သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္ေရးဆႏၵျပပဲြမ်ား ပစ္ခတ္ဖမ္းဆီးၿဖိဳခဲြခံရ 


ZawGyi/Unicode

စစ္အာဏာသိမ္းမႈကိုဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ႏုိင္ငံတဝန္းမွာ ဆက္လက္ျဖစ္ပြားေနၿပီး ရန္ကုန္မွာေတာ့ ဒီေန႔ စမ္းေခ်ာင္းနဲ႔ ၾကည့္ျမင္တုိင္ဘက္မွာ ပစ္ခတ္ႏွိမ္ႏွင္းတာေတြ ရွိခဲ့တယ္လို႔ ဆႏၵျပတဲ့သူေတြက ေျပာပါတယ္။ ဒါ့အျပင္ ဒီေန႔ ရန္ကုန္ဆႏၵျပပဲြအတြင္း ဆႏၵျပတဲ့သူ ဆယ္ဂဏန္းအထိ အဖမ္းခံရတယ္လို႔လည္း သိရပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကို ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။

စစ္အာဏာသိမ္းမႈကိုဆန္႔က်င္တဲ့ လမ္းေပၚထြက္ဆႏၵျပပဲြေတြ ရန္ကုန္မွာစတင္ခဲ့တာ အခုဆုိရင္ ၁ လ ျပည့္သြားၿပီျဖစ္ၿပီး ဆႏၵျပပဲြေတြဟာ ရန္ကုန္အပါအဝင္ မႏၱေလးနဲ႔ ႏုိင္ငံတဝန္းကၿမိဳ႕ေတြမွာ ဆက္လက္ျဖစ္ပြားေနပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ စမ္းေခ်ာင္း၊ ၾကည့္ျမင္တုိင္၊ ေျမာက္ဥကၠလာ၊ တာေမြနဲ႔ ေနရာအေတာ္မ်ားမ်ားမွာ ဆႏၵျပပဲြေတြ ဆက္လက္ ျဖစ္ပြားခဲ့ၿပီး စမ္းေခ်ာင္းၿမိ႕နယ္ ကၽြန္းေတာလမ္းက ဆႏၵျပတဲ့ေနရာကိုေတာ့ ရဲနဲ႔ စစ္တပ္လုံၿခဳံေရးေတြက မနက္ပိုင္းမွာ ပစ္ခတ္ႏွိမ္ႏွင္တာေတြရွိခဲ့တယ္လို႔ အဲဒီ ဆႏၵျပပဲြမွာပါဝင္သူတဦးက ဗီအိုေအကို ေျပာပါတယ္။

“က်ေနာ္တုိ႔ ၇ နာရီခဲြ ၈ နာရီ ေလာက္မွာ လူငယ္ေတြတဖဲြဖဲြစုၾကပါတယ္။ စုၿပီးေတာ့ က်ေနာ္ကေတာ့ ကၽြန္းေတာလမ္းမွာ အထုိင္အျဖစ္နဲ႔ အဲဒီသပိတ္မွာ ပူးေပါင္းပါတယ္။ ပုံမွန္က်ေနာ္တုိ႔ ေႂကြးေၾကာ္သံေတြလုပ္ေနတဲ့အခ်ိန္မွာပဲ ၉ နာရီ ၄၀ ေလာက္မွာ စၿပီး သူတုိ႔ဘက္က အသံဗုံး ၂ လုံး ၃ လုံး နဲ႔ မ်က္ရည္ယိုဗုံး ၃ လုံးေလာက္ခဲြပါတယ္။”

ရဲနဲ႔စစ္တပ္ဘက္က ပစ္ခတ္ႏွိမ္နင္းရာမွာ ရာဘာက်ည္၊ မ်က္ရည္ယိုဗံုးနဲ႔ အသံဗံုးေတြကို အသံုးျပဳခဲ့တယ္လို႔ သိရပါတယ္။ စမ္းေခ်ာင္းမွာ ဒီကေန႔ လုံၿခဳံေရးေတြဘက္က ပစ္ခတ္ႏွိမ္ႏွင္းတာေတြနဲ႔ပတ္သက္ၿပီး ဆႏၵျပပဲြေတြမွာပါဝင္တဲ့ စမ္းေခ်ာင္းၿမိဳ႕ခံ ေနာက္တဦးကလည္း အခုလို ေျပာပါတယ္။

“က်ေနာ္မနက္ ၁၀ နာရီဝန္းက်င္ေလာက္ ဆႏၵျပတဲ့သူေတြ စု႐ုံးေနတဲ့အခ်ိန္ေလာက္မွာ သူတုိ႔က ေရာက္လာၿပီးေတာ့ ရဲကားေတြ၊ ဒယ္ဘယ္ကပ္ကားေတြေပၚမွာ ရဲေတြတင္လာၿပီးေတာ့ အသံဗုံးေတြ၊ မ်က္ရည္ယုိဗုံးေတြနဲ႔ စတင္ပစ္ခတ္ပါတယ္။ အဲဒီေနာက္ သူတုိ႔က ကေလးေတြက တျဖည္းျဖည္းနဲ႔ ေနာက္ဆုတ္လာတဲ့အခ်ိန္မွာ လမ္းေတြ၊ ရပ္ကြက္လမ္းေတြထဲကို ဝင္ၿပီးေတာ့ ပစ္ခတ္ပါတယ္ခင္ဗ်။ အဲဒီမွာ ရပ္ကြက္လမ္းေတြ၊ ဆုိင္ေတြလည္း ပိတ္လိုက္ရပါတယ္။ ရပ္ကြက္ထဲမွာလည္း မ်က္ရည္ယုိဗုံးေတြ၊ အသံဗုံးေတြ၊ ကေလးေတြေရာ လူႀကီးေတြေရာ အကုန္လုံးေၾကာက္လန္႔ခဲ့ရပါတယ္ခင္ဗ်ာ။ က်ေနာ္တုိ႔ ကၽြန္းေတာလမ္းမ တေလွ်ာက္ ရပ္ကြက္လမ္းေတြေပါ့၊ မႀကီးႀကီးလမ္း၊ ေရႊႏွင္းဆီလမ္း၊ ျပည္သူ႔ကြက္သစ္လမ္းတုိ႔ စတဲ့ လမ္းသြယ္ေတြ လမ္းသြယ္ေတြတုိင္းမွာ သူတုိ႔ကဝင္ၿပီးေတာ့ ပစ္ခတ္သြားတယ္။”

အေစာပိုင္းမွာ ထိခုိက္ဒဏ္ရာရတာေတြ ၊ ဖမ္းဆီးတာေတြမရွိေပမယ့္ ညေနပိုင္းမွာ သပိတ္သိမ္းတဲ့အခ်ိန္မွာေတာ့ အာဏာပိုင္ေတြဘက္က ဖမ္းဆီးေရာက္လာၿပီး ဖမ္းဆီးသြားတာေၾကာင့္ ၄ ေယာက္ေလာက္ ဖမ္းဆီးခံလိုက္ရတယ္လို႔ ေျပာပါတယ္။

“သပိတ္ခဲြေတာ့မွပဲ လူငယ္ေတြ သူ႔အစု သူ႔အစုနဲ႔ သူျပန္တဲ့အခ်ိန္မွာ မဟာၿမိဳင္လမ္းနဲ႔ ျပည္လမ္းထိပ္မွာ ဖမ္းတယ္ လို႔ ၾကားရတယ္။ အတည္ေတာ့ မျပဳႏုိင္ေသးပါဘူး ၊ ၄ ေယာက္ေလာက္ ဖမ္းခံထားရတယ္လို႔ ၾကားပါတယ္။”

ဒါ့အျပင္ ၾကည့္ျမင္တုိင္ၿမိဳ႕နယ္ ဗားကရာလမ္းဆုံဘက္မွာေတာ့ ဒီေန႔ မနက္ပိုင္းကတည္းက လုံၿခဳံေရးေတြဘက္က ပစ္ခတ္ႏွိမ္ႏွင္းတာေတြ၊ ဖမ္းဆီးတာေတြ နဲ႔ ဆႏၵျပတဲ့သူေတြဘက္က တားဆီးထားတဲ့ အတားအဆီးေတြကို မီးရႈိ႕ တာေတြလည္း ရွိခဲ့တယ္လို႔ ၾကည့္ျမင္တုိင္ၿမိဳ႕နယ္က မ်က္ျမင္ေတြ႔ရွိသူတဦးက ေျပာပါတယ္။

“ေဘာဂလမ္းထဲက ဓမၼာ႐ုံကို သူတုိ႔ ၀င္ၿပီးေတာ့ ဖ်က္ဆီးတယ္။ ဖ်က္ဆီးသြားၿပီးေတာ့ အဲဒီထဲမွာ ရွိေနတဲ့ ဆန္၊ ဆန္အိတ္၊ ႏွာေခါင္းစည္း (Mask) ေတြ၊ ဂတ္စ္ကာကြယ္တဲ့ Mask ေတြ နဲ႔ ကာဗာေတြကို ယူခ်သြားတယ္။ ဓမၼာ႐ုံ ကိုလည္း ဖ်က္ဆီးသြားတယ္။ ဗားကရာက လုံးဝခံတပ္ကြာ၊ ခံတပ္ႀကီးလုပ္ထားတာ။ အဲဒီခံတပ္က ဝါးကပ္ေတြကုိလည္း ႐ုိက္ခ်ဳိး၊ မီးရႈိ႕အကုန္ဖ်က္ဆီးသြားတယ္။ ၿပီးေတာ့ သူတုိ႔က အဓိက မီးရထားဝင္း၊ မီးရထားဝင္းထဲကို ေက်ာင္းသားေတြ ဝင္ေျပးသြားၾကတာကိုး။ မီးရထားဝင္းထဲမွာ ေက်ာင္းသားေတြေရာ CDM လုပ္တဲ့ ဝန္ထမ္းေတြေရာ အကုန္ပါတယ္။ အဲဒီထဲကလူေတြလည္း ဖမ္းသြားတယ္။ ေဘာဂရပ္ကြက္ထဲကေတာ့ အားလုံးေပါင္း ၁၁ ေယာက္လို႔ ေျပာသံၾကားတယ္။ ေနာက္ ေရႊလႈိင္လမ္းက ညီမေလးတေယာက္ပါသြားတယ္လို႔ ေျပာသံၾကားပါတယ္။”

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ပစ္ခတ္ႏွိမ္ႏွင္းမႈေတြ နဲ႔ လူေသဆုံးမႈေတြရွိခဲ့တဲ့ မႏၱေလးၿမိဳ႕မွာေတာ့ ဆႏၵျပပဲြေတြဟာ အရင္ေန႔ေတြကလို မဟုတ္ဘဲ ၊ ျမေတာင္ သပိတ္စစ္ေၾကာင္းနဲ႔ အနည္းငယ္သာရွိခဲ့ၿပီး၊ လုံၿခဳံေရးေတြလည္း အမ်ားအျပားခ်ထားတာ မေတြ႔ရဘူးလို႔ မႏၱေလးၿမိဳ႕မွာရွိေနတဲ့ ဗီအိုေအသတင္းေထာက္က ေျပာပါတယ္။

ဒါေပမဲ့လည္း ေနျပည္ေတာ္နဲ႔ပ်ဥ္းမနားဘက္မွာေတာ့ လုံၿခဳံေရးေတြ တင္းတင္းၾကပ္ၾကပ္ခ်ထားတဲ့ၾကားကပဲ ပ်ဥ္းမနားၿမိဳ႕မေစ်းေရွ႕မွာ ေက်ာင္းသားသမဂၢအဖဲြ႔ဝင္ေတြ လူငယ္ ၅၀ ေလာက္ ဆႏၵျပခဲ့ၾကတယ္လို႔ သိရပါတယ္။

ႏုိင္ငံတဝန္းမွာဆုိရင္လည္း ျမစ္ႀကီးနား၊ ဖားကန္႔၊ လားရႈိး၊ ဟားခါး၊ မုံရြာ၊ လြိဳင္ေကာ္၊ ပဲခူး၊ ထားဝယ္စတဲ့ၿမိဳ႕ေတြမွာလည္း စစ္အာဏာသိမ္မႈကို ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြ ဆက္လက္ျဖစ္ပြားခဲ့ၿပီး ၿမိဳ႕ခံျပည္သူေတြ ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီပါဝင္ခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဆက်လက်ဖြစ်ပွားနေပြီး ရန်ကုန်မှာတော့ ဒီနေ့ စမ်းချောင်းနဲ့ ကြည့်မြင်တိုင်ဘက်မှာ ပစ်ခတ်နှိမ်နှင်းတာတွေ ရှိခဲ့တယ်လို့ ဆန္ဒပြတဲ့သူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီနေ့ ရန်ကုန်ဆန္ဒပြပွဲအတွင်း ဆန္ဒပြတဲ့သူ ဆယ်ဂဏန်းအထိ အဖမ်းခံရတယ်လို့လည်း သိရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ရန်ကုန်မှာစတင်ခဲ့တာ အခုဆိုရင် ၁ လ ပြည့်သွားပြီဖြစ်ပြီး ဆန္ဒပြပွဲတွေဟာ ရန်ကုန်အပါအဝင် မန္တလေးနဲ့ နိုင်ငံတဝန်းကမြို့တွေမှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ ရန်ကုန်မြို့မှာတော့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာ၊ တာမွေနဲ့ နေရာအတော်များများမှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့ပြီး စမ်းချောင်းမြိ့နယ် ကျွန်းတောလမ်းက ဆန္ဒပြတဲ့နေရာကိုတော့ ရဲနဲ့ စစ်တပ်လုံခြုံရေးတွေက မနက်ပိုင်းမှာ ပစ်ခတ်နှိမ်နှင်တာတွေရှိခဲ့တယ်လို့ အဲဒီ ဆန္ဒပြပွဲမှာပါဝင်သူတဦးက ဗီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၇ နာရီခွဲ ၈ နာရီ လောက်မှာ လူငယ်တွေတဖွဲဖွဲစုကြပါတယ်။ စုပြီးတော့ ကျနော်ကတော့ ကျွန်းတောလမ်းမှာ အထိုင်အဖြစ်နဲ့ အဲဒီသပိတ်မှာ ပူးပေါင်းပါတယ်။ ပုံမှန်ကျနော်တို့ ကြွေးကြော်သံတွေလုပ်နေတဲ့အချိန်မှာပဲ ၉ နာရီ ၄၀ လောက်မှာ စပြီး သူတို့ဘက်က အသံဗုံး ၂ လုံး ၃ လုံး နဲ့ မျက်ရည်ယိုဗုံး ၃ လုံးလောက်ခွဲပါတယ်။”

ရဲနဲ့စစ်တပ်ဘက်က ပစ်ခတ်နှိမ်နင်းရာမှာ ရာဘာကျည်၊ မျက်ရည်ယိုဗုံးနဲ့ အသံဗုံးတွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ စမ်းချောင်းမှာ ဒီကနေ့ လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နှင်းတာတွေနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေမှာပါဝင်တဲ့ စမ်းချောင်းမြို့ခံ နောက်တဦးကလည်း အခုလို ပြောပါတယ်။

“ကျနော်မနက် ၁၀ နာရီဝန်းကျင်လောက် ဆန္ဒပြတဲ့သူတွေ စုရုံးနေတဲ့အချိန်လောက်မှာ သူတို့က ရောက်လာပြီးတော့ ရဲကားတွေ၊ ဒယ်ဘယ်ကပ်ကားတွေပေါ်မှာ ရဲတွေတင်လာပြီးတော့ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ပါတယ်။ အဲဒီနောက် သူတို့က ကလေးတွေက တဖြည်းဖြည်းနဲ့ နောက်ဆုတ်လာတဲ့အချိန်မှာ လမ်းတွေ၊ ရပ်ကွက်လမ်းတွေထဲကို ဝင်ပြီးတော့ ပစ်ခတ်ပါတယ်ခင်ဗျ။ အဲဒီမှာ ရပ်ကွက်လမ်းတွေ၊ ဆိုင်တွေလည်း ပိတ်လိုက်ရပါတယ်။ ရပ်ကွက်ထဲမှာလည်း မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေ၊ ကလေးတွေရော လူကြီးတွေရော အကုန်လုံးကြောက်လန့်ခဲ့ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကျွန်းတောလမ်းမ တလျှောက် ရပ်ကွက်လမ်းတွေပေါ့၊ မကြီးကြီးလမ်း၊ ရွှေနှင်းဆီလမ်း၊ ပြည်သူ့ကွက်သစ်လမ်းတို့ စတဲ့ လမ်းသွယ်တွေ လမ်းသွယ်တွေတိုင်းမှာ သူတို့ကဝင်ပြီးတော့ ပစ်ခတ်သွားတယ်။”

အစောပိုင်းမှာ ထိခိုက်ဒဏ်ရာရတာတွေ ၊ ဖမ်းဆီးတာတွေမရှိပေမယ့်၊ ညနေပိုင်းမှာ သပိတ်သိမ်းတဲ့အချိန်မှာတော့ အာဏာပိုင်တွေဘက်က ဖမ်းဆီးရောက်လာပြီး ဖမ်းဆီးသွားတာကြောင့် ၄ ယောက်လောက် ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။

“သပိတ်ခွဲတော့မှပဲ လူငယ်တွေ သူ့အစု သူ့အစုနဲ့ သူပြန်တဲ့အချိန်မှာ မဟာမြိုင်လမ်းနဲ့ ပြည်လမ်းထိပ်မှာ ဖမ်းတယ် လို့ ကြားရတယ်။ အတည်တော့ မပြုနိုင်သေးပါဘူး ၊ ၄ ယောက်လောက် ဖမ်းခံထားရတယ်လို့ ကြားပါတယ်။”

ဒါ့အပြင် ကြည့်မြင်တိုင်မြို့နယ် ဗားကရာလမ်းဆုံဘက်မှာတော့ ဒီနေ့ မနက်ပိုင်းကတည်းက လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နှင်းတာတွေ၊ ဖမ်းဆီးတာတွေ နဲ့ ဆန္ဒပြတဲ့သူတွေဘက်က တားဆီးထားတဲ့ အတားအဆီးတွေကို မီးရှို့ တာတွေလည်း ရှိခဲ့တယ်လို့ ကြည့်မြင်တိုင်မြို့နယ်က မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။

“ဘောဂလမ်းထဲက ဓမ္မာရုံကို သူတို့ ဝင်ပြီးတော့ ဖျက်ဆီးတယ်။ ဖျက်ဆီးသွားပြီးတော့ အဲဒီထဲမှာ ရှိနေတဲ့ ဆန်၊ ဆန်အိတ်၊ နှာခေါင်းစည်း (Mask) တွေ၊ ဂတ်စ်ကာကွယ်တဲ့ Mask တွေ နဲ့ ကာဗာတွေကို ယူချသွားတယ်။ ဓမ္မာရုံ ကိုလည်း ဖျက်ဆီးသွားတယ်။ ဗားကရာက လုံးဝခံတပ်ကွာ၊ ခံတပ်ကြီးလုပ်ထားတာ။ အဲဒီခံတပ်က ဝါးကပ်တွေကိုလည်း ရိုက်ချိုး၊ မီးရှို့အကုန်ဖျက်ဆီးသွားတယ်။ ပြီးတော့ သူတို့က အဓိက မီးရထားဝင်း၊ မီးရထားဝင်းထဲကို ကျောင်းသားတွေ ဝင်ပြေးသွားကြတာကိုး။ မီးရထားဝင်းထဲမှာ ကျောင်းသားတွေရော CDM လုပ်တဲ့ ဝန်ထမ်းတွေရော အကုန်ပါတယ်။ အဲဒီထဲကလူတွေလည်း ဖမ်းသွားတယ်။ ဘောဂရပ်ကွက်ထဲကတော့ အားလုံးပေါင်း ၁၁ ယောက်လို့ ပြောသံကြားတယ်။ နောက် ရွှေလှိုင်လမ်းက ညီမလေးတယောက်ပါသွားတယ်လို့ ပြောသံကြားပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ပစ်ခတ်နှိမ်နှင်းမှုတွေ နဲ့ လူသေဆုံးမှုတွေရှိခဲ့တဲ့ မန္တလေးမြို့မှာတော့ ဆန္ဒပြပွဲတွေဟာ အရင်နေ့တွေကလို မဟုတ်ဘဲ ၊ မြတောင် သပိတ်စစ်ကြောင်းနဲ့ အနည်းငယ်သာရှိခဲ့ပြီး၊ လုံခြုံရေးတွေလည်း အများအပြားချထားတာ မတွေ့ရဘူးလို့ မန္တလေးမြို့မှာရှိနေတဲ့ ဗီအိုအေသတင်းထောက်က ပြောပါတယ်။

ဒါပေမဲ့လည်း နေပြည်တော်နဲ့ပျဉ်းမနားဘက်မှာတော့ လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ကြားကပဲ ပျဉ်းမနားမြို့မဈေးရှေ့မှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေ လူငယ် ၅၀ လောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာဆိုရင်လည်း မြစ်ကြီးနား၊ ဖားကန့်၊ လားရှိုး၊ ဟားခါး၊ မုံရွာ၊ လွိုင်ကော်၊ ပဲခူး၊ ထားဝယ်စတဲ့မြို့တွေမှာလည်း စစ်အာဏာသိမ်မှုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့ခံပြည်သူတွေ ထောင်နဲ့သောင်းနဲ့ချီပြီပါဝင်ခဲ့ကြပါတယ်။

#MyanamrMilitaryCoup #MyanmarProtest #YangonProtest #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG