သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပသူမ်ားပစ္ခတ္ႏွိမ္နင္းခံရမႈ ျပည္ပေရာက္ျမန္မာဆရာဝန္မ်ားရႈတ္ခ်ကန္႔ကြက္


ရန္ကုန္မွာ ပိတ္ဆို႔ဆႏၵျပပြဲေတြ ဆက္ျဖစ္ေနဆဲ

ZawGyi/Unicode

eျပည္ပေရာက္ ျမန္မာဆရာဝန္မ်ားအဖြဲ႔ဟာ ၂၀၂၀ ေရြးေကာက္ပြဲအႏုိင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကဖြဲ႔စည္းထားတဲ့ CRPH ကိုေထာက္ခံေၾကာင္းနဲ႔ ဒီ CRPH ကခန္႔အပ္တဲ့ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာေဇာ္ေဝစိုးရဲ႕ လမ္းညႊန္မႈေအာက္မွာ ျမန္မာျပည္အက်ဳိးကို သယ္ပိုးေဆာင္ရြက္သြားမယ္လို႔ ေျပာပါတယ္။ အဂၤလန္ႏိုင္ငံ၊ Livewell South West Plymouth က စိတ္က်န္းမာေရးဆုိင္ရာအတိုင္ပင္ခံ ေဒါက္တာ ဥကၠာကို မခြါညိဳက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေဒါက္တာဥကၠာ။ ။ နံပါတ္(၁) အခ်က္က ၿငိမ္းခ်မ္းစြာဆႏၵျပတာကို ျပည္သူလူထုကို လူမဆန္စြာ အၾကမ္းဖက္ သတ္ျဖတ္ ပစ္ခတ္ၿပီး ေခ်မႈန္းတယ္။ အဲဒီလိုလုပ္တာကို က်ေနာ္တို႔-ျပည္ပမွာ ေရာက္ေနတဲ့ ျမန္မာ ဆရာဝန္ေတြက ျပင္းျပင္းထန္ထန္ ကန္႔ကြက္႐ႈတ္ခ်တယ္ဆိုတာကို ျပည္သူလူထုသိေစခ်င္လို႔ က်ေနာ္တို႔ (ဒီေၾကညာခ်က္) ထုတ္တာပါ။

ျပည္ပေရာက္ ျမန္မာဆရာဝန္မ်ားရဲ႕ စစ္အာဏာသိမ္းမႈအေပၚ သေဘာထားထုတ္ျပန္ခ်က္
ျပည္ပေရာက္ ျမန္မာဆရာဝန္မ်ားရဲ႕ စစ္အာဏာသိမ္းမႈအေပၚ သေဘာထားထုတ္ျပန္ခ်က္

နံပါတ္ (၂) အခ်က္ကေတာ့ Generation Z ရွိတယ္၊ CDM လုပ္ေနတဲ့ျပည္သူေတြရွိတယ္။ ေနာက္ သံပံုးတီးေနတဲ့ ျပည္သူေတြရွိတယ္။ သူတို႔အားလံုးက ၿငိမ္းခ်မ္းစြာ ဆႏၵေဖာ္ေဆာင္ေနၾကတာကို က်ေနာ္တုိ႔က အေလးအနက္ ဂါဝရျပဳတယ္။ အထူး ေက်းဇူးတင္တယ္။

တတိယအခ်က္ကေတာ့ အခု ဆႏၵထုတ္ေဖာ္တဲ့အခါမွာ ပစ္သတ္ခံလိုက္ရတဲ့ အာဇာနည္သူရဲေကာင္း ၾကယ္ပြင့္ေတြရွိတယ္။ သူတို႔ေတြကို ဒီေနရာကေန ေလးစားစြာနဲ႔ဦးညြတ္ၿပီးေတာ့ ဂုဏ္ျပဳတယ္။ သူတို႔ မိသားစုေတြနဲ႔အတူ ထပ္တူထပ္မွ် ပူေဆြးရတယ္ဆိုတဲ့အေၾကာင္းကိုလည္း က်ေနာ္ ေျပာခ်င္တယ္။

စတုတၳအခ်က္က က်ေနာ္တို႔အေနနဲ႔ legitimacy အရ ႏိုင္ငံေတာ္က ႏိုဝင္ဘာ ၂၀၂၀ မွာေရြးေကာက္ထားတဲ့ လႊတ္ေတာ္အမတ္ေတြက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီဆိုၿပီးေတာ့ CRPH ဆိုၿပီးေတာ့ ဖြဲ႔စည္းတယ္။ ဒီဟာကို က်ေနာ္တို႔ ျပည္ပေရာက္ ျမန္မာဆရာဝန္မ်ားအားလံုးက တခဲနက္ေထာက္ခံတယ္။ သူတို႔ အခက္အခဲအမ်ဳိးမ်ဳိးၾကားကေန အလုပ္ေတြလုပ္ေနၾကရတယ္ဆိုတာကိုလည္း က်ေနာ္တို႔ နားလည္တယ္။ အသိအမွတ္ျပဳေထာက္ခံတယ္။ ဒီ message ကိုေပးခ်င္တယ္။

တေျပးညီတည္းမွာပဲ CRPH က အထူးအားျဖင့္ က်ေနာ္တို႔ရဲ႕ဆရာ ပါေမာကၡ ေဒါက္တာေဇာ္ေဝစိုးကို ေခတၱျပည္ေထာင္စုဝန္ႀကီးအျဖစ္ ခန္႔အပ္တာကို က်ေနာ္တို႔အားလံုးက ဝမ္းေျမာက္ဂုဏ္ယူစြာ အသိ အမွတ္ျပဳ ႀကိဳဆိုတယ္။ ဆရာနဲ႔တကြ အားလံုးေသာသူရဲေကာင္းမ်ားဟာလည္း တိုင္းျပည္အတြက္ အလြန္႔ကို အေရးႀကီးၿပီးေတာ့ အလြန္လိုအပ္ေနတဲ့အခုအခ်ိန္ကာလမွာ ကိုယ္က်ဳိး မဖက္၊ အသက္ကို ပဓာနမထားဘဲနဲ႔ အမွန္တရားဘက္ကရပ္တည္ၿပီးေတာ့ စစ္အာဏာရွင္ကိုေတာ္လွန္ေရးအတြက္ ရဲရဲဝံ့ဝံ့ ျပတ္ျပတ္သားသား ပါဝင္ေခါင္းေဆာင္မႈေပးတဲ့အတြက္ သူတို႔ကို က်ေနာ္တို႔က ေလးေလး စားစား ဂုဏ္ယူမိတယ္။ စစ္အာဏာရွင္စနစ္တုိက္ဖ်က္ေရးနဲ႔ စစ္မွန္ေသာဒီမိုကေရစီရရွိေရးအတြက္ CRPH ကေနၿပီးေတာ့ ႏုိင္ငံေရးရည္မွန္းခ်က္ ၄ ရပ္ကို ေဖာ္ေဆာင္ရာမွာ က်ေနာ္တို႔ ျပည္ပက ဆရာဝန္မ်ားက က်န္းမာေရး၊ အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာ ေဇာ္ေဝစိုးရဲ႕ လမ္းညႊန္မႈေအာက္မွာ အတူလက္တြဲၿပီးေတာ့ ႏိုင္ငံေရးရည္မွန္းခ်က္မ်ားကို အျပည့္အဝ ေအာင္ျမင္သြားသည္အထိ မမွိတ္မသုန္ တုိက္ပြဲဝင္သြားမယ္ဆိုတာကို ေလးနက္စြာ သစၥာအဓိဌာန္ျပဳတယ္။

ျပည္ပမွာရွိတဲ့ အေရွ႕မွာေရာ၊ အေနာက္မွာေရာရွိတဲ့ ဆရာဝန္မ်ားအားလံုးက သေဘာတူညီစြာျဖင့္ သစၥာအဓိဌာန္ျပဳထားတာျဖစ္တယ္ဆိုတဲ့ message ကို ျမန္မာႏိုင္ငံက ျပည္သူျပည္သားေတြကို ရေစခ်င္တယ္။ ခြန္အားတခု ျဖစ္ေစခ်င္တယ္။

ေမး။ ။ ဟုတ္ကဲ့။ ဒါကေတာ့ စိတ္ဓာတ္ေရးရာမွာ ပိုၿပီးေတာ့ စိတ္အားတက္ႂကြဖို႔ေပါ့။ အဲဒီေတာ့ ျပည္ပေရာက္ ျမန္မာဆရာဝန္အသိုင္းအဝုိင္းအေနနဲ႔ လက္ေတြ႔က်က်ေပါ့ေနာ္- ဘယ္လိုအကူအညီမ်ဳိးေတြ ေပးႏိုင္မလဲေပါ့ေနာ္။ အခုေလာေလာဆယ္ဆိုရင္ CDM လုပ္ေနတဲ့ ဝန္ထမ္းေတြက လခသြားမထုတ္ရဲတာတု႔ိ၊ လခမရတာတို႔ ရွိတယ္။ ဆႏၵျပေနတဲ့သူေတြမွာဆိုရင္လည္း ထိခုိက္ ဒဏ္ရာရတာေတြအတြက္ ေဆးေတြလိုေကာင္းလိုမယ္ေပါ့။ အဲဒီလိုကိစၥမ်ဳိးေတြမွာေရာ ဆရာတို႔ ျပည္ပေရာက္ ျမန္မာဆရာဝန္ေတြအေနနဲ႔ ဘယ္လို အကူအညီေတြမ်ား ေပးႏုိင္ပါလဲ။

ေဒါက္တာဥကၠာ။ ။ ေက်းဇူးပါဗ်ာ။ ဒါ ေတာ္ေတာ္ေကာင္းတဲ့ေမးခြန္းပါ။ က်ေနာ္ အခုနက ေျပာသြားတာက မခြါညိဳ အခုနက ေျပာသြားသလိုပဲ။ moral support ေပးသြားတာပါ။ စိတ္ပိုင္းဆိုင္ရာ..။

က်ေနာ္တို႔ ျပည္ပေရာက္ ျမန္မာဆရာဝန္ေတြက နံပါတ္ (၁) CDM လုပ္ေနတဲ့ ျပည္သူ႔ဝန္ထမ္းေတြ အတြက္ လက္ရွိမွာေတြ႔ႀကံဳေနရတဲ့အခက္အခဲေတြ social welfare အခက္အခဲေတြအတြက္ finical support ကိုလည္းေပးေနပါတယ္။ ဆက္ၿပီးေတာ့ေပးဖို႔လည္း က်ေနာ္တို႔က အစီအစဥ္ေတြ ဆဲြထားပါတယ္။

နံပါတ္ (၂) အခ်က္က - အခုနက မခြါညိဳေျပာသြားသလိုမ်ဳိး ထိခိုက္ဒဏ္ရာရတဲ့သူေတြရွိတယ္။ ေနာက္ၿပီးေတာ့ CDM လုပ္တဲ့ျပည္သူေတြတင္မဟုတ္ဘူး။ တျခားျပည္သူေတြမွာလည္း အခက္အခဲေတြေပၚလာတယ္။ ေဆးကုဖို႔၊ ေနာက္ၿပီးေတာ့ mass casualty အခုျဖစ္လာတဲ့အခ်ိန္မွာ ဘယ္လိုကုၾကမလဲဆိုတဲ့ဟာေတြ။ အဲဒါေတြကိုလည္း က်ေနာ္တို႔ ျပည္ပေရာက္ ဆရာဝန္ေတြက သူ႔အသီးသီး၊ သူ႔က႑နဲ႔သူ strategy ေတြဆဲြၿပီးေတာ့၊ ျမန္မာျပည္မွာ CDM လုပ္ေနတ့ဲ က်န္းမာေရး ဝန္ထမ္းေတြနဲ႔ တုိင္ပင္ၿပီးေတာ့ support ေတြ ေပးေနတာေတြ ရွိပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ေပးေနမွာပါ။

နံပါတ္ (၃) အေနနဲ႔ကေတာ့ IT support ေတြေပါ့။ အခုဆိုရင္ အာဏာသိမ္းစစ္အုပ္စုက ျမန္မာျပည္ မွာ အင္တာနက္ေတြကိုျဖတ္တယ္။ အင္တာနက္ေတြနဲ႔ trace လုပ္ၿပီးေတာ့ ညဘက္ေတြမွာ လူေတြကို လုိက္ၿပီးေတာ့ ဖမ္းေနတယ္။ အဲဒါေတြအတြက္ေတြကိုလည္း က်ေနာ္တို႔က ဒီဘက္ကေန တတ္ကၽြမ္းတဲ့ပညာရွင္ေတြနဲ႔တုိင္ပင္ၿပီးေတာ့ လံုလံုၿခံဳၿခံဳနဲ႔ တုိင္းျပည္တာဝန္ကို ဆက္လက္ၿပီးေတာ့ ထမ္းေဆာင္ႏိုင္ေအာင္ support လုပ္ထားတာေတြ အမ်ားႀကီးရွိပါတယ္။

ေနာက္ၿပီးေတာ့ political support ဆိုတာကေတာ့ အခု CRPH ကို အသိအမွတ္ျပဳၿပီးေတာ့ ေထာက္ခံတာေပါ့။ ေနာက္ က်ေနာ္တို႔ ရဲ႕ႏိုင္ငံျခားမွာေရာက္ေနတဲ့ ေဆးပညာအဖြဲ႔အစည္းေတြ၊ ေနာက္ က်ေနာ္တုိ႔ရဲ႕ membership အဖြဲ႔အစည္းေတြကိုလည္း စာေတြပို႔ထားပါတယ္။ ျမန္မာႏုိင္ငံမွာလက္ရွိျဖစ္ေနတဲ့အေျခအေနကို စိတ္မခ်မ္းမသာျဖစ္ရတယ္၊ မတရားဗိုလ္က်ေနတဲ့ စစ္အုပ္စုရဲ႕အေျခအေန၊ ေနာက္ ျပည္သူလူထု ခံစားေနရတဲ့အေျခအေန..အထူးသျဖင့္ COVID-19 pandemic ျဖစ္ေနတ့ဲအခ်ိန္အခါမွာ တကမၻာလံုးရဲ႕က်န္းမာေရးကို မငဲ့ညွာဘဲနဲ႔ ကိုယ္လုပ္ခ်င္ရာကိုယ္လုပ္သြားေတာ့ pandemic ရဲ႕ risk က ျမန္မာႏိုင္ငံအတြက္တင္မဟုတ္ဘူး။ အိမ္နီးခ်င္းႏိုင္ငံေတြအတြက္လည္း ႀကီးမားလွတဲ့၊ တကမၻာလံုးအတြက္လည္း threat တခုျဖစ္တယ္ဆိုတဲ့ဟာေတြကိုလည္း သက္ဆုိင္ရာေတြကို political support ရေအာင္လို႔ စာေတြထုတ္ထားတာေတြ ရွိပါတယ္။ ေက်းဇူးပါ မခြါညိဳ။

တိုက္႐ိုက္ လင့္ခ္

Unicode

ဆန္ဒပြသူများပစ်ခတ်နှိမ်နင်းခံရမှု ပြည်ပရောက်မြန်မာဆရာဝန်များရှုတ်ချကန့်ကွက်

ပြည်ပရောက် မြန်မာဆရာဝန်များအဖွဲ့ဟာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တွေက ဖွဲ့စည်းထားတဲ့ CRPH ကိုထောက်ခံကြောင်းနဲ့ ဒီ CRPH ကခန့်အပ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ လမ်းညွှန်မှုအောက်မှာ မြန်မာပြည်အကျိုးကို သယ်ပိုးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အင်္ဂလန်နိုင်ငံ၊ Livewell South West Plymouth က စိတ်ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံ ဒေါက္တာ ဥက္ကာကို မခွါညိုက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဥက္ကာ။ ။ ငြိမ်းချမ်းစွာဆန္ဒပြတာကို ပြည်သူလူထုကို လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ် ပစ်ခတ်ပြီး ချေမှုန်းတယ်။ အဲဒီလိုလုပ်တာကို ကျနော်တို့-ပြည်ပမှာရောက်နေတဲ့ မြန်မာဆရာဝန်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်ဆိုတာကို ပြည်သူလူထုသိစေချင်လို့ ကျနော်တို့ (ဒီကြေညာချက်) ထုတ်တာပါ။ နံပါတ် (၁) အချက်က။

နံပါတ် (၂) အချက်ကတော့ Generation Z ရှိတယ်၊ CDM လုပ်နေတဲ့ပြည်သူတွေရှိတယ်။ နောက် သံပုံးတီးနေတဲ့ ပြည်သူတွေရှိတယ်။ သူတို့အားလုံးက ငြိမ်းချမ်းစွာ ဆန္ဒဖော်ဆောင်နေကြတာကို ကျနော်တို့က အလေးအနက် ဂါဝရပြုတယ်။ အထူး ကျေးဇူးတင်တယ်။

တတိယအချက်ကတော့ အခု ဆန္ဒထုတ်ဖော်တဲ့အခါမှာ ပစ်သတ်ခံလိုက်ရတဲ့ အာဇာနည်သူရဲကောင်း ကြယ်ပွင့်တွေရှိတယ်။ သူတို့တွေကို ဒီနေရာကနေ လေးစားစွာနဲ့ဦးညွတ်ပြီးတော့ ဂုဏ်ပြုတယ်။ သူတို့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ပူဆွေးရတယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော် ပြောချင်တယ်။

စတုတ္ထအချက်က ကျနော်တို့အနေနဲ့ legitimacy အရ နိုင်ငံတော်က နိုဝင်ဘာ ၂၀၂၀ မှာရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေက ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဆိုပြီးတော့ CRPH ဆိုပြီးတော့ ဖွဲ့စည်းတယ်။ ဒီဟာကို ကျနော်တို့ ပြည်ပရောက် မြန်မာဆရာဝန်များအားလုံးက တခဲနက်ထောက်ခံတယ်။ သူတို့ အခက်အခဲအမျိုးမျိုးကြားကနေ အလုပ်တွေလုပ်နေကြရတယ်ဆိုတာကိုလည်း ကျနော်တို့ နားလည်တယ်။ အသိအမှတ်ပြုထောက်ခံတယ်။ ဒီ message ကိုပေးချင်တယ်။

တပြေးညီတည်းမှာပဲ CRPH က အထူးအားဖြင့် ကျနော်တို့ရဲ့ဆရာ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးကို ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာကို ကျနော်တို့အားလုံးက ဝမ်းမြောက်ဂုဏ်ယူစွာ အသိအမှတ်ပြု ကြိုဆိုတယ်။ ဆရာနဲ့တကွ အားလုံးသောသူရဲကောင်းများဟာလည်း တိုင်းပြည်အတွက် အလွန့်ကို အရေးကြီးပြီးတော့ အလွန်လိုအပ်နေတဲ့အခုအချိန်ကာလမှာ ကိုယ်ကျိုးမဖက်၊ အသက်ကိုပဓာနမထားဘဲနဲ့ အမှန်တရားဘက်ကရပ်တည်ပြီးတော့ စစ်အာဏာရှင်ကိုတော်လှန်ရေးအတွက် ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ပါဝင်ခေါင်းဆောင်မှုပေးတဲ့အတွက် သူတို့ကို ကျနော်တို့က လေးလေးစားစား ဂုဏ်ယူမိတယ်။ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနဲ့ စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက်CRPH ကနေပြီးတော့ နိုင်ငံရေးရည်မှန်းချက် ၄ ရပ်ကို ဖော်ဆောင်ရာမှာ ကျနော်တို့ ပြည်ပက ဆရာဝန်များက ကျန်းမာရေး၊ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးရဲ့ လမ်းညွှန်မှုအောက်မှာ အတူလက်တွဲပြီးတော့ နိုင်ငံရေးရည်မှန်းချက်များကို အပြည့်အဝ အောင်မြင်သွားသည်အထိ မမှိတ်မသုန် တိုက်ပွဲဝင်သွားမယ်ဆိုတာကို လေးနက်စွာ သစ္စာအဓိဌာန်ပြုတယ်။

ပြည်ပမှာရှိတဲ့ အရှေ့မှာရော၊ အနောက်မှာရောရှိတဲ့ ဆရာဝန်များအားလုံးက သဘောတူညီစွာဖြင့် သစ္စာအဓိဌာန်ပြုထားတာဖြစ်တယ်ဆိုတဲ့ message ကို မြန်မာနိုင်ငံက ပြည်သူပြည်သားတွေကို ရစေချင်တယ်။ ခွန်အားတခု ဖြစ်စေချင်တယ်။

မေး။ ။ ဟုတ်ကဲ့။ ဒါကတော့ စိတ်ဓာတ်ရေးရာမှာ ပိုပြီးတော့ စိတ်အားတက်ကြွဖို့ပေါ့။ အဲဒီတော့ ပြည်ပရောက် မြန်မာဆရာဝန်အသိုင်းအဝိုင်းအနေနဲ့ လက်တွေ့ကျကျပေါ့နော်- ဘယ်လိုအကူအညီမျိုးတွေ ပေးနိုင်မလဲပေါ့နော်။ အခုလောလောဆယ်ဆိုရင် CDM လုပ်နေတဲ့ ဝန်ထမ်းတွေက လခသွားမထုတ်ရဲတာတု့ိ၊ လခမရတာတို့ ရှိတယ်။ ဆန္ဒပြနေတဲ့သူတွေမှာဆိုရင်လည်း ထိခိုက်ဒဏ်ရာရတာတွေအတွက် ဆေးတွေလိုကောင်းလိုမယ်ပေါ့။ အဲဒီလိုကိစ္စမျိုးတွေမှာရော ဆရာတို့ ပြည်ပရောက် မြန်မာဆရာဝန်တွေအနေနဲ့ ဘယ်လို အကူအညီတွေများ ပေးနိုင်ပါလဲ။

ဒေါက်တာဥက္ကာ။ ။ ကျေးဇူးပါဗျာ။ ဒါ တော်တော်ကောင်းတဲ့မေးခွန်းပါ။ ကျနော် အခုနကပြောသွားတာက မခွါညို အခုနက ပြောသွားသလိုပဲ။ moral support ပေးသွားတာပါ။ စိတ်ပိုင်းဆိုင်ရာ..။

ကျနော်တို့ ပြည်ပရောက် မြန်မာဆရာဝန်တွေက နံပါတ် (၁) CDM လုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် လက်ရှိမှာတွေ့ကြုံနေရတဲ့အခက်အခဲတွေ social welfare အခက်အခဲတွေအတွက် finical support ကိုလည်းပေးနေပါတယ်။ ဆက်ပြီးတော့ပေးဖို့လည်း ကျနော်တို့က အစီအစဉ်တွေ ဆွဲထားပါတယ်။

နံပါတ် (၂) အချက်က - အခုနက မခွါညိုပြောသွားသလိုမျိုး ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်။ နောက်ပြီးတော့ CDM လုပ်တဲ့ပြည်သူတွေတင်မဟုတ်ဘူး။ တခြားပြည်သူတွေမှာလည်း အခက်အခဲတွေပေါ်လာတယ်။ ဆေးကုဖို့၊ နောက်ပြီးတော့ mass casualty အခုဖြစ်လာတဲ့အချိန်မှာ ဘယ်လိုကုကြမလဲဆိုတဲ့ဟာတွေ။ အဲဒါတွေကိုလည်း ကျနော်တို့ ပြည်ပရောက် ဆရာဝန်တွေက သူ့အသီးသီး၊ သူ့ကဏ္ဍနဲ့သူ strategy တွေဆွဲပြီးတော့၊ မြန်မာပြည်မှာ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီးတော့ support တွေ ပေးနေတာတွေ ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ပေးနေမှာပါ။

နံပါတ် (၃) အနေနဲ့ကတော့ IT support တွေပေါ့။ အခုဆိုရင် အာဏာသိမ်းစစ်အုပ်စုက မြန်မာပြည်မှာ အင်တာနက်တွေကိုဖြတ်တယ်။ အင်တာနက်တွေနဲ့ trace လုပ်ပြီးတော့ ညဘက်တွေမှာ လူတွေကိုလိုက်ပြီးတော့ ဖမ်းနေတယ်။ အဲဒါတွေအတွက်တွေကိုလည်း ကျနော်တို့က ဒီဘက်ကနေ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ လုံလုံခြုံခြုံနဲ့ တိုင်းပြည်တာဝန်ကို ဆက်လက်ပြီးတော့ ထမ်းဆောင်နိုင်အောင် support လုပ်ထားတာတွေ အများကြီးရှိပါတယ်။

နောက်ပြီးတော့ political support ဆိုတာကတော့ အခု CRPH ကို အသိအမှတ်ပြုပြီးတော့ ထောက်ခံတာပေါ့။ နောက် ကျနော်တို့ ရဲ့နိုင်ငံခြားမှာရောက်နေတဲ့ ဆေးပညာအဖွဲ့အစည်းတွေ၊ နောက် ကျနော်တို့ရဲ့ membership အဖွဲ့အစည်းတွေကိုလည်း စာတွေပို့ထားပါတယ်။ မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့အခြေအနေကို စိတ်မချမ်းမသာဖြစ်ရတယ်၊ မတရားဗိုလ်ကျနေတဲ့ စစ်အုပ်စုရဲ့အခြေအနေ၊ နောက် ပြည်သူလူထု ခံစားနေရတဲ့အခြေအနေ..အထူးသဖြင့် COVID-19 pandemic ဖြစ်နေတဲ့အချိန်အခါမှာ တကမ္ဘာလုံးရဲ့ကျန်းမာရေးကို မငဲ့ညှာဘဲနဲ့ ကိုယ်လုပ်ချင်ရာကိုယ်လုပ်သွားတော့ pandemic ရဲ့ risk က မြန်မာနိုင်ငံအတွက်တင်မဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း ကြီးမားလှတဲ့၊ တကမ္ဘာလုံးအတွက်လည်း threat တခုဖြစ်တယ်ဆိုတဲ့ဟာတွေကိုလည်း သက်ဆိုင်ရာတွေကို political support ရအောင်လို့ စာတွေထုတ်ထားတာတွေ ရှိပါတယ်။ ကျေးဇူးပါ မခွါညို။

#MyanamrMilitaryCoup #MyanmarProtest #MyanmarMedicalDiasporas #WhatIsHappeningInMyanmar #VOABurmes

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG