သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း UNGA မိန္႔ခြန္းအျပည့္အစံု


ကုလ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း UNGA မွာ မိန္႔ခြန္းေျပာ (ေဖေဖာ္၀ါရီလ ၂၆ ရက္ ၂၀၂၁)

(Zawgyi/Unicode)

သဘာပတိႀကီးခင္ဗ်ား

အထူးကိုယ္စားလွယ္ Christine Schraner Burgener ရဲ႕ ျပည့္စံုတဲ့ ရွင္းလင္းတင္ျပခ်က္နဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ ဆက္လက္ေထာက္ခံ ေျပာဆိုသြားတာေတြအေပၚ ေက်းဇူးတင္ပါတယ္။

က်ေနာ့္အေနနဲ႔ ျမန္မာလူထုကေရြးခ်ယ္ထားတဲ့ NLD ဦးေဆာင္တဲ့ အရပ္သားအစိုးရကို ကိုယ္စားျပဳသြားမယ္ဆိုတာကို ကနဦးအားျဖင့္ တင္ျပလိုပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးၿပီးခ်င္းမွာပဲ ေဖေဖာ္ဝါရီလ ၅ရက္ေန႔မွာ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကို ဖဲြ႕စည္းခဲ့ပါတယ္။ မၾကာေသးခင္က က်င္းပခဲ့တဲ့ လြတ္လပ္ၿပီးမွ်တဲ့ ေရြးေကာက္ပဲြကေန ျမန္မာလူထုက ဒီမိုကေရစီနည္းက်ေရြးခ်ယ္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ဖဲြ႕စည္းခဲ့တဲ့အဖဲြ႕အစည္းျဖစ္ပါတယ္။

သဘာပတိႀကီးခင္ဗ်ား၊

ဒီ CRPH က ေပးပို႔လိုက္တဲ့ စာကို အခု ဒီအစည္အးေ၀းႀကီးမွာ ဖတ္ၾကားလိုပါတယ္။

(CPRH ေၾကညာခ်က္)

သဘာပတိႀကီးခင္ဗ်ား

" ဒီမိုကေရစီဖံြ႔ၿဖိဳးစ ျမန္မာႏိ္ုင္ငံမွာ လြတ္လပ္ၿပီးမွ်တတဲ့ အေထြေထြေရြးေကာက္ပဲြကို ၂၀၂၀ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့ၿပီး၊ ဒါဟာ သမိုင္းမွာ အထင္ကရလည္းရွိခဲ့ပါတယ္။ ျမန္မာလူထုဟာ ေရြးေကာက္ပဲြမွာ သူတို႔မဲျပားေတြကတဆင့္ ဒီမိုကေရစီလိုလား ထက္သန္မႈေတြကို ျပသခဲ့ၿပီးပါၿပီ။ ဒီမိုကေရစီ စံႏႈန္း စံထားေတြ ျပည့္၀တဲ့ႏိုင္ငံ၊ ၿငိမ္းခ်မ္းေရးကို ျမတ္ႏိုးသူတိုင္း တိုင္းျပည္ထူေထာင္ေရးမွာ ပါ၀င္ႏိုင္တဲ့ ႏိုင္ငံ အျဖစ္ တည္ေဆာက္လိုတယ္ဆိုတဲ့ ဆႏၵကို သူတို႔ျပသခဲ့ပါၿပီ။ အေထြေထြေရြးေကာက္ပဲြမွာ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္က အျပတ္အသတ္အႏိုင္ရခဲ့ပါတယ္။ ဒီမိုကေရစီစံႏႈန္းေတြအရ ၿငိမ္းခ်မ္းၿပီး အလားအလာေကာင္းမြန္တဲ့ တိုင္းျပည္ျဖစ္လာေစေရး ခရီးလမ္းေၾကာင္းမွာ အတားအဆီးေတြကို ေက်ာ္ျဖတ္ႏိုင္ဖို႔၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေနာက္မွာ တညီတၫြတ္တည္းရပ္တည္ေနတယ္ဆိုတာကို ျပလိုက္တာပါပဲ။"

သဘာပတိႀကီးခင္ဗ်ား ။

ျပည္သူလူထုရဲ႕ ဒီလို ဆႏၵသေဘာထားေတြကို မ်က္ကြယ္ျပဳၿပီး၊ တပ္မေတာ္ဟာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ ႏိုင္ငံေတာ္အာဏာသိမ္းယူလိုက္ပါတယ္။ အဲဒီေန႔ဟာ လြတ္ေတာ္သစ္ကို စတင္ေခၚယူရမယ့္ေန႔လည္းျဖစ္ပါတယ္။ စစ္တပ္ဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦး၀င္းျမင့္နဲ႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြ အရပ္ဖက္တတ္ႂကြလႈပ္ရွားသူေတြကို ဖမ္းဆီးခဲ့ပါတယ္။ အဲဒီအခ်ိန္ကစလို႔ အလႊာေပါင္းစံုျပည္သူလူထုဟာ လမ္းမေတြေပၚထြက္ၿပီး စစ္အာဏာသိမ္းမႈအေပၚ မေက်နပ္ဘူးဆိုတာ ျပသခဲ့ပါတယ္။ ဖမ္းဆီးထားသူအားလံုးကို ျပန္လႊတ္ဖို႔နဲ႔ ေရြးခ်ယ္ခံအစိုးရကတဆင့္ ႏိုင္ငံေတာ္အာဏာကို လူထုကို ျပန္အပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ျမန္မာလူထုဟာ ဒီေတာင္းဆိုခ်က္ေတြ ေအာင္ျမင္လာရမယ္လို႔ စိတ္ပိ္ုင္းျဖတ္ထားၾကပါတယ္။ စစ္တပ္ကအာဏာသိမ္းတယ္ဆိုတာဟာ ဒီေန႔ေခတ္ကမ႓ာမွာ ဘယ္လိုမွ လက္ခံလို႔မရဘူးဆိုတဲ့ အတြင္းေရးမႈးခ်ဳပ္ေျပာဆိုတာကို က်ေနာ္သေဘာတူပါတယ္၊ အာဏာသိမ္းမႈ က်ရံႈးရမွာပါ။

စစ္အာဏာသိမ္းမႈ က်ရံႈးဖို႔ ဥပေဒနဲ႕မညီဖမ္းဆီးခံရသူေတြ ခ်က္ခ်င္းလြတ္လာဖို႔ ႏိုင္ငံေတာ္အာဏာကို ျပည္သူကို ျပန္အပ္ဖို႔ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္တည္ေဆာက္ဖို႔ေတြအတြက္ ျမန္မာလူထုဟာ တညီတၫြတ္တည္း ဆက္လက္႐ုန္းကန္ရပ္တည္သြားၾကမွာျဖစ္ပါတယ္။ စစ္အာဏာသိမ္းၿပီးကတည္းက ႏိုင္ငံတ၀ွမ္း တေလွ်ာက္လံုးျဖစ္လာေနတဲ့ ဆႏၵျပမႈေတြက သက္ေသခံေနပါတယ္။ ဟိုးအရင္တုန္းၾကံဳခဲ့ရတဲ့ စနစ္မ်ိဳး က်ေနာ္တို႔ ျပန္မသြားလိုၾကဘူးဆိုတာ အေတာ့္ကို ရွင္းလင္းျပတ္သားေနပါတယ္။ ဒီေနရာမွာ Freedom from Fear ေၾကာက္ရံြ႕မႈက လြတ္ကင္းေရးဆိုတဲ့ ေဒၚေအာင္ဆန္းစုၾကည္ စာအုပ္ထဲက စကားကို ျပန္လည္ကိုးကားလိုပါတယ္။

အေျခခံအက်ဆံုးလူ႔အခြင့္အေရးေတြ ျငင္းပယ္ခံရတဲ့ စနစ္ႀကီးထဲမွာ အေၾကာက္တရားဆိုတာဟာ ေန႔စဥ္ၾကံဳရမယ့္အရာ ဆိုတာပါပဲ။

ဒီလို အေရးႀကီးတဲ့ အခိုက္အတန႔္မွာ စစ္အစိုးရကို ဆန႔္က်င္ကန႔္ကြက္ေနၾကတဲ့ ျမန္မာျပည္သူေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ဆက္လက္ အခိုင္အမာ ေထာက္ခံဖို႔က အေရးႀကီးလွပါတယ္။ ျမန္မာျပည္သူေတြကို ေထာက္ခံေၾကာင္း အေလးအနက္ အားေပးၾကတဲ့ ႏိုင္ငံအားလုံးကို ေက်းဇူးတင္ရွိပါတယ္။ အတြင္းေရးမႉးခ်ဳပ္၊ အထူးကိုယ္စားလွယ္နဲ႔ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္တို႔ကိုလည္း ေက်းဇူးတင္ပါတယ္။

ဒါေပမဲ့ ျမန္မာျပည္သူေတြကေတာ့ ကူမယ့္သူ ကင္းမဲ့ေနဆဲပါဘဲ။ သဘာပတိႀကီးနဲ႔ သံအမတ္ႀကီးမ်ားခင္ဗ်ား၊ လက္ရွိေထာက္ခံမႈေတြအျပင္၊ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ စစ္အာဏာသိမ္းမႈခ်က္ခ်င္း အဆုံးသတ္ေရး၊ အျပစ္မဲ့ျပည္သူေတြကို ႏွိပ္ကြပ္တာေတြ ရပ္တန႔္ေရး၊ ႏိုင္ငံေတာ္အာဏာျပည္သူေတြထံ ျပန္လည္အပ္ႏွင္းေရးနဲ႔ ဒီမိုကေရစီ ျပန္လည္ရွင္သန္ေရးအတြက္ အျပင္းထန္ဆုံးအေရးယူမႈေတြ က်ေနာ္တို႔ လိုအပ္ေနဆဲျဖစ္ပါတယ္။ဒါ့ေၾကာင့္ အဖြဲ႕ဝင္ႏိုင္ငံအားလုံးနဲ႔ ကုလသမဂၢအဖြဲ႕ႀကီးကို ေအာက္ ေဖၚျပပါအခ်က္ေတြ ေဆာင္က်ဥ္းေပးဖို႔ ပန္ၾကားပါရေစ။

၁။ စစ္အာဏာသိမ္းမႈကို ျပင္းထန္စြာ အျပစ္တင္ရႈတ္ခ်ေၾကာင္း လူသိရွင္ၾကားထုတ္ျပန္ေပးရန္။

၂။ အုပ္ခ်ဳပ္မႈေကာင္စီနဲ႔ စစ္အစိုးရကို ဘယ္လိုနည္းနဲ႔မွ အသိအမွတ္ မျပဳရန္။

၃။ လြတ္လပ္ၿပီး တရားမွ်တတဲ့ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ ရလဒ္ကို စစ္အစိုးရ ေလးစားလိုက္နာဖို႔ တိုက္တြန္းေပးပါရန္။

၄။ ႏိုင္ငံေတာ္ရဲ႕ အာဏာကို ေ႐ြးေကာက္ခံအစိုးရကတဆင့္ ျပည္သူ႔ထံ ျပန္လည္ မအပ္ႏွင္း မခ်င္း၊ စစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳပါရန္။

၅။ လုံၿခဳံေရးတပ္ဖြဲ႕ေတြက ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖၚသူေတြကို အၾကမ္းဖက္၊ အင္အားသုံးႏွိပ္ကြပ္တဲ့ လုပ္ရပ္ေတြ ရပ္တန႔္သြားေအာင္ အျပင္းထန္ဆုံးနဲ႔ အျဖစ္ႏိုင္ဆုံး အေရးယူမႈေတြနဲ႔ စစ္အာဏာသိမ္းမႈ ခ်က္ခ်င္းရပ္တန႔္ေအာင္ ဟန႔္တားေပးပါရန္။

၆။ CRPH ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာက္မတီကို ေထာက္ခံပါရန္ ပန္ၾကားအပ္ပါတယ္။

နိဂုံးခ်ဳပ္အေနနဲ႔၊ သဘာပတိႀကီးခင္ဗ်ား။ ျပည္သူကေန၊ ျပည္သူ႔အတြက္ေ႐ြးခ်ယ္ေပးတဲ့ ျပည္သူ႔အစိုးရ အတြက္ က်ေနာ္တို႔ ဆက္လက္ တိုက္ပြဲဝင္ၾကမွာျဖစ္ပါတယ္။ ဒီမိုကရက္တစ္ ဖယ္ဒရယ္ျပည္ေထာင္စု ထူေထာင္ၾကဖို႔အတြက္ ျပည္သူေတြနဲ႔အတူ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဦးေဆာင္တဲ့ အစိုးရက ႏွစ္ဆတိုး ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

သဘာပတိႀကီးခင္ဗ်ား။

က်ေနာ္တို႔ရဲ႕ ျပည္တြင္း ျပည္ပက ျမန္မာျပည္သူေတြ၊ ဒီအစည္းအေဝးကို အထူးစိတ္ဝင္တစား ၾကည့္ေနၾကမယ္လို႔ ယုံၾကည္ပါတယ္။ ဒါ့ေၾကာင့္ ျမန္မာလို စကားေျပာခြင့္ျပဳပါ ခင္ဗ်ား။

မဂၤလာပါ။

ညီအစ္ကိုေမာင္ႏွမမ်ားနဲ႔ ေသြးခ်င္း ညီေနာင္ သားခ်င္မ်ားခင္ဗ်ာ၊ မိမိတုိ႔ ေဆာင္ရြက္ေနတဲ့ စစ္တပ္ အာဏာသိမ္းမႈ ခ်က္ခ်င္း အဆုံးသတ္ေရး၊ မိမိတုိ႔ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီး ဦး၀င္းျမင့္ နဲ႔ တျခား မတရားထိန္းသိမ္းခံထားရသူမ်ား ခ်က္ခ်င္း လႊတ္ေပးေရး၊ ႏုိင္ငံေတာ္အာဏာျပည္သူ႔ထံ ျပန္လည္ရရွိေရး၊ ဒီမုိကေရစီျပန္လည္ရရွိေရး နဲ႔ ဒီမုိကရက္တစ္ဖယ္ဒရယ္ ျပည္ေထာင္စု တည္ေထာင္ေရး နဲ႔ ဒီအေရးေတာ္ပုံႀကီးေအာင္ျမင္ေရးကို မိမိတုိ႔အလႊာအသီးသီးမွာ ျပည္သူျပည္သားမ်ားအားလုံး စည္းစည္းလုံးလုံးညီညီညြတ္ညြတ္နဲ႔ အတူတကြလက္တဲြေဆာင္ရြက္ေနတာကို အထူးေက်းဇူးတင္ရွိပါတယ္။ ဆက္လက္ေဆာင္ရြက္သြားၾကဖို႔ကိုလည္း ေမတၱာရပ္ခံ တုိက္တြန္းအပ္ပါတယ္ခင္ဗ်ာ။

ဒီအေရးေတာ္ပုံ မုခ်ေအာင္ျမင္ရမည္ျဖစ္ပါတယ္။ ျပည္သူသာအဓိကပါ။

အေရးေတာ္ပုံ .. ေအာင္ရမည္။

ေက်းဇူးတင္ပါတယ္ သဘာပတိႀကီးခင္ဗ်ား။

...............

ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း UNGA မိန့်ခွန်းအပြည့်အစုံ

(Unicode)

သဘာပတိကြီးခင်ဗျား

အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ ပြည့်စုံတဲ့ ရှင်းလင်းတင်ပြချက်နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆက်လက်ထောက်ခံ ပြောဆိုသွားတာတွေအပေါ် ကျေးဇူးတင်ပါတယ်။

ကျနော့်အနေနဲ့ မြန်မာလူထုကရွေးချယ်ထားတဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုသွားမယ်ဆိုတာကို ကနဦးအားဖြင့် တင်ပြလိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးမျှတဲ့ ရွေးကောက်ပွဲကနေ မြန်မာလူထုက ဒီမိုကရေစီနည်းကျရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား၊

ဒီ CRPH က ပေးပို့လိုက်တဲ့ စာကို အခု ဒီအစည်အးဝေးကြီးမှာ ဖတ်ကြားလိုပါတယ်။

(CPRH ကြေညာချက်)

သဘာပတိကြီးခင်ဗျား

" ဒီမိုကရေစီဖွံ့ဖြိုးစ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပြီး၊ ဒါဟာ သမိုင်းမှာ အထင်ကရလည်းရှိခဲ့ပါတယ်။ မြန်မာလူထုဟာ ရွေးကောက်ပွဲမှာ သူတို့မဲပြားတွေကတဆင့် ဒီမိုကရေစီလိုလား ထက်သန်မှုတွေကို ပြသခဲ့ပြီးပါပြီ။ ဒီမိုကရေစီ စံနှုန်း စံထားတွေ ပြည့်ဝတဲ့နိုင်ငံ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်နိုင်တဲ့ နိုင်ငံ အဖြစ် တည်ဆောက်လိုတယ်ဆိုတဲ့ ဆန္ဒကို သူတို့ပြသခဲ့ပါပြီ။ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေအရ ငြိမ်းချမ်းပြီး အလားအလာကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်လာစေရေး ခရီးလမ်းကြောင်းမှာ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီတညွတ်တည်းရပ်တည်နေတယ်ဆိုတာကို ပြလိုက်တာပါပဲ။"

သဘာပတိကြီးခင်ဗျား ။

ပြည်သူလူထုရဲ့ ဒီလို ဆန္ဒသဘောထားတွေကို မျက်ကွယ်ပြုပြီး၊ တပ်မတော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပါတယ်။ အဲဒီနေ့ဟာ လွတ်တော်သစ်ကို စတင်ခေါ်ယူရမယ့်နေ့လည်းဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အရပ်ဖက်တတ်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အလွှာပေါင်းစုံပြည်သူလူထုဟာ လမ်းမတွေပေါ်ထွက်ပြီး စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်ဘူးဆိုတာ ပြသခဲ့ပါတယ်။ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့နဲ့ ရွေးချယ်ခံအစိုးရကတဆင့် နိုင်ငံတော်အာဏာကို လူထုကို ပြန်အပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာလူထုဟာ ဒီတောင်းဆိုချက်တွေ အောင်မြင်လာရမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာဟာ ဒီနေ့ခေတ်ကမ္ဘာမှာ ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတဲ့ အတွင်းရေးမှုးချုပ်ပြောဆိုတာကို ကျနော်သဘောတူပါတယ်၊ အာဏာသိမ်းမှု ကျရှုံးရမှာပါ။

စစ်အာဏာသိမ်းမှု ကျရှုံးဖို့ ဥပဒေနဲ့မညီဖမ်းဆီးခံရသူတွေ ချက်ချင်းလွတ်လာဖို့ နိုင်ငံတော်အာဏာကို ပြည်သူကို ပြန်အပ်ဖို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို့တွေအတွက် မြန်မာလူထုဟာ တညီတညွတ်တည်း ဆက်လက်ရုန်းကန်ရပ်တည်သွားကြမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝှမ်း တလျှောက်လုံးဖြစ်လာနေတဲ့ ဆန္ဒပြမှုတွေက သက်သေခံနေပါတယ်။ ဟိုးအရင်တုန်းကြုံခဲ့ရတဲ့ စနစ်မျိုး ကျနော်တို့ ပြန်မသွားလိုကြဘူးဆိုတာ အတော့်ကို ရှင်းလင်းပြတ်သားနေပါတယ်။ ဒီနေရာမှာ Freedom from Fear ကြောက်ရွံ့မှုက လွတ်ကင်းရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ထဲက စကားကို ပြန်လည်ကိုးကားလိုပါတယ်။

အခြေခံအကျဆုံးလူ့အခွင့်အရေးတွေ ငြင်းပယ်ခံရတဲ့ စနစ်ကြီးထဲမှာ အကြောက်တရားဆိုတာဟာ နေ့စဉ်ကြုံရမယ့်အရာ ဆိုတာပါပဲ။

ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက် အခိုင်အမာ ထောက်ခံဖို့က အရေးကြီးလှပါတယ်။ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း အလေးအနက် အားပေးကြတဲ့ နိုင်ငံအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အတွင်းရေးမှူးချုပ်၊ အထူးကိုယ်စားလှယ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ကူမယ့်သူ ကင်းမဲ့နေဆဲပါဘဲ။ သဘာပတိကြီးနဲ့ သံအမတ်ကြီးများခင်ဗျား၊ လက်ရှိထောက်ခံမှုတွေအပြင်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အာဏာသိမ်းမှုချက်ချင်း အဆုံးသတ်ရေး၊ အပြစ်မဲ့ပြည်သူတွေကို နှိပ်ကွပ်တာတွေ ရပ်တန့်ရေး၊ နိုင်ငံတော်အာဏာပြည်သူတွေထံ ပြန်လည်အပ်နှင်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက် အပြင်းထန်ဆုံးအရေးယူမှုတွေ ကျနော်တို့ လိုအပ်နေဆဲဖြစ်ပါတယ်။ဒါ့ကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို အောက် ဖေါ်ပြပါအချက်တွေ ဆောင်ကျဉ်းပေးဖို့ ပန်ကြားပါရစေ။

၁။ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း လူသိရှင်ကြားထုတ်ပြန်ပေးရန်။

၂။ အုပ်ချုပ်မှုကောင်စီနဲ့ စစ်အစိုးရကို ဘယ်လိုနည်းနဲ့မှ အသိအမှတ် မပြုရန်။

၃။ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ လေးစားလိုက်နာဖို့ တိုက်တွန်းပေးပါရန်။

၄။ နိုင်ငံတော်ရဲ့ အာဏာကို ရွေးကောက်ခံအစိုးရကတဆင့် ပြည်သူ့ထံ ပြန်လည် မအပ်နှင်း မချင်း၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါရန်။

၅။ လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက်၊ အင်အားသုံးနှိပ်ကွပ်တဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် အပြင်းထန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး အရေးယူမှုတွေနဲ့ စစ်အာဏာသိမ်းမှု ချက်ချင်းရပ်တန့်အောင် ဟန့်တားပေးပါရန်။

၆။ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကောက်မတီကို ထောက်ခံပါရန် ပန်ကြားအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့၊ သဘာပတိကြီးခင်ဗျား။ ပြည်သူကနေ၊ ပြည်သူ့အတွက်ရွေးချယ်ပေးတဲ့ ပြည်သူ့အစိုးရ အတွက် ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ကြမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ကြဖို့အတွက် ပြည်သူတွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရက နှစ်ဆတိုး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား။

ကျနော်တို့ရဲ့ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေ၊ ဒီအစည်းအဝေးကို အထူးစိတ်ဝင်တစား ကြည့်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် မြန်မာလို စကားပြောခွင့်ပြုပါ ခင်ဗျား။

မင်္ဂလာပါ။

ညီအစ်ကိုမောင်နှမများနဲ့ သွေးချင်း ညီနောင် သားချင်များခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့ စစ်တပ် အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်း လွှတ်ပေးရေး၊ နိုင်ငံတော်အာဏာပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး နဲ့ ဒီအရေးတော်ပုံကြီးအောင်မြင်ရေးကို မိမိတို့အလွှာအသီးသီးမှာ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။

ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။

အရေးတော်ပုံ .. အောင်ရမည်။

ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG