၂ ယောက်စလုံးက NLD ပါတီဝင်လား

မသီရိ။ ။ သူတို့ ၂ ယောက်စလုံးရော ညီမတို့ တအိမ်လုံး တော်တော်များများက NLD ပါတီဝင်တွေပါ။

ရန်နိုင်။ ။ အခုလို ဖမ်းဆီးသွားတဲ့အပေါ်မှာရော ဘာများပြောချင်သလဲ။

မသီရိ။ ။ ဒါက လုံးဝမတရားဘူူး။ ဘယ်လိုမှသူတို့ကို ပြောလည်း ပြောလို့မရဘူး။ အိမ်ထဲဝင်မယ်ဆိုပြီးတော့ ခြိမ်းခြောက်တယ်။ အိမ်မှာလည်း ကလေးငယ်ငယ်လေးတွေက အများကြီးပဲ၊ အကုန်လုံးက လန့်နေကြတယ်။ အမေကလည်း ရောဂါသည် ၊ အမေလည်း ငိုနေတယ်။

ဒါ့အပြင် ၃၉ လမ်းမှာ နေထိုင်တဲ့ NLD ပါတီဝင်တဦး လည်း မနေ့ညက ဖမ်းဆီးခံလိုက်ရတယ်လို့ သူမက ပြောပါတယ်။

တချိန်တည်းမှာပဲ၊ ပန်းဘဲတန်းမြို့ လမ်း ၃၀ နဲ့ တာမွေမြို့နယ်အတွင်းက အာသောက ရပ်ကွက်မှာလည်း ဝင်ရောက်ဖမ်းဆီး တာတွေနဲ့ ပစ်ခတ်မှုတွေ ရှိတာကို Facebook လူမှုကွန်ရက်တွေမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ တွေ့နေရပါတယ်။

စမ်းချောင်းမြို့နယ်ဘက်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကားအစင်း ၂၀ လောက်နဲ့ ရောက်လာခဲ့ပြီး၊ မိုးမခလမ်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူး တယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ စမ်းချောင်းမြို့ နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

" ၉ နာရီခွဲ နဲ့ ၁၀ နာရီကြားလောက်မှာ မိုးမခလမ်းကို ဝင်စီးပါတယ်။ အဲဒီမှာ ရပ်/ကျေး တယောက်ရှိပါတယ်။ ပြည်သူလူထုက တင်ထားတဲ့ ရပ်ကျေးတယောက်ကို ဖမ်းဆီးဖို့ကြိုးစားတာခင်ဗျ။ ဒါပေမဲ့ အဲဒီ ရပ်ကျေးက မရှိတော့ဘူး သူက ရှောင်ပြီးတော့ ပြေးသွားတယ်ခင်ဗျ။ "

စစ်အုပ်ချုပ်ရေးကောင်စီက NLD ပါတီဝင်တွေအနေနဲ့ ပြည်ထောင်လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ ပတ်သက်ခြင်း မရှိဘူးဆိုတာကို မနေ့ မတ်လ ၆ ရက်နေ့မှာ နောက်ဆုံးထားပြီး အကြောင်းကြားဖို့ ပြောကြားထားတာဖြစ်ပြီး၊ အဲဒီလိုအချိန်မှာပဲ ၊ အခုလိုမျိုး ညဘက်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်လာနေတာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားသူတွေကို အကြမ်းဖက်နှိမ်နင်းမှုတွေ၊ ဥပဒေမဲ့ ဖမ်းဆီးမှုတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းနေတဲ့ ကြားမှာပဲ၊ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ၊ ဖမ်းဆီးမှုတွေကို ဆက်လုပ်နေတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG