သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတဝန္း ဆႏၵျပပြဲမ်ား အၾကမ္းဖက္ၿဖိဳခြဲခံရ၊ လူ ၁၁ ဦးထက္မနည္းေသဆံုး


မတ္လ ၁၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕ရွိ ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၁၁၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္ၿပီး ဒီမိုကေရစီေရးေတာင္းဆိုတဲ့ ႏိုင္ငံတဝန္္း ဒီကေန႔ ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ရဲက က်ည္အစစ္ပါသံုးၿပီး အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ေသဆံုး ၁၁ ဦးထက္မနည္း ရွိပါတယ္။

"ၿမိဳင္ၿမိဳ႕ဆႏၵျပပြဲ အၾကမ္းဖက္ၿဖိဳခြဲမႈ ၈ ဦးထက္မနည္း ေသဆံုး"

မေကြးတုိင္း၊ ပခုကၠဴခရိုင္ ၿမိဳင္ၿမိဳ႕နယ္မွာ ဒီကေန႔ဖမ္းဆီးသြားတဲ့ ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြကို ျပန္လႊတ္ေပးဖို႔ေတာင္းဆိုသူေတြကို စစ္တပ္နဲ႔ရဲက ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ၈ ဦးေသဆံုးၿပီး အျပင္းအထန္ ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ အျပည့္အစုံကုိေတာ့ ကိုေက်ာ္ေက်ာ္သိန္းက ဆက္ေျပာျပပါမယ္။

မတ္လ ၁၁ ရက္ေန႔ မနက္ပိုင္းက ၿမိဳင္ၿမိဳ႕ေပၚမွာ စစ္ေကာင္စီကို ဆန္႔က်င္ဆႏၵထုတ္ေဖာ္ဖို႔ ျပင္ဆင္ေနခ်ိန္ ရဲတပ္ဖြဲ႕က လူ ၃ ဦးကို ဖမ္းဆီးသြားခဲ့တဲ့အတြက္ ျပန္လႊတ္ေပးဖို႔ ၿမိဳ႕ခံေတြက ရဲစခန္းေရွ႕မွာ သြားေရာက္ေတာင္းဆိုတာမွာ စစ္တပ္နဲ႔ရဲက အၾကမ္းဖက္ၿဖိဳခြဲခဲ့တာေၾကာင့္ ေသဆံုးဒဏ္ရာရခဲ့ၾကတာပါ။

ဒီအေျခအေနနဲ႔ပတ္သက္လို႔ ၿမိဳင္ၿမိဳ႕နယ္ကိုယ္စားျပဳ ေက်ာင္းသား ပရဟိတ အသင္းဥကၠ႒ ျဖစ္သူ ကိုေနာင္လင္းဟန္က ဗြီအိုေအကို ရွင္းျပပါတယ္။

“လက္ရွိသိရသေလာက္က ၇ ေယာက္ေသဆံုး၊ ၆ ေယာက္အျပင္းအထန္ ဒဏ္ရာရတယ္လို႔ သိရတယ္ခင္ဗ်။ သတိလစ္တဲ့အေနအထားေတြမွာ ျဖစ္သြားတယ္ ေျပးရင္းနဲ႔ေပါ့။ တခ်ိဳ႕က်ေတာ့လည္း က်ည္ဆံထိမွန္မႈ မဟုတ္ဘဲ အၾကမ္းဖက္ခံရတယ္ေပါ့။ နံပတ္တုတ္ေတြနဲ႔ ရိုက္တာမ်ိဳး၊ ထိုးႀကိတ္ခံရတာမ်ိဳး အဲ့ဒီလိုအတိုင္းအတာေတြ ခံရတာမ်ိဳးေပါ့။”

၇ ဦး ေသဆုံးေၾကာင္း သတင္းေရးေနတဲ့အခ်ိန္မွာပဲ ေနာက္ထပ္တဦး ေသဆုံးတယ္ဆုိတဲ့ အတည္ျပဳခ်က္ ထပ္မံ ထြက္ေပၚလာတာေၾကာင့္ စုစုေပါင္း ေသဆုံးသူ ရွစ္ ဦးအထိ ရွိသြားပါတယ္။

ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ၿဖိဳခြင္းျဖစ္သြားတဲ့ ျဖစ္စဥ္နဲ ႔ပတ္သက္လုိ႔လည္း သူက အခုလုိ ဆက္ရွင္းျပပါတယ္။

“ဒီ ၃ ေယာက္ကို စခန္းထဲကိုေခၚသြားတယ္။ ေခၚသြားတဲ့အခ်ိန္မွာ ေဒသခံျပည္သူလူထုက ၀ိုင္းၿပီးေတာ့ စခန္းရဲ႕ ေရွ႕ေတြ၊ ေဘးေတြမွာ ဖမ္းဆီးခံ သံုး ေယာက္ကို ျပန္လႊတ္ေပးဖို႔ ဆႏၵျပေတာင္းဆိုတယ္ေပါ့။ အဲ့ဒီအခ်ိန္မွာ ပစ္ခတ္ၿဖိဳခြဲတယ္ေပါ့။ ဒီလူအုပ္ကို မ်က္ရည္ယိုဗံုးေတြေရာ၊ အသံက်ည္ဆံေတြေရာ၊ က်ည္အစစ္ေတြေရာ၊ ရာဘာက်ည္ေတြေရာ ပစ္ခတ္ၿဖိဳခြင္းတယ္ေပါ့။ ဒီတိုင္းပါပဲ ေအးခ်မ္းစြာပဲ ဖမ္းဆီးခံ ျပန္လႊတ္ေပးဖို႔ အဲ့ထဲမွာ သူတို႔ဘက္က ပစ္ခတ္ၿဖိဳခြဲတယ္ေပါ့။ အစကေတာ့ အသံေသနတ္နဲ႔ပဲ ပစ္ခတ္ၿဖိဳခြဲတယ္ေပါ့။ အဲ့ဒီမွာ ေရွ႕တက္ရာကေန ပစ္ခတ္သည္အထိ ျဖစ္တယ္ေပါ့။ ပစ္ခံရၿပီးအကုန္လံုးက တေယာက္ပဲ ဆည္းခံုမွန္ၿပီး ဆံုးတာရွိတယ္။ က်န္တာေတြက ေခါင္းေတြ၊ ငယ္ထိပ္ေတြမွန္တာေတြရွိတယ္။”

ဒဏ္ရာရရွိသူ ၆ ဦးအထိရွိၿပီး သူတို႔ကိုေတာ့ ၿမိဳင္ေဆးရံုမွာ က်န္းမာေရး ၀န္ထမ္းေတြနဲ႔ ကုသေပးေနရသလို အမ်ားစုက ရာဘာက်ည္ထိမွန္တာေတြနဲ႔ ရိုက္ႏွက္ခံရတဲ့ဒဏ္ရာေတြနဲ႔ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ၿမိဳင္ၿမိဳ႕နယ္မွာ စစ္တပ္နဲ႔ ရဲအင္အား တိုးျမွင့္ခ်ထားတယ္လို႔ ကိုေနာင္လင္းဟန္က ေျပာပါတယ္။

“ပခုကၠဴကေန ကား ၉ စီးဆင္းလာတယ္။ အခ်ဳပ္ကား ၂ စီး၊ စစ္ကား ၆ စီး၊ ပြိဳင့္ကား ၁ စီး၊ စစ္ကား ၆ စီးဆင္းတယ္လို႔ေျပာတယ္ေလ... တပ္မ ၂၅၆ က အဲ့ဒီကားေတြလာၿပီဆိုၿပီးေတာ့မွ အခုေတာ့ လူအုပ္က ခြဲထားတယ္။ ဆႏၵျပလူအုပ္က။”

ၿမိဳင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီဆန္႔က်င္ေရးကို လူဦးေရ ေထာင္ခ်ီ ေန႔တိုင္းဆႏၵထုတ္ေဖာ္ေပမဲ့ အၾကမ္းဖက္ၿဖိဳခြင္းတာမရွိခဲ့ဘဲ ဒီကေန႔ဟာ ပထမဆံုး အၾကမ္းဖက္ ပစ္ခတ္ ၿဖိဳခြင္းတာျဖစ္ၿပီး ညေနပိုင္းမွာေတာ့ ဖမ္းဆီးထားတဲ့သူ ၃ ဦးထဲက ၁ ဦးကို ျပန္လႊတ္ေပးလိုက္ပါတယ္။

~~~~~

"ပဲခူး၊ မႏၲေလးနဲ႔ ျမင္းျခံ ဆႏၵျပပြဲေတြ ၿဖိဳခြဲမႈ ၃ ဦးထက္မနည္းေသဆံုး"

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈ ရက္ေပါင္း ၄၀ နီးပါးၾကာတဲ့ထိ ဆန္႔က်င္ကန္႔ကြက္ပြဲေတြဆက္ျဖစ္ေနသလို စစ္တပ္နဲ႔ရဲ႕ အၾကမ္းဖက္ၿဖိဳခြဲတာေၾကာင့္ ေသဆံုးသူအေရအတြက္လည္း တိုးလာေနပါတယ္။ ဒီကေန႔ ဆႏၵျပပြဲေတြအတြင္း ပဲခူး၊ မႏၲေလးနဲ႔ ျမင္းျခံတို႔မွာ ေသဆံုးသူ သံုး ဦးထက္္မနည္းရွိခဲ့ၿပီး ဆႏၵျပသူအမ်ားအျပား အဖမ္းခံထားရပါတယ္။ ဒီအေၾကာင္း ကိုေက်ာ္ေက်ာ္သိန္းက ဆက္ေျပာျပပါမယ္။

မတ္လ ၁၁ ရက္ ဒီကေန႔ ပဲခူးၿမိဳ႕မွာ စစ္အာဏာသိမ္းဆန္႔က်င္ေရး ဆႏၵေဖာ္ထုတ္သူေတြကို လက္နက္ကိုင္ စစ္တပ္နဲ႔ ရဲေတြက မ်က္ရည္ယိုဗံုးပစ္ၿပီး လူစုခြဲသလို က်ည္အစစ္နဲ႔ပါပစ္တာေၾကာင့္ လူငယ္တစ္ဦး ဦးေခါင္းပြင့္ေသဆံုးသြားတယ္လို႔ ပဲခူးၿမိဳ႕ခံ ကိုမ်ဳိးကုိက ဗီြအိုေအကို ေျပာပါတယ္။

“ပိတ္ၿပီး ၿဖိဳခြင္းတယ္ေပါ့ေနာ္၊ ၿဖိဳခြင္းတဲ့အခါမွာ မ်က္ရည္ယိုဗံုးသံုးတယ္။ က်ည္အစစ္သံုးတယ္၊ ဒါေလးနဲ႔ ၿဖိဳခြင္းတယ္ေပါ့ေနာ္။ ၿပီးေတာ့ အဲ့ဒီအိမ္နီးနားမွာ ဆႏၵျပတဲ့ ေက်ာင္းသားေတြ၊ ျပည္သူေတြ ဝင္ပုန္းတဲ့ အိမ္ေတြ အကုန္လံုးဝင္ၿပီး တံခါးေတြ ဖ်က္ၿပီးေတာ့မွ ပစၥည္းေတြ ဝင္ဖ်က္ၿပီးေတာ့မွ အိမ္ေထာင္စုဇယားေတြကို တိုက္ၿပီးေတာ့မွ အိမ္ေထာင္စုဇယားထဲမပါတဲ့လူေတြအကုန္လံုးကို ဖမ္းသြားတယ္။ အၾကမ္းဖက္ၿပီးေတာ့မွာ ႐ုိက္ႏွက္ၿပီးေတာ့ ဖမ္းသြားတာမ်ဳိးျဖစ္တယ္။ အဖမ္းအဆီးမ်ားတယ္။ ဘယ္ႏွစ္ေယာက္ဆိုတာ က်ေနာ္တို႔ အခုမွ စာရင္းလုပ္ေနတုန္း။ တစ္ေယာက္က ေသတယ္၊ ေနာက္တစ္ေယာက္ကက်ေတာ့ ေျခေထာက္ကေနမွ အ႐ုိးေပၚတဲ့အထိကို ေျခေထာက္က်ည္မွန္ၿပီးေတာ့ ပြင့္ထြက္သြားတာမ်ဳိးျဖစ္တယ္။ ဒါ အခုက်ေနာ္တို႔ ေနာက္ဆံုးရထားတဲ့ သတင္းေပ့ါေနာ္။ ဟုတ္တယ္။ က်ည္အစစ္မွန္သြားတာ။ ေသတဲ့တစ္ေယာက္က ေခါင္းကို ထိသြားတာ။ ေခါင္းထိတာမွ ဘယ္ေလာက္ထိ ဆိုးသြားလဲဆိုေတာ့... က်သြားတဲ့လူငယ္က စကားမေျပာတတ္ဘူး။ စကားမေျပာတတ္တဲ့ လူငယ္ျဖစ္တယ္။ စစ္ေၾကာင္းဘက္မဟုတ္ဘဲနဲ႔ စစ္ေၾကာင္းဟိုဘက္ေပါ့... လမ္းမႀကီးေပၚမွာ အပစ္ခံရတာ။ သူေဆာင္းထားတဲ့ လွ်ာထိုးဦးထုတ္ထဲမွာက ဦးေခါင္းခြံက်န္ခဲ့တယ္။”

အလားတူ အာဏာသိမ္းစစ္ေကာင္စီကို ဆန္႔က်င္ဆႏၵျပေနတဲ့ မႏၱေလးၿမိဳ႕ ျမေတာင္သပိတ္စစ္ေၾကာင္း မနက္ ၉ နာရီက စထြက္တဲ့အခ်ိန္မွာပဲ လမ္း ၃၀၊ လမ္း ၃၁ နဲ႔ လမ္း ၉၀ မွာ လက္နက္ကိုင္တပ္ဖြဲ႔ေတြဘက္က ႏွစ္ဘက္ပိတ္ညွပ္ၿပီး အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြဲခဲ့တယ္လုိ႔စစ္ေၾကာင္းမွာ ပါဝင္တဲ့ ကိုရဲရင့္ေဇာ္ဝင္းက ေျပာပါတယ္။

“ကေလးက မွန္တာ က်ည္အစစ္နဲ႔ မွန္တာ။ သူက ထၿပီးေတာ့ ေျပးတဲ့ အခ်ိန္မွာ လဲသြားတဲ့အခ်ိန္မွာ ထတဲ့အခ်ိန္မွာ က်ည္စစ္ပိတ္မွန္တာ ဦးေခါင္းကို။ ပထမဦးဆံုး သူတို႔ စၿပီး ဒီစစ္ေၾကာင္းကို ၿဖိဳခြဲဖို႔အတြက္ အသံမိုင္းပစ္တယ္။ ၿပီးရင္ ရာဘာက်ည္ပစ္တယ္၊ ေနာက္ဆံုး က်ည္ဆံအစစ္ပါသံုးတယ္။ စစ္ကားက ၁၀ စီးေလာက္ရွိတယ္၊ ၿပီးေတာ့ တဘက္က ရဲတပ္ဖြဲ႕ေတြကက်ေတာ့ ဆိုင္ကယ္အစီး ၃၀၊ ၄၀ နဲ႔ တဘက္က ညွပ္တယ္။ စစ္နဲ႔ ရဲနဲ႔ ညွပ္ၿပီး က်ေနာ္တို႔ ဒီသပိတ္စစ္ၾကာင္းကို ၿဖိဳခြဲတာေပါ့ေနာ္ဗ်ာ။ အဖမ္းဆီးခံရသူက က်ေနာ္တို႔ အခုေလာေလာဆယ္ သတင္းအတိအက်ရထားတာ ၂၈ ဦး ရွိတယ္။ အဲ့ဒီထဲမွာ အမ်ဳိးသမီး ႏွစ္ဦးပါတယ္။ အဲ့ဒီအမ်ဳိးသမီး ႏွစ္ဦးက ဒီ defense အဖြဲ႔ထဲမွာပါတဲ့ အမ်ဳိးသမီးေလးေတြေပါ့ေနာ္။ အသက္ကေတာ့ ငယ္ပါေသးတယ္။ ၿပီးေတာ့ ဒဏ္ရာရသူ ႏွစ္ဦးရွိတယ္။ ေပါင္မွာ မွန္တဲ့ သူ ရွိတယ္၊ ခါးမွာ ရွပ္မွန္တဲ့ လူ တစ္ဦးရွိတယ္။”

ေသဆံုးသူဟာ ေျပးလႊားရင္း ေခ်ာ္လဲၿပီး လွ်ာကိုက္မိလို႔ ေသဆံုးသြားေၾကာင္း စစ္ေကာင္စီက ေျပာေပမဲ့ ေဒသခံေတြဘက္ကေတာ့ ေျပးလႊားရင္း ခုိက္မိလို႔ ေသဆံုးတာ မဟုတ္ဘဲ ဦးေခါင္းက်ည္ထိမွန္ၿပီး ေသဆံုးရတာလို႔ ေျပာပါတယ္။

မိုးကုတ္ၿမိဳ႕က သပိတ္စစ္ေၾကာင္းကိုလည္း အၾကမ္းဖက္ၿဖိဳခြင္းၿပီး ဖမ္းဆီးရိုက္ႏွက္တာလည္းရွိပါတယ္။ ဒဏ္ရာရသူနဲ႔ အဖမ္းခံရသူ ဘယ္ေလာက္ရွိသလဲဆိုတာ ဗီြအိုေအက သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။

မတ္လ ၁၀ ရက္ မေန႔တုန္းက မႏၱေလးတုိင္း ျမင္းၿခံၿမိဳ႕မွာ ဆႏၵျပပြဲ အၾကမ္းဖက္ပစ္ခတ္ၿဖိဳခြင္းမႈမွာ မ်က္လံုးက်ည္ထိမွန္ခဲ့တဲ့ KBZ Bank ဝန္ထမ္း ကိုထူးေအာင္ေက်ာ္ ဒီေန႔မွာ ေသဆံုးသြားပါတယ္။

~~~~~

"ေျမာက္ဒဂံုမွာ ဆႏၵျပသူတစ္ဦး ဦးေခါင္းပစ္ခံရၿပီး ေသဆံုး"

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္တဲ့ ရန္ကုန္တိုင္း၊ ေျမာက္ဒဂုံၿမိဳ႕နယ္က ဆနၵျပပြဲကို ပစ္ခတ္ၿဖိဳခြဲတာေၾကာင့္ ဆႏၵျပသူတစ္ဦး ဦးေခါင္းထိမွန္ ေသဆံုးခဲ့သလို ဒဏ္ရာရသူေတြလည္း ရွိခဲ့ပါတယ္။ ဒီအေၾကာင္း မဆုမြန္က တင္ျပထားပါတယ္။

ဒီမနက္ ၁၁ နာရီခန႔္မွာ ေျမာက္ဒဂုံ၊ ၃၅ ရပ္ကြက္၊ ပင္လုံေကြ႕အနီး ဗိုလ္မင္းေရာင္လမ္းထိပ္နားမွာ ျပည္သူ ၁၀၀ ေက်ာ္ ဆႏၵျပေနစဥ္ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြရဲ႕ က်ည္ထိမွန္လို႔ အမ်ိဳးသားတဦး ေခါင္းထိမွန္ ေသဆုံးခဲ့ပါတယ္။

"အသံဗုံးေတြ စပစ္တယ္။ ေတာက္ေလွ်ာက္ ပစ္တဲ့အခ်ိန္မွာ က်ေနာ္တို႔ေျဖးေျဖးခ်င္းဆီ ဆုတ္တယ္။ ဆုတ္တဲ့ အခ်ိန္မွာ က်ေနာ္နည္းနည္း ထၾကည့္လိုက္ေတာ့ ခ်ိန္ထားတယ္။ ရာဘာက်ည္ပဲ ထင္တာ။ ဒါေပမဲ့ တကယ္ပစ္လိုက္ေတာ့ ပထမတခ်က္ေခ်ာ္သြားတယ္။ ေနာက္တခ်က္က်ေတာ့ ေဖာင္းဆိုၿပီးေတာ့ က်ေနာ့္ေရွ႕တည့္တည့္က တေယာက္ပဲ... ေဖာင္းဆိုၿပီးေတာ့ က်သြားတယ္။ ေခါင္းကိုတည္ပစ္တာ နားထင္ဘက္ကိုဝင္သြားတယ္။ က်ေနာ္တို႔အကုန္ လမ္းေဘးဆင္းေျပး၊ ေျမာင္းထဲအကုန္က်ၿပီးမွ က်ေနာ္တို႔ျပန္ဆြဲၾကတာ။ ျပန္ဆြဲတဲ့အခ်ိန္မွာ ၾကက္ေျခနီေတြ လာတယ္။ လာတဲ့အထိ၊ ဆြဲတဲ့အထိကို သူတို႔ ေတာက္ ေလွ်ာက္ပစ္လာတယ္။ ဘယ္လိုပုံစံစီးနင္းထားလဲဆိုေတာ့ သူတို႔က လမ္းေပၚမတက္ဖို႔ ရပ္ကြက္ထဲ ဆႏၵျပဖို႔ ေျပာတာပဲ။ ဒါေပမဲ့ သူတို႔က လမ္းေပၚတက္မျပလည္း လမ္းၾကားထဲဆႏၵျပလည္း က်ေနာ္တို႔ကို ပစ္ေနတာပဲ။ ဒိုင္းမကိုင္လည္း ပစ္တာပဲ၊ ပို႔စ္တာမကိုင္လည္း ပစ္တာပဲ... ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ္တို႔ကို လက္နက္ရွိတယ္ဆိုၿပီး လုပ္ခ်င္တိုင္းလုပ္ေနတာ။"

ျဖစ္စဥ္မွာ ကိုယ္တိုင္ႀကဳံေတြ႔ရတဲ့သူ တဦးက ျဖစ္စဥ္နဲ႔ ပတ္သတ္လို႔ ေျပာျပလာတာပါ။

ေသဆုံးသြားသူဟာ ၄၉ ရပ္ကြက္ေန အသက္ ၂၅ ႏွစ္အ႐ြယ္ ရွိသူ ဦးခ်စ္မင္းသူျဖစ္ၿပီး အိမ္ေထာင္ရွိ အမ်ိဳးသား တစ္ဦးျဖစ္ၿပီး ဇနီးနဲ႔ ၃ ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦး က်န္ရွိခဲ့ပါတယ္။ ပထမအသံဗုံး စပစ္သြင္းခ်ိန္မွာ ဆႏၵျပသူေတြက ေနာက္ကိုဆုတ္ေနခ်ိန္မွာ ေသနတ္စတင္ ပစ္ေဖာက္လိုက္တာျဖစ္ၿပီး ေသနတ္ ၂ ခ်က္ေဖာက္တာမွာ တခ်က္က ဒိုင္းကာကေနသူကို ထိမွန္ခဲ့တာျဖစ္ပါတယ္။

သူအပါအဝင္ ေနာက္ထပ္ က်ည္ထိသူတဦးနဲ႔ ထိခိုက္ဒဏ္ရာရသူတခ်ိဳ႕လည္း ရွိတယ္လို႔ အခင္းျဖစ္ရာမွာ ကူညီေပးေနတဲ့လူမႈကူညီေရး အဖြဲ႕ဝင္တေယာက္ကေျပာပါတယ္။

"ေခါင္းထိတေယာက္က အားလုံးသိတဲ့ ခ်စ္မင္းသူဆိုတဲ့တေယာက္၊ ေနာက္တေယာက္က ေအးကိုခိုင္ဆိုတဲ့ တေယာက္ ၁၅ ႏွစ္၊ ၄၂ ရပ္ကြက္က ခင္ဗ်။ သူကေပါင္ထိတာ ဆီးခုံလို႔ နားလည္မႈလြဲၾကတာ။ ေပါင္က operation လုပ္ၿပီးၿပီ။ ေနာက္သူက လက္က်ိဳးသြားတယ္။ လက္က်ိဳးတာကို မနက္ျဖန္ ထပ္လုပ္မယ္။ ေဆး႐ုံက ေျပာတယ္။ ေသခ်ာတာက ဆီးခုံမဟုတ္ဘူး။ အဲဒါက လက္ေရာ၊ ေပါင္ေရာထိတာေပါ့။ အဓိကကေတာ့ ေပါင္ထိတာေသခ်ာတဲ့ခင္ဗ်။ သူ႔ကိုလည္း နားလည္မႈလြဲၿပီးေတာ့ ဗိုက္လို႔ေျပာၾကတယ္။ က်ည္အေၾကာင္းေျပာရင္... သူဆုံးသြားတဲ့နားမွာ ညီေလးတေယာက္က သူေတြ႕တာေကာက္ထားတာ က်ည္ ၃ ခု ရထားတယ္ခင္ဗ်။ က်ည္ဆံအစစ္ေတြႀကီးနဲ႔ လုပ္ထားတာဆိုေတာ့ က်ည္အစစ္ေတြေပါ့။ ဟုတ္တယ္မလား။ ဆိုေတာ့ဗိုလ္မင္းေရာင္မွာထိတဲ့ ၂ ေယာက္စလုံးက သံျပားကိုေဖာက္ဝင္တာ။ ဆိုေတာ့ က်ေနာ္တို႔က က်ည္အစစ္လို႔ ယူဆရတယ္ေပါ့။ ဖမ္းခံရတာေတာ့ မၾကားဘူး။"

ေနာက္ထပ္ထိခိုက္မႈအေနနဲ႔ ၃၅ ရပ္ကြက္တြင္းက မႏၲေလးလမ္းနဲ႔ စစ္ကိုင္းလမ္းတို႔မွာ ဗိုက္ထိသူ၊ နား႐ြက္ကို ထိခိုက္သူ ေပါင္း ေနာက္ထပ္ ၂ ေယာက္ရွိေနၿပီး သူတို႔အေျခအေနေတြက စိုးရိမ္စရာ မရွိဘူးလို႔ေျပာပါတယ္။

ဒီကေန႔မွာ နယ္ၿမိဳ႕ေတြမွာလည္း သပိတ္ၿဖိဳခြဲမႈေၾကာင့္ ေသဆုံးသူေတြ ရွိေနပါတယ္။ လက္ရွိ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစလို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာသိမ္းအၿပီး အာဏာရွင္ဆန႔္က်င္ေနၾကတဲ့ ျပည္သူေတြရဲ႕ သပိတ္ၿဖိဳခြင္းမႈျဖစ္စဥ္ေတြအပါအဝင္ ဖမ္းဆီးခံရၿပီး ေသဆုံးသူေတြအပါအဝင္ ဒီေန႔ထိ ေသဆုံးသူ ၈၀ ထက္မနည္း ရွိေနၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္
တိုက္႐ိုက္ လင့္ခ္
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံတဝန်း ဆန္ဒပြပွဲများ အကြမ်းဖက်ဖြိုခွဲခံရ၊ လူ ၁၁ ဦးထက်မနည်းသေဆုံး

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဒီမိုကရေစီရေးတောင်းဆိုတဲ့ နိုင်ငံတဝန်း ဒီကနေ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲက ကျည်အစစ်ပါသုံးပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် သေဆုံး ၁၁ ဦးထက်မနည်း ရှိပါတယ်။

"မြိုင်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲမှု ၈ ဦးထက်မနည်း သေဆုံး"

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်မှာ ဒီကနေ့ဖမ်းဆီးသွားတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် ၈ ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းက မြိုင်မြို့ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က လူ ၃ ဦးကို ဖမ်းဆီးသွားခဲ့တဲ့အတွက် ပြန်လွှတ်ပေးဖို့ မြို့ခံတွေက ရဲစခန်းရှေ့မှာ သွားရောက်တောင်းဆိုတာမှာ စစ်တပ်နဲ့ရဲက အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာပါ။

ဒီအခြေအနေနဲ့ပတ်သက်လို့ မြိုင်မြို့နယ်ကိုယ်စားပြု ကျောင်းသား ပရဟိတ အသင်းဥက္ကဋ္ဌ ဖြစ်သူ ကိုနောင်လင်းဟန်က ဗွီအိုအေကို ရှင်းပြပါတယ်။

“လက်ရှိသိရသလောက်က ၇ ယောက်သေဆုံး၊ ၆ ယောက်အပြင်းအထန် ဒဏ်ရာရတယ်လို့ သိရတယ်ခင်ဗျ။ သတိလစ်တဲ့အနေအထားတွေမှာ ဖြစ်သွားတယ် ပြေးရင်းနဲ့ပေါ့။ တချို့ကျတော့လည်း ကျည်ဆံထိမှန်မှု မဟုတ်ဘဲ အကြမ်းဖက်ခံရတယ်ပေါ့။ နံပတ်တုတ်တွေနဲ့ ရိုက်တာမျိုး၊ ထိုးကြိတ်ခံရတာမျိုး အဲ့ဒီလိုအတိုင်းအတာတွေ ခံရတာမျိုးပေါ့။”

၇ ဦး သေဆုံးကြောင်း သတင်းရေးနေတဲ့အချိန်မှာပဲ နောက်ထပ်တဦး သေဆုံးတယ်ဆိုတဲ့ အတည်ပြုချက် ထပ်မံ ထွက်ပေါ်လာတာကြောင့် စုစုပေါင်း သေဆုံးသူ ရှစ် ဦးအထိ ရှိသွားပါတယ်။

ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းဖြစ်သွားတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ဒီ ၃ ယောက်ကို စခန်းထဲကိုခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ဒေသခံပြည်သူလူထုက ဝိုင်းပြီးတော့ စခန်းရဲ့ ရှေ့တွေ၊ ဘေးတွေမှာ ဖမ်းဆီးခံ သုံး ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတယ်ပေါ့။ အဲ့ဒီအချိန်မှာ ပစ်ခတ်ဖြိုခွဲတယ်ပေါ့။ ဒီလူအုပ်ကို မျက်ရည်ယိုဗုံးတွေရော၊ အသံကျည်ဆံတွေရော၊ ကျည်အစစ်တွေရော၊ ရာဘာကျည်တွေရော ပစ်ခတ်ဖြိုခွင်းတယ်ပေါ့။ ဒီတိုင်းပါပဲ အေးချမ်းစွာပဲ ဖမ်းဆီးခံ ပြန်လွှတ်ပေးဖို့ အဲ့ထဲမှာ သူတို့ဘက်က ပစ်ခတ်ဖြိုခွဲတယ်ပေါ့။ အစကတော့ အသံသေနတ်နဲ့ပဲ ပစ်ခတ်ဖြိုခွဲတယ်ပေါ့။ အဲ့ဒီမှာ ရှေ့တက်ရာကနေ ပစ်ခတ်သည်အထိ ဖြစ်တယ်ပေါ့။ ပစ်ခံရပြီးအကုန်လုံးက တယောက်ပဲ ဆည်းခုံမှန်ပြီး ဆုံးတာရှိတယ်။ ကျန်တာတွေက ခေါင်းတွေ၊ ငယ်ထိပ်တွေမှန်တာတွေရှိတယ်။”

ဒဏ်ရာရရှိသူ ၆ ဦးအထိရှိပြီး သူတို့ကိုတော့ မြိုင်ဆေးရုံမှာ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကုသပေးနေရသလို အများစုက ရာဘာကျည်ထိမှန်တာတွေနဲ့ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မြိုင်မြို့နယ်မှာ စစ်တပ်နဲ့ ရဲအင်အား တိုးမြှင့်ချထားတယ်လို့ ကိုနောင်လင်းဟန်က ပြောပါတယ်။

“ပခုက္ကူကနေ ကား ၉ စီးဆင်းလာတယ်။ အချုပ်ကား ၂ စီး၊ စစ်ကား ၆ စီး၊ ပွိုင့်ကား ၁ စီး၊ စစ်ကား ၆ စီးဆင်းတယ်လို့ပြောတယ်လေ... တပ်မ ၂၅၆ က အဲ့ဒီကားတွေလာပြီဆိုပြီးတော့မှ အခုတော့ လူအုပ်က ခွဲထားတယ်။ ဆန္ဒပြလူအုပ်က။”

မြိုင်မြို့နယ်မှာ စစ်ကောင်စီဆန့်ကျင်ရေးကို လူဦးရေ ထောင်ချီ နေ့တိုင်းဆန္ဒထုတ်ဖော်ပေမဲ့ အကြမ်းဖက်ဖြိုခွင်းတာမရှိခဲ့ဘဲ ဒီကနေ့ဟာ ပထမဆုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာဖြစ်ပြီး ညနေပိုင်းမှာတော့ ဖမ်းဆီးထားတဲ့သူ ၃ ဦးထဲက ၁ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။

~~~~~

"ပဲခူး၊ မန္တလေးနဲ့ မြင်းခြံ ဆန္ဒပြပွဲတွေဖြိုခွဲမှု ၃ ဦးထက်မနည်းသေဆုံး"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ရက်ပေါင်း ၄၀ နီးပါးကြာတဲ့ထိ ဆန့်ကျင်ကန့်ကွက်ပွဲတွေဆက်ဖြစ်နေသလို စစ်တပ်နဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲတာကြောင့် သေဆုံးသူအရေအတွက်လည်း တိုးလာနေပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲတွေအတွင်း ပဲခူး၊ မန္တလေးနဲ့ မြင်းခြံတို့မှာ သေဆုံးသူ သုံး ဦးထက်မနည်းရှိခဲ့ပြီး ဆန္ဒပြသူအများအပြား အဖမ်းခံထားရပါတယ်။ ဒီအကြောင်း ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မတ်လ ၁၁ ရက် ဒီကနေ့ ပဲခူးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူတွေကို လက်နက်ကိုင် စစ်တပ်နဲ့ ရဲတွေက မျက်ရည်ယိုဗုံးပစ်ပြီး လူစုခွဲသလို ကျည်အစစ်နဲ့ပါပစ်တာကြောင့် လူငယ်တစ်ဦး ဦးခေါင်းပွင့်သေဆုံးသွားတယ်လို့ ပဲခူးမြို့ခံ ကိုမျိုးကိုက ဗွီအိုအေကို ပြောပါတယ်။

“ပိတ်ပြီး ဖြိုခွင်းတယ်ပေါ့နော်၊ ဖြိုခွင်းတဲ့အခါမှာ မျက်ရည်ယိုဗုံးသုံးတယ်။ ကျည်အစစ်သုံးတယ်၊ ဒါလေးနဲ့ ဖြိုခွင်းတယ်ပေါ့နော်။ ပြီးတော့ အဲ့ဒီအိမ်နီးနားမှာ ဆန္ဒပြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ ဝင်ပုန်းတဲ့ အိမ်တွေ အကုန်လုံးဝင်ပြီး တံခါးတွေ ဖျက်ပြီးတော့မှ ပစ္စည်းတွေ ဝင်ဖျက်ပြီးတော့မှ အိမ်ထောင်စုဇယားတွေကို တိုက်ပြီးတော့မှ အိမ်ထောင်စုဇယားထဲမပါတဲ့လူတွေအကုန်လုံးကို ဖမ်းသွားတယ်။ အကြမ်းဖက်ပြီးတော့မှာ ရိုက်နှက်ပြီးတော့ ဖမ်းသွားတာမျိုးဖြစ်တယ်။ အဖမ်းအဆီးများတယ်။ ဘယ်နှစ်ယောက်ဆိုတာ ကျနော်တို့ အခုမှ စာရင်းလုပ်နေတုန်း။ တစ်ယောက်က သေတယ်၊ နောက်တစ်ယောက်ကကျတော့ ခြေထောက်ကနေမှ အရိုးပေါ်တဲ့အထိကို ခြေထောက်ကျည်မှန်ပြီးတော့ ပွင့်ထွက်သွားတာမျိုးဖြစ်တယ်။ ဒါ အခုကျနော်တို့ နောက်ဆုံးရထားတဲ့ သတင်းပေ့ါနော်။ ဟုတ်တယ်။ ကျည်အစစ်မှန်သွားတာ။ သေတဲ့တစ်ယောက်က ခေါင်းကို ထိသွားတာ။ ခေါင်းထိတာမှ ဘယ်လောက်ထိ ဆိုးသွားလဲဆိုတော့... ကျသွားတဲ့လူငယ်က စကားမပြောတတ်ဘူး။ စကားမပြောတတ်တဲ့ လူငယ်ဖြစ်တယ်။ စစ်ကြောင်းဘက်မဟုတ်ဘဲနဲ့ စစ်ကြောင်းဟိုဘက်ပေါ့... လမ်းမကြီးပေါ်မှာ အပစ်ခံရတာ။ သူဆောင်းထားတဲ့ လျှာထိုးဦးထုတ်ထဲမှာက ဦးခေါင်းခွံကျန်ခဲ့တယ်။”

အလားတူ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း မနက် ၉ နာရီက စထွက်တဲ့အချိန်မှာပဲ လမ်း ၃၀၊ လမ်း ၃၁ နဲ့ လမ်း ၉၀ မှာ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က နှစ်ဘက်ပိတ်ညှပ်ပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့စစ်ကြောင်းမှာ ပါဝင်တဲ့ ကိုရဲရင့်ဇော်ဝင်းက ပြောပါတယ်။

“ကလေးက မှန်တာ ကျည်အစစ်နဲ့ မှန်တာ။ သူက ထပြီးတော့ ပြေးတဲ့ အချိန်မှာ လဲသွားတဲ့အချိန်မှာ ထတဲ့အချိန်မှာ ကျည်စစ်ပိတ်မှန်တာ ဦးခေါင်းကို။ ပထမဦးဆုံး သူတို့ စပြီး ဒီစစ်ကြောင်းကို ဖြိုခွဲဖို့အတွက် အသံမိုင်းပစ်တယ်။ ပြီးရင် ရာဘာကျည်ပစ်တယ်၊ နောက်ဆုံး ကျည်ဆံအစစ်ပါသုံးတယ်။ စစ်ကားက ၁၀ စီးလောက်ရှိတယ်၊ ပြီးတော့ တဘက်က ရဲတပ်ဖွဲ့တွေကကျတော့ ဆိုင်ကယ်အစီး ၃၀၊ ၄၀ နဲ့ တဘက်က ညှပ်တယ်။ စစ်နဲ့ ရဲနဲ့ ညှပ်ပြီး ကျနော်တို့ ဒီသပိတ်စစ်ကြာင်းကို ဖြိုခွဲတာပေါ့နော်ဗျာ။ အဖမ်းဆီးခံရသူက ကျနော်တို့ အခုလောလောဆယ် သတင်းအတိအကျရထားတာ ၂၈ ဦး ရှိတယ်။ အဲ့ဒီထဲမှာ အမျိုးသမီး နှစ်ဦးပါတယ်။ အဲ့ဒီအမျိုးသမီး နှစ်ဦးက ဒီ defense အဖွဲ့ထဲမှာပါတဲ့ အမျိုးသမီးလေးတွေပေါ့နော်။ အသက်ကတော့ ငယ်ပါသေးတယ်။ ပြီးတော့ ဒဏ်ရာရသူ နှစ်ဦးရှိတယ်။ ပေါင်မှာ မှန်တဲ့ သူ ရှိတယ်၊ ခါးမှာ ရှပ်မှန်တဲ့ လူ တစ်ဦးရှိတယ်။”

သေဆုံးသူဟာ ပြေးလွှားရင်း ချော်လဲပြီး လျှာကိုက်မိလို့ သေဆုံးသွားကြောင်း စစ်ကောင်စီက ပြောပေမဲ့ ဒေသခံတွေဘက်ကတော့ ပြေးလွှားရင်း ခိုက်မိလို့ သေဆုံးတာ မဟုတ်ဘဲ ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးရတာလို့ ပြောပါတယ်။

မိုးကုတ်မြို့က သပိတ်စစ်ကြောင်းကိုလည်း အကြမ်းဖက်ဖြိုခွင်းပြီး ဖမ်းဆီးရိုက်နှက်တာလည်းရှိပါတယ်။ ဒဏ်ရာရသူနဲ့ အဖမ်းခံရသူ ဘယ်လောက်ရှိသလဲဆိုတာ ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မတ်လ ၁၀ ရက် မနေ့တုန်းက မန္တလေးတိုင်း မြင်းခြံမြို့မှာ ဆန္ဒပြပွဲ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှုမှာ မျက်လုံးကျည်ထိမှန်ခဲ့တဲ့ KBZ Bank ဝန်ထမ်း ကိုထူးအောင်ကျော် ဒီနေ့မှာ သေဆုံးသွားပါတယ်။

~~~~~

"မြောက်ဒဂုံမှာ ဆန္ဒပြသူတစ်ဦး ဦးခေါင်းပစ်ခံရပြီး သေဆုံး"

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်က ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။ ဒီအကြောင်း မဆုမွန်က တင်ပြထားပါတယ်။

ဒီမနက် ၁၁ နာရီခန့်မှာ မြောက်ဒဂုံ၊ ၃၅ ရပ်ကွက်၊ ပင်လုံကွေ့အနီး ဗိုလ်မင်းရောင်လမ်းထိပ်နားမှာ ပြည်သူ ၁၀၀ ကျော် ဆန္ဒပြနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကျည်ထိမှန်လို့ အမျိုးသားတဦး ခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။

"အသံဗုံးတွေ စပစ်တယ်။ တောက်လျှောက် ပစ်တဲ့အချိန်မှာ ကျနော်တို့ဖြေးဖြေးချင်းဆီ ဆုတ်တယ်။ ဆုတ်တဲ့ အချိန်မှာ ကျနော်နည်းနည်း ထကြည့်လိုက်တော့ ချိန်ထားတယ်။ ရာဘာကျည်ပဲ ထင်တာ။ ဒါပေမဲ့ တကယ်ပစ်လိုက်တော့ ပထမတချက်ချော်သွားတယ်။ နောက်တချက်ကျတော့ ဖောင်းဆိုပြီးတော့ ကျနော့်ရှေ့တည့်တည့်က တယောက်ပဲ... ဖောင်းဆိုပြီးတော့ ကျသွားတယ်။ ခေါင်းကိုတည်ပစ်တာ နားထင်ဘက်ကိုဝင်သွားတယ်။ ကျနော်တို့အကုန် လမ်းဘေးဆင်းပြေး၊ မြောင်းထဲအကုန်ကျပြီးမှ ကျနော်တို့ပြန်ဆွဲကြတာ။ ပြန်ဆွဲတဲ့အချိန်မှာ ကြက်ခြေနီတွေ လာတယ်။ လာတဲ့အထိ၊ ဆွဲတဲ့အထိကို သူတို့ တောက် လျှောက်ပစ်လာတယ်။ ဘယ်လိုပုံစံစီးနင်းထားလဲဆိုတော့ သူတို့က လမ်းပေါ်မတက်ဖို့ ရပ်ကွက်ထဲ ဆန္ဒပြဖို့ ပြောတာပဲ။ ဒါပေမဲ့ သူတို့က လမ်းပေါ်တက်မပြလည်း လမ်းကြားထဲဆန္ဒပြလည်း ကျနော်တို့ကို ပစ်နေတာပဲ။ ဒိုင်းမကိုင်လည်း ပစ်တာပဲ၊ ပို့စ်တာမကိုင်လည်း ပစ်တာပဲ... ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကို လက်နက်ရှိတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာ။"

ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ရတဲ့သူ တဦးက ဖြစ်စဉ်နဲ့ ပတ်သတ်လို့ ပြောပြလာတာပါ။

သေဆုံးသွားသူဟာ ၄၉ ရပ်ကွက်နေ အသက် ၂၅ နှစ်အရွယ် ရှိသူ ဦးချစ်မင်းသူဖြစ်ပြီး အိမ်ထောင်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ဇနီးနဲ့ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ပါတယ်။ ပထမအသံဗုံး စပစ်သွင်းချိန်မှာ ဆန္ဒပြသူတွေက နောက်ကိုဆုတ်နေချိန်မှာ သေနတ်စတင် ပစ်ဖောက်လိုက်တာဖြစ်ပြီး သေနတ် ၂ ချက်ဖောက်တာမှာ တချက်က ဒိုင်းကာကနေသူကိုထိမှန်ခဲ့တာဖြစ်ပါတယ်။

သူအပါအဝင် နောက်ထပ် ကျည်ထိသူတဦးနဲ့ ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်လို့ အခင်းဖြစ်ရာမှာ ကူညီပေးနေတဲ့လူမှုကူညီရေး အဖွဲ့ဝင်တယောက်ကပြောပါတယ်။

"ခေါင်းထိတယောက်က အားလုံးသိတဲ့ ချစ်မင်းသူဆိုတဲ့တယောက်၊ နောက်တယောက်က အေးကိုခိုင်ဆိုတဲ့ တယောက် ၁၅ နှစ်၊ ၄၂ ရပ်ကွက်က ခင်ဗျ။ သူကပေါင်ထိတာ ဆီးခုံလို့ နားလည်မှုလွဲကြတာ။ ပေါင်က operation လုပ်ပြီးပြီ။ နောက်သူက လက်ကျိုးသွားတယ်။ လက်ကျိုးတာကို မနက်ဖြန် ထပ်လုပ်မယ်။ ဆေးရုံက ပြောတယ်။ သေချာတာက ဆီးခုံမဟုတ်ဘူး။ အဲဒါက လက်ရော၊ ပေါင်ရောထိတာပေါ့။ အဓိကကတော့ ပေါင်ထိတာသေချာတဲ့ခင်ဗျ။ သူ့ကိုလည်း နားလည်မှုလွဲပြီးတော့ ဗိုက်လို့ပြောကြတယ်။ ကျည်အကြောင်းပြောရင်... သူဆုံးသွားတဲ့နားမှာ ညီလေးတယောက်က သူတွေ့တာကောက်ထားတာ ကျည် ၃ ခု ရထားတယ်ခင်ဗျ။ ကျည်ဆံအစစ်တွေကြီးနဲ့ လုပ်ထားတာဆိုတော့ ကျည်အစစ်တွေပေါ့။ ဟုတ်တယ်မလား။ ဆိုတော့ဗိုလ်မင်းရောင်မှာထိတဲ့ ၂ ယောက်စလုံးက သံပြားကိုဖောက်ဝင်တာ။ ဆိုတော့ ကျနော်တို့က ကျည်အစစ်လို့ ယူဆရတယ်ပေါ့။ ဖမ်းခံရတာတော့ မကြားဘူး။"

နောက်ထပ်ထိခိုက်မှုအနေနဲ့ ၃၅ ရပ်ကွက်တွင်းက မန္တလေးလမ်းနဲ့ စစ်ကိုင်းလမ်းတို့မှာ ဗိုက်ထိသူ၊ နားရွက်ကို ထိခိုက်သူ ပေါင်း နောက်ထပ် ၂ ယောက်ရှိနေပြီး သူတို့အခြေအနေတွေက စိုးရိမ်စရာ မရှိဘူးလို့ပြောပါတယ်။

ဒီကနေ့မှာ နယ်မြို့တွေမှာလည်း သပိတ်ဖြိုခွဲမှုကြောင့် သေဆုံးသူတွေ ရှိနေပါတယ်။ လက်ရှိ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းအပြီး အာဏာရှင်ဆန့်ကျင်နေကြတဲ့ ပြည်သူတွေရဲ့ သပိတ်ဖြိုခွင်းမှုဖြစ်စဉ်တွေအပါအဝင် ဖမ်းဆီးခံရပြီး သေဆုံးသူတွေအပါအဝင် ဒီနေ့ထိ သေဆုံးသူ ၈၀ ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG