သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပပဲြမ်ား ၿဖိဳခဲြခံရ၊ တတ္ႂကြသူလူငယ္မ်ား ဖမ္းဆီးခံရ


အကာအရံမ်ားခ်ၿပီး ရဲမ်ားကို ေအာ္ဟစ္ကန္႔ကြက္ေနသည့္ ဆႏၵျပသူမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁

(Zawgyi/Unicode)

အျခားၿမိဳ႕ေတြနည္းတူပဲ ရန္ကုန္ၿမိဳ႕မွာလည္း စစ္အာာဏာသိမ္းမႈဆန္႕က်င္တဲ့ ဒီကေန႔ ဆႏၵျပတဲ့သူေတြကို လံုျခံဳေရးတပ္ဖဲြ႔က မီးခိုးဗံုး၊ အသံဗံုး၊ မ်က္ရည္ယိုဗံုးေတြသံုးၿပီး အၾကမ္းဖက္ ၿဖိဳခြဲခဲ့ပါတယ္။ လူ ၅၀ ထက္မနည္းလည္း ဖမ္းဆီးခံခဲ့ရပါတယ္။

ရန္ကုန္ၿမိဳ႕က ဆႏၵျပေတြနဲ႔ အၾကမ္းဖက္ၿဖိဳခြဲမႈ အေျခအေနေတြကို ကိုယ္တိုင္ မ်က္ျမင္ေတြ႔ခဲ့တဲ့ ဗီြအိုေအသတင္းေထာက္ အဂၢႏြန္က သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕၊ ေျမနီကုန္းမွာ မနက္ပိုင္းကေန ညေနပိုင္းအထိ ဆႏၵျပသူေတြကို ရဲေတြက အင္အားအလံုးအရင္းသံုးၿပီး အႀကိမ္ႀကိမ္ၿဖိဳခြဲ ဖမ္းဆီးခဲ့တဲ့ျမင္ကြင္းေတြ က်မ ျမင္ေတြ႔ခဲ့ရပါတယ္။

ရဲမ်ားႏွင့္ခပ္လွမ္းလွမ္းမွေန၍ ဆႏၵျပေနသူမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁
ရဲမ်ားႏွင့္ခပ္လွမ္းလွမ္းမွေန၍ ဆႏၵျပေနသူမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁

စမ္းေခ်ာင္းၿမိဳ႕နယ္၊ ဗားကရာလမ္းနဲ႔ ဗဟိုလမ္းတစ္ဝိုက္မွာ ရဲေတြ အင္အားအမ်ားအျပားခ်ထားၿပီး ဆႏၵျပသူေတြကို လမ္းသြယ္ထဲထိ ဝင္ဖမ္းခဲ့တာပါ။
ဆႏၵျပသူေတြကလည္း ခပ္လွမ္းလွမ္းမွာ စစ္အာဏာရွင္စနစ္က်ဆံုးပါေစ၊ ဖမ္းဆီးထားေခါင္းေဆာင္မ်ား ခ်က္ခ်င္းလႊတ္ စတဲ့ ေႂကြးေၾကာ္သံေတြ ေအာ္ဟစ္ၿပီး ႐ိုက္ႏွက္ပစ္ခတ္ၿဖိဳခဲြမႈေတြၾကားကပဲ ညေနပိုင္းအထိ ဆက္ၿပီးဆႏၵျပခဲ့ၾကပါတယ္။

ဒီကေန႔ (၇၄) ႀကိမ္ေျမာက္ မြန္အမ်ဳိးသားေန႔ အထိမ္းအမွတ္အေနနဲ႔ လူမ်ဳိးေပါင္းစံု အေထြေထြသပိတ္စစ္ေၾကာင္းေတြ ခ်ီတက္ဖို႔ ဗားကရာလမ္း၊ စပရစ္စတိုးဆိုင္နားမွာ စုေနတဲ့အခ်ိန္မွာပဲ ရဲေတြက အေနာက္ကေန လိုက္လာၿပီးေတာ့ အၾကမ္းဖက္ၿဖိဳခြဲခဲ့တာပါ။

ရဲမ်ားကို ေအာ္ဟစ္ ကန္႔ကြက္ေနသည့္ ဆႏၵျပသူမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁။
ရဲမ်ားကို ေအာ္ဟစ္ ကန္႔ကြက္ေနသည့္ ဆႏၵျပသူမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁။

ဗဟိုလမ္းနဲ႔ ဗားကရာလမ္းဝန္းက်င္မွာ ရဲေတြက မီးခိုဗံုး၊ အသံဗံုးေတြ၊ မ်က္ရည္ယိုဗံုးေတြနဲ႔ အၾကမ္းဖက္ ႏွိမ္နင္း ၿဖိဳခဲြေနတဲ့ျမင္ကြင္းကို က်မကိုယ္တိုင္ ေတြ႕ျမင္ခဲ့ရပါတယ္။

ရဲေတြ ေနာက္ျပန္ဆုတ္တဲ့အခ်ိန္ ဆႏၵျပသူေတြ တစ္ခါျပန္စုၿပီး ဗားကရာလမ္း တေလွ်ာက္ အကာအရံပိတ္ကာထားၿပီး ဆႏၵဆက္ျပေနၾကလို႔ လူမစုႏိုင္ေအာင္ ရဲေတြ အႀကိမ္ႀကိမ္ ၿဖိဳခြဲ ဖမ္းဆီးခဲ့ပါတယ္။

ညေန ၅ နာရီခြဲအခ်ိန္ထိ ဗားကရာလမ္းဘက္မွာ အခ်ဳပ္ကား ရဲကားေတြနဲ႔ အင္အားအေျမာက္အမ်ား ဆက္ခ်ထားခဲ့ပါတယ္။

ဆႏၵျပသူမ်ားကို ႏွိမ္နင္းၿဖိဳခြဲရန္ ေနရာယူထားသည့္ရဲမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁
ဆႏၵျပသူမ်ားကို ႏွိမ္နင္းၿဖိဳခြဲရန္ ေနရာယူထားသည့္ရဲမ်ား။ ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၁

လူမ်ဳိးေပါင္းစံု သပိတ္စစ္ေၾကာင္း လွည့္လည္ထြက္ခြာဖို႔ လူေတြတန္းစီေနတဲ့ မနက္ပိုင္းအခ်ိန္မွာ ရဲတပ္ဖြဲ႔က စတင္ၿဖိဳခြဲလိုက္တာကိုု ကိုယ္တိုင္ၾကံဳေတြ႔ခဲ့ရတဲ့ ကိုမိုးသူက ေျပာပါတယ္။

“ပဒုမၼာကြင္းေဘး စပရစ္နားမွာ လူစုတယ္၊ က်ေနာ္တို႔က အဲ့ကေန စစ္ေၾကာင္းက သူတို႔နဲ႔ ထိပ္တိုက္ရင္မဆိုင္ဖို႔ ၾကည္ျမင္တိုင္ ဗားကရာဘက္မွာ ခ်ီတက္ဖို႔လုပ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔ စစ္ေၾကာင္းတစ္ေၾကာင္း စ ထြက္တယ္၊ တိုင္းရင္းသားတစ္ေၾကာင္းထြက္တယ္၊ ကြ်န္းေတာလမ္းထိပ္မွာ က်ေနာ္တို႔ ဒီဘက္က က်န္တဲ့ စစ္ေၾကာင္း လိုက္မယ္လုပ္ေနတဲ့ ခ်ိန္မွာ ဒီေကာင္ေတြ အေနာက္ကေန ဝင္႐ုိက္တယ္၊ ဝင္႐ုိက္တဲ့အခ်ိန္မွာ ကေလးေတြ ေတာ္ေတာ္မ်ားမ်ားပါသြားတယ္၊ ကြ်န္းေတာလမ္းဘက္မွာ လူစုခြဲတယ္ စမ္းေခ်ာင္းဘက္
အျခမ္းေတာ္ေတာ္မ်ားမ်ားကို လူစုခြဲၾကၿပီးေတာ့ က်ေနာ္တို႔ ျပန္စုတယ္၊ ေနာက္တစ္ႀကိမ္ ျပန္စုတဲ့အခ်ိန္ စပရစ္ေရွ႕နားမွာ က်ေနာ္တို႔ ေနာက္တစ္ခါ အင္အားစုၿပီးေတာ့ တိုင္းရင္းသားစစ္ေၾကာင္းေတြက အေနာက္မွာ က်ေနာ္တို႔အမာခံေတြက ေရွ႕မွာ အဲ့ခ်ိန္ က်ေနာ္တို႔ ဘယ္လိုျဖစ္လဲဆိုေတာ့ တစ္ခါထပ္တက္လာၿပီးေတာ့
ကြ်န္းေတာေက်ာင္း ဘုန္းႀကီးေက်ာင္းေပၚမွာ ရပ္ၾကည့္ေနတဲ့ ကေလးေတြ အျပစ္မဲ့ ျပည္သူေတြကို တစ္ခါထပ္႐ုိက္ၿပီး အဲ့ကေလးေတာ္ေတာ္မ်ားမ်ား အခုပါသြားၿပီ၊ မီဒီယာေတြ ဝန္ရံေပးပါ ကေလးေတြလြတ္ေျမာက္ဖို႔။”

မြန္အမ်ဳိးသားေန႔အတြက္ သပိတ္စစ္ေၾကာင္းေတြ ခ်ီတက္ဖို႔ လုပ္ေနခ်ိန္မွာ ရဲတပ္ဖြဲ႔ေတြ အင္အားအလံုးအရင္းနဲ႔ ေျမနီကုန္းမီပြိဳင့္ ဗားကရာလမ္းအတိုင္း လိုက္လာၿပီး အၾကမ္းဖက္ၿဖိဳခြဲလိုက္လို႔ ဆႏၵျပသူေတြ အကုန္လံုးထြက္ေျပးရ၊ အိမ္ထဲဝင္ပုန္းလိုက္ရတယ္လို႔ ကိုယ္တိုင္ၾကံဳခဲ့ရတဲ့ ဆႏၵျပသူတစ္ဦးက ေျပာပါတယ္။

“ခုနက က်မတို႔ လူစုတာေတာ့ ဒီဘက္ေပါ့ေနာ္ စပရစ္အေက်ာ္မွာ စုတာ၊ မတိုင္မီကေတာ့ မြန္လူမ်ဳိးစုက barrier ကာထားတဲ့နားေလးမွာရွိတယ္၊ ဒီေန႔ မြန္အမ်ဳိးသားေန႔အတြက္ သူတို႔ကို စစ္ေၾကာင္းအေရွ႕ကို တင္လိုက္တဲ့အခါမွာ ဘာျဖစ္သြားလဲဆိုေတာ့ က်မတို႔ အဲဒီဘက္ကို တခ်က္အာ႐ုံလြတ္သြားတယ္လို႔ထင္တာ၊ အဲဒီအခ်ိန္မွာ သူတို႔ေတာက္ေလွ်ာက္ခ်ီလာရင္းနဲ႔ က်မတို႔က ေျပးရင္းနဲ႔လူကြဲလာတာ။”

ဒီကေန႔မနက္ပုိင္း ေျမနီကုန္းမွာ ဆႏၵျပေနၾကတဲ့လူစုကို ရဲေတြ အင္အားသံုးျဖိဳခြင္းတဲ့အခ်ိန္ ထြက္ေျပးရတဲ့ တက္ႂကြလႈပ္ရွားသူ မရွားယမံုက -

"တိုင္းရင္းသားလူမ်ိဳးေပါင္းစံု စစ္ေၾကာင္းကေနၿပီးေတာ့ ခ်ီတက္ဖို႔ဆိုၿပီးေတာ့ ျပင္ဆင္ထားတယ္ေပါ့ေနာ္။ အဲဒီအခ်ိန္မွာ စထြက္ဖုိ႔လုပ္တုန္းပဲ ရွိေသးတယ္၊ အေနာက္ကေန ရဲေတြက ေျပးလုိက္တဲ့ပံုစံနဲ႔ ေျခာက္တယ္။ အဲဒီမွာ လူေတြက ေနာက္ဆုတ္လိုက္ ေရွ႕တုိးလိုက္၊ ေနာက္ဆုတ္လိုက္ ေရွ႕တိုးလိုက္နဲ႔ သူတို႔က အဲလိုပံုစံနဲ႔ လုပ္ေနတယ္၊ ဘယ္ေလာက္မွ မတိုးလိုက္ရဘူး၊ ဓာတ္တုိင္ႏွစ္တိုင္စာေလာက္ပဲ ရွိဦးမယ္ သူတုိ႔ဘက္က ေသနတ္စေဖာက္တယ္။ ၿပီးေတာ့ ေနာက္တခုက သူတုိ႕က မ်က္ရည္ယို ဗံုးေတြကုိ လူအုပ္ၾကားထဲမပစ္ဘူး။ လူေတြေျပးဝင္မယ့္ လမ္းၾကားေတြထဲကုိ မ်က္ရည္ယို ဗံုးေတြကုိ ပစ္တယ္။ ၿပီးေတာ့ သူတုိ႔ ေသနတ္ေပါ့ အသံအုိးေတြေဖာက္တယ္။"

ေျမနီကုန္းလိုပဲ ဆႏၵျပသူအင္အားအမ်ားအျပား စုရပ္ျဖစ္တဲ့ လွည္းတန္းတေလွ်ာက္မွာ လည္း ရဲအင္အားအလုံးအရင္းနဲ႔ လူထုၾကား ဝင္ေရာက္ၿဖိဳခြဲတာက မနက္ကေန ေန႔လည္နဲ႔ ညေနအခ်ိန္အထိ အႀကိမ္ႀကိမ္ၿဖိဳခြဲခဲ့တာပါ။

ပစ္ခတ္ဖမ္းဆီးမႈေတြေၾကာင့္ လမ္းၾကားေတြထဲ ဝင္ေရာက္ထြက္ေျပးရသူေတြရွိသလို ဖမ္းဆီးခံလိုက္ရသူေတြလည္း အမ်ားအျပားရွိပါတယ္။

တာေမြဘက္မွာလည္း ဆႏၵျပသူေတြကို ရဲေတြဘက္ကေန ပစ္ခတ္ၿဖိဳခြဲမႈေတြေၾကာင့္ ျပည္သူေတြ ထြက္ေျပးတိမ္းေရွာင္ေနရတာပါ။ အနီးဝန္းက်င္က လမ္းေတြထဲ ေျပးဝင္ ပုန္းၾကရသလို တာေမြ Ocean ထဲနဲ႔ ေျမေအာက္ကားပါကင္မွာ ပိတ္မိေနခဲ့ၾကပါတယ္။

အဲဒီလို ပိတ္မိေနသူေတြကို ျပည္သူအခ်င္းခ်င္းဝန္းရံေပးေနခ်ိန္မွာ ရဲတပ္ဖြဲ႕ဘက္က မ်က္ရည္ယိုဗုံးေတြနဲ႔ ၿဖိဳခြင္းခဲ့ပါတယ္။ ရန္ကုန္ အျခားေနရာေတြမွာလည္း ဆႏၵျပမႈေတြရွိခဲ့ၿပီး ရဲနဲ႔ ဆႏၵျပသူေတြအၾကား တင္းမာမႈေတြရွိခဲ့ပါတယ္။

...................

(Unicode)

ရန်ကုန်ဆန္ဒပြပွဲများ ဖြိုခွဲခံရ၊ တတ်ကြွသူလူငယ်များ ဖမ်းဆီးခံရ

အခြားမြို့တွေနည်းတူပဲ ရန်ကုန်မြို့မှာလည်း စစ်အာာဏာသိမ်းမှုဆန့်ကျင်တဲ့ ဒီကနေ့ ဆန္ဒပြတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့က မီးခိုးဗုံး၊ အသံဗုံး၊ မျက်ရည်ယိုဗုံးတွေသုံးပြီး အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ လူ ၅၀ ထက်မနည်းလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြတွေနဲ့ အကြမ်းဖက်ဖြိုခွဲမှု အခြေအနေတွေကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တဲ့ ဗွီအိုအေသတင်းထောက် အဂ္ဂနွန်က သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့၊ မြေနီကုန်းမှာ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဆန္ဒပြသူတွေကို ရဲတွေက အင်အားအလုံးအရင်းသုံးပြီး အကြိမ်ကြိမ်ဖြိုခွဲ ဖမ်းဆီးခဲ့တဲ့မြင်ကွင်းတွေ ကျမ မြင်တွေ့ခဲ့ရပါတယ်။

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနဲ့ ဗဟိုလမ်းတစ်ဝိုက်မှာ ရဲတွေ အင်အားအများအပြားချထားပြီး ဆန္ဒပြသူတွေကို လမ်းသွယ်ထဲထိ ဝင်ဖမ်းခဲ့တာပါ။
ဆန္ဒပြသူတွေကလည်း ခပ်လှမ်းလှမ်းမှာ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ၊ ဖမ်းဆီးထားခေါင်းဆောင်များ ချက်ချင်းလွှတ် စတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ပြီး ရိုက်နှက်ပစ်ခတ်ဖြိုခွဲမှုတွေကြားကပဲ ညနေပိုင်းအထိ ဆက်ပြီးဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ လူမျိုးပေါင်းစုံ အထွေထွေသပိတ်စစ်ကြောင်းတွေ ချီတက်ဖို့ ဗားကရာလမ်း၊ စပရစ်စတိုးဆိုင်နားမှာ စုနေတဲ့အချိန်မှာပဲ ရဲတွေက
အနောက်ကနေ လိုက်လာပြီးတော့ အကြမ်းဖက်ဖြိုခွဲခဲ့တာပါ။

ဗဟိုလမ်းနဲ့ ဗားကရာလမ်းဝန်းကျင်မှာ ရဲတွေက မီးခိုဗုံး၊ အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက် နှိမ်နင်း ဖြိုခွဲနေတဲ့မြင်ကွင်းကို ကျမကိုယ်တိုင် တွေ့မြင်ခဲ့ရပါတယ်။

ရဲတွေ နောက်ပြန်ဆုတ်တဲ့အချိန် ဆန္ဒပြသူတွေ တစ်ခါပြန်စုပြီး ဗားကရာလမ်းတစ်လျှောက် အကာအရံပိတ် ကာထားပြီး ဆန္ဒဆက်ပြနေကြလို့ လူမစုနိုင်အောင် ရဲတွေ အကြိမ်ကြိမ် ဖြိုခွဲ ဖမ်းဆီးခဲ့ပါတယ်။

ညနေ ၅ နာရီခွဲအချိန်ထိ ဗားကရာလမ်းဘက်မှာ အချုပ်ကား ရဲကားတွေနဲ့ အင်အားအမြောက်အများ ဆက်ချထားခဲ့ပါတယ်။

လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်း လှည့်လည်ထွက်ခွာဖို့ လူတွေတန်းစီနေတဲ့ မနက်ပိုင်းအချိန်မှာ ရဲတပ်ဖွဲ့က စတင်ဖြိုခွဲလိုက်တာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကိုမိုးသူက ပြောပါတယ်။
“ပဒုမ္မာကွင်းဘေး စပရစ်နားမှာ လူစုတယ်၊ ကျနော်တို့က အဲ့ကနေ စစ်ကြောင်းက သူတို့နဲ့ ထိပ်တိုက်ရင်မဆိုင်ဖို့ ကြည်မြင်တိုင် ဗားကရာဘက်မှာ ချီတက်ဖို့လုပ်နေတဲ့အချိန်မှာ ကျနော်တို့ စစ်ကြောင်းတစ်ကြောင်း စ ထွက်တယ်၊ တိုင်းရင်းသားတစ်ကြောင်းထွက်တယ်၊ ကျွန်းတောလမ်းထိပ်မှာ ကျနော်တို့ ဒီဘက်က ကျန်တဲ့ စစ်ကြောင်း လိုက်မယ်လုပ်နေတဲ့ ချိန်မှာ ဒီကောင်တွေ အနောက်ကနေ ဝင်ရိုက်တယ်၊ ဝင်ရိုက်တဲ့အချိန်မှာ ကလေးတွေ တော်တော်များများပါသွားတယ်၊ ကျွန်းတောလမ်းဘက်မှာ လူစုခွဲတယ် စမ်းချောင်းဘက်
အခြမ်းတော်တော်များများကို လူစုခွဲကြပြီးတော့ ကျနော်တို့ ပြန်စုတယ်၊ နောက်တစ်ကြိမ်ပြန်စုတဲ့အချိန် စပရစ်ရှေ့နားမှာ ကျနော်တို့ နောက်တစ်ခါ အင်အားစုပြီးတော့ တိုင်းရင်းသားစစ်ကြောင်းတွေက အနောက်မှာ ကျနော်တို့အမာခံတွေက ရှေ့မှာ အဲ့ချိန် ကျနော်တို့ ဘယ်လိုဖြစ်လဲဆိုတော့ တစ်ခါထပ်တက်လာပြီးတော့
ကျွန်းတောကျောင်း ဘုန်းကြီးကျောင်းပေါ်မှာ ရပ်ကြည့်နေတဲ့ ကလေးတွေ အပြစ်မဲ့ ပြည်သူတွေကို တစ်ခါထပ်ရိုက်ပြီး အဲ့ကလေးတော်တော်များများ အခုပါသွားပြီ၊ မီဒီယာတွေ ဝန်ရံပေးပါ ကလေးတွေလွတ်မြောက်ဖို့။”
မွန်အမျိုးသားနေ့အတွက် သပိတ်စစ်ကြောင်းတွေ ချီတက်ဖို့ လုပ်နေချိန်မှာ ရဲတပ်ဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ မြေနီကုန်းမီပွိုင့် ဗားကရာလမ်းအတိုင်း လိုက်လာပြီး အကြမ်းဖက်ဖြိုခွဲလိုက်လို့ ဆန္ဒပြသူတွေ အကုန်လုံးထွက်ပြေးရ၊ အိမ်ထဲဝင်ပုန်းလိုက်ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။
“ခုနက ကျမတို့ လူစုတာတော့ ဒီဘက်ပေါ့နော် စပရစ်အကျော်မှာ စုတာ၊ မတိုင်မီကတော့ မွန်လူမျိုးစုက barrier ကာထားတဲ့နားလေးမှာရှိတယ်၊ ဒီနေ့ မွန်အမျိုးသားနေ့အတွက် သူတို့ကို စစ်ကြောင်းအရှေ့ကို တင်လိုက်တဲ့အခါမှာ ဘာဖြစ်သွားလဲဆိုတော့ ကျမတို့ အဲဒီဘက်ကို တချက်အာရုံလွတ်သွားတယ်လို့ထင်တာ၊ အဲဒီအချိန်မှာ သူတို့တောက်လျှောက်ချီလာရင်းနဲ့ ကျမတို့က ပြေးရင်းနဲ့လူကွဲလာတာ။”
ဒီကနေ့မနက်ပိုင်း မြေနီကုန်းမှာ ဆန္ဒပြနေကြတဲ့လူစုကို ရဲတွေ အင်အားသုံးဖြိုခွင်းတဲ့အချိန် ထွက်ပြေးရတဲ့ တက်ကြွလှုပ်ရှားသူ မရှားယမုံက -
"တိုင်းရင်းသားလူမျိုးပေါင်းစုံ စစ်ကြောင်းကနေပြီးတော့ ချီတက်ဖို့ဆိုပြီးတော့ ပြင်ဆင်ထားတယ်ပေါ့နော်။ အဲဒီအချိန်မှာ စထွက်ဖို့လုပ်တုန်းပဲ ရှိသေးတယ်၊ အနောက်ကနေ ရဲတွေက ပြေးလိုက်တဲ့ပုံစံနဲ့
ခြောက်တယ်။ အဲဒီမှာ လူတွေက နောက်ဆုတ်လိုက် ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက် ရှေ့တိုးလိုက်နဲ့ သူတို့က အဲလိုပုံစံနဲ့ လုပ်နေတယ်၊ ဘယ်လောက်မှ မတိုးလိုက်ရဘူး၊ ဓာတ်တိုင်နှစ်တိုင်စာလောက်ပဲ ရှိဦးမယ် သူတို့ဘက်က သေနတ်စဖောက်တယ်။ ပြီးတော့ နောက်တခုက သူတို့က မျက်ရည်ယိုဗုံးတွေကို လူအုပ်ကြားထဲမပစ်ဘူး။ လူတွေပြေးဝင်မယ့် လမ်းကြားတွေထဲကို မျက်ရည်ယိုဗုံးတွေကို ပစ်တယ်။ ပြီးတော့ သူတို့ သေနတ်ပေါ့ အသံအိုးတွေဖောက်တယ်။"
မြေနီကုန်းလိုပဲ ဆန္ဒပြသူအင်အားအများအပြား စုရပ်ဖြစ်တဲ့ လှည်းတန်းတလျှောက်မှာလည်း ရဲအင်အားအလုံးအရင်းနဲ့ လူထုကြား ဝင်ရောက်ဖြိုခွဲတာက မနက်ကနေ နေ့လည်နဲ့ ညနေအချိန်အထိ
အကြိမ်ကြိမ်ဖြိုခွဲခဲ့တာပါ။
ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် လမ်းကြားတွေထဲ ဝင်ရောက်ထွက်ပြေးရသူတွေရှိသလို ဖမ်းဆီးခံလိုက်ရသူတွေလည်း အများအပြားရှိပါတယ်။
တာမွေဘက်မှာလည်း ဆန္ဒပြသူတွေကို ရဲတွေဘက်ကနေ ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာပါ။ အနီးဝန်းကျင်က လမ်းတွေထဲ ပြေးဝင်ပုန်းကြရသလို တာမွေ Ocean ထဲနဲ့ မြေအောက်ကားပါကင်မှာ ပိတ်မိနေခဲ့ကြပါတယ်။
အဲဒီလို ပိတ်မိနေသူတွေကို ပြည်သူအချင်းချင်းဝန်းရံပေးနေချိန်မှာ ရဲတပ်ဖွဲ့ဘက်က မျက်ရည်ယိုဗုံးတွေနဲ့
ဖြိုခွင်းခဲ့ပါတယ်။ ရန်ကုန် အခြားနေရာတွေမှာလည်း ဆန္ဒပြမှုတွေရှိခဲ့ပြီး ရဲနဲ့ ဆန္ဒပြသူတွေအကြား တင်းမာမှုတွေရှိခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG