သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္တပ္၊ ရဲနဲ႔ စစ္ေကာင္စီကို ႏုိင္ငံတကာဥပေဒအရ အေရးယူႏုိင္ေရး CRPH စတင္ႀကိဳးပမ္း


ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔က မႏၱေလးၿမိဳ႕ လမ္းမေပၚမွာ လံုျခံဳေရးယူထားတဲ့ ရဲမ်ားနဲ႔ စစ္တပ္တပ္ဖဲြ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ ေရြးေကာက္ပြဲရလဒ္အရ ဖြဲ႔စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) အေနနဲ႔ ထင္ရွားတဲ့ ႏိုင္ငံတကာဥပေဒအက်ိဳးေဆာင္အဖြဲ႔နဲ႔ေပါင္းၿပီး အာဏာသိမ္း စစ္ေကာင္စီကို ႏိုင္ငံတကာမွာ အေရးယူဖို႔ျပင္ေနပါၿပီ။

ႏိုင္ငံတကာမွာ နာမည္ႀကီးတဲ့ Volterra Fietta ဥပေဒအက်ိဳးေဆာင္အဖြဲ႔နဲ႔ ဆက္သြယ္ၿပီး ျမန္မာႏုိင္ငံမွာ ဖြဲ႔စည္းအုပ္ခ်ဳပ္ပံု ဥပေဒနဲ႔မညီဘဲ အာဏာသိမ္းယူထားတဲ့ တရားမဝင္ စစ္အုပ္စုရဲ့ ျပည္သူေတြအေပၚ လက္နက္နဲ႔အၾကမ္းဖက္တိုက္ခိုက္မူေတြအေပၚ အေရးယူႏိုင္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္း CRPH က သူတို႔ေဖ့စ္ဘုတ္မွာ ေၾကညာထားပါတယ္။

ဒါ့အျပင္ ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမာက္ခံထားရတဲ့ အစိုးရကို ဒီႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ကစၿပီး စစ္အာဏာသိမ္း ဖယ္ရွားခဲ့တာအတြက္လည္း ႏိုင္ငံတကာမွာ အေရးယူႏိုင္ေရး အၾကံေပးႏိုင္ဖို႔ အခုလို ႏိုင္ငံတကာ ဥပေဒအက်ိဳးေဆာင္အဖြဲ႔နဲ႔ တြဲလုပ္ေနတာလို႔ CRPH ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အခုလို ႏိုင္ငံတကာမွာ ဥပေဒေၾကာင္းအရ ျမန္မာစစ္အာဏာပိုင္ေတြကို အေရးယူႏိုင္ဖို႔ ႀကဳိးပမ္းတာက အခ်ိန္ယူရတာျဖစ္ေပမဲ့ အရွိန္အဟုန္ျမွင့္ၿပီး အင္အားအျပည့္နဲ႔ ႀကိဳးပမ္းေဆာင္ရြက္သြားမယ္လို႔လည္း ဒီေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

ျမန္မာ ရဲ၊စစ္တပ္နဲ႔ ရာဇဝတ္သားေတြအပါအဝင္ အခုလို စနစ္တက် လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ က်ဴးလြန္ေနတာကို အေရးယူႏိုင္ေရးအတြက္ အေထာက္အထားေတြစုၿပီး အခုလိုႀကိဳးပမ္းရတာလို႔လည္း CRPH က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တပ်၊ ရဲနဲ့ စစ်ကောင်စီကို နိုင်ငံတကာဥပဒေအရ အရေးယူနိုင်ရေး CRPH စတင်ကြိုးပမ်း

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ ထင်ရှားတဲ့ နိုင်ငံတကာဥပဒေအကျိုးဆောင်အဖွဲ့နဲ့ပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာမှာ အရေးယူဖို့ပြင်နေပါပြီ။

နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Volterra Fietta ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနဲ့မညီဘဲ အာဏာသိမ်းယူထားတဲ့ တရားမဝင် စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် လက်နက်နဲ့အကြမ်းဖက်တိုက်ခိုက်မူတွေအပေါ် အရေးယူနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း CRPH က သူတို့ဖေ့စ်ဘုတ်မှာ ကြေညာထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရကို ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်အာဏာသိမ်း ဖယ်ရှားခဲ့တာအတွက်လည်း နိုင်ငံတကာမှာ အရေးယူနိုင်ရေး အကြံပေးနိုင်ဖို့ အခုလို နိုင်ငံတကာ ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ တွဲလုပ်နေတာလို့ CRPH ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို နိုင်ငံတကာမှာ ဥပဒေကြောင်းအရ မြန်မာစစ်အာဏာပိုင်တွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းတာက အချိန်ယူရတာဖြစ်ပေမဲ့ အရှိန်အဟုန်မြှင့်ပြီး အင်အားအပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဒီကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာ ရဲ၊စစ်တပ်နဲ့ ရာဇဝတ်သားတွေအပါအဝင် အခုလို စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာကို အရေးယူနိုင်ရေးအတွက် အထောက်အထားတွေစုပြီး အခုလိုကြိုးပမ်းရတာလို့လည်း CRPH က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG