သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရွမ္းျပည္ေျမာက္ပို္င္းမွာ စစ္ေရးတင္းမာေနဆဲရွိၿပီး ေဒသခံေတြ ထြက္ေျပးေနရ


ကခ်င္စစ္ေျပးဒုကၡသည္စခန္းတခု (ေမ ၂၁၊ ၂ဝ၂ဝ)

{{Zawgyi/Unicode}}

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ စစ္ေရးတင္းမာမႈေတြ ဆက္ရိွေနတာေၾကာင့္ ကားအသြားအလာေတြ သတိထားဖို႔ KIA ဘက္က ေျပာဆုိလိုက္ၿပီး နမၼတူနဲ႔ ေက်ာက္မဲခရိုင္အတြင္းမွာေတာ့ တိုင္းရင္းသားတပ္ဖဲြ႔ေတြအၾကားတိုက္ပဲြေတြ ဆက္လက္ ျပင္းထန္ေနတာေၾကာင့္ စစ္ေရွာင္ေတြ ေနရပ္မျပန္ႏိုင္ျဖစ္ေနပါတယ္။ ဒီသတင္းေတြကို VOA ျမန္မာပိုင္းရဲ့သတင္းေထာက္ ကိုမိုးေဇာ္က စုစည္းတင္ျပပါမယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႔နယ္အတြင္းမွာ တပ္မေတာ္နဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္ဖဲြ႔အၾကား ဒီလ ၂၀ရက္ေန႔တည္းက တိုက္ပဲြေတြ ေန႔စဥ္ရက္ဆက္ ျဖစ္ခဲ့တာပါ။

ေလာေလာဆယ္မွာေတာ့ တုိက္ပဲြေတြ ရပ္ဆိုင္းေနၿပီး အေျခအေနက ရႈပ္ေထြးေနေၾကာင္း KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးၾကီးေနာ္ဘူက ေျပာပါတယ္။

“ မူဆယ္ဘက္ တုိက္ပဲြအေျခအေနကေတာ့ တေန႔ကေပါ့ေနာ္။ တေန႔က ေနာက္ဆံုးျဖစ္ပါတယ္။ တိုက္ပဲြျဖစ္တာကေတာ့။ တပ္မေတာ္ဘက္က ထိုးတဲ့ စစ္ေၾကာင္းေတြလည္း အကုန္လံုးကေတာ့ ျပန္ဆုတ္သြားတယ္ဆုိတဲ့ အေနအထားျဖစ္ပါတယ္။ ဒါေပမဲ့ ဆုတ္သြားတဲ့ လမ္းမွာကေတာ့ ၾကိဳၾကားၾကိဳၾကားေတာ့ တိုက္ပဲြက ျပန္ျဖစ္တဲ့ သတင္းေတြကေတာ့ ထြက္ပါတယ္။ ေအာက္ေျခကေတာ့ သတင္းက မတက္ေသးဘူးခင္ဗ်။ ”

ဒီလ ၁၁ရက္ေန႔က မူဆယ္ၿမိဳ႔ အေရွ႔ဘက္ျခမ္းမွာရိွတဲ့ KIA တပ္အေျခစိုက္နယ္ေျမေတြမွာ တုိက္ပဲြျဖစ္ခဲ့ၿပီး ၂၀ရက္ေန႔ေနာက္ပိုင္းမွာ တိုက္ပဲြေတြ ျပင္းထန္ခဲ့တာပါ။

ေဒသခံေတြအၾကားမွာေတာ့ ဒီတုိက္ပဲြျဖစ္ပြားစဥ္ တပ္မေတာ္က စစ္ကူပို႔ရာမွာ KIA က ၾကားျဖတ္ တိုက္ခိုက္တဲ့အတြက္ အရပ္သားကားေတြနဲ႔ စစ္ကူပို႔ေဆာင္ေနေၾကာင္း၊ ဒါေၾကာင့္ အရပ္သားကားေတြ သြားလာရင္ ပံုမွန္အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ဖုိ႔၊ မွန္ခ်ထားဖို႔၊ ကုန္ကားေတြမွာ မိုးကာ အလံုမအုပ္ဖုိ႔ KIAက သတိေပးထားတယ္ဆုိတဲ့ သတင္းေတြလည္း ပ်ံႏွံေနပါတယ္။

ဗိုလ္မႈးၾကီးေနာ္ဘူကေတာ့ KIA အေနနဲ႔ ဒီသတိေပးခ်က္ကို တရား၀င္ ထုတ္ျပန္တာမရိွေၾကာင္းေျပာဆိုၿပီးလက္ရိွအေျခအေနမွာေတာ့ အရပ္သားကားေတြအေနနဲ႔လည္း အသြားအလာ သတိရိွဖုိ႔ လုိအပ္ေၾကာင္း ေျပာပါတယ္။

“ ရွမ္းေျမာက္ဘက္ကေတာ့ တပ္မေတာ္က ဒီ KIA တပ္စခန္းေတြမွာ ထိုးစစ္ဆင္ေနတဲ့အခါက်ရင္ တိုက္ပဲြေတြကေတာ့ ေနရာမေရြးျဖစ္ႏိုင္တဲ့ အေနအထားေတြလည္း ရိွတာေပါ့။ အဲဒါေၾကာင့္ ျပည္သူလူထုလည္း အားလံုးကေတာ့ သတိထားဖို႔ လိုတဲ့ အေနအထားျဖစ္တယ္ဆုိတာ က်ေနာ္ ေျပာလုိပါတယ္။”

ဒီလ ၂၄ရက္ေန႔ကေတာ့ မူဆယ္ၿမိဳ႔က ျပည္သူ႔စစ္ပိုင္ ဟိုတယ္တခုနဲ႔ တပ္မေတာ္တပ္စခန္းတခုကို အမည္မသိလက္နက္ကိုင္ေတြက ၀င္ေရာက္ပစ္ခတ္တာေတြ ျဖစ္ခဲ့ပါတယ္။

မူဆယ္ဘက္ စစ္ေရးတင္းမာေနတဲ့အခ်ိန္မွာပဲ ရွမ္းျပည္နယ္ ေျမာက္ပိုင္းက နမၼတူနဲ႔ ေက်ာက္မဲၿမိဳ႔နယ္ေတြအတြင္းမွာေတာ့ TNLA တအန္း(ပေလာင္)နဲ႔ SSPP ရွမ္းျပည္တပ္မေတာ္ေျမာက္ပိုင္း ပူးေပါင္းတပ္ေတြနဲ႔ RCSS ရွမ္းျပည္တပ္မေတာ္ ေတာင္ပိုင္းအၾကားမွာ တုိက္ပဲြေတြ ဆက္လက္ ျပင္းထန္ေနပါတယ္။

လက္ရိွမွာ နမၼတူၿမိဳ႔နယ္ မန္စံရြာအနီးမွာ တုိက္ပဲြေတြ ၃ရက္ဆက္တုိက္ ျဖစ္ပြားေနၿပီး စစ္ေရွာင္ေတြလည္း ေရာက္ရိွေနေၾကာင္းကို မန္စံရြာက စစ္ေရွာင္အေရး ကူညီေနသူတစ္ဦးက ေျပာပါတယ္။

“ အခု စကားေျပာတံုးပဲ လက္နက္သံေတြ ၾကားေနရတယ္။ သူက ၾကိဳၾကား ၾကိဳးၾကားျဖစ္လိုက္ နားလုိက္ေပါ့။ အခုဒီ မြန္းလဲြ ၂နာရီ ၁၀မိနစ္ေလာက္ကေနစၿပီးေတာ့ အသံေတြ ျပန္ထပ္ၾကားလာရတဲ့အေျခအေနပဲခင္ဗ်။ ဒီနားတ၀ိႈက္မွာ ျဖစ္ေနတာကေတာ့ ေဖေဖာ္၀ါရီ ၂ရက္ေပါ့ေနာ္။ ၂ရက္ေန႔က ပတ္ျခာလွည့္ျဖစ္ေနတာ။ ျပင္းျပင္းထန္ထန္ျဖစ္တာကေတာ့ ဒီ ၃- ၄ ရက္ပဲခင္ဗ်။ ”

တိုက္ပြဲေတြအတြင္း ထိခိုက္ဒဏ္ရာရေသဆံုးတဲ့ အေျခအေနေတြကိုေတာ့ မသိရေသးပါဘူး။

ဒီရက္ျဖစ္တဲ့ တုိက္ပဲြေၾကာင့္ ေနာင္ေအာနဲ႔ နားက်ိဳင္းရြာက ေဒသခံ ၁၃၀ေလာက္ ထပ္မံတိမ္းေရွာင္လာေနၿပီး အရင္ ေရာက္ရိွၿပီးသူနဲ႔ဆုိ မန္စံရြာဘုန္းၾကီးေက်ာင္း ၂ေက်ာင္းမွာ စစ္ေရွာင္ ၃၀၀နီးပါး ေရာက္ေနေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ေက်ာက္မဲၿမိဳ႔နယ္ ေတာ့ဆန္ရြာဘက္မွာလည္း တိုင္းရင္းသားလက္နက္ကိုင္ ၃ဖဲြ႔အၾကား တိုက္ပဲြေတြ ဆက္လက္ျဖစ္ပြားေနသလို စစ္ေရွာင္ေတြလည္း ေနရပ္မျပန္ႏိုင္ေသးေၾကာင္း အုမ္းငန္းရြာက ေက်ာင္းထုိင္ဆရာေတာ္က မိန္႔ၾကားပါတယ္။

“ ေတာ့ဆန္ကေတာ့ မေန႔ကေတာ့ ဒုန္းဒုန္းဒိုင္းဒိုင္း အသံၾကားေနတံုးပဲ။ မေန႔ညက ၁၀နာရီ ထိေတာင္ ျဖစ္တယ္။ ၅နာရီတည္းက စျဖစ္တယ္။ မေန႔ကေတာ့ ကေလာ၀ိုင္းမွာေတာ့ လက္နက္ ထိတာ ၂ေယာက္လုိ႔ ၾကားေနရတယ္။ ရြာမွာေတာ့ ဒီမွာ စစ္ေဘးေရွာင္ ၈၅။ ပန္ဆန္မွာေတာ့ ကေလာ၀ိုင္းရယ္၊ ေတာင္ပလုိ႔ရယ္၊ ကုန္းသာရြာသစ္ရယ္၊ ေနာက္ၿပီးေတာ့ တံုထန္ရယ္ ေပါင္းၿပီးေတာ့ ပန္ဆန္မွာေတာ့ ၄၅၀ေလာက္ရိွတယ္။ ကန္႔ကန္မွာက ၂၀၀ေလာက္ရိွတယ္။ ပန္ဆန္မွာ ရိွမယ္။ အုမ္းငန္းမွာ ရိွမယ္။ ကန္႔ကန္မွာ ရိွမယ္။ စစ္ေဘးေရွာင္စခန္းကေတာ့ ၃ခန္းေလာက္ရိွတယ္။”

ေက်ာက္မဲၿမိဳ႔နယ္က စစ္ေရွာင္ေတြကေတာ့ ဒီလ ၁၆ရက္ေန႔တည္းက စတင္ေရာက္ရိွေနတာျဖစ္ၿပီး ရိကၡာအခက္အခဲ ရိွေနပါတယ္။

အုမ္းငန္းဆရာေတာ္ကေတာ့ လက္နက္ကိုင္တုိက္ပဲြေတြ ရပ္ဆုိင္းဖို႔အတြက္ အခုလို ပန္႔ၾကားထားပါတယ္။

“ လက္နက္ကိုင္ ၂ဖဲြ႔လံုး အေနနဲ႔ တိုက္ပဲြေတြ ရပ္တန္႔သင့္ပါၿပီ။ ျပည္သူလူထုေတြကလည္း ေတာ္ေတာ္ေလး ဒုကၡဆင္းရဲေတြ ေရာက္ေနတာ။ ကုိယ့္အိမ္ကိုလည္း ျပန္ခ်င္ေနၿပီ၊ ကိုယ့္အိမ္က အလုပ္ကိုလည္း ျပန္လုပ္ခ်င္ေနၿပီ။ ခန ခန ေမးေနတာ။ ျပန္ခ်င္တယ္ အဲလုိ ေျပာေနတာေလ။ ႏွစ္ဘက္လံုးကို ေမတၱာရပ္ခံခ်င္တာကေတာ့ တိုက္ပဲြမျဖစ္ၾကပါနဲ႔။ ၿပီးေတာ့ ျပည္သူလူထုေတြ ျပန္သြားရင္လည္း ျပည္သူလူထုေတြကို မႏွိပ္စက္ပါနဲ႔၊ မဖိႏွိပ္ပါနဲ႔၊ မခ်ဳပ္ျခယ္ပါနဲ႔၊ အႏိုင္မက်င့္ပါနဲ႔ေပါ့။ အဲလို ေမတၱာရပ္ခံခ်င္ပါတယ္။”

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလနဲ႔ ဇန္န၀ါရီလအတြင္းကလည္း တုိင္းရင္းသားလက္နက္ကိုအဖဲြ႔ေတြအၾကား တိုက္ပဲြေတြ ျပင္းထန္ခဲ့တာေၾကာင့္ ေဒသခံေတြ ေထာင္နဲ႔ခ်ီၿပီး တိမ္းေရွာင္ခဲ့ရပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ လတ္တေလာ ျဖစ္ပြားေနတဲ့ တုိက္ပဲြေတြနဲ႔ ပတ္သက္ၿပီး တပ္မေတာ္ဘက္ သတင္းထုတ္ျပန္တာေတာ့ မေတြ႔ရပါဘူး။

......................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတာကြောင့် ကားအသွားအလာတွေ သတိထားဖို့ KIA ဘက်က ပြောဆိုလိုက်ပြီး နမ္မတူနဲ့ ကျောက်မဲခရိုင်အတွင်းမှာတော့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြားတိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် စစ်ရှောင်တွေ နေရပ်မပြန်နိုင်ဖြစ်နေပါတယ်။ ဒီသတင်းတွေကို VOA မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြပါမယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား ဒီလ ၂၀ရက်နေ့တည်းက တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ခဲ့တာပါ။

လောလောဆယ်မှာတော့ တိုက်ပွဲတွေ ရပ်ဆိုင်းနေပြီး အခြေအနေက ရှုပ်ထွေးနေကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မူဆယ်ဘက် တိုက်ပွဲအခြေအနေကတော့ တနေ့ကပေါ့နော်။ တနေ့က နောက်ဆုံးဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တာကတော့။ တပ်မတော်ဘက်က ထိုးတဲ့ စစ်ကြောင်းတွေလည်း အကုန်လုံးကတော့ ပြန်ဆုတ်သွားတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမဲ့ ဆုတ်သွားတဲ့ လမ်းမှာကတော့ ကြိုကြားကြိုကြားတော့ တိုက်ပွဲက ပြန်ဖြစ်တဲ့ သတင်းတွေကတော့ ထွက်ပါတယ်။ အောက်ခြေကတော့ သတင်းက မတက်သေးဘူးခင်ဗျ။ ”

ဒီလ ၁၁ရက်နေ့က မူဆယ်မြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ KIA တပ်အခြေစိုက်နယ်မြေတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ၂၀ရက်နေ့နောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

ဒေသခံတွေအကြားမှာတော့ ဒီတိုက်ပွဲဖြစ်ပွားစဉ် တပ်မတော်က စစ်ကူပို့ရာမှာ KIA က ကြားဖြတ် တိုက်ခိုက်တဲ့အတွက် အရပ်သားကားတွေနဲ့ စစ်ကူပို့ဆောင်နေကြောင်း၊ ဒါကြောင့် အရပ်သားကားတွေ သွားလာရင် ပုံမှန်အမြန်နှုန်းနဲ့ မောင်းနှင်ဖို့၊ မှန်ချထားဖို့၊ ကုန်ကားတွေမှာ မိုးကာ အလုံမအုပ်ဖို့ KIAက သတိပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ပျံနှံနေပါတယ်။

ဗိုလ်မှုးကြီးနော်ဘူကတော့ KIA အနေနဲ့ ဒီသတိပေးချက်ကို တရားဝင် ထုတ်ပြန်တာမရှိကြောင်းပြောဆိုပြီး လက်ရှိအခြေအနေမှာတော့ အရပ်သားကားတွေအနေနဲ့လည်း အသွားအလာ သတိရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“ ရှမ်းမြောက်ဘက်ကတော့ တပ်မတော်က ဒီ KIA တပ်စခန်းတွေမှာ ထိုးစစ်ဆင်နေတဲ့အခါကျရင် တိုက်ပွဲတွေကတော့ နေရာမရွေးဖြစ်နိုင်တဲ့ အနေအထားတွေလည်း ရှိတာပေါ့။ အဲဒါကြောင့် ပြည်သူလူထုလည်း အားလုံးကတော့ သတိထားဖို့ လိုတဲ့ အနေအထားဖြစ်တယ်ဆိုတာ ကျနော် ပြောလိုပါတယ်။”

ဒီလ ၂၄ရက်နေ့ကတော့ မူဆယ်မြို့က ပြည်သူ့စစ်ပိုင် ဟိုတယ်တခုနဲ့ တပ်မတော်တပ်စခန်းတခုကို အမည်မသိလက်နက်ကိုင်တွေက ဝင်ရောက်ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။

မူဆယ်ဘက် စစ်ရေးတင်းမာနေတဲ့အချိန်မှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်းက နမ္မတူနဲ့ ကျောက်မဲမြို့နယ်တွေအတွင်းမှာတော့ TNLA တအန်း(ပလောင်)နဲ့ SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ပူးပေါင်းတပ်တွေနဲ့ RCSS ရှမ်းပြည်တပ်မတော် တောင်ပိုင်းအကြားမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

လက်ရှိမှာ နမ္မတူမြို့နယ် မန်စံရွာအနီးမှာ တိုက်ပွဲတွေ ၃ရက်ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ရှောင်တွေလည်း ရောက်ရှိနေကြောင်းကို မန်စံရွာက စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“ အခု စကားပြောတုံးပဲ လက်နက်သံတွေ ကြားနေရတယ်။ သူက ကြိုကြား ကြိုးကြားဖြစ်လိုက် နားလိုက်ပေါ့။ အခုဒီ မွန်းလွဲ ၂နာရီ ၁၀မိနစ်လောက်ကနေစပြီးတော့ အသံတွေ ပြန်ထပ်ကြားလာရတဲ့အခြေအနေပဲခင်ဗျ။ ဒီနားတဝှိုက်မှာ ဖြစ်နေတာကတော့ ဖေဖော်ဝါရီ ၂ရက်ပေါ့နော်။ ၂ရက်နေ့က ပတ်ခြာလှည့်ဖြစ်နေတာ။ ပြင်းပြင်းထန်ထန်ဖြစ်တာကတော့ ဒီ ၃- ၄ ရက်ပဲခင်ဗျ။ ”

တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရသေဆုံးတဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒီရက်ဖြစ်တဲ့ တိုက်ပွဲကြောင့် နောင်အောနဲ့ နားကျိုင်းရွာက ဒေသခံ ၁၃၀လောက် ထပ်မံတိမ်းရှောင်လာနေပြီး အရင် ရောက်ရှိပြီးသူနဲ့ဆို မန်စံရွာဘုန်းကြီးကျောင်း ၂ကျောင်းမှာ စစ်ရှောင် ၃၀၀နီးပါး ရောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ကျောက်မဲမြို့နယ် တော့ဆန်ရွာဘက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေသလို စစ်ရှောင်တွေလည်း နေရပ်မပြန်နိုင်သေးကြောင်း အုမ်းငန်းရွာက ကျောင်းထိုင်ဆရာတော်က မိန့်ကြားပါတယ်။

“ တော့ဆန်ကတော့ မနေ့ကတော့ ဒုန်းဒုန်းဒိုင်းဒိုင်း အသံကြားနေတုံးပဲ။ မနေ့ညက ၁၀နာရီ ထိတောင် ဖြစ်တယ်။ ၅နာရီတည်းက စဖြစ်တယ်။ မနေ့ကတော့ ကလောဝိုင်းမှာတော့ လက်နက် ထိတာ ၂ယောက်လို့ ကြားနေရတယ်။ ရွာမှာတော့ ဒီမှာ စစ်ဘေးရှောင် ၈၅။ ပန်ဆန်မှာတော့ ကလောဝိုင်းရယ်၊ တောင်ပလို့ရယ်၊ ကုန်းသာရွာသစ်ရယ်၊ နောက်ပြီးတော့ တုံထန်ရယ် ပေါင်းပြီးတော့ ပန်ဆန်မှာတော့ ၄၅၀လောက်ရှိတယ်။ ကန့်ကန်မှာက ၂၀၀လောက်ရှိတယ်။ ပန်ဆန်မှာ ရှိမယ်။ အုမ်းငန်းမှာ ရှိမယ်။ ကန့်ကန်မှာ ရှိမယ်။ စစ်ဘေးရှောင်စခန်းကတော့ ၃ခန်းလောက်ရှိတယ်။”

ကျောက်မဲမြို့နယ်က စစ်ရှောင်တွေကတော့ ဒီလ ၁၆ရက်နေ့တည်းက စတင်ရောက်ရှိနေတာဖြစ်ပြီး ရိက္ခာအခက်အခဲ ရှိနေပါတယ်။

အုမ်းငန်းဆရာတော်ကတော့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် အခုလို ပန့်ကြားထားပါတယ်။

“ လက်နက်ကိုင် ၂ဖွဲ့လုံး အနေနဲ့ တိုက်ပွဲတွေ ရပ်တန့်သင့်ပါပြီ။ ပြည်သူလူထုတွေကလည်း တော်တော်လေး ဒုက္ခဆင်းရဲတွေ ရောက်နေတာ။ ကိုယ့်အိမ်ကိုလည်း ပြန်ချင်နေပြီ၊ ကိုယ့်အိမ်က အလုပ်ကိုလည်း ပြန်လုပ်ချင်နေပြီ။ ခန ခန မေးနေတာ။ ပြန်ချင်တယ် အဲလို ပြောနေတာလေ။ နှစ်ဘက်လုံးကို မေတ္တာရပ်ခံချင်တာကတော့ တိုက်ပွဲမဖြစ်ကြပါနဲ့။ ပြီးတော့ ပြည်သူလူထုတွေ ပြန်သွားရင်လည်း ပြည်သူလူထုတွေကို မနှိပ်စက်ပါနဲ့၊ မဖိနှိပ်ပါနဲ့၊ မချုပ်ခြယ်ပါနဲ့၊ အနိုင်မကျင့်ပါနဲ့ပေါ့။ အဲလို မေတ္တာရပ်ခံချင်ပါတယ်။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်းကလည်း တိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံတွေ ထောင်နဲ့ချီပြီး တိမ်းရှောင်ခဲ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက် သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG