သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တာေမြမွာ ဖမ္းဆီးခံရသူ အမ်ားအျပား ျပန္လည္လြတ္ေျမာက္


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္လႈပ္ရွားမႈေတြကို အာဏာပိုင္ေတြ ၿဖိဳခြင္းရင္း ရန္ကုန္ၿမိဳ႕မွာ ဖမ္းဆီးခံရသူ ေတြထဲက ေတာ္ေတာ္မ်ားမ်ား ျပန္လြတ္လာပါတယ္။

ရန္ကုန္ၿမိဳ႕ တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္း ရပ္ကြက္မွာ ေသာၾကာေန႔က ဖမ္းဆီးခံရသူ ၃၂ေယာက္မွာ ၂၈ေယာက္ဟာ ေနာက္တေန႔မွာပဲ ျပန္လြတ္လာခဲ့ေၾကာင္း ျပန္လြတ္လာသူ ၁ ဦးျဖစ္တဲ့ အသက္ ၄၄ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“လႊတ္လာတယ္ဆိုတာက မေန႔ကညေနက ၅ နာရီ ၄၅ ေလာက္မွာ ထြက္သြားတာေပါ့ ။ ထြက္သြားေတာ့ လမ္းထိပ္ေရာက္ေတာ့ ေသနတ္သံေဖာက္ေတာ့ က်ေနာ္ကလည္း နီးတဲ့အိမ္ကို ၀င္ေျပးတာေပါ့ ။ ၀င္ေျပးေတာ့ သူတို႔က အိမ္ကို ၀ိုင္းၿပီးေတာ့ က်ေနာ့္ကို အိမ္ကေန ဆြဲထုတ္ၿပီးေတာ့ ထိုင္ခိုင္းတယ္ ညေနအထိ ထိုင္ခိုင္းတယ္။ ထိုင္ခိုင္းၿပီးေတာ့ က်ေနာ္တို႔ကို အခ်ဳပ္ကားေပၚတင္ၿပီးေတာ့ အင္းစိန္ကိုပို႔တယ္။ အင္းစိန္ေရာက္ေတာ့ ပံုစံထိုင္ခိုင္းတယ္ ထမင္းေတြဘာေတြေတာ့ ေကၽြးတယ္ ဒါေပမယ့္ က်ေနာ္တို႔လည္း မစားပါဘူး။ ဒီေန႔က်ေတာ့ က်ေနာ္တို႔ကို ခံ၀န္ေတြဘာေတြထိုးၿပီးေတာ့ ၊ ဆႏၵျပတာေတြဘာညာ ေမးၿပီးေတာ့ က်ေနာ္တို႔ကို တာေမြစခန္းကို ျပန္ပို႔တယ္ ၊ ပို႔ၿပီးေတာ့ အခုျပန္လာတာေပါ့။”

ျပန္လည္လြတ္ေျမာက္လာေပမဲ့လည္း ခံ၀န္ကတိေပးခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

“အဓိကေတာ့ အခ်က္အလက္ယူတယ္ မိဘအလုပ္အကိုင္ေတြ ဘာလုပ္သလဲ၊ ပညာအရည္အခ်င္းေမးတယ္ ။ ၿပီးေတာ့ လက္ရွိလုပ္ေနတဲ့အလုပ္ ဆႏၵျပပြဲေတြမွာ ဘယ္ႏွစ္ရက္ေလာက္ပါခဲ့သလဲေပါ့ေနာ္ ။ လွည့္လည္ခဲ့တယ္ဆိုရင္လည္း သူတို႔ေမးတာေတြမေၾကာက္နဲ႔ေပါ့ေနာ္ ။ ေခါင္းေဆာင္ေတြရွိသလားေပါ့ေနာ္ ။ အမွန္အတိုင္းပဲေျပာတာေလ လွည့္လည္ခဲ့တယ္ဆိုတာကေတာ့ က်ေနာ္တို႔ကေတာ့ လွည့္လည္ခဲ့ဖူးတယ္ေပါေ့နာ္ ၊ အလုပ္သြားရင္းနဲ႔လည္း ၀င္ပါခဲ့ဖူးတယ္ေပါ့ေနာ္။ေနာက္ ေခါင္းေဆာင္ေတြရယ္လို႔ေတာ့မရွိဘူးလို႔ က်ေနာ္တို႔မွာ။ စိတ္အားထက္သန္တဲ့အခ်ိန္က်ေတာ့လည္း ေအာ္လိုက္တာပါပဲလို႔ အျမဲတမ္း သြားေနတာ မဟုတ္ဘူးလို႔ ေျပာလိုက္တာ”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ျပည္လုံးကၽြတ္နီးပါး ဆႏၵျပပြဲေတြ ေပၚေပါက္ေနတဲ့အထဲ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က အင္အားသုံး ၿဖိဳခြင္းတာေတြေၾကာင့္ေသဆုံးသူ အနည္းဆုံး ၈ ေယာက္ ရွိေနၿပီး ဖမ္းခံရသူ အေယာက္ ၇ဝဝ ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းတာကို ၿငိမ္းခ်မ္းစြာ ကန္႔ကြက္ဆႏၵျပသူေတြကို အၾကမ္းဖက္ ၿဖိဳခြင္းေနတာေတြကို ရပ္တန္႔ဖို႔ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအ၀န္းက တိုက္တြန္းေနတဲ့ၾကားမွာပဲ လုံျခံဳေရးတပ္ဖဲြ႕ေတြက အင္အားသုံးၿဖိဳခြင္းတာေတြ ဆက္လက္ေပၚေပါက္ေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တာမွေမှာ ဖမ်းဆီးခံရသူ အများအပြား ပြန်လည်လွတ်မြောက်
(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ဖြိုခွင်းရင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခံရသူ တွေထဲက တော်တော်များများ ပြန်လွတ်လာပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်း ရပ်ကွက်မှာ သောကြာနေ့က ဖမ်းဆီးခံရသူ ၃၂ယောက်မှာ ၂၈ယောက်ဟာ နောက်တနေ့မှာပဲ ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူ ၁ ဦးဖြစ်တဲ့ အသက် ၄၄နှစ်အရွယ် အမျိုးသားတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“လွှတ်လာတယ်ဆိုတာက မနေ့ကညနေက ၅ နာရီ ၄၅ လောက်မှာ ထွက်သွားတာပေါ့ ။ ထွက်သွားတော့ လမ်းထိပ်ရောက်တော့ သေနတ်သံဖောက်တော့ ကျနော်ကလည်း နီးတဲ့အိမ်ကို ဝင်ပြေးတာပေါ့ ။ ဝင်ပြေးတော့ သူတို့က အိမ်ကို ဝိုင်းပြီးတော့ ကျနော့်ကို အိမ်ကနေ ဆွဲထုတ်ပြီးတော့ ထိုင်ခိုင်းတယ် ညနေအထိ ထိုင်ခိုင်းတယ်။ ထိုင်ခိုင်းပြီးတော့ ကျနော်တို့ကို အချုပ်ကားပေါ်တင်ပြီးတော့ အင်းစိန်ကိုပို့တယ်။ အင်းစိန်ရောက်တော့ ပုံစံထိုင်ခိုင်းတယ် ထမင်းတွေဘာတွေတော့ ကျွေးတယ် ဒါပေမယ့် ကျနော်တို့လည်း မစားပါဘူး။ ဒီနေ့ကျတော့ ကျနော်တို့ကို ခံဝန်တွေဘာတွေထိုးပြီးတော့ ၊ ဆန္ဒပြတာတွေဘာညာ မေးပြီးတော့ ကျနော်တို့ကို တာမွေစခန်းကို ပြန်ပို့တယ် ၊ ပို့ပြီးတော့ အခုပြန်လာတာပေါ့။”

ပြန်လည်လွတ်မြောက်လာပေမဲ့လည်း ခံဝန်ကတိပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။

“အဓိကတော့ အချက်အလက်ယူတယ် မိဘအလုပ်အကိုင်တွေ ဘာလုပ်သလဲ၊ ပညာအရည်အချင်းမေးတယ် ။ ပြီးတော့ လက်ရှိလုပ်နေတဲ့အလုပ် ဆန္ဒပြပွဲတွေမှာ ဘယ်နှစ်ရက်လောက်ပါခဲ့သလဲပေါ့နော် ။ လှည့်လည်ခဲ့တယ်ဆိုရင်လည်း သူတို့မေးတာတွေမကြောက်နဲ့ပေါ့နော် ။ ခေါင်းဆောင်တွေရှိသလားပေါ့နော် ။ အမှန်အတိုင်းပဲပြောတာလေ လှည့်လည်ခဲ့တယ်ဆိုတာကတော့ ကျနော်တို့ကတော့ လှည့်လည်ခဲ့ဖူးတယ်ပေါေ့နာ် ၊ အလုပ်သွားရင်းနဲ့လည်း ဝင်ပါခဲ့ဖူးတယ်ပေါ့နော်။နောက် ခေါင်းဆောင်တွေရယ်လို့တော့မရှိဘူးလို့ ကျနော်တို့မှာ။ စိတ်အားထက်သန်တဲ့အချိန်ကျတော့လည်း အော်လိုက်တာပါပဲလို့ အမြဲတမ်း သွားနေတာ မဟုတ်ဘူးလို့ ပြောလိုက်တာ”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့အထဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းတာတွေကြောင့်သေဆုံးသူ အနည်းဆုံး ၈ ယောက် ရှိနေပြီး ဖမ်းခံရသူ အယောက် ၇ဝဝ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းနေတဲ့ကြားမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းတာတွေ ဆက်လက်ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG