သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွိမ္နင္းမႈေတြၾကားက ဆက္လက္ခ်ီတက္ေနဆဲ တနသၤာရီ နဲ႔ မြန္ျပည္နယ္က ဆႏ̔ၵျပပဲြအေျခအေန


မွတ္တမ္းဓါတ္ပံု ေဖေဇာ္၀ါရီ ၂၈ ရက္တုန္းက တနသၤာရီတိုင္း ထားဝယ္တြင္ ဆႏၵျပေနပံုမ်ား

(Zawgyi/Unicode)

တိုင္းနဲ႔ျပည္နယ္ အသီးသီးမွာ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပသူေတြကို စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ ၿဖဳိခဲြတာေတြ လုပ္ေနတဲ့ၾကားကပဲ သူတို႔အေနနဲ႔ ေနာက္ဆုတ္သြားမွာမဟုတ္ပဲ ၊ အေျပာင္းအလဲေတြ ျဖစ္ေပၚလာတဲ့အထိ ႀကဳိးပမ္းလုပ္ေဆာင္သြားမယ္လို႔ တနသၤာရီတိုင္းနဲ႔ မြန္ျပည္နယ္အတြင္း သပိတ္စစ္ေၾကာင္း ဦးေဆာင္သူေတြက ေျပာၾကားလိုက္ပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ေဖေဖၚဝါရီ (၂၈)ရက္ေန႔က ႏိုင္ငံတဝွမ္း တျပဳိင္နက္ထဲ လုပ္ခဲ့ၾကတဲ့ စစ္အာဏာရွင္ဆန္႔က်င္ေရး အေထြေထြသပိတ္ ၿဖဳိခြင္းမႈအတြင္း တနသၤာရီတိုင္း ထားဝယ္ၿမဳိ႕မွာ အနည္းဆုံး လူငယ္(၄)ဦး ေသဆုံးခဲ့ရတာပါ။

မတ္လ(၄)ရက္ ၾကာသာပေတးေန႔ကလည္း ထားဝယ္မွာ လုံၿခဳံေရးအင္အား ထပ္မံတိုးခ်ထားၿပီး ဖိႏွိပ္မႈ ျပင္းထန္ေနေပမယ့္လည္း သူတို႔ကေတာ့ စစ္အာဏာရွင္စနစ္ အဆုံးသတ္ေရးအတြက္ ဆက္ၿပီးလုပ္ေဆာင္သြားမယ္လို႔ ထားဝယ္ၿမဳိ႕ အေထြေထြသပိတ္ေကာ္မတီဝင္ ကိုမင္းလြင္ဦးက VOA ကုိ ေျပာပါတယ္။

"က်ေနာ္တို႔ ထားဝယ္က ၂၈ ရက္- ၂လမွာ သတ္ျဖတ္ႏွိမ္နင္းတာကို ေကာင္းေကာင္း ခံလုိက္ရတယ္။ အဲဒီမွာ က်ေနာ္တို႔ရဲေဘာ္ (၄)ေယာက္ေလာက္ က်ဆုံးသြားတယ္။ ဒဏ္ရာရသြားသူေတြ အမ်ားႀကီးရွိတာေပါ့။ ဟိုတေန႔ကဆိုရင္ ၂၈ ရက္မွာ က်ဆုံးသြားတဲ့ ကိုကိုလြင္ဦးဆိုတဲ့ ရဲေဘာ္တေယာက္ရဲ႕ စ်ာပနအတြက္ က်ေနာ္တို႔ စစ္ေၾကာင္းတေၾကာင္းက ခ်ီတက္အေလးျပဳတဲ့အခါမွာ က်ေနာ္တုိ႔ကို မ်က္ရည္ယုိဗုံးေတြ ဘာေတြနဲ႔ ၿဖဳိခြင္းတာေတြ ရွိတယ္ေပါ့။ ဒီကေန႔ထိလည္း သူတို႔က က်ေနာ္တုိ႔ကို ၿဖဳိခြင္းဖို႔ဆုိၿပီးေတာ့ အင္အားေတြ ထပ္ျဖည့္ထားတာ အမ်ားႀကီးရွိတယ္ဗ်ာ။ အဲဒီေတာ့ က်ေနာ္တုိ႔က လူစုခဲြတယ္ ၿပီးရင္ ျပန္ထြက္တယ္။ အဲလုိ ျပန္ထြက္ၿပီး က်ေနာ္တုိ႔ စစ္ေၾကာင္း ျပန္ဆုံတဲ့အခါ သူတို႔က ေနရာယူၿပီးၿဖဳိခြင့္းဖို႔ လုပ္လာတာေတြ ရွိတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ အင္အားက ေလ်ာ့သြားမ်ဳိး မဟုတ္ဘူး။ က်ေနာ္တုိ႔ စစ္ေၾကာင္းမွာ ခ်ီတက္တာရယ္ ၊ ေနာက္ဆုတ္တာရယ္ပဲ ရွိတာ။ အဲဒီေတာ့ စစ္အာဏာရွင္ ျပဳတ္က်ေရး က်ေနာ္တို႔က ဆက္လက္ခ်ီတက္ဖို႔ ဆုံးျဖတ္ထားၿပီးသား ျဖစ္ပါတယ္။ အခုဆိုရင္ က်ေနာ္တို႔ ထားဝယ္ၿမဳိ႕မွာ ရဲတပ္ဖဲြ႔ဝင္ထဲက လူငယ္ရဲတပ္သား အေတာ္မ်ားမ်ား CDM လုပ္လာတာေတြ ရွိတယ္ ဒီရက္ပိုင္းထဲမွာ။"

အလားတူ တနသၤာရီတိုင္း ၿမိတ္ၿမဳိ႕မွာလည္း ၾကာသပေတးေန႔က သပိတ္စစ္ေၾကာင္းေတြ ၿဖဳိခဲြခံရေပမယ့္ ထိခိုက္က်ဆုံးမႈ နည္းရေအာင္ နည္းဗ်ဴဟာေျပာင္း လုပ္ေဆာင္ခဲ့တယ္လို႔ ၿမိတ္ၿမဳိ႕သပိတ္ေကာ္မတီဝင္ မဇင္မာမိုးက ေျပာပါတယ္။

"ဒီေန႔ၾကာသပေတးမွာ ျမိတ္ၿမဳိ႕က သပိတ္စစ္ေၾကာင္းေတြကို လာေရာက္ၿဖဳိခဲြတာေတြ ရွိတယ္။ ၿဖဳိခဲြတယ္ဆုိေတာ့ ညီမတို႔က ႀကဳိၿပီးေရွာင္လုိက္ပါတယ္။ သူတို႔နဲ႔ လြဲေအာင္သြားလုိက္ပါတယ္။ ဗုဒၶဟူးေန႔ကဆိုရင္ အိမ္ထဲေတြထဲဝင္ၿပီး ရိုက္တယ္ ၊ ဖမ္းဆီး ေခၚေဆာင္သြားတာေတြ ရွိပါတယ္ရွင့္။ အဲဒါက ၿမိတ္ၿမဳိ႕ရဲ႕ ထားဝယ္စုရပ္ကြက္မွာပါ။ ၿပီးေတာ့ ဟိုတေန႔က သပိတ္စစ္ေၾကာင္း ၿဖဳိခြင္းခံရတာေတြရွိတယ္ .. ထိခိုက္ဒဏ္ရာေတြ ရခဲ့တာအမ်ားႀကီးရွိေတာ့ လူေတြေၾကာက္သြားမွာ စိုးလို႔ ၊ နည္းဗ်ဴဟာ ေျပာင္းလိုက္ၾကတယ္။ ဒီဖက္မွာ စစ္တပ္က ပိတ္တယ္ဆိုရင္ ဟိုဘက္ကို ေျပာင္းသြား .. ေျပာင္းသြားနဲ႔ ၿမိတ္မွာေတာ့ သပိတ္စစ္ေၾကာင္း မေရာက္တဲ့ေနရာဆိုတာ မရွိပါဘူး။ ၿမဳိ႕အႏွံ႔မွာ ဆႏၵျပေနၾကတာပါ။ အခုဆိုရင္ ၿဖဳိခြင္းခံရၿပီး တရက္ႏွစ္ရက္အတြင္းမွာ လူႀကီးေတြ သိပ္မထြက္ေတာ့ဘူး ။ လူငယ္ေတြပဲ အထြက္မ်ားတယ္။ ဒါေပမဲ့ လူငယ္ေတြရဲ႕ စိတ္ထဲမွာေတာ့ အာဏာရွင္ မျပဳတ္က်မခ်င္း သူတို႔တုိက္သြားမယ္ လုပ္သြားမယ္ဆိုတာ ေတြ႔ေနရတယ္ရွင့္။"

တနသၤာရီတိုင္းနဲ႔ ကပ္လွ်က္ မြန္ျပည္နယ္ရဲ႕ ေမာ္လၿမဳိင္ၿမဳိ႕မွာဆိုရင္လည္း စစ္တပ္နဲ႔ရဲက ေဖေဖၚဝါရီ(၄)ရက္ေန႔မွာ သပိတ္စစ္ေၾကာင္းေတြ လုိက္လံၿဖဳိခြင္းတာ ရွိသလို၊ စားနပ္ရိကၡာ လုယူတာ ၊ ဆိုင္ကယ္နဲ႔ကားေတြကို ရိုက္ခဲြဖ်က္ဆီးတာေတြ ရွိေၾကာင္း CDM လႈပ္ရွားမႈမွာပါဝင္တဲ့ ပညာေရးဝန္ထမ္း အမ်ဳိးသမီးတဦးက ေျပာပါတယ္။

"ဗုဒၶဟူးေန႔က ကေလးတေယာက္ ေသဆုံးသြားတဲ့အတြက္ေၾကာင့္ ၿမိဳ႕ခံေတြ ေတာ္ေတာ္ေလးကို အုံၾကြၾကတယ္။ အေတာ္ေလးကို ေဒါသထြက္ေနၾကတယ္။ ဒါေပမဲ့ ထိန္းထိန္းသိမ္းသိမ္း လုပ္ေနၾကပါတယ္။ ဒီေန႔ အေျခအေနေျပာပါဆုိရင္ ေမာင္ငံေစ်းမွာ အသလြတ္ႀကီး ေရာ္ဘာက်ည္နဲ႔ပစ္တယ္၊ ဆိုင္ကယ္ေတြ တြန္းလွဲတယ္ ကားမွန္ေတြ ရိုက္ခဲြတယ္။ သူတို႔ရဲ႕ ေသြးဆူေနမႈကို ေတြ႔ေနရတယ္ေလ။ ၿပီးေတာ့ သူတို႔မွာ ရိကၡာေတြ ျပတ္လပ္ေနလား မသိပါဘူး ... ေမာင္ငံအရပ္မွာရွိတဲ့ ေစ်းကေန ရိကၡာေတြ သူတုိ႔ယူသြားတယ္။ ဆိတ္ ၂ ေကာင္၊ ငွက္ေပ်ာခိုင္တို႔ လုယူသြားတဲ့ သေဘာေပါ့။ သူတို႔ဘက္က ဘယ္လိုအင္အား သုံးသလဲဆိုရင္ လက္ေျဖာင့္ sniper သမားလည္းပါတယ္ ေျပာတယ္။ sniper ေတြက ရပ္ကြက္ထဲက တိုက္အျမင့္ႀကီးေတြ ေပၚမွာ ေနရာယူထားတယ္။ ေနာက္ၿပီး ရဲကားေတြနဲ႔ ပိတ္ဖမ္းတာမ်ဳိး လုပ္တယ္။ ဒီေန႔ဆို သပိတ္စစ္ေၾကာင္းက စုရပ္ကို ပထမ ေၾကညာထားတာက ေစ်းခ်ဳိအရပ္လို႔ ေၾကညာထားတယ္။ တကယ္ေတာ့ ေစ်းခ်ဳိမွာ မဟုတ္ပဲနဲ႔ ဒိုင္းဝန္ကြင္းဘက္မွာ စီတန္း လွည့္ၾကတယ္။ စစ္တပ္နဲ႔ရဲ လုိက္လာတဲ့အခါက်ေတာ့ ၿမဳိ႕ခံေတြက အေၾကာင္းၾကားေပးတဲ့အတြက္ လြတ္လြတ္ကၽြတ္ကၽြတ္နဲ႔ လူစု ခဲြလိုက္ႏို္င္တယ္ေပါ့။ ဒါေပမယ့္ သပိတ္က နားလိုက္တာေတာ့ မဟုတ္ဘူးေပါ့ ေနာက္ေန႔ေတြလည္း ဆက္ထြက္ေနမွာပဲ။ ေန႔တိုင္းကေတာ့ ထြက္ေနမွာပါပဲ။"

ဆႏၵျပပြဲေတြအတြင္း စစ္တပ္နဲ႔ရဲရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ျမန္မာတႏိုင္ငံလုံးမွာ ဒီေန႔အခ်ိန္ထိ ေသဆုံးသူ (၅၀)ထက္မနည္း ရွိလာၿပီး၊ ဖိႏွိပ္ ၿဖဳိခဲြမႈအတြင္း ဒဏ္ရာရသူ အမ်ားအျပားရွိခဲ့ပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ျပဳစုထားတဲ့စာရင္းအရ စစ္တပ္က အာဏာ စသိမ္းခဲ့တဲ့ ေဖေဖၚဝါရီ(၁)ရက္ကေန မတ္လ(၄)ရက္ေန႔အထိ ဖမ္းဆီး ၊ တရားစဲြ ၊ ျပစ္ဒဏ္ခ် ခံရသူ အားလုံးစုစုေပါင္း (၁၅၀၀)ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။ အဲဒီထဲက (၃)ဦး ေထာင္ဒဏ္ခ်ခံလိုက္ရၿပီး၊ (၁၂၀၀)ေက်ာ္ ဆက္လက္ဖမ္းဆီး ခံေနရဆဲျဖစ္ကာ ၊ (၃၀၇)ဦး ျပန္လည္လြတ္ေျမာက္လာပါတယ္။ အမႈဖြင့္ ခံထားရတဲ့ (၆၁)ဦးကေတာ့ တိမ္းေရွာင္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

နှိမ်နင်းမှုတွေကြားက ဆက်လက်ချီတက်နေဆဲ တနင်္သာရီ နဲ့ မွန်ပြည်နယ်က ဆန္̔ဒပြပွဲအခြေအနေ

(Unicode)

တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက အကြမ်းဖက် ဖြိုခွဲတာတွေ လုပ်နေတဲ့ကြားကပဲ သူတို့အနေနဲ့ နောက်ဆုတ်သွားမှာမဟုတ်ပဲ ၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတဲ့အထိ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အတွင်း သပိတ်စစ်ကြောင်း ဦးဆောင်သူတွေက ပြောကြားလိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဖေဖေါ်ဝါရီ (၂၈)ရက်နေ့က နိုင်ငံတဝှမ်း တပြိုင်နက်ထဲ လုပ်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ် ဖြိုခွင်းမှုအတွင်း တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အနည်းဆုံး လူငယ်(၄)ဦး သေဆုံးခဲ့ရတာပါ။

မတ်လ(၄)ရက် ကြာသာပတေးနေ့ကလည်း ထားဝယ်မှာ လုံခြုံရေးအင်အား ထပ်မံတိုးချထားပြီး ဖိနှိပ်မှု ပြင်းထန်နေပေမယ့်လည်း သူတို့ကတော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် ဆက်ပြီးလုပ်ဆောင်သွားမယ်လို့ ထားဝယ်မြို့ အထွေထွေသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက VOA ကို ပြောပါတယ်။

"ကျနော်တို့ ထားဝယ်က ၂၈ ရက်- ၂လမှာ သတ်ဖြတ်နှိမ်နင်းတာကို ကောင်းကောင်း ခံလိုက်ရတယ်။ အဲဒီမှာ ကျနော်တို့ရဲဘော် (၄)ယောက်လောက် ကျဆုံးသွားတယ်။ ဒဏ်ရာရသွားသူတွေ အများကြီးရှိတာပေါ့။ ဟိုတနေ့ကဆိုရင် ၂၈ ရက်မှာ ကျဆုံးသွားတဲ့ ကိုကိုလွင်ဦးဆိုတဲ့ ရဲဘော်တယောက်ရဲ့ ဈာပနအတွက် ကျနော်တို့ စစ်ကြောင်းတကြောင်းက ချီတက်အလေးပြုတဲ့အခါမှာ ကျနော်တို့ကို မျက်ရည်ယိုဗုံးတွေ ဘာတွေနဲ့ ဖြိုခွင်းတာတွေ ရှိတယ်ပေါ့။ ဒီကနေ့ထိလည်း သူတို့က ကျနော်တို့ကို ဖြိုခွင်းဖို့ဆိုပြီးတော့ အင်အားတွေ ထပ်ဖြည့်ထားတာ အများကြီးရှိတယ်ဗျာ။ အဲဒီတော့ ကျနော်တို့က လူစုခွဲတယ် ပြီးရင် ပြန်ထွက်တယ်။ အဲလို ပြန်ထွက်ပြီး ကျနော်တို့ စစ်ကြောင်း ပြန်ဆုံတဲ့အခါ သူတို့က နေရာယူပြီးဖြိုခွင့်းဖို့ လုပ်လာတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ အင်အားက လျော့သွားမျိုး မဟုတ်ဘူး။ ကျနော်တို့ စစ်ကြောင်းမှာ ချီတက်တာရယ် ၊ နောက်ဆုတ်တာရယ်ပဲ ရှိတာ။ အဲဒီတော့ စစ်အာဏာရှင် ပြုတ်ကျရေး ကျနော်တို့က ဆက်လက်ချီတက်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ ထားဝယ်မြို့မှာ ရဲတပ်ဖွဲ့ဝင်ထဲက လူငယ်ရဲတပ်သား အတော်များများ CDM လုပ်လာတာတွေ ရှိတယ် ဒီရက်ပိုင်းထဲမှာ။"

အလားတူ တနင်္သာရီတိုင်း မြိတ်မြို့မှာလည်း ကြာသပတေးနေ့က သပိတ်စစ်ကြောင်းတွေ ဖြိုခွဲခံရပေမယ့် ထိခိုက်ကျဆုံးမှု နည်းရအောင် နည်းဗျူဟာပြောင်း လုပ်ဆောင်ခဲ့တယ်လို့ မြိတ်မြို့သပိတ်ကော်မတီဝင် မဇင်မာမိုးက ပြောပါတယ်။

"ဒီနေ့ကြာသပတေးမှာ မြိတ်မြို့က သပိတ်စစ်ကြောင်းတွေကို လာရောက်ဖြိုခွဲတာတွေ ရှိတယ်။ ဖြိုခွဲတယ်ဆိုတော့ ညီမတို့က ကြိုပြီးရှောင်လိုက်ပါတယ်။ သူတို့နဲ့ လွဲအောင်သွားလိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ကဆိုရင် အိမ်ထဲတွေထဲဝင်ပြီး ရိုက်တယ် ၊ ဖမ်းဆီး ခေါ်ဆောင်သွားတာတွေ ရှိပါတယ်ရှင့်။ အဲဒါက မြိတ်မြို့ရဲ့ ထားဝယ်စုရပ်ကွက်မှာပါ။ ပြီးတော့ ဟိုတနေ့က သပိတ်စစ်ကြောင်း ဖြိုခွင်းခံရတာတွေရှိတယ် .. ထိခိုက်ဒဏ်ရာတွေ ရခဲ့တာအများကြီးရှိတော့ လူတွေကြောက်သွားမှာ စိုးလို့ ၊ နည်းဗျူဟာ ပြောင်းလိုက်ကြတယ်။ ဒီဖက်မှာ စစ်တပ်က ပိတ်တယ်ဆိုရင် ဟိုဘက်ကို ပြောင်းသွား .. ပြောင်းသွားနဲ့ မြိတ်မှာတော့ သပိတ်စစ်ကြောင်း မရောက်တဲ့နေရာဆိုတာ မရှိပါဘူး။ မြို့အနှံ့မှာ ဆန္ဒပြနေကြတာပါ။ အခုဆိုရင် ဖြိုခွင်းခံရပြီး တရက်နှစ်ရက်အတွင်းမှာ လူကြီးတွေ သိပ်မထွက်တော့ဘူး ။ လူငယ်တွေပဲ အထွက်များတယ်။ ဒါပေမဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာတော့ အာဏာရှင် မပြုတ်ကျမချင်း သူတို့တိုက်သွားမယ် လုပ်သွားမယ်ဆိုတာ တွေ့နေရတယ်ရှင့်။"

တနင်္သာရီတိုင်းနဲ့ ကပ်လျှက် မွန်ပြည်နယ်ရဲ့ မော်လမြိုင်မြို့မှာဆိုရင်လည်း စစ်တပ်နဲ့ရဲက ဖေဖေါ်ဝါရီ(၄)ရက်နေ့မှာ သပိတ်စစ်ကြောင်းတွေ လိုက်လံဖြိုခွင်းတာ ရှိသလို၊ စားနပ်ရိက္ခာ လုယူတာ ၊ ဆိုင်ကယ်နဲ့ကားတွေကို ရိုက်ခွဲဖျက်ဆီးတာတွေ ရှိကြောင်း CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ပညာရေးဝန်ထမ်း အမျိုးသမီးတဦးက ပြောပါတယ်။

"ဗုဒ္ဓဟူးနေ့က ကလေးတယောက် သေဆုံးသွားတဲ့အတွက်ကြောင့် မြို့ခံတွေ တော်တော်လေးကို အုံကြွကြတယ်။ အတော်လေးကို ဒေါသထွက်နေကြတယ်။ ဒါပေမဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြပါတယ်။ ဒီနေ့ အခြေအနေပြောပါဆိုရင် မောင်ငံဈေးမှာ အသလွတ်ကြီး ရော်ဘာကျည်နဲ့ပစ်တယ်၊ ဆိုင်ကယ်တွေ တွန်းလှဲတယ် ကားမှန်တွေ ရိုက်ခွဲတယ်။ သူတို့ရဲ့ သွေးဆူနေမှုကို တွေ့နေရတယ်လေ။ ပြီးတော့ သူတို့မှာ ရိက္ခာတွေ ပြတ်လပ်နေလား မသိပါဘူး ... မောင်ငံအရပ်မှာရှိတဲ့ ဈေးကနေ ရိက္ခာတွေ သူတို့ယူသွားတယ်။ ဆိတ် ၂ ကောင်၊ ငှက်ပျောခိုင်တို့ လုယူသွားတဲ့ သဘောပေါ့။ သူတို့ဘက်က ဘယ်လိုအင်အား သုံးသလဲဆိုရင် လက်ဖြောင့် sniper သမားလည်းပါတယ် ပြောတယ်။ sniper တွေက ရပ်ကွက်ထဲက တိုက်အမြင့်ကြီးတွေ ပေါ်မှာ နေရာယူထားတယ်။ နောက်ပြီး ရဲကားတွေနဲ့ ပိတ်ဖမ်းတာမျိုး လုပ်တယ်။ ဒီနေ့ဆို သပိတ်စစ်ကြောင်းက စုရပ်ကို ပထမ ကြေညာထားတာက ဈေးချိုအရပ်လို့ ကြေညာထားတယ်။ တကယ်တော့ ဈေးချိုမှာ မဟုတ်ပဲနဲ့ ဒိုင်းဝန်ကွင်းဘက်မှာ စီတန်း လှည့်ကြတယ်။ စစ်တပ်နဲ့ရဲ လိုက်လာတဲ့အခါကျတော့ မြို့ခံတွေက အကြောင်းကြားပေးတဲ့အတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ လူစု ခွဲလိုက်နိုင်တယ်ပေါ့။ ဒါပေမယ့် သပိတ်က နားလိုက်တာတော့ မဟုတ်ဘူးပေါ့ နောက်နေ့တွေလည်း ဆက်ထွက်နေမှာပဲ။ နေ့တိုင်းကတော့ ထွက်နေမှာပါပဲ။"

ဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် မြန်မာတနိုင်ငံလုံးမှာ ဒီနေ့အချိန်ထိ သေဆုံးသူ (၅၀)ထက်မနည်း ရှိလာပြီး၊ ဖိနှိပ် ဖြိုခွဲမှုအတွင်း ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားတဲ့စာရင်းအရ စစ်တပ်က အာဏာ စသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ(၁)ရက်ကနေ မတ်လ(၄)ရက်နေ့အထိ ဖမ်းဆီး ၊ တရားစွဲ ၊ ပြစ်ဒဏ်ချ ခံရသူ အားလုံးစုစုပေါင်း (၁၅၀၀)ကျော် ရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲက (၃)ဦး ထောင်ဒဏ်ချခံလိုက်ရပြီး၊ (၁၂၀၀)ကျော် ဆက်လက်ဖမ်းဆီး ခံနေရဆဲဖြစ်ကာ ၊ (၃၀၇)ဦး ပြန်လည်လွတ်မြောက်လာပါတယ်။ အမှုဖွင့် ခံထားရတဲ့ (၆၁)ဦးကတော့ တိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG