{{Zawgyi/Unicode}}
ရန္ကုန္တိုင္း တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္းရပ္ကြက္မွာ ေဖေဖာ္ရီလ ၂၅ ရက္ ၾကာသပေတးညေနပိုင္းမွာ ဖမ္းဆီးခံခဲ့ရသူ အေယာက္ ၄၀ ပတ္ဝန္းက်င္ရွိၿပီး သူတို႔ကို ဘယ္မွာခ်ဳပ္ထားတယ္ဆိုတာ မိသားစုဝင္ေတြ မသိၾကရပါဘူး။ ဒါ့အျပင္ ဥပေဒအရ လုပ္ေဆာင္ဖို႔လည္း အခက္ေတြ႕ေနတယ္လို႔ ကူညီသူေရွ႕ေနကေျပာပါတယ္။ အျပည့္အစုံကို ဗြီအိုေအ သတင္းေထာက္ မေမခက သတင္းေပးပို႔ထားပါတယ္။
ေက်ာက္ေျမာင္းရပ္ကြက္မွာ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီကခန႔္တဲ့ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ျပည္သူေတြကလက္မခံဘဲ ၾကာသပေတးညေနမွာ ကန႔္ကြက္တဲ့အတြက္ ရဲနဲ႔စစ္ကားေတြေရာက္ရွိလာၿပီး ဖမ္းဆီးခဲ့တာမို႔ အဖမ္းခံရသူ အေယာက္ ၄၀ နီးပါးရွိခဲ့ပါတယ္။ လက္ရွိမွာေတာ့ သူတို႔ေတြကို ဘယ္မွာခ်ဳပ္ထားလဲဆိုတာ မသိရေသးသလို ရွိႏိုင္မယ္လို႔ထင္တဲ့ တာေမြရဲစခန္း၊ အင္းစိန္အက်ဥ္းေထာင္စတဲ့ေနရာေတြမွာ သြားစုံစမ္းၾကေပမယ့္လည္း သတင္းအတိအက် မရတာေၾကာင့္ အခက္အခဲျဖစ္ေနတယ္လို႔ ကူညီလုပ္ေဆာင္ေပးေနတဲ့ ေရွ႕ေနတဦးက ဗြီအိုေအကိုေျပာပါတယ္။
" ျပည္သူေတြရဲ႕မိသားစုဝင္ေတြဆီကသိရတဲ့သတင္းအရေတာ့ ၃၅ပတ္ခ်ာလည္ရွိတယ္ေျပာတယ္။ တာဝန္ရွိသူေတြဘက္စုံစမ္းၾကည့္ေတာ့လဲ၄၀ ပတ္ခ်ာ လည္လို႔လည္းေျပာတယ္။ အဲေတာ့ အၾကမ္းဖ်င္း ၃၅ ၄၀ပတ္ခ်ာလည္လို႔ဘဲ ယူဆထားလို႔ရေသးတယ္ဗ်။တာေမြတရား႐ုံးကိုလည္းရမန္ယူလားက်ေနာ္စုံ စမ္းတယ္ အဲခ်ိန္က ၃နာရီေလာက္ဘဲရွိဦးမယ္။ အဲခ်ိန္ထိမယူေသးဘူးေျပာတယ္။ေနာက္ပိုင္းဗီဒီယို ကြန္ဖရန္းဇင္းမယူရင္သူတို႔အေနနဲ႔ ညမတိုင္မွီ တနည္းနည္းနဲ႔ ေနရပ္ျပန္ဖို႔စီစဥ္ရလိမ့္မယ္ဗ်။အဲလိုမလူပ္ဘူးေနရပ္လဲျပန္မေရာက္ရင္ေတာ့ ဒီေန႔ညဘဲအကုန္လုံးစာကိုလူေပ်ာက္တိုင္ဖို႔စီစဥ္ထားတယ္ဗ်။ လူတေယာက္ရဲ႕ဖြဲ႕စည္းပုံကေပးတဲ့ အခြင့္အေရးေတြဆုံးေနေသးတယ္ေပါ့ဗ်ာ။ လက္ရွိခ်ိန္ထိကေလမရရင္ေတာ့ႏိုင္ငံသားခြင့္ေရးတိုင္းဆက္လက္ေတာင္းဆိုဖို႔လုပ္သြားဖို႔ေတာ့ရွိပါတယ္"
ဗြီအိုေအ သတင္းဌာနအေနနဲ႔ တာေမြရဲစခန္းကို ဆက္သြယ္ရာမွာ မေျဖသလို အင္းစိန္အက်ဥ္းေထာင္ကို ဆက္သြယ္ရာမွာလည္း လက္ခံေျဖဆိုသူမရွိခဲ့ပါဘူး။ တာေမြတရား႐ုံးမွာ ႐ုံးထုတ္မလားလို႔ ေစာင့္ၾကည့္ခဲ့ၾကတဲ့ မိသားစုဝင္ေတြလည္းရွိပါတယ္။
မိခင္နဲ႔ ညီမတို႔ ဖမ္းဆီးခံထားရၿပီး ဘယ္မွာရွိမွန္းေတာင္ မသိရတာေၾကာင့္ စိတ္ပူေနရတဲ့အေၾကာင္း သားျဖစ္သူက ေျပာပါတယ္။
"ဘာမွလည္းမတတ္ႏိုင္ဘူး ကိုယ္အေမဘယ္ေရာက္လို႔ေရာက္ေနမွန္းမသိရဘူး.ဆိုေတာ့စိတ္ပူရတယ္။ အဲေလာက္ႀကီးလုပ္မယ္လို႔လည္းမထင္ဘူး။ က်ေနာ္အသိ ရဲမႈးဆီကေနစုံစမ္းရတာကေတာ့သူေသခ်ာစုံစမ္းေပးတာ ကိုဗစ္လူနာေတြထားတဲ့ အေဆာင္နံပါတ္၁၈၈ မွာ ၇၂နာရီခ်ဳပ္ရက္ ခ်ဳပ္ရက္ျပည့္မွဒါဏ္ေၾကးေဆာင္ပီး လႊတ္ေပးမယ္အဲလိုသတင္းအတိအက်ကိုၾကားထားရတယ္။ ဒါကျပန္ေပးဆြဲသလိုျဖစ္တာေပါ့ေနာ္ ။ အကုန္လုံးကို ထပ္ၾကားတာ ပိုက္ဆံ နဲ႔ ေ႐ြးထုတ္ရမယ္ၾကားတယ္။ ဘယ္ေလာက္ဆိုတာထပ္စုံစမ္းေတာ့ဖမ္းတဲ့သူကအဲေစ်းကိုသတ္မွတ္တာတဲ့။ အဲေတာ့သူတို႔ပုံစံက ျပန္ေပးဆြဲသလိုျဖစ္တာေပါ့ ဗ်ာ ကိုယ့္ျပည္သူအခ်င္းခ်င္းကို"
ဒီလို ဒဏ္ေၾကးေပးျပန္ေ႐ြးရမယ့္အေျခေအနနဲ႔ပတ္သက္လို႔ ဗြီအိုေအကသီးျခားအတည္မျပဳႏိုင္ပါဘူး။ သူ႔ရဲ႕မိခင္ျဖစ္သူက အသက္ ၅၀ေက်ာ္ျဖစ္ကာညီမကေတာ့၂၀ေက်ာ္ျဖစ္ၿပီး အဲဒီအင္အားသုံးႏွိမ္နင္းစဥ္မွာ ျဖစ္စဥ္ကို လူမႈမီဒီယာေပၚလႊင့္ေနခ်ိန္၂ဦးစလုံးဖမ္းခံရတာျဖစ္ပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ျပည္လုံးကြ်တ္နီးပါး ဆႏၵျပပြဲေတြ ေပၚေပါက္လာသလို၊ ဒီဆႏၵျပပြဲေတြကိုအၾကမ္းမဖက္ဖို႔၊ တည္ၿငိမ္ေအာင္စိတ္ ရွည္ရွည္နဲ႔ ထိန္းသိမ္းဖို႔စစ္အာဏာပိုင္ေတြကို ကုလသမဂၢေရာ အေမရိကန္၊ ဥေရာပ၊ ဂ်ပန္နဲ႔ ၾသစေတးလ်စတဲ့ႏိုင္ငံႀကီးေတြက တိုက္တြန္းေျပာဆိုထား ပါတယ္။
ဒါေပမယ့္ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အင္အားသုံးၿဖိဳခြင္းတာေတြေၾကာင့္ေသဆုံးသူ အနည္းဆုံး ၈ ေယာက္ ရွိေနၿပီး ဖမ္းခံရသူ အေယာက္ ၇၀၀ေက်ာ္ရွိေနၿပီျဖစ္ပါတယ္။လက္ရွိစစ္အုပ္ခ်ဳပ္ေရးေကာင္စီကေတာ့ သူတို႔ကို အာဏာသိမ္း စစ္အစိုးရေကာင္စီလို႔ ေခၚေဝၚတာမ်ိဳးမလုပ္ဖို႔သတင္မီဒီယာေတြကို သတိေပးထားသလို အာဏာသိမ္းတာမဟုတ္ဘူးလို႔လည္း တုံျပန္ထားေပမယ့္ ျပည္တြင္းနဲ႔ႏိုင္ငံတကာဘက္ကေတာ့ဒါကိုလက္ခံျခင္း မရွိပါဘူးရွင္။
............................................
{{Unicode}}
ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ ဖေဖော်ရီလ ၂၅ ရက် ကြာသပတေးညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူ အယောက် ၄၀ ပတ်ဝန်းကျင်ရှိပြီး သူတို့ကို ဘယ်မှာချုပ်ထားတယ်ဆိုတာ မိသားစုဝင်တွေ မသိကြရပါဘူး။ ဒါ့အပြင် ဥပဒေအရ လုပ်ဆောင်ဖို့လည်း အခက်တွေ့နေတယ်လို့ ကူညီသူရှေ့နေကပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ကျောက်မြောင်းရပ်ကွက်မှာ စစ်ဘက်အုပ်ချုပ်ရေးကောင်စီကခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ပြည်သူတွေကလက်မခံဘဲ ကြာသပတေးညနေမှာ ကန့်ကွက်တဲ့အတွက် ရဲနဲ့စစ်ကားတွေရောက်ရှိလာပြီး ဖမ်းဆီးခဲ့တာမို့ အဖမ်းခံရသူ အယောက် ၄၀ နီးပါးရှိခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့တွေကို ဘယ်မှာချုပ်ထားလဲဆိုတာ မသိရသေးသလို ရှိနိုင်မယ်လို့ထင်တဲ့ တာမွေရဲစခန်း၊ အင်းစိန်အကျဉ်းထောင်စတဲ့နေရာတွေမှာ သွားစုံစမ်းကြပေမယ့်လည်း သတင်းအတိအကျ မရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကူညီလုပ်ဆောင်ပေးနေတဲ့ ရှေ့နေတဦးက ဗွီအိုအေကိုပြောပါတယ်။
" ပြည်သူတွေရဲ့မိသားစုဝင်တွေဆီကသိရတဲ့သတင်းအရတော့ ၃၅ပတ်ချာလည်ရှိတယ်ပြောတယ်။ တာဝန်ရှိသူတွေဘက်စုံစမ်းကြည့်တော့လဲ၄၀ ပတ်ချာ လည်လို့လည်းပြောတယ်။ အဲတော့ အကြမ်းဖျင်း ၃၅ ၄၀ပတ်ချာလည်လို့ဘဲ ယူဆထားလို့ရသေးတယ်ဗျ။တာမွေတရားရုံးကိုလည်းရမန်ယူလားကျနော်စုံ စမ်းတယ် အဲချိန်က ၃နာရီလောက်ဘဲရှိဦးမယ်။ အဲချိန်ထိမယူသေးဘူးပြောတယ်။နောက်ပိုင်းဗီဒီယို ကွန်ဖရန်းဇင်းမယူရင်သူတို့အနေနဲ့ ညမတိုင်မှီ တနည်းနည်းနဲ့ နေရပ်ပြန်ဖို့စီစဉ်ရလိမ့်မယ်ဗျ။အဲလိုမလူပ်ဘူးနေရပ်လဲပြန်မရောက်ရင်တော့ ဒီနေ့ညဘဲအကုန်လုံးစာကိုလူပျောက်တိုင်ဖို့စီစဉ်ထားတယ်ဗျ။ လူတယောက်ရဲ့ဖွဲ့စည်းပုံကပေးတဲ့ အခွင့်အရေးတွေဆုံးနေသေးတယ်ပေါ့ဗျာ။ လက်ရှိချိန်ထိကလေမရရင်တော့နိုင်ငံသားခွင့်ရေးတိုင်းဆက်လက်တောင်းဆိုဖို့လုပ်သွားဖို့တော့ရှိပါတယ်"
ဗွီအိုအေ သတင်းဌာနအနေနဲ့ တာမွေရဲစခန်းကို ဆက်သွယ်ရာမှာ မဖြေသလို အင်းစိန်အကျဉ်းထောင်ကို ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုသူမရှိခဲ့ပါဘူး။ တာမွေတရားရုံးမှာ ရုံးထုတ်မလားလို့ စောင့်ကြည့်ခဲ့ကြတဲ့ မိသားစုဝင်တွေလည်းရှိပါတယ်။
မိခင်နဲ့ ညီမတို့ ဖမ်းဆီးခံထားရပြီး ဘယ်မှာရှိမှန်းတောင် မသိရတာကြောင့် စိတ်ပူနေရတဲ့အကြောင်း သားဖြစ်သူက ပြောပါတယ်။
"ဘာမှလည်းမတတ်နိုင်ဘူး ကိုယ်အမေဘယ်ရောက်လို့ရောက်နေမှန်းမသိရဘူး.ဆိုတော့စိတ်ပူရတယ်။ အဲလောက်ကြီးလုပ်မယ်လို့လည်းမထင်ဘူး။ ကျနော်အသိ ရဲမှုးဆီကနေစုံစမ်းရတာကတော့သူသေချာစုံစမ်းပေးတာ ကိုဗစ်လူနာတွေထားတဲ့ အဆောင်နံပါတ်၁၈၈ မှာ ၇၂နာရီချုပ်ရက် ချုပ်ရက်ပြည့်မှဒါဏ်ကြေးဆောင်ပီး လွှတ်ပေးမယ်အဲလိုသတင်းအတိအကျကိုကြားထားရတယ်။ ဒါကပြန်ပေးဆွဲသလိုဖြစ်တာပေါ့နော် ။ အကုန်လုံးကို ထပ်ကြားတာ ပိုက်ဆံ နဲ့ ရွေးထုတ်ရမယ်ကြားတယ်။ ဘယ်လောက်ဆိုတာထပ်စုံစမ်းတော့ဖမ်းတဲ့သူကအဲဈေးကိုသတ်မှတ်တာတဲ့။ အဲတော့သူတို့ပုံစံက ပြန်ပေးဆွဲသလိုဖြစ်တာပေါ့ ဗျာ ကိုယ့်ပြည်သူအချင်းချင်းကို"
ဒီလို ဒဏ်ကြေးပေးပြန်ရွေးရမယ့်အခြေအေနနဲ့ပတ်သက်လို့ ဗွီအိုအေကသီးခြားအတည်မပြုနိုင်ပါဘူး။ သူ့ရဲ့မိခင်ဖြစ်သူက အသက် ၅၀ကျော်ဖြစ်ကာညီမကတော့၂၀ကျော်ဖြစ်ပြီး အဲဒီအင်အားသုံးနှိမ်နင်းစဉ်မှာ ဖြစ်စဉ်ကို လူမှုမီဒီယာပေါ်လွှင့်နေချိန်၂ဦးစလုံးဖမ်းခံရတာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို၊ ဒီဆန္ဒပြပွဲတွေကိုအကြမ်းမဖက်ဖို့၊ တည်ငြိမ်အောင်စိတ် ရှည်ရှည်နဲ့ ထိန်းသိမ်းဖို့စစ်အာဏာပိုင်တွေကို ကုလသမဂ္ဂရော အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ သြစတေးလျစတဲ့နိုင်ငံကြီးတွေက တိုက်တွန်းပြောဆိုထား ပါတယ်။
ဒါပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းတာတွေကြောင့်သေဆုံးသူ အနည်းဆုံး ၈ ယောက် ရှိနေပြီး ဖမ်းခံရသူ အယောက် ၇၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။လက်ရှိစစ်အုပ်ချုပ်ရေးကောင်စီကတော့ သူတို့ကို အာဏာသိမ်း စစ်အစိုးရကောင်စီလို့ ခေါ်ဝေါ်တာမျိုးမလုပ်ဖို့သတင်မီဒီယာတွေကို သတိပေးထားသလို အာဏာသိမ်းတာမဟုတ်ဘူးလို့လည်း တုံပြန်ထားပေမယ့် ပြည်တွင်းနဲ့နိုင်ငံတကာဘက်ကတော့ဒါကိုလက်ခံခြင်း မရှိပါဘူးရှင်။